Chapter 23

1.5K 96 32
                                    

အိမ်ခန်းထဲရှိ ကုတင်ထက်၌ သီချင်းဆိုသံ ခပ်တိုးတိုး လွင့်ပျံနေခဲ့သည်။

ရိုင်းလ်စေတန် သူ့လက်မောင်းနှစ်ဖက်ကြား၌ ရေးအား ထွေးပွေ့ထားခဲ့ပြီး ထိုကောင်လေး၏ အာရုံ အပြင်ဖက်ကို သိပ်မရောက်တော့အောင် သီချင်းဆိုပြီး ချော့သိပ်နေခဲ့သော်ငြား ခေတ္တရာက ပြန်မအိပ်တော့ဘဲ သူ့ကိုပါ ကုတင်ပေါ်က ဆင်းမရတော့အောင် ဆွဲထားသည်။

"ကိုယ် တကယ် ဘာမှထွက်မယူတော့ပါဘူးဆို။ စိတ်လျှော့ပြီး ခဏပြန်အိပ်လိုက်တော့နော်။ ဆေးလည်း သောက်ထားပြီးပြီဆိုတော့ နိုးလာရင် ကိုယ်တို့နှစ်ယောက်တူတူ အပြင်ထွက်လို့ ရပြီ"

ဒီအိမ်ကလည်း အကြာကြီး နေလို့ကောင်းလောက်မည့် နေရာမဟုတ်တာကြောင့် ရေး နေလို့ကောင်းသွားရင် ဒီကပြန်ထွက်ကြဖို့ ရိုင်းလ် စီစဉ်ထားခဲ့သည်။

ရေး ခေါင်းညိတ်ပြလိုက်ရင်း-

"မင်းက သေနတ်တောင် ကိုင်တယ်ဆိုတော့ လူသတ်ခဲ့ဖူးသေးလား"

သူ ထိုလူ့အား ကိုကိုလို့ခေါ်ရတာ အသားမကျသေးသလို ခံစားရသည်။ ထို့အတွက် သူတို့နှစ်ယောက်မှာ အတူတူ ရှိရဦးမည့် အချိန်တွေ အများကြီး ရှိသေးတာပဲမို့ နည်းနည်းအချိန်ယူပြီးမှ ခေါ်လည်း နောက်မကျလောက်သေးဘူးလို့ တွေးလိုက်မိသည်။

"ကိုယ် လူတော့မသတ်ဖူးပါဘူး။ ကိုယ် ဘယ်လောက်ဆိုးဆိုး အမြဲလက်မလွန်အောင် ဂရုစိုက်တယ်။ ဘာလို့ဆို ကိုယ့်အချိန်တွေကို ထောင်ထဲမှာ အလကား အကုန်မခံချင်လို့လေ။ ဆရာဝန်တစ်ယောက်အနေနဲ့ လူသတ်လောက်ရတဲ့ထိလည်း ကိုယ် မရက်စက်ပါဘူး။ ဘာလို့မေးတာလဲ"

"ကောင်းတယ်၊ ‌ဒါဆို ဘယ်တော့မှ လူမသတ်မိစေနဲ့။ တစ်ခါ လူသတ်ဖူးရင် အဲ့အရိပ်က သေတဲ့ထိ လိုက်ခြောက်လှန့်နေတော့မှာ။ အခုနေ အပြင်မှာ လူမိုက်တွေရောက်လာရင် လူသတ်ရမယ့်ကိစ္စဆို ငါပဲလုပ်မှာမို့ ဒီတစ်ခါတော့ မင်း ငါ့စကားနားထောင်ရမယ်နော်။ ငါက လူသတ်နေကျမို့ မထူးဆန်းတော့ဘူး၊ မင်းကိုတော့ လူသတ်သမား မဖြစ်စေချင်လို့ပါ"

ရိုင်းလ် ပြိုင်မငြင်းချင်တော့တာမို့ ထိုကောင်လေးကိုသာ စောင်အောက်ထဲ ပြန်သွင်းလိုက်ရတော့သည်။ ဒီလိုမျိုး စိုးရိမ်စိတ်များပြီး ပူပန်နေမှုမျိုးနဲ့သာဆို ခေတ္တရာ စိတ်ဝေဒနာသည် ဖြစ်သွားမှာကိုတောင် သူ တကယ် စိုးရိမ်စပြုလာပြီ။

Snowless Winter Dream [Completed]Tahanan ng mga kuwento. Tumuklas ngayon