Chapter 22

1.6K 86 12
                                    

အိမ်ဝင်း၏ အပြင်ဖက်၌ ယခုအိမ်က ‌တခြားအိမ်ဝင်း‌တွေနဲ့ အလှမ်းဝေးတာမို့ ဘာသံမှ မကြားရအောင်ထိ တိတ်ဆိတ်နေသလို အိမ်ထဲ၌လည်း အပ်ကျသံတောင် မကြားရအောင် တိတ်ဆိတ်နေသည်။

ရိုင်းလ်တစ်ယောက် ထိုမျှလောက်ထိ ဖွဲ့ဖွဲ့နွဲ့နွဲ့ ချစ်စကားတွေကို ခေတ္တရာမှလွဲ၍ ဘယ်သူကိုမှ လိုက်ပြောခဲ့ဖူးတာ မဟုတ်တာကို ဒီကောင်လေးကတော့ သူ့စကားတွေကို နည်းနည်းမှ စိတ်ဝင်စားပုံ မရသလို အာရုံလည်း ရှိပုံမပေါ်။ အဖြေ မရတဲ့အပြင် သူ့အား အပေါ်အောက် စုန်ဆန် ကြည့်လာခြင်းကိုသာ တောက်လျှောက်ခံနေရတာမို့ ရိုင်းလ်ခမျာ အနည်းငယ်ပင် ကျောချမ်းလာမိသည်။

"ဟေ့. . .မင်း ကိုယ်ပြောတာတွေကိုရော ကြားရဲ့လား"

ရေး ကွဲကွဲပြားပြား ကြားပါ၏။ ဘာအဖြေပြန်ပေးရမလဲ မသိတာသာ ရှိသလို သူ အခုလို ကောင်လေးတစ်ယောက်နဲ့ အတူနေဖို့လည်း မတွေးထားခဲ့ဖူးတာကြောင့် ထိုလူ့ကို သူ့အောက် ဘယ်လိုဆွဲသွင်းရမလဲ သေချာမသိဘူး ဖြစ်နေသည်။ ထို့အတွက် ဒီကောင့်လို အိပ်ရာဖော်က သူ့အသက်ထက် ကျော်နေမလားမသိတဲ့ လူရှေ့၌ ရှက်စရာကောင်းသည်ဟု ခံစားရသည်။

ရေး၌ စာတွေ့ရော လက်တွေ့ပါ မရှိထားတာကြောင့် ပထမဆုံးအကြိမ်မှာ သူ့အောက်က လူကို စိတ်ပါအောင် ဘယ်လိုဆွဲဆောင်ရမှာလဲရယ်၊ သူ ကြားဖူးခဲ့သည့် ချောဆီတို့ ကွန်ဒုံးတို့လည်း ရှိမနေတာကြောင့် ပထမဆုံးအကြိမ်၌ သူ့စွမ်းရည်ကို ဒီလူ အထင်သေးသွားလို့တော့ မဖြစ်။

ထို့အတွက် ရေး ထိုလူ့ကိုယ်ပေါ်မှ ပြန်ဆင်းလိုက်ပြီး အိပ်ရာပေါ် ပြန်လှဲချလိုက်ရင်း စောင်အောက်ထဲ အမြန်လျှောဝင်သွားလိုက်မိသည်။ ထို့နောက် တစ်ကိုယ်လုံး လုံနေအောင် အလုံထုတ်ထားလိုက်ပြီး အိပ်ချင်ယောင်သာ ဆောင်နေလိုက်တော့သည်။

"အယ်. . ."

ရိုင်းလ် သူ့ဘေးကကောင်လေးရဲ့ အပြုအမူကြောင့် အမြန်ပြန်ထကြည့်ရပြီး ခေါင်းမြီးပါ ခြုံထားတဲ့ ခေတ္တရာ ဘာဖြစ်သွားတာလဲ စိုးရိမ်သွားမိသည်။

"ဘာဖြစ်လို့လဲ၊ တစ်နေရာရာက နေလို့မကောင်းလို့လား။ စောင်ဖယ်လိုက်၊ စမ်းကြည့်ရအောင်"

Snowless Winter Dream [Completed]Where stories live. Discover now