Chapter 9

1.5K 110 21
                                    

ရန်ကုန်မှနေ ပုဂံဆီသို့ ကိုယ်တိုင်ကားမောင်းထွက်လာခဲ့သည့် ကောင်လေးတစ်ယောက်ဆီသို့ ဖုန်းဝင်လာတာကြောင့် ကားမောင်းနေရာကနေ တစ်ချက်လှမ်းကြည့်လိုက်ပြီး နှာခေါင်းရှုံ့လိုက်မိသည်။

ဆက်ခွန်းသစ် အဲ့ကောင်ဆီက ဖုန်းကိုဆို မကိုင်ချင်တော့တာကြောင့် လျစ်လျူရှုထားလိုက်သည်။

ဆက်ခွန်းသစ် သူ့အား မျှော့လိုလိုက်ကပ်နေသော သျှိုင်းစက်မာန်ကို တော်တော်လေး သည်းခံနေရတာပင်။ သူ မကြိုက်ဆုံး ပုံစံက မာန့်လိုပုံစံမျိုးဖြစ်သည်။ မာန့်လို အရာရာအကောင်းမြင်တတ်ပြီး ရှိသမျှလူကို လိုက်ဂရုစိုက်တတ်တာက ဆက်ခွန်းသစ်ရဲ့ ideal type မဟုတ်။ ထိုအကြောင်းကို သူ ရေးကိုတောင် ရင်ဖွင့်ခဲ့ဖူးသည်။

ဒါပေမဲ့ ရေးက အဲ့ကောင်ကို ပြန်မပြောဖူးဘူးလားမသိ။ မာန်က ခုချိန်ထိ ဘယ်လိုငြင်းငြင်း သူ့အား စောင့်နေဆဲပင်။

သူဆိုသည်မှာ မာန့်လိုမျိုး လိမ်မာတဲ့ ကောင်လေးမျိုးတွေကို ချစ်သူ မတော်ချင်ပါ။ သူ့အကြိုက်က သလွန်းလို ခပ်ဆိုးဆိုးကောင်လေးမျိုးကိုသာ ဖြစ်သည်။ ထို့အတွက် သူ အရင်ကဆို ရေးကိုပင် အဖြောင့်စစ်စစ်လို့ မသိထားခဲ့ရင် သဘောကျမိချင် ကျမိလောက်ပေဦးမည်။

အခုထိ မာန့်ဆီမှ ဖုန်းက ဆက်တိုက် ဝင်နေဆဲမို့ အလုပ်ကိစ္စဖြစ်‌နေမှာစိုးလို့ ကိုင်လိုက်ရတော့သည်။

"အင်း မာန် ဘာလဲ"

"မင်း ပုဂံသွားနေပြီလား"

"ဟုတ်တယ်လေ"

"ရေးလည်း ပုဂံမှာ ရှိတယ်ထင်တယ်။ သူ ဒီအချိန်ဆို သူ့အမေဆီသွားနေကျလေ"

သူပင် အခုမှ သတိထားမိသွားတာမို့ ရေးနဲ့ ထိပ်တိုက်တွေ့မှာ အနည်းငယ် လန့်သွားမိပေမယ့် သူ့အစ်ကို သူ့ဘေးမှာ ရှိနေမှာကို သတိရသွားတာကြောင့်-

"အင်း၊ စိတ်မပူပါနဲ့၊ သူ ငါ့ကို ထိရဲမှာ မဟုတ်ဘူး"

"သူလည်း ဒဏ်ရာတွေနဲ့မို့ မင်းကို ပြဿနာရှာမှာတော့ မဟုတ်လောက်ပါဘူး။ ဒါပေမဲ့ မတော်တဆ တွေ့ခဲ့ကြရင် သူ့ဒေါသကို သွားစွမနေနဲ့ဦး။ ငါ မင်းကို စိတ်ပူလို့"

Snowless Winter Dream [Completed]Where stories live. Discover now