Chapter 3

1.8K 114 0
                                    

ကားလမ်းမကြီးထက်၌ သိပ်မကြာခင်အချိန်အတွင်း လူနာတင်ယာဉ်ရောက်လာခဲ့ကာ အတိုက်ခံထားရသူအား ဆေးရုံပို့ဖို့ လုပ်နေကြတာကို သျှိုင်းစက်မာန် ဖုန်းထွက်ပြောနေရင်း တွေ့လိုက်ရသည်။

သူ့ဘေးနားဖြတ်လျှောက်သွားသူတွေ အပြောအရ ထိုလူ အသက်မမီတော့ဘူးဟု စိတ်မကောင်းစွာ ပြောနေကြတဲ့ အသံကိုပါ ကြားလိုက်ရသေးသည်။

ထိုအဖြစ်အပျက်က သူ့အား သလွန်းလွင်ပြင်ကို ချက်ချင်း သတိရသွားစေခဲ့သည်။ ထို့အတွက် ဖုန်းအမြန်ပြောပြီးတာနဲ့ ဆိုင်ထဲပြန်ဝင်ဖို့ ပြင်လိုက်တော့သည်။

ဆိုင်ရဲ့ ဘယ်ဖက်ခြမ်းထိပ်က စားပွဲဝိုင်းကို စိုက်ကြည့်ရင်း တဝုန်းဝုန်း ထိုးစိုက်ကာ စားသောက်နေဆဲ ရေးတစ်ယောက် ဆိုင်ထဲပြန်ဝင်လာတော့မယ့်ပုံရှိနေတဲ့ မာန့်ကို လှမ်းတွေ့လိုက်ရတာကြောင့် စားလက်စကို ချလိုက်တော့ကာ အလောသုံးဆယ် bill အမြန်ရှင်းလိုက်ပြီး မာန် ဖုန်းပြောမပြီးခင်ပင် ဆိုင်ပြင် ထွက်လာခဲ့သည်။

ထို့အတွက် ဖုန်းချပြီး ပြန်လှည့်လိုက်သည့် သျှိုင်းစက်မာန်ခမျာ သူ့နောက်မှာ ရပ်နေသည့် ရေးခေတ္တရာကို ရုတ်တရက် မြင်လိုက်ရတာကြောင့် သရဲမြင်လိုက်ရသလိုပင် လန့်သွားမိသည်။

"လန့်လိုက်တာကွာ၊ နောက်မှာ‌ ရောက်နေရင်လည်း အသံပေးလေ"

ရေးက သူ့မြင်ကွင်းကို ပိတ်ရပ်နေတာမို့-

"ဘာလို့ထွက်လာတာလဲ၊ ပြန်ဝင်မယ်လေ"

"မဝင်တော့ဘူး၊ ငါ့လက် နာနေပြီ။ အိမ်ပြန်ပို့ပေးတော့"

မာန် ခေါင်းကုတ်လိုက်မိသည်။ သူ ဘာမှမစားရသေးဘူး‌ဆိုတဲ့အကြောင်း ပြောချင်ပေမယ့် အတင်းကို ရေးက သူ့အား ဆိုင်အပြင် ခပ်လှမ်းလှမ်းထိ တွန်းထုတ်နေတာကြောင့်-

"ဘာလို့ မင်း ငါ့မြင်ကွင်းကို လိုက်ပိတ်နေတာတုန်း။ မဟုတ်မှလွဲရော မင်း ဆိုင်ထဲမှာ ပြဿနာထပ်ရှာလာခဲ့ပြီး ထွက်ပြေးဖို့များ ကြံနေတာလား"

"ကျစ်. . .ဒီကောင်ကတော့"

အရိပ်သုံးပါးနားမလည်တဲ့ မာန်က ရေး နောက်က ဆိုင်ထဲကို မရမက ကြည့်နေတာမို့ ရေး ဖယ်ပေးလိုက်တော့သည်။ ဟိုအတွဲကို ဒီ‌ကောင် မြင်ရင် မျိုလို့လည်း ကျမှာမဟုတ်လောက်တော့တာမို့ ခေါ်ထုတ်ပေးနေတာကို လူကို မယုံသလိုနဲ့ ဆိုင်ထဲ လှမ်းကြည့်နေဆဲမို့ နောက်ဆုံးတော့ သျှိုင်းစက်မာန်တစ်ယောက် အပေါက်ဝနားတင် ထိုင်နေတဲ့ ခွန်းတို့ကို မြင်လိုက်ရပြီ။

Snowless Winter Dream [Completed]Where stories live. Discover now