Chapter 14

1.4K 101 11
                                    

"တောက်"

ဆက်ခွန်းသစ်၏ တောက်ခေါက်သံကြောင့် သျှိုင်းစက်မာန် သူ့နဖူးသူ လက်ထောက်ထားပြီး သက်ပြင်းချလိုက်မိသည်။

"မာန် မင်းဟာလေ ဘာမှကို အားမကိုးရဘူး"

"ငါ ရေး ဘယ်သွားလဲ တကယ် မသိတာပါဆို။ သူ ဘယ်တုန်းက ငါ့ကို သူ ဘယ်သွားမယ်ဆိုတာ ပြောသွားတတ်လို့လဲ"

ဒီနေ့လယ်ပိုင်းကထဲက သူ့အစ်ကို ပျောက်သွားပြန်တာကြောင့် ဆက်ခွန်းသစ် တစ်ယောက်တည်းဖြစ်နေလို့ မာန့်ဟိုတယ်ခန်းဆီ ထွက်လာခဲ့ရခြင်းပင်။ သူ ညကလည်း သူ့အစ်ကိုကို သန်းခေါင်ကျော်ထိ စောင့်နေသေးပေမယ့် ရိုင်းလ်က တော်တော်နဲ့ ပြန်မလာခဲ့တာမို့ ဘယ်အချိန်ပြန်ဝင်လာမှန်းပင် မသိလိုက်ရ။ မနက်ကလည်း ခဏပဲ တူတူရှိလိုက်ရကာ အပြင်ခဏဆိုပြီး ပျောက်သွားပြန်သည်။

ဆက်ခွန်းသစ် ပုဂံရောက်နေတာတောင် ရက်အနည်းငယ် ကြာနေပေမယ့် စရောက်လာကထဲက သူ့အစ်ကိုက သူ့ကို နည်းနည်းတောင် အာရုံရသည့်ပုံ မပေါ်နေတာမို့ ထပ်သည်းမခံနိုင်တော့။

"ဒီလူတော့ ငါ သူ့နောက်ကို တကူးတက လိုက်လာခဲ့တာကိုတောင် အာရုံမရရအောင် အဲ့ကောင်ရဲ့ မှိုင်းမိနေတာလား"

တိုးတိုး‌တိုးတိုး ရေရွတ်ရင်း ရှေ့လျှောက်နောက်လျှောက်နဲ့ အာရုံများနေသော ဆက်ခွန်းသစ်ကိုကြည့်ရင်း မာန် တကယ် ဒေါသထွက်လာခဲ့သည်။

"နေပါဦး၊ မင်းအစ်ကိုက ရေးနဲ့ အပြင်ထွက်သွား‌ခဲ့ရင်လည်း ဘာဖြစ်လဲ။ မင်းအစ်ကိုက  ကလေးမှ မဟုတ်တော့တာကို ဘာလို့လိုက်ပူပန်နေရတာလဲ။ ပြောတော့ အစ်ကိုလိုပါပဲဆို"

"အာ. . .ဒါက ငါ့အစ်ကိုကို ဒီအတိုင်းစိတ်ပူလို့ပါ။ သူက လှတဲ့ ကောင်လေးတွေကိုဆို စိတ်ဝင်စားတတ်တာ။ ပြောလို့ရမလား၊ ရေးက ငါ့အစ်ကိုကို သူ့ရုပ်ရည်နဲ့ မြူဆွယ်နေရင် ဘယ်လိုလုပ်မလဲ။ မင်းလည်း သိသားပဲကို၊ ရေးက သလွန်းတုန်းကလည်း မကြိုက်ဘူး မကြိုက်ဘူးသာ ပြောနေတာ၊ ပြီးတော့ သူပဲ ကြိတ်မြူဆွယ်နေလို့ သလွန်းက ကြောက်တာတောင် စိတ်မပြတ်နိုင်တာနေမှာလေ။ အဲ့ကောင်က မျက်နှာနှစ်မျိုးနဲ့ကောင်။ အခုလည်း ကြည့်ပါလား၊ ငါ့အစ်ကိုက ငါ့ကို နည်းနည်းတောင် အာရုံမစိုက်တော့ဘူး။ တကယ်ပဲ သူတို့တွေ ဘာလို့ ရုတ်တရက်ကြီး ရင်းနှီးသွားကြပါလိမ့်"

Snowless Winter Dream [Completed]Where stories live. Discover now