Chapter-16

136 20 0
                                    

ရွှေတွင်းအစစ်

          အက်အဲလ်က ရိုးရိုးသားသားနဲ့ သူတွေ့ခဲ့တာကိုပြောပြခဲ့ပါတယ် "ညာဘက်ကပထမလှိုဏ်ခေါင်းက သိပ်နက်တဲ့ပုံမပေါ်ဘူး နောက်ပြီး အဲ့ထဲမှာ ဘာမိစ္ဆာမှမတွေ့မိဘူးထောင်ချောက်ထဲက ရတနာတွေက မိစ္ဆာတွေက အမြဲစောင့်တာကြောင့် ဒီတစ်ခုကိုတော့ ထားလိုက်တော့"
          ကယ်ဗင်က ခေါင်းငြိမ့်ပြတော့ အက်ဆဲလ်က ဆက်ပြီး"နောက်တစ်ခုက ဒီထောင်ချောက်ရဲ့ ခေါင်းဆောင်ဆီကို ဦးတည်နေသလိုပဲ အဲ့မှာ အားကောင်းတဲ့ မိစ္ဆာရှိနေမယ်လို့ ငါခံစားမိတယ်
          ကျန်တဲ့နှစ်ခုထဲမှာတော့ အားနည်းတဲ့ မိစ္ဆာတွေရှိနိုင်တယ် မင်းပျော်ချင်သေးတယ်ဆိုရင်တော့ အဲ့နှစ်ခုနဲ့ပဲ စကြမလား မင်းဘယ်လိုသဘောရလဲ?" လို့မေးလိုက်ပါတယ်။

          ကယ်ဗင်က အက်‌ဆဲလ်ရဲ့ခါးပေါ်ကလက်နဲ့ သူ့ပခုံးပေါ်က လက်ကိုလည်း ဖယ်လိုက်ပါတယ်။ အက်ဆဲလ်စိတ်မကောင်းဖြစ်သွားတာကို ကယ်ဗင်မြင်တော့ ပြုံးပြကာ အက်ဆဲလ်ရဲ့ခါးကိုသူတို့နားက လှိုဏ်ခေါင်းရှိတဲ့နေရာဆီဆွဲခေါ်လိုက်ပါတယ် "ဒါဆိုဒီတစ်ခုနဲ့စကြမယ်လေ! ဒီမိစ္ဆာတွေကဘယ်လိုပုံလဲသိချင်နေပြီ အရမ်းစိတ်လှုပ်ရှားစရာပဲ!"

          အက်ဆဲလ်က တတ်နိုင်သမျှ သူ့အာရုံတွေကိုဖွင့်ထားရင်း သူ့ကိုယ်သူ လွှတ်ထားလိုက်ပါတယ်။ အခု သူအတူရှိချင်တဲ့လူတစ်ယောက်တွေ့ခဲ့ပြီမို့ သူ့ကို ထိခိုက်နာကျင်ခွင့်မပြုနိုင်ပါဘူး။

          ပထမဆုံး မိစ္ဆာအုပ်စု ပေါ်လာဖို့အတွက် သူတို့အကြာကြီးမစောင့်လိုက်ရပဲ သူ့ရဲ့မျက်စိရှေ့မှာ မိစ္ဆာတွေနဲ့ ပတ်သက်တဲ့ အချက်အလက်တွေ ချက်ချင်းပေါ်လာခဲ့ပါတယ်။
         
[STATS]

အမည်:မှင်စာ

လူမျိုး:မကောင်းဆိုးဝါး

အဆင့်3

          မှင်စာ5ယောက်ပေါ်လာခဲ့ပြီး 3ယောက်ကအဆင့်2နဲ့ 2ယောက်က အဆင့်3ဖြစ်ပါတယ်။

          မိစ္ဆာတစ်ကောင်ချင်းစီရဲ့ အချက်အလက်တွေကြောင့် System က တကယ့်ကို အခြေခံကျပါတယ်။ သူက ဒီလိုမျိုး မှားယွင်းပြီး သူ့အတွက်ပိုအားကောင်းတဲ့ ပြိုင်ဘက်ကိုတိုက်စရာအကြောင်း မရှိတော့ပါဘူး။

ကျွန်တော် ပိုင်တဲ့ မှော်ဆရာ နည်းစနစ်Where stories live. Discover now