Chapter 27

1.5K 90 7
                                    

မနက်အလင်းရောင်ထွက်လာတာနဲ့ တပြိုင်နက် ရိုင်းလ်စေတန်တို့လည်း အပြင်ပြန်ထွက်လာနိုင်ခဲ့ပေပြီ။

ရိုင်းလ်စေတန် ကိုယ့်ကိုယ်ကိုယ် ပြန်ငုံ့ကြည့်လိုက်ရင်း စိတ်ပျက်လက်ပျက် ရယ်လိုက်မိသည်။ ခေတ္တရာ ဒီထဲရောက်နေတာ တစ်လခွဲအတွင်း တိုက်ပိတ်ခံရတာ သုံးခါရှိပေမယ့် သူကတော့ ထောင်ထဲရောက်တာ သုံးညအတွင်း နှစ်ည ဆက်တိုက် တိုက်ပိတ်ခံလိုက်ရတာဖြစ်သည်။

‌ခေတ္တရာနဲ့ မုဒိမ်းကောင်ကို ဆေးပေးခန်း ခေါ်သွားကြပြီမို့ ရိုင်းလ်စေတန် ထောင်၏အခြေအနေကို သေချာလိုက်အကဲခတ်နေမိသည်။ နေရာတိုင်းမှာ အကျင့်ပျက် ခြစားမှုတွေ ရှိနေတတ်တယ်ဆိုတာ ရိုင်းလ်တို့လို ပိုက်ဆံရှိ အသိုင်းအဝိုင်းထဲ၌ မထူးဆန်းတဲ့အရာမို့ သေချာပေါက် ဒီနေရာမှာလည်း ဟာကွက်တွေ ရှိနေမှာ သေချာ၏။

အထူးသဖြင့် ရန်ပွဲဖြစ်တိုင်း ဘယ်သူအရင်စမှားလဲဆိုတာ ထောင်ထဲမှာ မျက်မြင်သက်သေများစွာလည်း ရှိနေနိုင်တာကို ထောင်စောင့်တွေက တစ်ချက် ခေါ်မစစ်ကြဘဲ မုဒိမ်းကောင် ဘာလုပ်လုပ် ခေတ္တရာကိုပဲ အပြစ်ပေး‌နေတာအား ရိုင်းလ် ဘဝင်မကျဖြစ်သွားခဲ့သလို သာမန်ဆို ထောင်ထဲ၌ မုဒိမ်းသမားတွေကိုဆို ဦးချိုးထားတတ်ကြတာကို ဒီထဲမှာတော့ အဲ့ကောင်ကကို ဆရာဖြစ်နေတာအတွက် ထိုကောင်တွေ နေထိုင်ရာ အပေါ်ထပ်တွေထိပါ လာကြည့်လိုက်မိသည်။

ထောင်အဆောက်အဦးက သုံးထပ်တိုက်ဖြစ်တာကြောင့် ရိုင်းလ်တို့နေထိုင်ရာ အခန်းက မြေညီထပ်မှာ ဖြစ်ပြီး မုဒိမ်းကောင် နေထိုင်ရာအခန်းက အပေါ်ဆုံးထပ်ဖြစ်တာမို့ ရိုင်းလ် အားလုံးကို လိုက်လေ့လာပြီးချိန်၌ ဒီထဲက အခြေအနေကို နားလည်သွားခဲ့ပြီ။

.
.
.

ထောင်ဝင်စာ လာတွေ့သည့် ရိုင်ယန်တစ်ယောက် သူ့ညီလေးခမျာ အထဲရောက်တာ တစ်ပတ်တောင် မပြည့်သေးပေမယ့် မျက်ကွင်းတွေ ညိုနေတာကို မြင်လိုက်ရတာကြောင့် ရင်ထဲမကောင်း ဖြစ်မိသွား၏။

"နေရတာ အဆင်ရောပြေရဲ့လားကွာ၊ အစ်ကို သေချာပေါက် မင်းကို သုံးလေးနှစ်အတွင်း ရအောင် ပြန်ထုတ်ပေးမှာမို့ အထဲမှာ စံပြထောင်သားဖြစ်အောင်တော့ နေရမယ်နော်"

Snowless Winter Dream [Completed]Where stories live. Discover now