Chapter 35

2.1K 83 1
                                    

ဆယ့်ငါးမိနစ်ခန့် သနားချင့်စဖွယ်ကောင်းလာအောင် ဒရာမာချိုးပြီးသကာလ ရေးခေတ္တရာ ဆိုဖာပေါ်သို့ ခပ်ဖြည်းဖြည်း ပြန်လှဲချလိုက်ရသည်။

"ဟေ့ကောင် မင်း ဆရာဝန်ဖြစ်ပြီးတော့ လူနာက ခါးနာနေတာကို အခုလို ဆိုဖာ မာမာကြီးပေါ်မှာ ပြီးစလွယ် ပေးအိပ်ထားရလားကွ"

ရိုင်းလ်စေတန် မကြားချင်‌ယောင်သာ ဆောင်နေလိုက်တော့သည်။ သူ ခေတ္တရာမှာ မောင်နှမတွေသာရှိရင် ဗိုလ်ကျတတ်မယ့်ပုံဟု သတ်မှတ်ခဲ့ဖူးပေမယ့် အခုလောက်ထိ ဗလောင်းဗလဲနိုင်ပြီး မျက်နှာပြောင်တိုက်တတ်မည်ဟုတော့ မထင်ထားခဲ့ပေ။

"ထားလိုက် ဒယ်ဒီ၊ ကျွန်တော် ခါးနာတုန်းကဆို ထောင်ကြမ်းပြင်အေးအေးကြီးမှာတောင် ဒီအတိုင်း အိပ်. . ."

ဘတ်!

"ဒယ်ဒီ! ! !"

ဘန်းခနဲ ဘန်းခနဲ နဘန်ကျင်းခံနေရတာမို့ ရိုင်းလ် ထအော်လိုက်မိစဉ် ရေးကတော့ စောင်နဲ့အုပ်ပြီး ကြိတ်ခွီးနေသည်။

"ကိုယ့်ဒေါသနဲ့ကိုယ် ထောင်ထဲဝင်သွားလို့ အဲ့လိုအိပ်ရတာကို အခုလို နေမကောင်းတဲ့ကလေးနဲ့ ယှဉ်စရာလား။ သွား. . .ကလေးက အခန်းထဲမှာ မနေချင်ဘူးဆို အပြင်မှာ မွေ့ရာသွားပြင်ပေးလိုက်။ မင်း နောက်တစ်ခါ ရန်ဖြစ်ရင် လက်ပါရဲပါကြည့်။ ‌ယောက်ျားကောင်းဆိုတာ ကိုယ့်အိမ်ထောင်ဖက်အ‌ပေါ် ဘယ်တော့မှ လက်မပါရဘူးကွ"

ဘန်း!

အပြောနဲ့အလုပ် အလွန်ညီပါသော ဒယ်ဒီ့၏ လက်သံပြောင်ပြောင်တွေကြောင့် ရိုင်းလ်စေတန် အိမ်ထဲ ပတ်ပြေးနေရလေသည်။

ဆိုဖာပေါ်၌ ထိုမြင်ကွင်းကို လှဲအိပ်နေရင်း လိုက်ကြည့်နေခဲ့သော ရေးတစ်ယောက် ကိုကိုတို့ သားအဖတွေ အခုလို ရင်းရင်းနှီးနှီး နေတတ်ကြတဲ့ ဆက်ဆံရေးကို အားကျမိသွားခဲ့သည်။ သူ ငယ်စဉ်ကတည်းက ပါးနဲ့ ထိုကဲ့သို့ နေချင်ဖူးသလို မွေးစားအဖေနဲ့လည်း ထိုသို့ နေချင်ခဲ့ဖူးသည်။ ပါးနဲ့ အခုချိန် အဆင်ပြန်ပြေသွားကြသော်ငြား သူတို့သားအဖ၏ ဆက်ဆံရေးကား အနည်းငယ်တော့ ခပ်တန်းတန်း ဖြစ်သွားခဲ့ရတာပါပင်။

Snowless Winter Dream [Completed]Where stories live. Discover now