Prologue

7.4K 169 14
                                    

အင်္ဂလန်နိုင်ငံ ၊ လန်ဒန်မြို့။

လန်ဒန်မှာပဲ မွေးပြီး လန်ဒန်မှာပဲ ကြီးပြင်းခဲ့တဲ့ Rye (ရိုင်းလ်) ဆိုတဲ့ ကောင်လေးတစ်ယောက်ရဲ့ အကြိုက်ဆုံးအရာက နှစ်ခုပဲ ရှိပါတယ်။ တစ်ခုက ပန်းပွင့်လေးတွေလို လှတဲ့ ကောင်လေးတွေနဲ့ နောက်တစ်ခုက နှင်းတွေ။

ထိုကောင်လေးမှာ မျက်လုံးညိုညိုလေးတွေရှိပြီး သူက မြန်မာနဲ့ အင်္ဂလိပ် ရောစပ်ထားတဲ့ သွေးနှောကပြားတစ်‌ယောက်။ သူ လန်ဒန်မှာပဲ 27 နှစ်လုံး နေထိုင်ခဲ့ရာကနေ ဒီနှစ်မှာတော့ မြန်မာမှာ အရင်လို အလည်သဘောမဟုတ်ဘဲ အပြီးအ‌ချေချဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဘာလို့ဆို သူ ချစ်နေတဲ့ကောင်လေးက မြန်မာမှာပဲ ရှိနေလို့ပါတဲ့။

ဒါဆို သူ ချစ်ပါတယ်ဆိုတဲ့ ထိုကောင်လေးက သူ့ရဲ့ ဖူးစာဖက် ဖြစ်လာမယ့်သူလို့ ထင်ပါသလား။

အချစ်ဦးနဲ့ မညားတတ်ကြဘူးဆိုတဲ့ ယုံတမ်းစကား‌တွေကိုရော ယုံကြည်ဖူးပါသလား။

Rye (ရိုင်းလ်) ဆိုတဲ့ ထိုကောင်လေး‌ကရော လိမ်မာတဲ့ ရိုးရိုးအေးအေး ကောင်လေးလို့ ထင်ပါသလား။ သူ အကြိုက်ဆုံး နှင်းတွေဖွေးနေတတ်တဲ့ နိုင်ငံကနေ နှင်းတွေမရှိတဲ့ နေရာကို ပြောင်းလာခဲ့ရာကနေ . . . . .

ထူးခြားတဲ့ လာဗင်ဒါရဲ့ရနံ့က ဖူးစာရှင်ဆီ ခေါ်သွားပေးနိုင်တယ်လို့ ဆိုကြပါတယ် (full crd)

___________________________________________

[Zawgyi]








___________________________________________

Snowless Winter Dream [Completed]Where stories live. Discover now