Chapter-14

201 26 0
                                    

မင်း ဘယ်သူလဲ?

          ကယ်ဗင်က အက်ဆဲလ်ဆီလှည့်ကြည့်ခဲ့ပြီး "ခင်ဗျားရဲ့ လူသားပုံစံပြန်ပြောင်းလိုက်ရင် ပိုအဆင်ပြေမှာမလား?" လို့ပြောခဲ့ပါတယ်။

          အက်ဆဲလ်က ကယ်ဗင့်ရဲ့ မျက်လုံးတွေကို ‌ကြည့်လိုက်တဲ့အခါ ထောင်ချောက်ကနေ သူပြန်လာဖို့ ငြိမ်ငြိမ်လေးစောင့်မနေနိုင်လောက်ဘူးဆိုတာ မြင်လိုက်ရပါတယ်။ တကယ်တော့ သူနဲ့ ဆက်သွယ်ဖို့ဆိုရင် လူသားပုံစံကသာ ပိုပြီး အဆင်ပြေနိုင်တယ်ဆိုတာ သူတွေးမိပြီးသားပါ။

          ကယ်ဗင်နဲ့အတူ မှော်အိတ်ရှိနေမှန်း အက်ဆဲလ်တွေ့လိုက်ပြီး အဲ့ဒီအိတ်ထဲ အဝတ်အစားတစ်စုံရှိနေဖို့ သူမျှော်လင့်နေခဲ့ပါတယ်။ မဟုတ်ရင် သူတို့နှစ်ယောက်စလုံး ရှက်စရာကောင်းတဲ့ အခြေအနေတစ်ခုကြုံရမှာမို့လို့ပါပဲ။

          ကယ်ဗင်ရဲ့ အံ့ဩနေတဲ့အကြည့်တွေကြား အက်ဆဲလ်က သူ့ရဲ့လူသားပုံစံအသွင်ပြန်ပြောင်းခဲ့ပါတယ်။ ကယ်ဗင်ကလည်း သူ့မျက်စိရှေ့မှာ ပေါ်လာတဲ့ ပြီးပြည့်စုံစွာ ဖွဲ့စည်းထားတဲ့ ခန္ဓာကိုယ်ကို ငေးကြည့်နေရုံမှတစ်ပါး ဘာမှမပြောနိုင်ခဲ့ပါဘူး။

          အက်ဆဲလ်က ကယ်ဗင့်အရှေ့မှာ ကိုယ်လုံးတီး မတ်တပ်ရပ်နေခဲ့ပြီး ကယ်ဗင့်ရဲ့လက်တွေဟာလည်း အက်ဆဲလ်ရဲ့ ပြီးပြည့်စုံလှတဲ့ ဗိုက်နဲ့ရင်ဘတ်ကြွက်သားတွေ တောင့်တင်းနေလားဆိုတာကို ထိကြည့်ချင်လောက်အောင် ယားကျိကျိဖြစ်နေပါတယ်။

          နောက်ပြီး သူ့ရဲ့အကြည့်တွေအောက်မှာ တဖြည်းဖြည်းနိုးထလာတဲ့ အက်ဆဲလ်ရဲ့ ခြေထောက်ကြားထဲက အရာကိုတော့ ကယ်ဗင် ဘာမှမပြောနိုင်ခဲ့ပါဘူး။

          အက်ဆဲလ်က ဘာမှမပြောခင်ချောင်းဟန့်လိုက်ပါတယ်။ "မင်းရဲ့အရှေ့မှာ ဒီလိုမျိုးပေါ်လာရလို့ တောင်းပန်ပါတယ်။ ဒါနဲ့ မင်းရဲ့ မှော်အိတ်ထဲ အင်္ကျီအပိုလေးများပါလား?"
          ကယ်ဗင်က နောက်ဆုံးမှာတော့ အက်ဆဲလ်ရဲ့ ခန္ဓာကိုယ်ကို ကြည့်တာရပ်တန့်ပစ်ဖို့ သူ့ရဲ့စိတ်စွမ်းအားကို အသုံးပြုလိုက်ပြီး သူ့စိတ်သူထိန်းချုပ်ဖို့အတွက် တစ်ဖက်ကို လှည့်လိုက်ရပါတယ်။

ကျွန်တော် ပိုင်တဲ့ မှော်ဆရာ နည်းစနစ်Opowieści tętniące życiem. Odkryj je teraz