Chapter 20

1.6K 98 3
                                    

ထိုနေရာတစ်ဝိုက်၌ နာရီဝက်နီးပါး ရိုင်းလ် အပူတပြင်း ထပ်ပတ်ရှာနေခဲ့သော်လည်း အခုချိန်ထိ ခေတ္တရာကို ဘယ်နေရာမှာမှ ပြန်မတွေ့တော့တာကြောင့် သူ့အိမ်ဖက်ဆီ အရင်ပြန်ပြေးလာခဲ့ရကာ သူ့လူတွေကို လိုက်ရှာခိုင်းဖို့ လုပ်ရတော့သည်။

သူ့အိမ်ထဲ၌ ခွန်း မရှိတော့ပေ။

သို့သော် ခုန ဓာတ်ပုံကို တစ်စစီ ဆွဲဖြဲထားခဲ့တာအား တွေ့လိုက်ရတာကြောင့် ရိုင်းလ် ထိုကောင်လေးကို ခွင့်မလွှတ်နိုင်အောင်ထိ စိတ်ဆိုးသွားခဲ့သည်။ သူ ခွန်း ရည်းစားရသွားပြီဆိုတာကို ကြားလိုက်ရချိန်တုန်းကတောင် စိတ်တိုသွားခဲ့ပေမယ့် စည်းမကျော်ချင်လို့ ဒီနှစ်နှစ်လုံး သူ ခွန်းကိုတောင် အဆက်အသွယ်သိပ်မလုပ်ခဲ့။ ခွန်းကတော့ သူ့ကိစ္စကို ဗလိုင်းကြီး စည်းကျော်နေခဲ့သည်။

ရိုင်းလ် သူ့အား ထိုကဲ့သို့ လွှမ်းမိုးချုပ်ကိုင်ခြင်းအား လုံးဝမကြိုက်ပါပေ။

"ကိုင်ကြစမ်းပါကွာ"

သူ့လူငါးယောက်ကို ပတ်ခေါ်နေမိပေမယ့် ထူးထူးခြားခြား တစ်ယောက်ကိုမှ ဆက်သွယ်လို့ မရတော့တာမို့ အံ့ဩသွားမိစဉ် သူ့ဒယ်ဒီဆီက message ကို ခုမှ မြင်လိုက်မိသည်။

ဒယ်ဒီက သူ့လူတွေကို ပြန်သိမ်းသွားပြီဆိုတာကိုပင်။

"တောက်. . .အရေးအကြောင်းရှိမှပဲ"

ပြန့်ကျဲနေသည့် ဓာတ်ပုံအပိုင်းအစတွေကို အမြန်ကောက်သိမ်းပြီး အိတ်ထဲထည့်ယူလာခဲ့လိုက်ရကာ သူ့ကားသော့ကို ဆွဲယူလိုက်ရင်း တိုက်အောက် ပြန်ဆင်းလာခဲ့ရသည်။

ရိုင်းလ် သူကိုယ်တိုင် ရန်ကုန်မြို့ထဲ ပတ်ရှာကြည့်ရုံမှတပါး တခြားမရှိတော့။ ခေတ္တရာက သူ့ဖုန်းကို မကိုင်သေးသလို သူကလည်း ခေတ္တရာ ဘယ်သွားတတ်လဲဆိုတာ မသိတာကြောင့် တကယ့်ကိုမှ လမ်းပျောက်နေရသည်။

"လူတွေတော့ လျှောက်မသတ်လိုက်ပါနဲ့ ကောင်လေးရာ"

ရန်ကုန်မြို့ရဲ့ လမ်းကြောင်းတွေကို ရိုင်းလ် သိပ်မကျွမ်းကျင်သေးတဲ့အပြင် ဘယ်ကို စလိုက်ရမှန်းလည်း မသိတာမို့ မှန်းမောင်းနေရသလို ထိုကောင်လေး စိတ်လွတ်ပြီး လျှောက်လုပ်နေမှာကိုလည်း ပူပန်နေရသည်။

Snowless Winter Dream [Completed]Where stories live. Discover now