Chapter 16

1.4K 96 5
                                    

ညသန်းခေါင်ယံနား ကပ်နေပြီမို့ ခြံဝင်း၏ အပြင်ဖက်၌ ခွေးအူသံတွေ ဆွဲဆွဲငင်ငင် ကြားနေရသည်။

ထိုအချိန်၌ စံအိမ်ကြီးထဲမှ တွဲထွက်လာသော လူနှစ်ယောက်ကို ကားပေါ်၌ သူတို့သခင်လေး အချက်ပြမှာကို စောင့်နေသော လူတစ်စုမြင်လိုက်ရတာကြောင့် အမြန်ပြေးလာခဲ့ကြသည်။

"သခင်လေး ထိခိုက်မိသွားခဲ့တာလား"

ရေး ခေါင်းညိတ်ပြလိုက်ရကာ ထိုလူတွေအား ရိုင်းလ် သေနတ်မှန်ထားသည့်အတွက် နီးစပ်ရာဆေးရုံကို မောင်းပို့ပေးဖို့ ပြောလိုက်မိသည်။

ဆွဲတံခါးကို ပိတ်လိုက်ကာ ကားနောက်ခန်းထဲ ဝင်လိုက်ပြီးတာနဲ့ ရိုင်းလ် သူ့လူတွေအား-

"ငါ့ဒဏ်ရာက မပြင်းဘူး၊ ဆေးရုံမသွားနဲ့၊ ငါ ခဏနားလို့ရမယ့်နေရာကိုပဲ ပို့ပေး"

"မရဘူးလေ၊ မင်းမှာ သေနတ်ဒဏ်ရာရှိနေတာကို"

ရေး ထပ်ဝင်ပြောပေမယ့် ထိုလူတွေက သူ့ဆရာစကားကိုသာ နားထောင်ကြကာ သူတို့နားနေသည့် အိမ်ငယ်လေးဆီ မောင်းပို့ပေးမည်ဟု ဆိုလာရင်း ထိုစံအိမ်ရှေ့မှ ထွက်လာခဲ့ကြသည်။

"ကိုယ် သေလောက်မယ့်အထိ မထိခိုက်သွားတာမို့ စိတ်မပူနဲ့‌နော်။ မင်း အဲ့ဆေးသေတ္တာထဲက ဂွမ်းနဲ့ အရက်ပြန်ယူပြီး ကိုယ်ပြောတဲ့အတိုင်းပဲ လုပ်ပေးရင် ရပြီ"

"အင်း အင်း"

ရေး ကပြားကောင် ညွှန်ပြတဲ့ ဆေးသေတ္တာကို အမြန်ဆွဲယူလိုက်ပြီး ပြောသည့်အတိုင်းသာ အမြန်လိုက်လုပ်ပေးရတာမို့ ကပြားကောင်၏ ကျည်မှန်ထားသော ကျောကဒဏ်ရာကို မြင်ရဖို့အတွက် ကပြားကောင်၏ တီရှပ်ကို အမြန်ဆွဲချွတ်လိုက်ရသည်။

ရိုင်းလ်၏ လူတွေက ငါးယောက်ပါတာမို့ ရှေ့ခန်း၌ နှစ်ယောက်၊ အလယ်ထိုင်ခုံ၌ သူတို့နှစ်ယောက်ရှိပြီး နောက်ဆုံးခုံ၌ ရိုင်းလ်၏ လူသုံးယောက်ရှိကာ သူတို့နောက် လူလိုက်လာမလာကို ထိုလူတွေ တစ်လမ်းလုံး စောင့်ကြည့်နေခဲ့ကြရသည်။

"ဟုတ်ပြီ၊ အဲ့ဒဏ်ရာတွေပေါ် ရေသန့်ဘူးထဲက ရေနဲ့လောင်းလိုက်။ ပြီးရင် ဂွမ်းကို အရက်ပြန်ဆွတ်ပြီး အဲ့ဒဏ်ရာနားက သွေးတွေပြောင်တဲ့အထိ သန့်ရှင်းပေး"

Snowless Winter Dream [Completed]Where stories live. Discover now