Chapter-25

123 17 1
                                    

ကြီးမားသော ငှက်များ

          ကယ်ဗင်က main square ဆီနောက်ဆုံးတစ်ခေါက်လျှောက်သွားခဲ့ပြီး Sun Sect ရဲ့ ယာယီစခန်းကိုရောက်တဲ့အခါ အဲ့ဒီမှာ လူတွေအများကြီးရှိနေတာကို သူ‌တွေ့ခဲ့ပါတယ်။

          Sun Sect ကဖွဲ့စည်းထားတဲ့ စခန်းရဲ့ရှေ့မှာ လူပေါင်း 300ကျော်စုစည်းနေခဲ့ပြီး သူတို့အားလုံးက ရွယ်တူဝန်းကျင်လောက်ဖြစ်တာကြောင့် သူတို့တွေက သင်တန်းသားအသစ်တွေဖြစ်မှာ အသေအချာပါပဲ။

          သူ့ရဲ့မျက်စိရှေ့ထိ ခေါင်းဆောင်းထားတဲ့ကယ်ဗင်ဟာ လူကြားထဲကလျှောက်လာပြီး သူကဂိတ်ဝရှေ့ကိုရောက်တဲ့အခါ ဒီအရှုပ်‌အထွေး‌နဲ့ဝေးရာ စခန်းထဲမှာနေနေတဲ့ အက်ဆဲလ်ကိုတွေ့ခဲ့ပါတယ်။

          ကယ်ဗင်က သူ့ဆီသွားဖို့ကြိုးစားတဲ့အခါ သူ့ကို အက်ဆဲလ်က အနောက်ကနေပြောလိုက်တာကြောင့် သူ့ကိုမကြိမ်းမောင်းနိုင်ခဲ့တဲ့ လူငယ်လေးနှစ်ယောက်ကတားလိုက်ပါတယ်။ "သူကငါနဲ့အတူလာတာ။ ဖြတ်ခွင့်ပေးလိုက်"

          လူငယ်လေးနှစ်ယောက်က ချက်ချင်းတောင့်တင်းသွားပြီး ကယ်ဗင်က ဒီအခွင့်အရေးကိုသူ့ရဲ့ ခေါင်းဆောင်းကိုပြန်ချပေးပြီးအက်ဆဲလ်ဆီလာဖို့အသုံးချခဲ့ကာ အက်ဆဲလ်က "ငါမင်းကို ဒီလိုမလုပ်ဖို့ပြောထားတယ်လေ" လို့ပြောလိုက်ပါတယ်။

          ကယ်ဗင်က ပြုံးပြလိုက်ပြီး ‌ကျီစယ်တဲ့လေသံနဲ့ပြောခဲ့ပါတယ်။ "ကျွန်တော်ရပ်မယ်လို့ ဘယ်တုန်းကမှမပြောခဲ့ဘူးလေ"

          အဲ့ဒီနောက်အက်ဆဲလ်က သက်ပြင်းချလိုက်ပြီး သူ့ရဲ့ခေါင်းကိုကုတ်နေခဲ့ပါတယ်။ "ဒါပေမယ့် ခင်ဗျားနဲ့အတူရှိရင်တော့ ကျွန်တော်မလုပ်တော့ဘူး။ ဒါဆိုအဆင်ပြေလား"

          အက်ဆဲလ်က သူ့ရဲ့ပခုံးကိုဖက်လိုက်ပြီးသူ့ကိုစခန်းရဲ့တခြားနေရာကို ခေါ်သွားခဲ့ပါတယ်။ အက်ဆဲလ်က "ဟုတ်ပြီ၊ အဆင်ပြေတယ်" လို့ပြောလိုက်ပါတယ်။

          ကယ်ဗင်က အက်ဆဲလ်ရဲ့ခါးကိုဖက်လိုက်ပြီး အက်ဆဲလ်ခေါ်ရာလိုက်သွားခဲ့ပါတယ်။ အဲ့ဒီနောက်အက်ဆဲလ်က ဟိုတယ်အခန်းတွေဖွင့်ဖို့ သူ့ရဲ့ကမ္ဘာမှာသုံးခဲ့သလိုမျိုး ဖြတ်သန်းခွင့်ကို လှမ်းပေးလိုက်ပါတယ်။

ကျွန်တော် ပိုင်တဲ့ မှော်ဆရာ နည်းစနစ်Donde viven las historias. Descúbrelo ahora