Chapter 28

1.5K 84 5
                                    

"ထကြတော့၊ ထကြတော့"

ထောင်စောင့်တွေ၏ အခန်းပြင်ဖက်၌ ကျယ်လောင်စွာ အော်ဟစ်လိုက်နှိုးနေသံက ထောင်အတွင်းရှိ မနက်နှိုးစက်အလားပင်။ သတ်မှတ်ချိန်ရောက်မှသာ ထောင်ခန်းတံခါးတွေကို တစ်ညလုံး သော့ပိတ်ထားခဲ့တာအား ပြန်လိုက်ဖွင့်ပေးနေပြီမို့ ငှက်ဆိုးထိုးသံနှင့်တူသည့် ထောင်စောင့်တွေ၏ အသံကို အရင်ကြားလိုက်ရတဲ့ ရိုင်းလ်စေတန် သူ့ဘေး၌ တစ်ကိုယ်လုံး ဗလာကျင်းနေသည့် ကောင်လေး၏ ခန္ဓာကိုယ်ပေါ်သို့ စောင်အရင်ကောက်ယူလွှမ်းပေးလိုက်ရသည်။

"ဟင်း. . ."

ရေး အလွန်ပင်ပန်းနေရသလို ခံစားနေရဆဲမို့ အရင်ရက်တွေလို ဝုန်းခနဲ တန်းမထနိုင်သေးပေ။

"မထနဲ့ဦး၊ ထပ်အိပ်လိုက်။ ကိုယ်ပဲ လူ ထွက်ပြလိုက်မယ်"

မနက်ပိုင်းဆို လူအရင်စစ်တတ်ကြတာမို့ ထောင်သားအားလုံး အပြင်ထွက် တန်းစီရင်း လူလုံးထွက်ပြရသည်။ လူစစ်ခံပြီးမှသာ မနက်စာ ထွက်စားကြရပြီး အလုပ်လုပ်ရမည့်နေရာတွေဆီ သွားကြရတာဖြစ်သည်။

ရေး ခေါင်းညိတ်ပြလိုက်ပြီး စောင်အောက်ထဲ ပြန်လျှောဝင်သွားတော့သည်။

ညတုန်းကတော့ ညမီးသီး အလင်းဖျော့ဖျော့ကြားမှာသာ အချစ်စမ်းဖြစ်ခဲ့ကြတာမို့ ခေတ္တရာ၏ လည်ပင်းတစ်ဝိုက်၌ သူ ကိုက်ဖောက်ထားခဲ့သည့် အကွက်များစွာက အခုမနက်အလင်းနဲ့မှ မြင်မကောင်းအောင် အလွန်များနေမှန်း ရိုင်းလ် သတိထားလိုက်မိသည်။ သူတို့၏ ထောင်ဝတ်စုံက ကော်လာပါတဲ့ ဝတ်စုံတွေမို့သာ တော်ပါသေးရဲ့။

"နောက်တစ်ယောက်ရော"

"နေမကောင်းလို့ မထနိုင်သေးတာ၊ နှစ်ယောက်လုံး ထွက်မပြေးဘူး၊ စိတ်မပူနဲ့"

မျက်လုံးပွင့်ကတည်းက စကားပြောတာကအစ တစ်စက်မှ အချိုးမပြေသော ရိုင်းလ်စေတန်ကို ထောင်စောင့်တွေ နဘန်ပိတ်ကျင်းလိုက်ချင်ပေမယ့် ထောင်မှူးအမိန့်ကြောင့် အချိုးမပြေ လာလုပ်နေတာကိုလည်း ဒီအတိုင်းသာ ကျော်သွားပေးလိုက်ရတော့၏။

ရိုင်းလ် အခန်းထဲ ပြန်ဝင်လာချိန်၌ ခေတ္တရာက အဝတ်အစားပင် ပြန်ဝတ်ပြီးနေပြီး ထရပ်နေပြီ။

Snowless Winter Dream [Completed]Where stories live. Discover now