Chapter 30

1.7K 90 7
                                    

ရိုင်ယန် သူ့ဒယ်ဒီ ဆေးရုံတက်နေရာ အထူးခန်းထဲသို့ ပြန်ရောက်လာခဲ့ရသည်။

သူ ဒီတစ်ပတ်လုံးနီးပါး ရိုင်းလ်နဲ့ သူ့ဒယ်ဒီရှိရာနေရာတွေကိုပဲ ခေါက်တုံ့ခေါက်ပြန် ပတ်ပြေးနေရတာမို့ ဒီသားအဖကြား စိတ်ပင်ပန်းလွန်းလို့ လန်ဒန်ကိုပဲ ပြန်သွားလိုက်ချင်လေသည်။

"ဒယ်ဒီ ရိုင်းလ်ကို တကယ်ပဲ လွှတ်ထားတော့မှာလား"

"လွှတ်ထားလိုက်၊ အဲ့ကောင် တကယ် ရူးသွားလည်း ငါ တစ်သက်လုံး တင်ကျွေးထားနိုင်တယ်။ ဒီကောင် ဉာဏ်များနေတာ။ မနက်ဖြန် ပြန်သွားပြောလိုက်၊ ရေးခေတ္တရာကို ဆက်သွယ်ထားပေမယ့် သူကကို မလာချင်တာလို့။ အဲ့ဒါကိုမှ အဲ့ကောင် စိတ်မနာတတ်လည်း အဲ့ဦးနှောက်က ရူးသွားတာပဲ အေးတယ်"

". . . ."

သူ့သား၏ အကျင့်ကို သူ သိသည်။ ငယ်ငယ်ကတည်းက လိုချင်တဲ့ပစ္စည်းကို မဝယ်ပေးခဲ့ရင် နောက်တစ်နည်းသုံးပြီး မရရအောင် တောင်းဆိုတတ်တဲ့ ရိုင်းလ်ရဲ့အကျင့်က အခုထိ မပြောင်းလဲသေးပုံပင်။

"သားသမီးတွေများ အရွယ်ရောက်လာတာနဲ့ မိဘ သေသေရှင်ရှင်ထက် သူတို့လူတွေပဲ အသက်ရှိကြတော့တာ တကယ် ရင်နာတယ်"

.
.
.

သံတိုင်တွေကြား၌ ရိုင်းလ်စေတန် အပြင်ဖက်ကိုသာ စက္ကန့်မလပ် မျှော်နေမိသည်။ သူ မြင်ချင်တာ ခေတ္တရာဖြစ်သော်ငြား သူ့အစ်ကိုကိုသာ နေ့တိုင်း တွေ့နေရတာမို့ ရိုင်ယန် လာရင် ရိုင်းလ်တစ်ယောက် မျက်လုံးတောင် ဖွင့်ကြည့်မနေဖြစ်တော့။

"အစ်ကိုတို့ ရေးကို အကြောင်းကြားထားပေမယ့် သူ မလာနိုင်ဘူးလို့ပဲ အစ်ကိုနဲ့တဆင့် ပြောခိုင်းလိုက်တယ်။ သူ့ဖက်က ဒီလောက်ထိ ပြတ်နိုင်နေပြီပဲကို မင်း ကိုယ့်ဒုက္ခကိုယ် ရှာမနေပါနဲ့တော့ကွာ။ အစ်ကို သူ့ထက် သာတဲ့ ချောတဲ့ ကောင်လေး‌တွေ ထပ်ရှာပေးမယ်"

ရိုင်းလ် ခပ်ယဲ့ယဲ့သာ ပြုံးပြဖြစ်တော့သည်။

သူ့လောက် ခေတ္တရာစိတ်ကို နားလည်တဲ့သူ ရှိမှာမဟုတ်တာကို ခေတ္တရာက ဒီလိုပြောထွက်မယ်လို့ သူ မယုံကြည်နိုင်ပါ။ ခေတ္တရာ သူ့နားက ဘာလို့ ထွက်ပြေးသွားလည်း သူ စုံစမ်းကြည့်စရာတောင် မလိုခဲ့တော့။ သူ့အသိုင်းအဝိုင်းဖက်က ဒီကောင်လေးကို ဘယ်လောက်တောင် ဖိအားပေးလိုက်လို့ သူ့လက်ကို အတင်းဆွဲထားခဲ့ဖူးတဲ့ ကောင်လေးက တစ်လအတွင်း ရုတ်တရက်ကြီး ပြောင်းလဲသွားခဲ့ရလဲပဲ။

Snowless Winter Dream [Completed]Where stories live. Discover now