Chapter-13

177 28 0
                                    

ဝိညာဉ်စွမ်းအင်အား နှောင့်ယှက်မှု

          ကယ်ဗင်က သူ့အရှေ့မှာ ဟိန်းဟောက်ပြနေတဲ့ အကောင်ကြီးက အက်ဆဲလ်မှန်း သေချာအောင် သူ့ရဲ့ နားလည်နိုင်မှုစွမ်းရည်ကို အသုံးပြုခဲ့ပါတယ်။
         
[STATS]

အမည်: အက်ဆဲလ်

လူမျိုး: အသွင်ပြောင်းနိုင်သူ (???)

အဆင့် ???

အတန်း: တိုက်ခိုက်သူ

          အနည်းဆုံးတော့ ကယ်ဗင်က သူအစားခံရမယ့် အန္တရာယ်မရှိတာကြောင့် အသံကျယ်ကြီးနဲ့ "အက်ဆဲလ် ခင်ဗျားနဲ့ကျွန်တော် ဝံပုလွေဘာလဲဆို‌တာ သတ်မှတ်ထားပုံခြင်း မတူဘူးပဲ" လို့အော်ပြောခဲ့တယ်။

          ကယ်ဗင့်အ‌ရှေ့မှာရှိတဲ့ ဝံပုလွေက အနက်ရောင် အမွှေးများရှိပြီး အနီးကပ်ကြည့်ရင် သူ့ရဲ့ နက်ပြာရောင် မျက်လုံးများက အက်ဆဲလ်နဲ့ အတူတူပဲဖြစ်ပါတယ်။ သူ့ရဲ့ ခြေထောက်တွေတောင် ကယ်ဗင့်ထက်ရှည်နေတာကြောင့် အနည်းဆုံး 2.50မီတာလောက်ရှိနိုင်ပါတယ်။

          အခုတော့ ကယ်ဗင်က အယ်လန်ဘာကြောင့်ဒီလိုပြောရသလဲဆိုတာကို ကောင်းကောင်း ပိုပြီး နားလည်သွားပါတယ်။အက်ဆဲလ်ရဲ့ဝံပု‌‌လွေပုံစံကသူ့ရဲ့ကြီးမားလှတဲ့ အရွယ်အစားအပြင် အက်ဆဲလ်ထက် ပိုပြီး သန်မာခက်ထန်တဲ့ စွမ်းအားရောင်ဝါတွေ ရှိနေပါတယ်။

          ကယ်ဗင်က အရှေ့ကို တဖြည်းဖြည်းတိုးလာပြီး သူ့ကို သပ်ပေးဖို့ လက်ကိုရှေ့ထုတ်လိုက်ပါတယ်။အက်ဆဲလ်က ကယ်ဗင့်ရဲ့ လက်ပေါ် သူ့ရဲ့ လည်ဆံမွှေးကို တင်လိုက်ပြီး လျက်ပြီးတဲ့နောက်မှာ ကယ်ဗင့်လက်နဲ့ သူ့ခေါင်းကို ပွတ်နေခဲ့ပါတယ်။

          ကယ်ဗင်က ရယ်လိုက်ပြီး ခွေးတွေ ပွတ်သပ်ခံရတဲ့အခါ ကြိုက်လေ့ရှိတဲ့ အက်ဆဲလ်ရဲ့ နားရွက်အနောက်ကို ကုတ်ပေးခဲ့ပါတယ်။ သူ့ရဲ့ဟိန်းသံကို ကယ်ဗင်က ကြားလိုက်တဲ့အခါ သူမှန်တယ်လို့ ယူဆလိုက်ပါတယ်။

          ကယ်ဗင်က သူ့စိတ်ထဲကပေါ်လာတဲ့အတိုင်း အက်ဆဲလ်ကို "ခင်ဗျားအရမ်းရှည်လွန်းတာတော့မကောင်းဘူးဗျာ ဒီလိုပုံစံနဲ့ဆို ခင်‌ဗျားနဲ့ကျွန်တော် လျှောက်သွားလို့ရမှာမဟုတ်ဘူး"လို့ပြောလိုက်ပါတယ်။

ကျွန်တော် ပိုင်တဲ့ မှော်ဆရာ နည်းစနစ်Where stories live. Discover now