အတူတူနေထိုင်ခြင်း
အက်ဆဲလ်ပြန်ရောက်လာတဲ့အခါ ကယ်ဗင်နားမှာထိုင်ခဲ့ပြီး သူတို့အရှေ့မှာ မတူညီတဲ့ဟင်းပွဲတွေပြည့်နေတဲ့ လင်ဗန်းကို တင်လိုက်ပါတယ်။ အဲ့ဒီနောက် ကယ်ဗင်က သိချင်စိတ်နဲ့မေးလိုက်ပါတယ်။ "အယ်လန်နဲ့ ဘာအကြောင်းပြောနေကြတာလဲ"
အက်ဆဲလ်ကရှက်သွားခဲ့ပြီး "ငါမင်းနဲ့နေချင်ရင် ဘာလုပ်ရမလဲ သူ့ကိုမေးနေတာ။
ငါကအမြဲတမ်းတစ်ယောက်တည်းဖြစ်နေလို့ ငါတစ်ခါမှ မစုံစမ်းဖူးတဲ့ မေးခွန်းမျိုးဖြစ်ပေမယ့် အယ်လန်နဲ့ အဲရစ်အတူတူနေနေမှန်း ငါသိလို့ ဘာကအကောင်းဆုံးဖြေရှင်းချက်လဲဆိုတာ သူ့ကိုမေးနေတာပါ" လို့ပြောခဲ့ပါတယ်။
ကယ်ဗင်က အက်ဆဲလ်စိတ်ချသွားအောင် သူ့ရဲ့လက်တစ်ဖက်ကို အက်ဆဲလ်ပေါင်ပေါ်တင်လိုက်ပြီး ပြောခဲ့ပါတယ်။ "ဒါဆို ကျွန်တော်တို့အတူတူနေဖို့ နည်းလမ်းရှာတွေ့ပြီလား"
အက်ဆဲလ်က သူ့ကို အံ့ဩတကြီးနဲ့ ကြည့်လိုက်ပါတယ်။ "မင်းသဘောတူတာလား?"
ကယ်ဗင်က ရယ်လိုက်ပြီးပြောခဲ့ပါတယ်။ "ဒါပေါ့။ ကျွန်တော်ထင်တာကတော့ လူတိုင်း ဒုတိယအခွင့်အရေးမရဘူးလေ။ ဒါကြောင့် ဒီဘဝသစ်ကိုကျွန်တော်တကယ်ပျော်အောင်နေဖို့ဆုံးဖြတ်လိုက်တယ်...နောက်ပြီးဒါကို ခင်ဗျားနဲ့ တူတူဖြတ်သန်းချင်တယ်"
အက်ဆဲလ်က ဒီလိုဝန်ခံမှုမျိုးကို မျှော်လင့်မထားတာကြောင့် သူ့ရဲ့နှလုံးသားက ချက်ချင်းခုန်သွားခဲ့ပါတယ်။ သူတို့က Sun Sectလူတွေပြည့်နေတဲ့နေရာမှာရှိနေတာကြောင့် သူကငြိမ်ငြိမ်နေဖို့ပဲဆုံးဖြတ်လိုက်ပါတယ်။ ဒါကြောင့် သူက ကယ်ဗင်သူ့ပေါင်ပေါ်တင်ထားတဲ့ လက်တစ်ဖက်ကိုကိုင်ပြီး ညှစ်လိုက်ပါတယ်။
သူက ကယ်ဗင်ကို ပြောခဲ့ပါတယ်။ "မင်းအတူနေရတာ အဆင်ပြေတယ်ဆိုရင် ငါဒေါ့ဂလက်စ်ကို မေးလိုက်မယ်။ ငါတို့အိမ်သေးသေးလေးကိုငှားလိုက်မယ်။ တစ်ရက်ကို ရွှေဒင်္ဂါး10ပြားလောက်ပေးရမယ်ဆိုပေမယ့် အယ်လန်ငါ့ကိုပြောတာကတော့ မှော်ပညာရှင်အတွက် အိမ်ထဲမှာ ဝိညာဉ်စွမ်းအင်တွေက ပိုသိပ်သည်းတာကြောင့် မင်းမြန်မြန်ပိုပြီး တိုးတက်လာနိုင်တာကြောင့် စံပြအိမ်ပဲ"
YOU ARE READING
ကျွန်တော် ပိုင်တဲ့ မှော်ဆရာ နည်းစနစ်
Romanceeng novel တွေကို ဘာသာပြန်ဆိုထားတာပါ novel အားလုံးက မူရင်းကိုဘာသာပြန်ဆိုထားတာဖြစ်လို့ မူရင်းပိုင်ရှင်အားလုံးကို credit ပေးပါတယ်ရှင့် started date-21.11.2022 end Tran Team -Exotic Flower