Chapter 8

1.5K 107 7
                                    

လူပြတ်ပြီး မှောင်ရိပ်ကျနေသည့် ခုနလေးတင် ရန်ပွဲဖြစ်ပွားခဲ့ရာ နေရာနား၌ ရေးခေတ္တရာ ထိုင်နားနေခဲ့သည်။

ရေး အလွန်အမင်း ပင်ပန်းနေလေ၏။ ဒီဒဏ်ရာတွေ မပျောက်သရွေ့ သူ ရန်ပွဲထပ်မဖြစ်သေးဟု တွေးထားခဲ့ပေမယ့် ခုတော့ ပုဂံတစ်မြို့လုံးကိုပင် ပတ်ပြေးခဲ့ရသေးတာကြောင့် စိတ်လျှော့လိုက်တဲ့အချိန်၌ ခြေထောက်တွေပင် အနည်းငယ်တုန်ယင်နေသည်။

ထိုစဉ် သူ့ဆီ ဖုန်းဝင်လာတာကြောင့် ထုတ်ကြည့်လိုက်တော့ မာန့်ဆီက။

ကိုင်လိုက်တာနဲ့ ထုံးစံအတိုင်း မာန့်၏ ဆူပူအော်ဟစ်သံက ဆီးကြိုလျက်။

"ရေး မင်း ဘားပစ် အိမ်ပစ်ပြီး ဘယ်ပျောက်သွားတာလဲ။ ငါ မင်းကို ဆေးရုံမှာတောင် ပြန်သွားရှာနေသေးတာ။ အခု ဘယ်မှာလဲ"

"စိတ်ပြေလက်ပျောက် လျှောက်သွားနေတာ။ နောက်တစ်ရက်နှစ်ရက်လောက်ဆို အိမ်ပြန်လာမှာ၊ ရှာမနေနဲ့"

"အဲ့ဒါဆိုလည်း ငါ့ကိုတော့ ပြောသွားမှပေါ့ကွ။ ငါ့မှာ မင်းကိုများ အဲ့ကောင်တွေ ပြန်ပေးဆွဲသွားကြတာလားတောင် လန့်သွားတာ"

ရေး ခပ်ယဲ့ယဲ့ ပြုံးလိုက်မိသည်။

ဟိုနေ့က ဆေးရုံမှာ အဲ့ကောင်ပဲ စိတ်ဆိုးတယ်ဆိုပြီး ထားခဲ့လို့ ရေး သူ့ကိုတောင် တကူးတက ပြောမနေခဲ့တော့ဘဲ ထွက်လာခဲ့ခြင်းပင်။ သူ အနားရှိနေရင်လည်း နည်းနည်းမှ ဂရုမစိုက်တတ်တဲ့ မာန်က ပျောက်သွားရင်ကျလည်း တကူးတက လိုက်ရှာတတ်ပြန်သည်။

"ဟေ့. . .ဘာလို့ အသံတိတ်နေတာလဲ။ မင်း အခု ဘယ်မှာလဲ။ ဆရာတွေက ဆောင်းတွင်းမို့ မင်း ဒဏ်ရာတွေက ပိုနာနေမှာလို့ မှာထားတာ သိတယ်မလား။ ဆေးရော ယူသွားရဲ့လား။ ဒဏ်ရာတွေနဲ့ကို ဘယ်တွေ လျှောက်သွားနေတာလဲ။ ငါ လာခေါ်ရမလား။"

"တစ်ခုချင်း မေးစမ်းပါကွာ။ ငါ မရှိတုန်း မင်း ဓာတ်ကျနေတဲ့ကောင်နဲ့သာ ‌အဆင့်တက်အောင် လုပ်။ ပြီးရင် မင်းပါ ငါ့ဆိုင်ခန်းကနေ လစ်တော့"

တစ်လမှာ ရက်နှစ်ဆယ်လောက် မောင်းထုတ်ခံနေရတာမို့ မာန့်အတွက် ထိုစကားတွေက ဘယ်ဖက်နားကဝင်ပြီး ညာဖက်နားက ထွက်သွားတာ အကျင့်ဖြစ်နေပြီ။

Snowless Winter Dream [Completed]Where stories live. Discover now