Chapter 19

1.4K 88 3
                                    

ညရှုခင်းကို အေးအေးလူလူ ငေးမောကြည့်နေသော ဆက်ခွန်းသစ်၏ တိုက်ခန်း၌ အလောတကြီး နိုင်လှတဲ့ တံခါးခေါက်သံကြောင့် ခွန်း သူ့ညဝတ်အင်္ကျီကို သေချာဆွဲစေ့လိုက်ရင်း  တံခါးသွားဖွင့်ပေးလိုက်ရသည်။

"ဒီအချိန်ကြီး ဘယ်သူလဲ"

တံခါးဖွင့်မိမိချင်း သွေးသံရဲရဲနဲ့ မာန့်ကို မြင်လိုက်ရတာကြောင့် ခွန်း အလန့်တကြား ဖြစ်သွားခဲ့ကာ အိမ်ထဲ အမြန်ခေါ်သွင်းလိုက်ရသည်။

"မာန် မင်း ရန်ဖြစ်လာတာလား၊ ဘယ်သူတွေနဲ့လဲ"

သျှိုင်းစက်မာန် သူ့လက်မောင်းမှ ဓားဒဏ်ရာကို အဝတ်စနဲ့သာ ချည်နှောင်ထားခဲ့ရပြီး ဘယ်နေရာကိုမှလည်း မသွားရဲတော့တာကြောင့် ရေး လိုက်မလာခင် ခွန်းဆီ အရင်လာခဲ့မိခြင်းဖြစ်သည်။ ရေးက လက်ဆပြင်းပေမယ့် ဓားကိုတော့ သေချာမသုံးဖူးသူဖြစ်တဲ့အပြင် ထိုအချိန်က ဆေးမိထားတဲ့အရှိန်ကြောင့်လည်း အရမ်းနက်အောင် မထိုးစိုက်လိုက်နိုင်ခဲ့ပါ။ နှစ်ကြိမ်တိတိ ထိုးသွင်းခံလိုက်ရလို့သာ ခုလောက်ထိ သွေးထွက်သွားရရုံသာ ရှိခဲ့သည်။

"ငါ့ဒဏ်ရာကိုပဲ တစ်ခုခု အရင်လုပ်ပေးဦး။ ငါ ရေးနဲ့ ရန်ဖြစ်လာခဲ့တာ"

"ရေးနဲ့ ဖြစ်တာ? အဲ့ဒါကို အဲ့ကောင်က မင်းကို ဒီ‌လောက်ထိ လုပ်လိုက်တယ်ပေါ့"

ဆက်ခွန်းသစ် မာန့်အား ဆိုဖာ၌ အရင်နေရာချထား ပေးလိုက်ရသည်။ ထို့နောက် ဒဏ်ရာအတွက် သူ ကူနိုင်သလောက် အရင်ကူပေးရန် ဆေးပစ္စည်းတွေ လိုက်ရှာနေရသည်။

ရေးက သူ့ကိုသာ လည်ပင်း လာညှစ်လိုက်၊ ပိတ်ထိုးလိုက် လုပ်တတ်သော်ငြား အဲ့ကောင်က သူ့သူငယ်ချင်းကိုတော့ သိပ်သိတတ်တဲ့ကောင်မို့ မာန် အခုလောက် ဖြစ်လာတာအား ဆက်ခွန်းသစ် အံ့ဩသွားမိ‌လေသည်။

"ငါ့အိမ်ထဲမှာ ဆေးပစ္စည်းက အစုံမရှိဘူး။ အစ်ကိုရှိရင်လည်း ကောင်းသား"

သျှိုင်းစက်မာန် အမြန်လက်ကာပြလိုက်ပြီး သူ့ဒဏ်ရာကို ရသလောက်သာ အရင်လုပ်ထားလိုက်ရရင်း နီးစပ်ရာ တခြားဆရာဝန်တစ်ယောက်ကိုသာ အိမ်ပင့်ပေးဖို့ ခွန်းအား ပြောရသည်။

Snowless Winter Dream [Completed]Where stories live. Discover now