Chapter-10 (Zawgyi)

64 3 0
                                    

အထူး မှော်ဆေးပင်

ကယ်ဗင့်ရဲ့ မျက်လုံးတွေက မြကျောက်လိုမျိုး တောက်ပနေသလို သူရဲ့ အနီရောင်နှုတ်ခမ်းသားလေးကလည်း နှစ်လိုဖွယ်ကောင်းပြီး ချစ်စရာကောင်းတာကို အက်ဆဲလ်ဟာ အရင်က သတိမထားမိခဲ့ပါဘူး။

အက်ဆဲလ်က သူ့အသိစိတ်ပြန်ကပ်အောင် ချောင်းဟန့်လိုက်ပြီး သူပြန်ယူလာတဲ့ ဟင်းလျာအများကြီးနဲ့ လင်ဗန်းပေါ်က အ‌စား‌အသောက်တွေကို ကူညီပြီးချပေးဖို့ ကယ်ဗင့်ကို အချက်ပြခဲ့တယ်။အဲ့ဒီနောက် အက်ဆဲလ်က သူပြောရမှာကို မှတ်မိသွားခဲ့ပြီး ဒီစကားဟာ သူ့ရဲ့ ယောက်ျားမာန အထိခိုက်ခံလိုက်ရတော့မလိုပါပဲ။
"ဒီလူတွေဘယ်လောက်အင်အားကြီးကြီး ဘယ်သူကမှငါမရွေးချယ်တဲ့သူနဲ့တွဲဖို့ ငါ့ကိုတွန်းအား‌မပေးနိုင်ဘူး"

အက်ဆဲလ်ကို လေးစားပြီးသားဖြစ်တဲ့ ကယ်ဗင်က  သူဒီလိုပြောပြလိုက်တော့ ပိုပြီးတော့လေးစားသွားပြီး "ကျွန်တော်ရန်ပွဲရှာဖို့ မရည်ရွယ်ပါဘူး ‌နောက်ပြီး သတ်ပစ်‌တော့မယ့် အကြည့်တွေနဲ့ အရင်ရန်လာစတာ သူမပါ ခင်ဗျား အဲ့လိုမိန်းမကို စိတ်မဝင်စားဘူးဆိုတာကိုလည်း ကျွန်တော် ခန့်မှန်းမိပြီးသားပါ"လို့ သူစိတ်သက်သာရာရသွားအောင်ပြောလိုက်တယ်။

တကယ်တော့ သူမက အရမ်းလှတယ်ဆိုတာ အမှန်တရားဖြစ်ပြီး အဖွဲ့အစည်းထဲက ယောင်္ကျားတော်တော်များများက သူမအာရုံစိုက်တာကိုခံရဖို့ ကြိုးစားနေကြတာကြောင့် အက်ဆဲလ်က ဒါကို ထူးဆန်းလိုက်တာလို့ တွေးခဲ့မိတယ်။

သူမရဲ့စိတ်နေစိတ်ထားက သူ့ရဲ့
လှပတဲ့ရုပ်ရည်သွင်ပြင်နဲ့ဆန့်ကျင်ဘက်ဖြစ်နေပြီး အက်ဆဲလ်အမုန်းဆုံးအရာတွေအားလုံး သူမမှာရှိနေတာကြောင့်ပါပဲ။

သူက ကယ်ဗင့်ကို သိချင်စိတ်နဲ့ "အဲ့လိုမိန်းမမျိုးဆိုတာ ဘာကိုပြောတာလဲ?" လို့မေးခဲ့တယ်။

နောက်ထပ်ဟင်းတစ်မျိုးကို စားတော့မယ့် ကယ်ဗင်က အမှုမဲ့အမှတ်မဲ့နဲ့ " ကျွန်တော်ပြောတာက စိတ်ပုတ်တဲ့ကလေးလိုမျိုး တစ်ကိုယ်ကောင်းဆန်တတ်ပြီး ရူးသွပ်တယ် ဒေါသထွက်လွယ်တယ်
သူမက အရမ်း‌ထက်မြက်ပုံမပေါ်ပေမယ့် သိသာထင်ရှားတဲ့သာလွန်မှုတွေရှိတယ်။
ခင်ဗျားသူ့လို မိန်းမမျိုးကို ချစ်မိခဲ့မယ်ဆိုရင် ကျွန်တော်ခင်ဗျားကို စိတ်ပျက်မိလိမ့်မယ်" လို့ပြောလိုက်တယ်။

ကျွန်တော် ပိုင်တဲ့ မှော်ဆရာ နည်းစနစ်Where stories live. Discover now