Chapter 32

1.8K 99 5
                                    

ဂျိန်း!

အဆက်မပြတ် ဆက်တိုက်ကြားလာရသော မိုးခြိမ်းသံတွေကြောင့် ရိုင်းလ်စေတန်၏ မျက်လုံးတွေ ဖြည်းဖြည်းချင်း ပြန်ပွင့်လာခဲ့သည်။

ထိုစဉ် သူ့‌ကျောနောက်က ခေတ္တရာကို မြင်လိုက်ရတာကြောင့် အမြန်ပြန်ထထိုင်လိုက်မိသည်။ ‌ခေတ္တရာက နောက်ကျမှသာ အိမ်ပြန်လာတတ်သူမို့ ရိုင်းလ် စိတ်ချလက်ချ ဒီကုတင်ပေါ် လာတက်အိပ်နေမိခြင်းပင်။

ခေတ္တရာက သူ ဖွက်ထားခဲ့သည့် tattoo ကို မြင်သွားပုံရသည်။ ရိုင်းလ် ထို tattoo အား ထောင်ထဲမှာကတည်းက ခေတ္တရာ၏ ကိုယ်ပွားအမှတ်ဖြင့် ထိုးထားခဲ့ခြင်းဖြစ်သည်။

"အဟမ်း. .ဒါက"

ဝုန်း!

အ့!

ရိုင်းလ် ဆက်မပြောနိုင်သေးခင်မှာပင် ခေတ္တရာ သူ့အား အိပ်ရာပေါ် ဝုန်းခနဲ ပြန်တွန်းချလာခဲ့သည်။

ရေး ထိုလူ့ကို သူ့အောက်သွင်းလိုက်ပြီးတာနဲ့ ထိုလူ့ကိုယ်ပေါ် အမြန်တက်ခွထားလိုက်မိသည်။ ထို့နောက် အသည်းအသန် ပြန်ထဖို့ ကြိုးစားနေတဲ့ ရိုင်းလ်၏ လက်တွေကို ဖမ်းချုပ်ထားလိုက်ပြီး အချိန်တွေ အကြာကြီး လွမ်းနေခဲ့ရတဲ့ ကိုကို့နှုတ်ခမ်းတွေကို အတင်းဖိကပ်နမ်းရှိုက်လိုက်မိသည်။

ရိုင်းလ်စေတန် ထိုကောင်လေး၏ အနမ်းတွေကြောင့် ထင်ပါရဲ့၊ ညနေက သေမလို ကိုက်ခဲနေသည့် ခေါင်းကိုက်ဝေဒနာတောင် ပျောက်ကွယ်သွားခဲ့သလိုပင်။

ရေး ကိုကို့နှုတ်ခမ်းတွေကို ကိုက်ဖောက်မိရုံတင် အားမရနိုင်ဘဲ လည်တိုင်တွေထိပါ လျှောဆင်းလာခဲ့ပြီး တတိတိ ကိုက်ဆွဲနေမိရင်း အမှတ်ပေါင်းများစွာ ပေးနေခဲ့သည်။

ထိုကောင်လေး သေချာကိုက်လို့ရ‌အောင် ခေါင်းမော့ပေးလိုက်ရသည့် ရိုင်းလ်တစ်ယောက် သူ့လက်တွေကို ခေတ္တရာ၏ ခါးပေါ် ယှက်တင်လိုက်ရင်း ဒီကောင်လေး ဆေးများမိလာတာလားဟု အောက်ပိုင်းကို စမ်းကြည့်ဖို့အတွက် ခါးမှတဆင့် ဘောင်းဘီထဲသို့ သူ့လက်လျှိုဝင်လိုက်မိသည်။

"နှာဘူးကောင်!"

ရေး ထိုလူ့ကိုယ်ပေါ်က အမြန်ပြန်ဆင်းလိုက်မိစဉ် သူ့ကိုယ်ပေါ်က ဆင်းဖို့ပြင်နေပြီဖြစ်တဲ့ကောင်လေးကို ရိုင်းလ် သူ့အောက် ဆွဲသွင်းလိုက်ရတော့ပြီး အုပ်မိုးထားလိုက်ရသည်။

Snowless Winter Dream [Completed]Opowieści tętniące życiem. Odkryj je teraz