Chapter 17

2.2K 132 2
                                    

ရှုပ်ထွေးစည်ကားနေသော ရန်ကုန်မြေထဲသို့ ရိုင်းလ်စေတန် ပြန်လည်ဝင်ရောက်လာခဲ့ပြီ။

ဒီနေ့လယ်ဖက်တင်ပဲ ခွန်းကို ပြန်လိုက်ပို့ပေးခဲ့ပြီးနောက် ရိုင်းလ် သူ့တိုက်ခန်းထဲသို့ ညနေစောင်းခါနီး၌ ပြန်‌ရောက်နေခဲ့သည်။ ခွန်းက ပုဂံမှာရှိကထဲက သူ့ဒဏ်ရာကို သေချာပြုစုပေးသလို ရန်ကုန်ပြန်ရောက်ရင် ပြောမယ်ဆိုသည့် အလေးအနက်စကားတွေကို နားထောင်ပေးဖို့ အဆင်သင့်ဖြစ်နေပါပြီဆိုတာကြောင့် ရိုင်းလ် ဘယ်သောအခါမှ အခုချိန်လောက် ဝေခွဲရခက်နေတာမျိုးမဖြစ်ဖူးခဲ့တာကို သူ့ကိုယ်သူ သတိထားလိုက်မိသည်။

ပုဂံမသွားခင်ကတောင် သေချာခဲ့မလို ဖြစ်နေသည့်စိတ်တွေက ရုတ်တရက်ကြီး အတည်ထားချင်စိတ်တွေပဲ ပျောက်သွားခဲ့ပြန်တာလား၊ သူ ခွန်းကို ‌ညီတစ်ယောက်လိုပဲ ချစ်တာကို အခုချိန်ထိ အထင်မှားခဲ့တာလား။ ထိုအရာအား သူ ပုဂံ၌ လေးလေးနက်နက် စဉ်းစားနေခဲ့ပါ၏။

သူ လန်ဒန်ကနေ ပြန်ရောက်လာကထဲက ပစ္စည်းတွေတောင် နေရာသေချာမချနိုင်‌သေးဘဲ ပုဂံထွက်သွားဖြစ်ခဲ့တာမို့ တိုက်ခန်းထဲ၌ ရှုပ်ယှက်ခတ်နေဆဲပင်။

Luggage ထဲမှ ပစ္စည်းတွေကို ထုတ်နေရင်း ကျောမှဒဏ်ရာက တစ်ချက်တစ်ချက် နာကျင်နေဆဲမို့ နဖူးကြောတွေ ရှုံ့ထားမိသည်။ အဝတ်အစားတွေ နေရာချပြီးချိန်၌ စာရေးစားပွဲခုံပေါ်သို့ ဖုန်းနဲ့ ပစ္စည်းတချို့လာတင်ထားလိုက်ပြီး ရေချိုးခန်းဖက် ထွက်ဖို့အလုပ် သူ မှောက်ချထားခဲ့သည့် ဓာတ်ပုံမှန်ဘောင်တစ်ခုပေါ်သို့ အကြည့်ရောက်သွားခဲ့သည်။

သူ ထိုမှန်ဘောင်ကို ပြန်လှန်ယူလိုက်မိသည်။ ထိုမှန်ဘောင်ထဲမှ ပုံက သူ နှစ်နှစ်လုံး တစ်ရက်မပျက် ကြည့်ဖြစ်ခဲ့သည့် ဓာတ်ပုံ၊ စာကြည့်စားပွဲ‌ပေါ်မှာပဲ အမြဲထောင်ထားဖြစ်ခဲ့သည့် ဓာတ်ပုံမို့ စာတမ်းတွေနဲ့ အလုပ်ရှုပ်နေတိုင်း၊ စိတ်ရှုပ်လာတိုင်း ဘာရယ်မဟုတ် ငေးနေမိခဲ့သည့် ဓာတ်ပုံမို့ လန်ဒန်က ထွက်လာတုန်းက သေချာထည့်ယူခဲ့မိသည်။ ပုံတူပွားပြီး သူ စာအုပ်ကြားထဲ၌လည်း ထည့်ထားဖြစ်ခဲ့သည်။

Snowless Winter Dream [Completed]Where stories live. Discover now