Chapter 29

2.2K 116 6
                                    

မေလ တစ်ရက်နေ့။

ရေးခေတ္တရာ ရန်ကုန် ပြန်ဆင်းလာခဲ့ပြီး သူ အရင်နေထိုင်ခဲ့ရာ နှစ်ထပ်တိုက် အဆောက်အဦးရှေ့သို့ ပြန်လည်ရောက်ရှိလာခဲ့သည်။

သူ ထောင်က လွတ်ငြိမ်းခွင့်ရတာ တစ်လကြာသွားပြီမို့ တစ်လတစ်ခါ ကိုကို့အား ထောင်ဝင်စာ လာတွေ့မည်ဟု ကတိပေးထားခဲ့တာမို့ ရန်ကုန် ပြန်ဆင်းလာခဲ့ခြင်းဖြစ်သလို သူ့ပစ္စည်းတချို့ သိမ်းရန်အတွက်ပါ ဒီအိမ်ကို အရင်ထွက်လာခဲ့ခြင်းဖြစ်သည်။

ရေး ကားပေါ်က ဆင်းဆင်းချင်း အရင်ပန်းဆိုင်ရှေ့၌ ကောင်လေးတစ်ယောက် ရပ်နေတာကို မြင်လိုက်ရတာကြောင့် သူ ထိုနေရာသို့ အရင်လျှောက်လာခဲ့ပြီး ထိုကောင်လေးကို ခေါ်လိုက်မိတာမို့ ထိုလူ လှည့်ကြည့်လာစဉ်. . .

ခွမ်း!

ရေး သူ့လက်ထဲမှ ဖုန်းကို အလန့်တကြား လွှတ်ချလိုက်မိခဲ့သည်။

"မာန်?"

"ဟက်. .ငါ့ကို သေအောင်သတ်ခဲ့ပြီးတော့ မင်းကကျတော့ သုံးလလောက်နဲ့ ထောင်က ပြန်ထွက်လာနိုင်တယ်ပေါ့။ ဟားဟား. . ."

"မဟုတ်ဘူး၊ အဲ့လိုမဟုတ်ဘူး"

ရေး မျက်စိစုံမှိတ်ပြီး ဆောင့်ကြောင့်ထိုင်ချလိုက်တာမို့ ထိုအိမ်ရှေ့က ဖြတ်သန်းသွားလာသူတချို့ ရေး တစ်ခုခုဖြစ်နေတယ် အထင်ကြောင့် ပြေးလာခဲ့ကြပြီး-

"ညီလေး အဆင်ပြေရဲ့လား၊ ဘာဖြစ်တာလဲ။ ဆေးရုံကား ခေါ်ပေးရမလား"

ရေး တခြားလူတွေရဲ့ အသံပါ ကြားလိုက်ရတာကြောင့် မျက်လုံးပြန်ဖွင့်ကြည့်လိုက်စဉ် မာန့်ကို မတွေ့ရတော့ဘဲ သူ့အား အဝေးကနေ လှောင်ရယ်ပြီး ကြည့်နေသော ခွန်းကိုသာ တွေ့လိုက်ရသည်။

"ဟိုနားကလူကို အစ်ကိုတို့တွေ့လား"

ထိုလူတွေ ရေး ညွှန်ပြရာကို လိုက်ကြည့်လိုက်စဉ် မည်သူ့ကိုမျှ မတွေ့ရသလို သူတို့ ခုနကတည်းကလည်း ရေး တစ်ယောက်တည်းကိုသာ မြင်ခဲ့ရတာပင်။

ရေး သူ့တိုက်ပေါ် ပြေးတက်လာခဲ့တော့သည်။

"ငါ မင်းကို ထိုင်စောင့်နေတာ ကြာပြီ၊ ဟားဟား"

Snowless Winter Dream [Completed]Where stories live. Discover now