Chapter 1

4.5K 158 2
                                    

ဆောင်းရာသီ၏ အငွေ့အသက်များ လွှမ်းခြုံထားရင်းဖြင့်ပင် နှစ်တစ်နှစ်ကို ထပ်ကူးပြောင်းလာပြန်ပေပြီ။ ရန်ကုန်ရဲ့ ဆောင်းညနေခင်းများက လန်ဒန်မှာကဲ့သို့ နှင်းတွေ ဖွေးဖွေးလှုပ်ကျမနေသော်ငြား အအေးဓာတ် အနည်းငယ်တော့ ရှိနေဆဲပင်။

ဪ. . .အေးတော့အေးသေးသားဟု ဆိုလောက်ရုံပဲဆိုပေမယ့်ပေါ့။

လိုင်းကားများ၊ တက္ကစီများ၊ ကိုယ်ပိုင်ကားများဖြင့် ပြည့်ကျပ်နေသော လမ်းမကြီးထက်၌ ကားအဖြူရောင်တစ်စီး အတင်းတိုးဝှေ့ မောင်းနှင်နေရသည်။

ကားပိုင်ရှင်ခမျာ အလျင်လိုနေသော်ငြား တော်တော်နှင့်ကို ရှေ့မရောက်နိုင်သောကြောင့် တောက်တစ်ချက်ပင် ခေါက်လိုက်မိကာ သူ့၏ ညိုလဲ့နေသောမျက်ဝန်းများဖြင့် ရှေ့မှကားတန်းကြီးကို အလိုမကျစွာ စိုက်ကြည့်နေမိသည်။

ရိုင်းလ်စေတန် တကယ့်ကို အလျင်လိုနေပါ၏။ ထို့အတွက် သူ စိတ်မရှည်ဖြစ်လာပြီ။

"ချီးပဲ၊ ငါနဲ့ ဒီနိုင်ငံက ကီးကို မကိုက်ဘူး"

ရှေ့မရောက်ရတဲ့ကြားထဲ ပွိုင့်ထပ်မိသွားပြန်တာကြောင့် ကားနောက်ကျောကိုသာ သက်ပြင်းချရင်း မီလိုက်ရတော့သည်။ သူ မြန်မာနိုင်ငံကို မနက်ကမှ ပြန်ရောက်လာခြင်းဖြစ်ပြီး ရောက်ရောက်ချင်းပင် ပစ္စည်းတွေတောင် နေရာမချနိုင်သေးဘဲ သူ အမြင်ချင်ဆုံးလူသားဆီ ထွက်လာခဲ့ခြင်းဖြစ်သည်။

ရိုင်းလ်၌ မြန်မာသွေးတစ်ဝက်ပါသော်လည်း သူ့၏ ညိုလဲ့နေသော မျက်ဝန်းများကြောင့် အနောက်တိုင်းပိုဆန်သည်ဟု ထင်ရသည်။ 6'3" ရှိသော ရိုင်းလ်၏ အရပ်က မြန်မာအမျိုးသားထဲ၌ ခပ်ရှားရှားဖြစ်နိုင်သော်ငြား လန်ဒန်မှာတော့ အရပ်ရှည်သည်ဟု တကူးတက မသတ်မှတ်‌ကြသော အရပ်အမောင်းမျိုးပင်။ ချွန်ထက်လှသောနှာတံနှင့် ကပြားဆန်ပြီး ချောမောခန့်ငြားလှသော ရုပ်ရည်ကြောင့် သူ့အလုပ်အကိုင်က ဘာမှန်းမသိရသေးခင်မှာပင် မိန်းမလှလေးများ၏ စိတ်ဝင်စားမှုကို တန်းရတတ်သူ။

သို့သော်ငြား သူက ပန်းပွင့်‌လေးတွေလို လှပသော ကောင်လေးများကိုသာ စိတ်ဝင်စားပါ၏။

Snowless Winter Dream [Completed]Nơi câu chuyện tồn tại. Hãy khám phá bây giờ