Chapter-30

184 25 1
                                    

အနာပျောက်ဆေးများ

          ကယ်ဗင်ကသူ့ရဲ့ပြိုင်ဘက်နှစ်ကောင်အပေါ်မှာပဲ အာရုံစိုက်နေခဲ့ပြီး အခုဆိုရင်သူကအရမ်းမြန်မြန်ရွေ့လျားနိုင်ကာ သူကသူတို့ရဲ့တိုက်ခိုက်မှုတွေကိုအလွယ်တကူ တန်ပြန်တိုက်ခိုက်နိုင်ပါပြီ။

          သူတို့ရဲ့သံချပ်ကာတွေက သူ့ရဲ့ဓားမြှောင်တွေနဲ့ထိုးဖောက်နိုင်ဖို့အတွက် အခုထိသူ့အတွက်အားကောင်းလွန်းတာကြောင့် သူကချက်ချင်းချိတ်ဆွဲထားတဲ့အရာတွေကိုဖြတ်ဖို့ဆုံးဖြတ်လိုက်ပါတယ်။

          အထက်တန်းသူရဲကောင်းလူသန်ကြီးတွေဟာ ဘာမှမသိလိုက်ပဲ သူတို့ရဲ့သံချပ်ကာတွေပြုတ်ကျသွားတဲ့အခါ ကယ်ဗင်ကသူတို့ရဲ့အံ့ဩမှုတွေကို သူ့ရောက်နိုင်တဲ့နေရာမှာရှိနေတဲ့ သေစေနိုင်တဲ့အမှတ်တွေထဲသူ့ရဲ့ဓားမြှောင်တွေကို ထိုးဖို့အခွင့်ကောင်းယူခဲ့ပါတယ်။

          ဒါပေမယ့်သူကအနည်းငယ်အားနည်းနေပြီး သူ့ရဲ့လက်နက်တွေဟာလည်းအားမကြီးသေးတာကြောင့် ဒီအထက်တန်းသူရဲကောင်းလူသန်ကြီးနှစ်ကောင်ဟာ သေစေနိုင်တဲ့အမှတ်ကိုအထိုးခံရပေမယ့် အခုထိတိုက်ခိုက်နိုင်တုန်းပါပဲ။

          သူကသူတို့ရဲ့ခြေကျင်းဝတ်ကအရွတ်တွေကို ဖြတ်ပစ်လိုက်‌တာကြောင့် သူတို့နောက်ထပ်မလှုပ်နိုင်တော့ပါဘူး။ သူကသူတို့ကိုလက်နက်ဖြုတ်ပစ်တာနဲ့တစ်ပြိုင်နက် သူ့ရဲ့ခေါင်းထဲ system ရဲ့ပဲတင်ထပ်တဲ့အသံ မကြားမရမချင်း သူတို့ကိုထိုးနေခဲ့ပါတယ်။

          နောက်ဆုံးမှာအက်ဆဲလ်က ကယ်ဗင့်အနားရောက်လာပြီးပြောခဲ့ပါတယ်။ "တော်တယ် ကယ်ဗင်။ အရင်လိုပဲ အမြဲအံ့အားသင့်စေတယ်"

          ကယ်ဗင်ကသူ့ကိုစိတ်ကျေနပ်စွာပြုံးပြလိုက်ပြီး သူကသူ့ကိုယ်သူကြည့်ကာ သူ့ရဲ့‌ဆွယ်တာက အစိမ်းရောင်သွေးတွေနဲ့ပြည့်နေကာ လှီးဖြတ်ခံထားရတဲ့အမှတ်တွေလည်းရှိတာကြောင့် သူ့ရဲ့အဝတ်အစားတွေကိုလဲဖို့ဆုံးဖြတ်လိုက်ပါတယ်။ သူကသူ့အပေါ်မှာဒီလိုအဝတ်အစားမျိုးတင်ထားရတာကို တကယ်မကြိုက်ပါဘူး။

          သူအင်္ကျီချွတ်လိုက်တဲ့အခါ သူ့ရဲ့လက်မောင်းတွေနဲ့ရင်ဘတ်တွေမှာ ရှရာတစ်ချို့ရှိတာကိုမြင်တာကြောင့် သူကသူ့ရဲ့တီရှပ်လဲဖို့လည်းလိုနေပြီးအဲ့ဒါကိုလည်းချွတ်လိုက်ပါတယ်။

ကျွန်တော် ပိုင်တဲ့ မှော်ဆရာ နည်းစနစ်Where stories live. Discover now