Chapter 4

2.6K 148 7
                                    

လှပစွာ ခင်းကျင်းထားသော ရနံ့မျိုးစုံရ‌နေသည့် ပန်းဆိုင်ထဲ၌ စားပွဲကို လက်နှစ်ဖက်ထောက်ကာ ငုံ့ကြည့်နေသော ရိုင်းလ်စေတန်နဲ့ ထိုင်ခုံနောက်ကျောကို မှီထိုင်လိုက်ပြီး လက်ပိုက်ကာ မျက်ခုံးပင့်ပြနေတဲ့ ရေးခေတ္တရာတို့၏ အကြည့်စစ်ပွဲက သူတို့ဘေးနားရှိ လေထုကိုပါ အေးစက်လာစေသည်။

ရိုင်းလ် ဒီကောင့်ကို ကြည့်မရတဲ့ အရာက အခုလိုမျိုး မျက်လုံးတွေက လှောင်ပြောင်သရော်ဟန်ပါပြီး မထိမဲ့မြင် လုပ်လုပ်ပြတတ်တဲ့ မျက်ခွက်ကိုပင်။

ရေးကတော့ ရှင်း၏။ ထိုကပြားကောင်ကို ခေါင်းအစ ခြေအဆုံး ကြည့်မရတာ။

"ဒီတိုက်က တကယ်ကြီး မင်းပိုင်တာလား"

ရေး သူ့ပါးစောင်အား လျှာနဲ့ထိုးလိုက်ရင်း မေးဆတ်ပြလိုက်သည်။

အံ့ဩစရာပဲ၊ ဒီကောင်က ဆရာဝန်တဲ့လား။ လူနာတွေအတွက်တော့ ရင်လေးစရာကြီးပဲ။

"အစက ကျေးဇူးတင်စကားတောင် ပြောချင်နေတယ်ဆိုလို့ ဘယ်သူများမို့လဲ အိပ်ရေးပျက်ခံပြီး ထိုင်စောင့်နေမိတာ။ မင်း ငါ့ကို တောင်းပန်စကားပါ ပြောသင့်တယ်ဟုတ်။ ဆို၊ မင်း ငါ့ကို သိလို့လား"

ရိုင်းလ် မျက်နှာမဲသွားခဲ့သည်။

ဒီအရိုင်းအစိုင်းကောင်ကို သူ ဒီနှစ်နှစ်လုံး တွေ့ချင်နေခဲ့မိတာတဲ့လား။ အမြဲလိုလို ကြည့်ခဲ့မိတဲ့ မျက်လုံးတွေကို ဖောက်ထုတ်ပြီး ထိုဓာတ်ပုံကို မီးရှို့လိုက်ချင်မိသည်။

သူ တကယ် shock ရသွားတာမို့ ရုတ်တရက် ဘာစကား ပြန်ပြောရမှန်း မသိအောင်ထိ အာစေးမိနေခဲ့သည်။

သူ ဒီနှစ်နှစ်လုံး ထိုပိုင်ရှင်ကို စကားတွေ ပြောချင်ခဲ့သည်။ မေးချင်တာတွေ ရှိခဲ့သည်။ သူ တဆင့် အကြံပေးလိုက်သလို လာဗင်ဒါရနံ့တွေ သုံးရဲ့လား သိချင်ခဲ့သည်။ ထို့အတွက် မြန်မာပြည် ပြန်ရောက်ရင် သေချာပေါက် သွားရှာကြည့်ဖို့ ဆုံးဖြတ်ချက်ချခဲ့သည်။

အခုတော့ လေပူတစ်ချက်သာ မှုတ်ထုတ်လိုက်ရင်း ပစ်တင်ခဲ့တဲ့ ဖိုင်တွဲကို ပြန်ယူလိုက်ကာ-

Snowless Winter Dream [Completed]Where stories live. Discover now