Chapter-6

221 37 0
                                    

အာရုံဖမ်းစားမှု အောင်မြင်ခြင်း

အက်ဆဲလ်က "လေ့ကျင့်မှုတွေကြောင့်ပါ" ဆိုတဲ့ ရိုးရှင်းတဲ့အဖြေကိုပြန်ပေးခဲ့တယ်

ကယ်ဗင်က ခေါင်းကိုခါပြီး "လေ့ကျင့်ရင်တောင် မဖြစ်နိုင်ဘူး ခင်ဗျား တစ်နေရာကနေတစ်နေရာပြောင်းလာတာ အရမ်းမြန်လွန်းတယ်" လို့ပြောလိုက်တယ်

အက်ဆဲလ်က လူတွေနဲ့ စကားပြောရတာ မကြိုက်သလို စိတ်အရမ်းရှည်တဲ့သူ မဟုတ်ဘူး
ဒါပေမယ့် ဒီလူငယ်လေးက သူ့ရဲ့သိချင်စိတ်ကို လှုံ့ဆော်ပေးတာကြောင့် "မင်းနာမည်ဘယ်လိုခေါ်လဲ?" လိုမေးလိုက်တယ်

ကယ်ဗင်က အက်ဆဲလ်ဆီက ဓားမြှောင်ကို ပြန်ယူလိုက်ပြီး "ကယ်ဗင်ပါ" လို့ပြန်ဖြေခဲ့တယ်

အဲ့ဒီနောက် အက်ဆဲလ်က ကယ်ဗင့်ရဲ့ ဆွယ်တာပေါ်က တံဆိပ်ကိုမြင်ပြီး သံသယစိတ်နဲ့ "မင်းက မှော်ပညာရှင်လား?" လို့မေးလိုက်တယ်

ကယ်ဗင်က အက်ဆဲလ်ကြည့်နေတဲ့နေရာကို လိုက်ကြည့်ပြီး တစ်စုံတစ်ယောက်က သူ့ကို ဒီနေရာမှာ ဘာလို့လေ့ကျင့်နေလဲဆိုတာမေးခဲ့ရင် ပြဖို့ ဆွယ်တာပေါ်တပ်ထားတဲ့ တံဆိပ်ကို တွေ့ခဲ့တယ်

ကယ်ဗင်က ‌ဇဝေဇဝါဖြစ်သွားပြီး "ကျွန်တော်ခုနကပဲ စာရင်းသွင်းခဲ့ပြီးတော့ ခဏအနားယူဖို့လိုလို့ပါ မှော်ပညာရှင်တွေကို လေ့ကျင့်ရေးကွင်းသုံးဖို့ ခွင့်မပြုဘူးလား?" လို့ပြန်ပြောခဲ့တယ်

သူမစဉ်းစားမိခဲ့တဲ့ ဖြစ်နိုင်ချေတစ်ခုကတော့ မှော်ပညာရှင်တွေနဲ့ တိုက်ခိုက်သူတွေက မရောနှောခဲ့တာ ဖြစ်နိုင်တယ် ဆိုတာပါပဲ

အက်ဆဲလ်က ခေါင်းကိုခါယမ်းလိုက်ပြီး "ဒါပေါ့ မင်း လေ့ကျင့်ရေးကွင်းကို သုံးလို့ရပါတယ်
မှော်ပညာရှင်တစ်ယောက်အတွက် တိုက်ခိုက်နည်းတွေသိတာဟာ အရမ်းထူးဆန်းလို့ပါ" လို့ အပြုံးလေးနဲ့ ဖြေလိုက်တယ်

ထပ်ပြီးတော့ အက်ဆဲလ်က "မင်းရဲ့ တုတ်ချောင်းသုံးတဲ့ စွမ်းရည်က အရမ်းကို အံ့ဩဖို့ကောင်းတယ် တော်တော်အထင်ကြီးစရာလည်းကောင်းပေမယ့် သက်လုံမကောင်းတာကတော့ ရှက်စရာပဲ" လို့ပြောခဲ့တယ်

ကျွန်တော် ပိုင်တဲ့ မှော်ဆရာ နည်းစနစ်Where stories live. Discover now