Chapter 24

1.6K 88 7
                                    

ရိုင်းလ်၏ အမှုကိစ္စအတွက် ရိုင်းလ်၏ အဖေနှင့် အစ်ကိုတို့ ရန်ကုန်မှာ သောင်တင်နေခဲ့ရသည်။

အခုတော့ သားလိမ္မာလေးရဲ့ ကျေးဇူးနဲ့ ထိုလူကြီး အလွန်အမင်း shock ရသွားခဲ့တာကြောင့် အိမ်ကို ဆရာဝန်ပင့်ပြီး ဆေးပင်ခေါ်ချိတ်နေရလေသည်။

"ကျားဖက်လိုက်ပြီး မိုက်ဖက်ပါတဲ့ကောင်။ နောက်တစ်ဘွဲ့တောင် ထပ်ယူထားခဲ့တာ အခုလို ထောင်ထဲ ကြိုးစားပမ်းစား ဝင်လို့ရ‌အောင် ခေါင်းသုံးဖို့ အတွက်လား။ တောက်. . .ဒီကောင့် ဦးနှောက်က ပညာတွေတတ်တတ်လာလေ ကြီးကြီးမလာဘဲ ကျုံ့ကျုံ့သွားတာလားပဲ"

"စိတ်လျှော့ပါ ဒယ်ဒီရာ၊ နောက်ထပ် သွေးစောင့်တက်သွားရင် အန္တရာယ်ရှိနိုင်တယ်လို့ ဒေါက်တာ မှာသွားတယ်လေ"

ဒီသားမိုက်ကြောင့် စိတ်ဆင်းရဲရလွန်းလို့ သေရပါတော့မည်။ ဒီဒူးမနာသားလေးကတောင် သူ့အပေါ် အခုလို သိတတ်‌သေးသည်။ ဟိုဆရာဝန်ကောင်ကတော့လား အိမ်ထောင်ဖက် ဆုံးသွားတာကိုကျ မျက်ရည်တစ်စက်တောင် မကျအားဘဲ သူ့ဒေါသနဲ့သူ လူသတ်ခဲ့လို့ ထောင်ကျသွားတဲ့ကောင်နောက်ကိုတော့ ဘယ်လမ်းက လိုက်ရမလဲ လုပ်နေခဲ့တာ လူကြားလို့တောင် ကောင်းကြသေးရဲ့လား။

ထိုလူကြီး ဆက်ခွန်းသစ်ရဲ့မိဘတွေကို မျက်နှာတောင် မပြရဲတော့။ 

ရိုင်ယန် သူ့ဒယ်ဒီအား ပြန်လှဲခိုင်းလိုက်ရပြီး-

"အရမ်းစိတ်မပူပါနဲ့၊ ရှေ့နေ ပြောတာတော့ ဆယ်နှစ်ကျသွားတယ်ဆိုပေမယ့် အထဲမှာ စံပြထောင်သားအဖြစ် လိမ်လိမ်မာမာ နေမယ်ဆို သုံးလေးနှစ်နဲ့ ပြန်လွတ်လာတဲ့သူတွေလည်း ရှိတယ်တဲ့"

"ဟက်. . .စံပြထောင်သား ဟုတ်လား။ အပြင်မှာတောင် ထိန်းမနိုင်သိမ်းမရ ဆိုးနေခဲ့တာကို မင်းညီက အဲ့ထဲရောက်တော့မှ ချက်ချင်းကြီး သူတော်ကောင်းဖြစ်သွားမယ်များ ထင်နေတာလား။ တော်ပြီ. .တော်ပြီ ငါ အဲ့ကောင်အကြောင်း ထပ်မပြောချင်တော့ဘူး။ မင်းညီ အဲ့ထဲရောက်မှ အပြင်မှာထက် နှစ်ဆသောင်းကျန်းနေလို့ အမှုထပ်တိုးလာမှာကိုပဲ မြင်ယောင်ပါတယ်ကွာ"

". . . ."

"မင်းလည်း ငါ့မျက်စိရှေ့က ဝေးဝေးနေတော့၊ အလကား မွေးရကျိုးမနပ်တဲ့ သောက်ခလေးတွေ"

Snowless Winter Dream [Completed]Where stories live. Discover now