Chapter-19

122 16 0
                                    

နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားခြင်း

          အဆင့် 56ဟာ နည်းတဲ့ ဂဏန်းမဟုတ်တာကြောင့် ကယ်ဗင်ဟာ စိတ်ပူနေမိပါတယ်။ ဒါပေမယ့် အက်ဆဲလ်ကို ကြည့်ရတာ သူ့ကိုယ်သူအရမ်း ယုံကြည်မှုရှိနေတာကြောင့် ကယ်ဗင်စိတ်ပူတာ နည်းနည်းလျော့သွားပါတယ်။

          အက်ဆဲလ်ရဲ့ လှုပ်ရှားမှုတွေက အမှီမလိုက်နိုင်လောက်အောင် အရမ်း မြန်ဆန်လှအောင် တိုက်ခိုက်နေချိန်မှာ ကယ်ဗင်ကလည်း အက်ဆဲလ်ပြောတဲ့အတိုင်း လုပ်ခဲ့ပြီး မကြာမီမှာတော့ System ရဲ့ အသံဟာခေါင်းထဲမှာ ပဲ့တင်ထပ်လာခဲ့ပါတယ်။

          အရင်တစ်ခေါက်ကကျောက်တုံးထက်ပိုကြီးတဲ့ နောက်ထပ်ကျောက်တုံးကို ညွှန်ပြထားတဲ့ စာတစ်စောင် ပေါ်လာခဲ့ပါတယ်။ ပေါ်လာတဲ့စာတစ်စောင်က အံ့ဩစရာတော့မဟုတ်ပါဘူး။

[အဆင့်မြင့်သေတ္တာ]

          ဒီသတင်းသိရရင် အက်ဆဲလ်ဝမ်းသာမယ်ဆိုတာ ကယ်ဗင်သိနေခဲ့ပါတယ်။ အက်ဆဲလ်အကြောင်း စဉ်းစားမိရင်းနဲ့ ကယ်ဗင်ဟာ သူ့အကြောင်းကို လူတော်တော်များများက မယုံကြတာကြောင့် ဒီလိုလူမျိုးကိုတွေ့လိုက်ရတာ သူတကယ်ကံကောင်းတယ်လို့ တွေးမိသွားပါတယ်။

          ဒါကြောင့် နောက်ပိုင်း ဘာတွေပဲဖြစ်ဖြစ် သူ့ရဲ့ဘေးနားမှာအက်ဆဲလ်ရှိနေဖို့ ဘာမဆိုလုပ်မယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်။

          ကယ်ဗင်က အီရီနာနဲ့ သူ့ကိုကူညီနေတဲ့ အင်အားကြီးတဲ့သူတွေကို သတိထားတော့မှာဖြစ်ပေမယ့် သူက ထပ်ပြီး ပုန်းကွယ်‌မနေတော့ဘူးလို့ ဆုံးဖြတ်ချက်ချပြီး တတ်နိုင်သမျှ အက်ဆဲလ်နဲ့ အတူတူအချိန်ဖြုန်းမယ်လို့ စဉ်းစားထားပါတယ်။

          နောက်ဆုံး အက်ဆဲလ်က ထောင်ချောက်ဘုရင်ကို ခေါင်းဖြတ်ပစ်လိုက်တဲ့အခါ System ရဲ့ ပုံမှန်ကြားနေကျအသံထွက်လာပြီး စာတစ်စောင်ပေါ်လာခဲ့ပါတယ်။

[ဂုဏ်ယူပါတယ်။ သင်ဟာ အက်ဆဲလ်နှင့် အသင်းဖွဲ့ပြီး ထောင်ချောက်ဘုရင်အားသတ်ပါ ဆိုတဲ့optional questကို အောင်မြင်သွားပါပြီ။ ဆုများအား ပို့ပေးလိုက်ပါပြီ။]

ကျွန်တော် ပိုင်တဲ့ မှော်ဆရာ နည်းစနစ်Where stories live. Discover now