Chapter-18

129 20 0
                                    

အဓိကအချက်အား လွတ်သွားခြင်း

          အဲ့ဒီနောက် ကယ်ဗင်က အက်ဆဲလ်ကို မျက်မှောင်ကြုတ်ကာကြည့်လိုက်ပြီး "တကယ်လို့ ခင်ဗျားပြောတာသာမှန်နေတယ်ဆိုရင် ဘယ်သူမှ ဒီအမှတ်ကိုတွေ့လို့မဖြစ်ဘူး။ ကျွန်တော်က တော်ဝင်မျိုးနွယ် အရေးအရာတွေကို ဝင်ပါချင်စိတ်မရှိပါဘူး" လို့ပြောလိုက်ပါတယ်။

          နောက်ဆုံးတော့ အက်ဆဲလ်လည်း ကယ်ဗင့်ကို တင်းတင်းကျပ်ကျပ်ပြန်ဖက်လိုက်ပြီး ပြောခဲ့ပါတယ် "မင်းလိုချင်တာက ဒါဆိုတာသေချာလား?"

          ကယ်ဗင်က တုံ့ဆိုင်းမှုမရှိပဲ "ဒါပေါ့! ဒါပေမယ့် အက်ဆဲလ် ခင်ဗျား အခုလေးတင် အဓိကအချက်ကိုလွတ်သွားခဲ့တယ်။ တကယ်အရေးကြီးတာက ဒီအမှတ်မဟုတ်ပဲ ဒီစာအုပ်ရဲ့ ကျွန်တော့်အပေါ်သက်ရောက်မှုပဲ။ သူက ကျွန်‌တော့်ရဲ့ စိတ်နဲ့ဆက်သွယ်နေသလိုမျိုးပဲ။ ကျွန်တော့်ကို လုပ်ဖို့ ‌နေ့စဉ်တာဝန်တွေပေးပြီး လုပ်ပြီးသွားရင် ဆုတွေလည်းရတယ်။

          သူကကျွန်တော့်ပြိုင်ဘက်တွေရဲ့ အဆင့်ကို ကျွန်တော့်ထက် အဆင့်30မကျော်ရင်လည်း မြင်နိုင်ပြီးတော့ ဒီကျောက်တုံးကိုလည်း အလယ်အလတ်အဆင့် သေတ္တာဖြစ်ကြောင်း ပြောပြနေခဲ့တာပါ" လို့ပြောခဲ့ပါတယ်။

          ကယ်ဗင့်ရဲ့ရနံ့ကို နှစ်သက်နေတဲ့ အက်ဆဲလ်ကတော့ ကယ်ဗင့်ရဲ့ လည်ပင်းကို နမ်းလိုက်ပြီး သူ့ကိုအနည်းငယ်ခွာလိုက်ကာ အလယ်အလတ်အဆင့်သေတ္တာဆိုတာဘာမှန်းသူမသိပေမယ့် ပြောလိုက်ပါတယ် "ဟုတ်ပြီ ငါမင်းကိုယုံတယ် ကယ်ဗင်။ ဒါဆိုအထဲမှာ ဘာရှိမလဲကြည့်ကြရအောင်။"

          ကယ်ဗင်က သူ့ကို ဓားမြှောင်လှမ်းပေးခဲ့ပေမယ့် အက်ဆဲလ်က ခေါင်းခါပြလိုက်ပြီး ငြင်းပယ်ခဲ့ပါတယ်။ သူက ကယ်ဗင်ပြောတဲ့ သော့ခလောက်ကို တွေ့သွားပြီး သူ့ရဲ့လက်ထဲထည့်လိုက်ပါတယ်။ အဲ့ဒီနောက် အထဲမှာရှိတဲ့ သူ့ရဲ့ chakra ကိုအာရုံပြုလိုက်ပြီး သော့ခလောက်ကို လက်သီးထဲဆုပ်ကိုင်ထားလိုက်တဲ့အခါ ဖုန်မှုန့်အဖြစ်ပြောင်းသွားခဲ့ပါတယ်။

          ကယ်ဗင့်ရဲ့မျက်လုံးတွေ ပြူးကျယ်သွားပြီး " အရမ်းမိုက်တာပဲ! ခင်ဗျားက အရမ်းအားကောင်းတယ် အက်ဆဲလ်။ ကျွန်တော်ခင်ဗျားရဲ့အဆင့်ကိုမသိဘူး။ အဲ့အဆင့်ကိုမြင်ရဖို့ အင်အားရဖို့ဆိုတာ ကျွန်တော့်အတွက် အချိန်တော်တော်ယူရမယ့်ပုံပဲ" လို့ပြောခဲ့ပါတယ်။

ကျွန်တော် ပိုင်တဲ့ မှော်ဆရာ နည်းစနစ်Where stories live. Discover now