Chapter 15

1.4K 93 5
                                    

ကြည်လင်သော ကောင်းကင်ထက်တွင် လမင်းသည် ထွန်းတောက်လျက်ရှိပြီး စံအိမ်၏ သီးသန့်အဆောင်သဖွယ်ဖြစ်နေသော အခန်းထဲသို့ထိတိုင် အလင်းဖြာကျနေခဲ့သည်။

ထိုအခန်း၏ ပြတင်းပေါက်နား၌ Dream catcher တွေ ချိတ်ဆွဲထားသည့်အပြင် ထိုအခန်းထဲရှိ ခရမ်းရောင်အိပ်ရာခင်း ခင်းကျင်းထားရာ ကုတင်ကြီးက နှစ်ယောက်အိပ်ရန် ကျယ်ဝန်းသည်။ သို့သော်ငြား ရိုင်းလ်စေတန် အငြိမ်ပင် မထိုင်နိုင်သေးဘဲ ဘာဆက်လုပ်ရမလဲ စဉ်းစားနေစဉ် ရေးကတော့ သူ့အိပ်ရာပေါ် လှဲချပြီး အနားယူနေပြီဖြစ်သည်။

သူ ဒီအခန်းထဲ၌ ရှစ်နှစ်အရွယ်ထိ နေထိုင်ခဲ့ဖူးပါ၏။ သူငယ်ငယ်က အိပ်ရတာထက် ပိုကြီးလာသော ကုတင်ပြောင်းထားရုံကလွဲရင် တစ်ခန်းလုံးက အရင်တိုင်းပင် ဖြစ်သည်။ ကြည့်ရတာ ဒီအခန်းက သူ့အခန်းဆိုပေမယ့် မားတို့က ကပြားကောင်ကို အပိုင်ပေးထားပုံရသည်။

"ငါ‌ ပြောသားပဲ၊ အဲ့ဘိုးတော်ကြီးကို ငါ့အမေ လှည့်လို့မရပါဘူးဆို။ ဟူး. . .တော်ပြီ၊ ငါ စိတ်လျှော့လိုက်ပြီမို့ မားမျက်နှာကို ဒီလောက်မြင်ရရင်ပဲ ကျေနပ်ပြီ။ အိပ်တော့မယ်"

ထိုကောင်လေးက ကျေနပ်ပေမယ့် ရိုင်းလ်ကတော့ အဆင်ပြေမနေသေးပေ။ သူ ဒီသားအမိကို ဘယ်လောက်တောင် သေချာတွေ့ပေးချင်ခဲ့ရလဲ။

ရိုင်းလ် သူ့ကုတ်ကို ထိုင်ခုံပေါ် ပစ်တင်လိုက်တော့ကာ အိတ်ထဲက သေနတ်ကို ခေါင်းအုံးအောက်ထဲ ပြောင်းထည့်လိုက်ရပြီး ကုတင်ပေါ် ဝင်ထိုင်လိုက်တော့သည်။

"ငါ စီစဉ်တာ လိုသွားတယ်၊ ဒီလိုမှန်းသိရင် ဒီနေ့မလာဘဲ နေလိုက်ရမှာ"

ရေး အိပ်နေရင်းမှနေ သူ့ဘေးက ကပြားကောင်‌ပေါင်ကို ခပ်ဖွဖွ ပုတ်လိုက်ရပြီး ထိုကောင့်ကိုပါ စိတ်လျှော့လိုက်တော့ဖို့ ဖြောင်းဖျလိုက်ရသည်။

ရိုင်းလ်တစ်ယောက် သူ့ပေါင်ပေါ်က ထိုကောင်လေးလက်ကို သေချာ ကိုင်ကြည့်လိုက်မိသလို ခေါင်းက ချုပ်ရိုးကိုပါ ပြန်စစ်ဆေးလိုက်မိသည်။

"မင်းလက်က ဘယ်လိုနေသေးလဲ"

"ဘယ်လိုနေရမှာလဲ၊ မင်း လုပ်သွားတဲ့အတိုင်းပဲလေ။ ငါ အဲ့ကိစ္စအတွက် မင်းကို ကြည်သေးတာမဟုတ်ပေမယ့် ဒီနေ့ ငါ့ကို ကူညီပေးလို့ ခွင့်လွှတ်ပေးလိုက်မယ်။ ဒါနဲ့ မင်း ငါ့မိဘတွေနဲ့ ဘာလို့ အဲ့လောက်ထိ ရင်းနှီးနေတာလဲ"

Snowless Winter Dream [Completed]Where stories live. Discover now