CH:2

1.5K 56 0
                                    

မောင့် နွယ်သာကီ
အပိုင်း(၂)

တလီလီကူးပြောင်းလာတဲ့ လတွေနှင့် မလွတ်မြောက်သေးသော နေ့ရက်များ..။
လွတ်လပ်တဲ့လူငယ်ဘဝကို ချုပ်နှောင်ခြင်းခံရတဲ့ အပြစ်ဒဏ်လောက် နာကျည်းစေတာမျိုး မရှိပါဘူးကွယ်…

တစ်ဆောင်လုံး တစ်ညလုံး အခန်းထဲမှာ စကားထိုင်ပြောနေကြပြီး မိုးလင်းခါနီးမှ အသီးသီးအိပ်ရာဝင်ကြသည်။ အားလုံးအိပ်သွားပေမယ့် သူတော့ အိပ်မပျော်..။ ထို့ကြောင့် ပြတင်းပေါက်ကနေ ငွေလမင်းကို ငေးမောကာ အတိတ်က နေ့ရက်တချို့ကို ပြန်တမ်းတမိသည်။

ပုံမှန်အတိုင်းဆို သူ့လို အညတရနဲ့ မြင့်မြတ်တဲ့သခင်လေး နွယ်နှောင်းသာကီဟာ ဘယ်လိုမှစုံစည်းဖို့ မဖြစ်နိုင်ပေမယ့် ဆေးကျောင်းဆိုတဲ့ တက္ကသိုလ်ကျောင်းတော်ကြီးကို အတူတက်ရတဲ့အခါတော့ ဖူးစာရေးနတ်ကပဲ လှည့်စားသလားမပြောတတ် မျိုးတူတစ်ယောက်ကို ရင်နင့်အောက်ချစ်မိသွား၏။

နွယ်က သိပ်လှတယ်။ နွယ့်အလှက မဟာဆန်ဆန်အလှမျိုးမဟုတ်သလို ယောင်္ကျားလေးတွေလို ချောတာမျိုးမဟုတ်ဘဲ နူးနူးညံ့ညံ့၊သိမ်သိမ်မွေ့မွေ့နဲ့ အေးအေးချမ်းချမ်းကိုလှတာ..။

နွယ့်မှာ သူ,မတူ ခါးအထိရှည်တဲ့ ဆံနွယ်နက်နက်လေးတွေရှိ၏။ နွယ့်အသားက ဖြူဖြူကြည်ကြည်လေး..နှာတံစင်းစင်းလေး။ အပေါ်ရောအောက်ရော ရှည်သည့်မျက်တောင့် ကော့ကော့လေးတွေနှင့် ပိန်လျလျခန္ဓာကိုယ်လေး။ နွယ်က အရပ်မပုဘူး သူနဲ့တောင် သိပ်မကွာလှဘူး။
နွယ်က သိပ်လှတယ်။ နွယ့်အပြုံးတွေက အေးချမ်းတယ်..။

မြင်မြင်ချင်းချစ်မိရာကနေ စီနီယာ ဂျူနီယာဆိုသော သံယောဇဉ်အရစ်ရစ်ချည်နှောင်လို့ ချစ်သူရည်းစားဟူသော အရောင်စွန်းသံယောဇဉ်သို့ တမဟုန်ချင်း ကူးပြောင်းလိုက်ကြ၏။

ဆယ်ကျော်သက်အရွယ်မှာ ဤလူသားအပေါ် ဘယ်လောက်တောင်ပျော်ဝင်ခဲ့သလဲဆို သူထောင်ထဲရောက်ခဲ့ရတာကိုပဲကြည့်။
သူက ကြိုးစားမှ မင်းဖြစ်မယ့်လူ၊ နွယ်က မကြိုးစားတောင် ရေချမ်းအသင့် ပန်းအသင့်နဲ့ ရွှေဘုံစံမင်းသားလေး..ဘယ်တူမလဲ..။
နွယ်က အနေအေးသလောက် နွယ့်ဖေဖေ မဟာသာကီနဲ့ နွယ့်ဖွားဖွား ဒေဝီသာကီဟာ ဂုဏ်မောက်၏။

ဒီအထိပဲ..ဒီအထိပဲ သူ့အတွေးတွေကိုဖျက်ချပြစ်လိုက်ကာ အိပ်ရာဝင်လိုက်သည်။
ဒီလောက်အထိပဲ တွေးပါရစေ မောင့်နွယ်..
မောင်က ခင်ဗျားကို သိပ်ချစ်မိတော့ မုန်းရမေ့ရခက်တယ်..
ဒါပေမဲ့ မောင့်အပေါ် ခင်ဗျားလုပ်ခဲ့တဲ့ လုပ်ရက်တွေကိုတော့ မောင်သေသည်အထိ မှတ်မိနေအုံးမှာ မောင့်နွယ်..
မောင့်အပေါ် မင်းလုပ်ရက်တာတွေကို ချစ်တဲ့စိတ်နဲ့ ဖြေသိမ့်နေဆဲ မောင့်နွယ်~~
တစ်နာရီလောက် သူမေးခနဲအိပ်ပျော်သွား၍ ကိုပိန်လာလှုပ်နှိုးမှ နိုးတော့၏။ သူတို့တွေ အမြဲတမ်း မနက်(၄)နာရီ ထကာ ဘုရားရှိခိုးတက်၏။

“ ကောင်လေး ထတော့ သူကြီးတောင် ထသွားပြီ ကောင်လေး “

“ ဟုတ် ကိုပိန် “

သူမျက်နှာသစ်သွားတိုက်ပြီး ဘုရားရှိခိုး၏။ ပြီးနောက် ကိုယ်လုပ်စရာရှိတာလုပ်ကြ၏။ သူကတော့ ရေချိုး၏။ ရေချိုးပြီးတာနဲ့ ပြောင်စင်အောင်သုတ်ပြီး ပုဆိုးကို ဒူးအထပ်တင်ကာ ညိုစိမ့်စိမ့်ခြေသလုံးပေါ်မှာ မွှေးမျှင်များနှင့် ရောယှက်၍ ပေါက်နေသော မွှေးကျွတ်နာလို ယားနာများ..။

ရေမသန့်လို့..လူတကာနဲ့မို့လို့ ဂျပိုးကိုက်လို့ စသည့်အစရှာမရသော အကြောင်းပြချက်များကြောင့် ဝဲလို ယားနာတွေပေါက်လာ၏။ သူယား‌နာပျောက်ဆေးလူးပြီး ပုဆိုးကို ပြန်အုပ်လိုက်သည်။

“ တစ်နှစ်ရှိပြီ နွယ် မောင် ဒီအထဲရောက်တာတစ်နှစ်ရှိပြီ..မင်းကို မတွေ့ရတာနဲ့လည်း ထပ်တူပါပဲ “

“ ဟေ့ကောင်လေး တစ်ယောက်ထဲနဲ့ ရည်းစားကို လွမ်းနေတာလားကွ “

ကိုပိန်က အနားကိုလာပြီး စ နောက်၏။ ကိုပိန်ဆိုတဲ့ လူက လူနောက်ဖြစ်သလောက် ဒီအဆောင်မှာ သူကြီးပြီးရင် သူအာဏာအရှိဆုံး..။ သူကြီးက နောက်သုံး၊လေးနှစ်ဆို လွတ်တော့မည်ဖြစ်ရာ ကိုပိန်က သူကြီးလောင်းလျာဖြစ်၏။

“ ကျွန်တော် ဒီအထဲရောက်ရတာက သူနဲ့မကင်းရှင်းပေမယ့်  ကျွန်တော်ကသိပ်ချစ်လို့လားမသိဘူး သိပ်လွမ်းရတယ် ကိုပိန် “

သူ့အပူတွေကို ပြောပြတော့ ကိုပိန်က ခပ်ဟဟရယ်သည်။ ထိုရယ်သံတွေထဲမှာ
‘မင်းကတော်ပါတယ်ကောင်လေးရာ ငါဆို ငါသိပ်ချစ်တဲ့ မိန်းမကို ငါကိုယ်တိုင်သတ်လိုက်မိတာပါကွ’ဆိုသည့် စကားသံတွေ ရောနှောနေသယောင်။

“ အင်း..အချစ်က နည်းနည်းလေးတော့ အာရုံနောက်စေတယ်မလား ဟား ဟား “

ကိုပိန်က ရယ်ရယ်မောမောဖြင့် သူ့ပခုံးကိုပုတ်ကာ အခန်းထဲကထွက်သွား၏။
ကိုပိန့်ခံစားချက်တွေက သူ့ထက်သာနေမှာကို သူအတပ်သိ၏။

“ ဟိုကောင်လေး ဒီလှိုင်း ဒီနေ့ ဧည့်တွေ့လာမယ်ဆို ဟုတ်လား ငပိန်”

“ ဟုတ်တယ် ကိုလွမ် ဒီနေ့က သူဒီရောက်တာ တစ်နှစ်ပြည့်ထင်တယ်”

“ အေး အေး လုပ်စရာတွေရှိရင် ထားထားလို့ ဟိုကောင်တွေကိုပြောလိုက် ဒီလှိုင်း ဧည့်တွေ့ကပြန်လာမှလုပ်ပါ‌စေ။ ဒီကောင့်ကို ဒီနေ့အနားပေးလို့မရဘူး “

“ ဟုတ်ကဲ့ ကိုလွမ်..”

ဒီကောင်က သူတို့ထက် အသက်ထက်ဝက်နီးပါးငယ်၏။ ပြီးတော့ ပြစ်မှုကလည်းကြီး၏။ သိပ်သနားဖို့ကောင်းတဲ့ ကောင်လေးမို့ အသည်းမာတဲ့ သူတောင်သနားစိတ်ဝင်မိသည်။ ပြီးတော့ အဲ့ကောင်က သိပ်ကို စိတ်ဓာတ်ပျော့တာ..။ အချစ်ကို ပျော်ဝင်နေတဲ့ အရွယ်ကောင်းလေးဖြစ်တာကြောင့်လည်း ပါလိမ့်မယ်။

ဒီလှိုင်း တက်တက်ကြွကြွနဲ့ ထောင်ဝင်စာတွေမယ့် ဆီသို့ လာခဲ့သည်။ သူတကယ်ပျော်နေသည်။ မေမေက ပြည့်ပြည့်ဖြိုးဖြိုးဖြစ်လာသည်မို့ သူစိတ်အေးနေရသည့်အပြင် ဒီနေ့ပြီးရင် သူဒီအထဲမှာနေဖို့ တစ်နှစ်လျော့သွားပြီဖြစ်သည်။

သူဝင်သွားတော့ မိသားစုစုံစုံလင်လင်မပါပါ။ ဖေဖေရော မေမေပါမပါဘဲ အငယ်မတစ်ယောက်ထဲလာသည်။ အငယ်မရဲ့ မျက်နှာဟာ သိပ်မရွှင်လန်းလှ..။

“ အငယ် ဖေဖေနဲ့ မေမေရော”

“ ဖေဖေက နယ်ဘက်မှာ ကိုကြီး..မေမေက…မေမေက ဆုံး..ဆုံးပြီ”

“ ဟဲ့ ဘာတွေပေါက်ကရ လာပြောနေတာလဲ။ မေမေက ဟိုတစ်ပတ်ကမှ အကောင်းကြီးဟ နင်မနောက်နဲ့ “

အငယ်မရော သူပါ မျက်ရည်အဖြိုင်ဖြိုင်ကျလာ၏။ သူ့မျက်ရည်တွေက လန့်လွန်း၍ မယုံနိုင်လွန်း၍ ကျဆင်းလာရတာဖြစ်၏။

“ ဟုတ်တယ်ကိုကြီး အငယ် မနောက်ပါဘူး ကိုကြီးရယ် ဒီနေ့ဆို မေမေထွက်သွားတာ (၉)ရက်ရှိပြီ ကိုကြီးရဲ့ “

သူ သွက်သွက်ခါအောင် ရူးသွားချင်သည်။ သူအချစ်ဆုံးလူသားက သူ မရှိသည့်အချိန်မှာပဲ လောကထဲက ထွက်သွားရတယ်လို့..။

“ မေမေက အဲ့လိုဖြစ်လို့မရဘူးလေ..ငါတို့အတူတူပြန်ဆုံရ အုံးမယ်လေ..”

သူသိပ်ကို ဝမ်းနည်းရပြီး အစ်ကိုတစ်ယောက်ဖြစ်ပါလျက်နဲ့ ညီမရှေ့ထိန်းမထားနိုင်အောင် ရှိုက်ကြီးတငင်ငိုနေမိသည်။ သူတောင်မမြင်ခဲ့ရတဲ့ မေမေ့နောက်ဆုံးခရီး၊ သူဘာမှမတက်နိုင်လိုက်တဲ့ မေမေ့နောက်ဆုံးခရီး၊ သူသာဓုမခေါ်လိုက်ရတဲ့ မေမေ့ရက်လည် အရာအားလုံးက သူ့အပြစ်ကြောင့်ပါပဲ။

“ မေမေက ကိုကြီးကို ငိုနေစေချင်မှာမဟုတ်ဘူး..မေမေ့ရဲ့ နှလုံးရောဂါက ဒီလအတွင်းမှာဖောက်လာတယ် ပြီးတော့ အဲ့နေ့က ဖေဖေနဲ့မေမေစကားများပြီး ရှော့ခ်ရသွားတယ်..နောက်ပြီး အသက်မမှီတော့ဘူး”

“ဖေဖေကရော..အခုဖေဖေကရော..”

“ ဖေဖေနဲ့မေမေ ဘာလို့ရန်ဖြစ်တာလဲ..ဘာကြောင့် မေမေကရှော့ခ်ရသွားတာလဲ..”

“ ရန်ဖြစ်တာ..အင်း..အငယ်လဲမသိဘူး..”

အငယ့်ရုပ်က တစ်ခုခုကိုဖုံးကွယ်ထားသလိုမျိုးဖြစ်နေပေမဲ့ ဒီလှိုင်းသတိမထားမိနိုင်ပဲ မိခင်ဖြစ်သူအတွက် ပူဆွေးနေရသည်။ မိခင်တစ်ယောက်လုံးဆုံးရှုံးတာတောင် ဘာမှမလုပ်ပေးနိုင်တဲ့အတွက် နောင်တတွေ၊အားမလိုအားမရခြင်း‌တွေနဲ့ ခေါင်းထဲမှာ ရှုပ်ထွေးနေဟန်။

အဲ့နေ့ကသာ မင်းရဲ့’လွမ်းလို့’ဆိုတဲ့စကားကို မောင်နားမယောင်မိရင် မောင့်မေမေဒီလောကထဲက စောစောထွက်သွားမှာမဟုတ်ဘူး ထင်ပါတယ် နွယ်ရယ်.. မင်းနဲ့ပတ်သက်မိတာ အမှားဆုံးပဲ စနေဂြိုလ်လေးရယ်..      မင်းရဲ့အခိုက်နက္ခတ်က မောင့်ရဲ့လွတ်လပ်ခြင်းတွေကို ဝါးမြိုနေသလားကွာ..။

“ အငယ် ဖေဖေ့ကို ဂရုစိုက်ပါ။ ဒီလိုအချိန်မှာတောင် အနားမှာမရှိနိုင်လို့ ကိုကြီးတောင်းပန်ပါတယ်..”

“ ရတယ် အငယ် ပြန်တော့မယ် ကိုကြီးသာ ကျန်းမာရေးဂရုစိုက်ပါ..”

အငယ်ပြန်သွားသည့်တိုင် သူ့မှာစကားမပြောနိုင်တော့ပဲ ရင်ဘတ်ထဲကတဆစ်ဆစ်နဲ့နာကျင်သမျှကို တစ်ကိုယ်လုံးတဆတ်ဆတ် တုန်သည်အထိ မျက်ရည်များဖြင့် ဖြေသိမ့်လိုက်တော့သည်။ အံတင်းတင်းကျိတ်၍ငိုပါများလာတော့ မျက်သားတွေနီရဲလာပြီး နားထင်ကြောတွေကိုက်ခဲလာသည်။ ပြီးနောက် တဖြည်းဖြည်းချင်းလမ်းလျှောက်ပြီး အဆောင်ကိုပြန်လာခဲ့သည်။

“ ဘာလို့ငါ့မှလဲ..ဘာလို့လဲ..”

သူအသံနက်ကြီးဖြင့် အော်လိုက်တော့သည်။ သူ့အသံဘယ်လောက်ကျယ်သွားလဲ မစဉ်းစားမိတော့ဘူး။ ပတ်ဝန်းကျင်ကိုရိုင်းပြသွားစေလားလဲ မစဉ်းစားမိတော့ဘူး ရင်ဘတ်ထဲကနာကျင်သမျှကို ဒီလောက်နဲ့ပဲဖွင့်ဟ ထုတ်ဖို့သူ တက်နိုင်တော့တယ်.. ။
ဘာမှမလုပ်နိုင်တဲ့အခြေအနေမှာ အကြီးမားဆုံးကို ဆုံးရှုံးရရင် သူ့လိုပဲ ရင်ကွဲမတက်ဖြစ်ပြီး လုပ်မိလုပ်ရာ အော်မိအော်ရာ အော်မိကြမယ်ထင်တယ်။

သူအဆောင်ကိုရောက်တော့ သူကြီးကိုတောင်စကားမပြောဘဲ သူ့အိပ်ရာဆီသွားတာ ခေါင်းအုံးအောက်က ဖေဖေနဲ့ မေမေ့ဓာတ်ပုံကို ကြည့်ရင်း မျက်ရည်တသွင်သွင်စီးကျလျက် တောင်းပန်စကားဆိုမိတော့သည်။

“ သားအရမ်းဆိုးတာပဲနော် မေမေ..နောက်ဆုံးအချိန်တောင် မေမေ့ဘေးမှာတောင်မရှိနိုင်တဲ့အထိ သားအရမ်းဆိုးတာပဲမလား..”

အနားမှာ သူကြီးရော ကိုပိန်ပါ ရောက်လာကြသည်ကိုလည်း သူမမှု့နှိုင် တဟီးဟီးနဲ့ ရှိုက်ကြီး တငင်နဲ့ထပ်ငိုချမိတော့သည်။

“ အားလုံးအဆင်ပြေသွားမှာပါ ဒီလှိုင်းရယ်..မျက်ရည်တွေက ဝေဒနာသက်သာအောင်ပဲလုပ်ပေးနိုင်မယ်။ ရှေ့ဆက်သွားတာကတော့ မင်းကို စိတ်ချမ်းသာစေလိမ့်မယ် ဒီလှိုင်း “

သူကြီးနဲ့ ကိုပိန်က တစ်ယောက်တစ်လှည့်စီ နှစ်သိမ့်‌ပေးမှ သူဖြစ်သမျှအကြောင်းကိုပြောပြလိုက်၏။ ထိုမှ ကိုပိန်ပြောလာတာက…

“ တွေ့လား ငါပြောပါတယ် အချစ်ကရှေ့တန်းတင်လို့ကောင်းတဲ့အရာမဟုတ်ဘူးလို့..”

ဟူ၍ အဆုံးသတ်သွား၏။
မောင် မင်းကိုချစ်မိတာ သိပ်နောင်တရနေပြီ နွယ်ရယ်..
ကိုပိန်က မနှစ်သိပ်တတ်လို့ ဒီလိုပြောလိုက်ပေမဲ့ သူ့ကိုပိုပြီးနောင်တရစေကာ နာကျင်စေသည်။ အချစ်ကိုရှေ့တန်းတင်မိတာ အခုတော့ သူ့ဘဝကို စုတ်ပြတ်သတ်သွားရသည်။

“ ငါ မဟာသာကီအကြောင်းပြောပြမယ်။ မင်းနားထောင်မလား “

သူကြီးက သူကျင်လည်ခဲ့ရတဲ့ ပတ်ဝန်းကျင်မှာ ရှိနေဖူးတဲ့ မဟာသာကီအကြောင်းကို ဖွင့်ဟလာတော့ သူအံအံဩဩနားထောင်ခဲ့ရသေး။

“ မဟာသာကီတို့က ဘိုးဘွားစဉ်ဆက်ချမ်းသာတဲ့ စိန်တိုက်ပိုင်ရှင်တွေ ဆိုတာ‌ကိုတော့ မင်းကြားဖူးမှာပါ။ ဒါပေမဲ့ အဲ့တာတစ်ဝက်ပဲမှန်တယ် ဒီလှိုင်း။ အရင်က မဟာသာကီက မချမ်းသာဘူး။ မင်းတို့လောက်တောင်မချမ်းသာဘူး ဒီလှိုင်း။ သူနဲ့ သူ့အမေဒေဝီသာကီက အကြံကြီးကြီးနဲ့ မင်းချစ်သူရဲ့ အမေကို အမိဖမ်းလိုက်တယ်ဆိုပါတော့။ အဲ့မှာ သူ့မိန်းမဘက်က အမွေတွေရတယ်ကွာ။ အမွေဆိုမှ တကယ့်အမွေတွေတစ်ပုံတစ်ပင်ကြီး သူတို့တစ်သက်စားမကုန်ဘူး။
အဲ့မှာ နဂိုထဲက လည်တဲ့လူတွေဆိုတော့ ပိုက်ဆံကို ဘယ်နည်းနဲ့မဆို ပွားကြတယ်။ ပိုက်ဆံရှိသထက်ရှိလာလေလေ ငွေဂုဏ်မောက် အောက်ခြေလွတ်လာလေလေပဲ။ အမှန်တော့ အဲ့ကောင်က မိန်းမထဘီနားခိုးစားတဲ့ကောင်သာသာပဲ “

“တဖြည်းဖြည်းအောက်ခြေလွတ်လာပြီး ပွေရှုပ်တယ်။ မင်းမသိလို့ဖြစ်မယ် ငါတို့ကျောက်လောကမှာ အဲ့ကောင်ကချဉ်ဖက်.."

သူကြီးအဖြစ်လည်း ကိုလွမ်စေးက ဒီကိစ္စတွေဘယ်လိုသိလာလည်း သူ မမေးဖြစ်တော့။ ကိုလွမ်စေးလို ‌ကျောက်လောကမှာ ဝါရင့်နေတဲ့သူက သူ့ဖခင်နဲ့ မဟာသာကီရဲ့အကြောင်းကိုသိတာမဆန်းတော့။
သူအံ့ဩတာက လူတကာရှေ့ကျ မွေးကထဲကရွှေလင်ဗန်းနဲ့အချင်းဆေးလာသလိုလို ဘာမထီမျက်နှာထားတွေလုပ်ပြီး နောက်ကွယ်ကျ ပုပ်ပွနေတဲ့ မျက်နှာဖုံးတွေနဲ့ သူ့ချစ်သူရဲ့မိသားစု။ လူတကာရှေ့ကျ လူချမ်းသာသူဌေးကြီးက ကြင်နာလိုက်တာဆိုတဲ့စကားမကြားကြားရအောင် ဇွတ်တွေကြင်နာပြပြီး အခုကျ လူ့အမှိုက်သာသာနဲ့ စိတ်ပျက်စရာ လူတစ်စု..။

“ စိတ်ပျက်ဖို့ကောင်းလိုက်တာ”

သူခပ်တိုးတိုးရေရွတ်မိသွားသည်အထိ ထိုသူတွေက စိတ်ပျက်ဖို့ကောင်းပါ၏။ သူ့ကို ဒီအကြောင်းတွေပြောပြပြီး အာရုံလွှဲတဲ့ ကိုလွမ်စေးသည် အလုပ်ဖြစ်သည်ဆိုရမည်။ သူခဏတာ‌တော့ မေမေ့အကြောင်းကိုမတွေးမိတော့ချေ။

နောက်ပြီး တမ်းတမ်းတတ လွမ်းလွမ်းဆွေးဆွေးနှင့် နှလုံးသား၏‌အနက်ရှိုင်းဆုံးမှာ အမြစ်တွယ်နေသည့် နွယ်သာကီပန်းလေးကို သတိတရဖြစ်ကာ နှလုံးသားက တဆစ်ဆစ်ပို၍ ပို၍နာကျင်လာရတော့သည်။ 
သူ့အဖြစ်က ’သုတ်လိမ်းပါက ပြည်တည်နာများကို ပျောက်စေသည်’ဆိုတာကို ပျောက်ချင်ဇောနဲ့ အလောတကြီးသောက်လိုက်မိလို့ နွယ်သာကီအဆိပ်တက်နေသည့်အဖြစ်။
နာကျင်စရာကိုမေ့လေလေ ပို၍ ပို၍နာကျင်လာလေလေ..။
ကိုလွမ်စေးက သူ့ကျောကိုပုတ်ပြီး ခပ်သော့သော့ရယ်ကာ ဆို၏။

“ မင့်‌နွယ်လေးကတော့ အပုပ်အပွတွေကြားက ရွှေခဲလေးနေမှာပါ စိတ်လည်းသိပ်မပျက်နေနဲ့အုံး ဟား ဟား..”

သူ ကိုလွမ်စေးကို ဗလာသပ်သပ်မျက်ဝန်းတွေနဲ့ကြည့်ပြီး ပြုံးပြရုံသာတက်နိုင်တော့တယ်။
နွယ်ကတော့ ရွှေခဲလေးမဟုတ်တန်ရာ..
ကိုယ့်ချစ်သူတစ်ယောက်လုံး သူ့ဆီကအပြန် ထောင်ကျတာကို တစ်ချက်လာမကြည့်တဲ့ နွယ်က  ရွှေခဲတော့မဟုတ်တန်ရာ.. ဘာမှသုံးစားလို့မရတဲ့ မြေအမှုန်အမွှားသာသာပဲဖြစ်ပေလိမ့်မည်။
___________________
ေမာင့္ ႏြယ္သာကီ
အပိုင္း(၂)

တလီလီကူးေျပာင္းလာတဲ့ လေတြႏွင့္ မလြတ္ေျမာက္ေသးေသာ ေန႔ရက္မ်ား..။
လြတ္လပ္တဲ့လူငယ္ဘဝကို ခ်ဳပ္ေႏွာင္ျခင္းခံရတဲ့ အျပစ္ဒဏ္ေလာက္ နာက်ည္းေစတာမ်ိဳး မ႐ွိပါဘူးကြယ္…

တစ္ေဆာင္လုံး တစ္ညလုံး အခန္းထဲမွာ စကားထိုင္ေျပာေနၾကၿပီး မိုးလင္းခါနီးမွ အသီးသီးအိပ္ရာဝင္ၾကသည္။ အားလုံးအိပ္သြားေပမယ့္ သူေတာ့ အိပ္မေပ်ာ္..။ ထို႔ေၾကာင့္ ျပတင္းေပါက္ကေန ေငြလမင္းကို ေငးေမာကာ အတိတ္က ေန႔ရက္တခ်ိဳ႕ကို ျပန္တမ္းတမိသည္။

ပုံမွန္အတိုင္းဆို သူ႕လို အညတရနဲ႔ ျမင့္ျမတ္တဲ့သခင္ေလး ႏြယ္ေႏွာင္းသာကီဟာ ဘယ္လိုမွစုံစည္းဖို႔ မျဖစ္ႏိုင္ေပမယ့္ ေဆးေက်ာင္းဆိုတဲ့ တကၠသိုလ္ေက်ာင္းေတာ္ႀကီးကို အတူတက္ရတဲ့အခါေတာ့ ဖူးစာေရးနတ္ကပဲ လွည့္စားသလားမေျပာတတ္ မ်ိဳးတူတစ္ေယာက္ကို ရင္နင့္ေအာက္ခ်စ္မိသြား၏။

ႏြယ္က သိပ္လွတယ္။ ႏြယ့္အလွက မဟာဆန္ဆန္အလွမ်ိဳးမဟုတ္သလို ေယာက်ၤားေလးေတြလို ေခ်ာတာမ်ိဳးမဟုတ္ဘဲ ႏူးႏူးညံ့ညံ့၊သိမ္သိမ္ေမြ႕ေမြ႕နဲ႔ ေအးေအးခ်မ္းခ်မ္းကိုလွတာ..။

ႏြယ့္မွာ သူ,မတူ ခါးအထိ႐ွည္တဲ့ ဆံႏြယ္နက္နက္ေလးေတြ႐ွိ၏။ ႏြယ့္အသားက ျဖဴျဖဴၾကည္ၾကည္ေလး..ႏွာတံစင္းစင္းေလး။ အေပၚေရာေအာက္ေရာ ႐ွည္သည့္မ်က္ေတာင့္ ေကာ့ေကာ့ေလးေတြႏွင့္ ပိန္လ်လ်ခႏၶာကိုယ္ေလး။ ႏြယ္က အရပ္မပုဘူး သူနဲ႔ေတာင္ သိပ္မကြာလွဘူး။
ႏြယ္က သိပ္လွတယ္။ ႏြယ့္အျပဳံးေတြက ေအးခ်မ္းတယ္..။

ျမင္ျမင္ခ်င္းခ်စ္မိရာကေန စီနီယာ ဂ်ဴနီယာဆိုေသာ သံေယာဇဥ္အရစ္ရစ္ခ်ည္ေႏွာင္လို႔ ခ်စ္သူရည္းစားဟူေသာ အေရာင္စြန္းသံေယာဇဥ္သို႔ တမဟုန္ခ်င္း ကူးေျပာင္းလိုက္ၾက၏။

ဆယ္ေက်ာ္သက္အ႐ြယ္မွာ ဤလူသားအေပၚ ဘယ္ေလာက္ေတာင္ေပ်ာ္ဝင္ခဲ့သလဲဆို သူေထာင္ထဲေရာက္ခဲ့ရတာကိုပဲၾကည့္။
သူက ႀကိဳးစားမွ မင္းျဖစ္မယ့္လူ၊ ႏြယ္က မႀကိဳးစားေတာင္ ေရခ်မ္းအသင့္ ပန္းအသင့္နဲ႔ ေ႐ႊဘုံစံမင္းသားေလး..ဘယ္တူမလဲ..။
ႏြယ္က အေနေအးသေလာက္ ႏြယ့္ေဖေဖ မဟာသာကီနဲ႔ ႏြယ့္ဖြားဖြား ေဒဝီသာကီဟာ ဂုဏ္ေမာက္၏။

ဒီအထိပဲ..ဒီအထိပဲ သူ႕အေတြးေတြကိုဖ်က္ခ်ျပစ္လိုက္ကာ အိပ္ရာဝင္လိုက္သည္။
ဒီေလာက္အထိပဲ ေတြးပါရေစ ေမာင့္ႏြယ္..
ေမာင္က ခင္ဗ်ားကို သိပ္ခ်စ္မိေတာ့ မုန္းရေမ့ရခက္တယ္..
ဒါေပမဲ့ ေမာင့္အေပၚ ခင္ဗ်ားလုပ္ခဲ့တဲ့ လုပ္ရက္ေတြကိုေတာ့ ေမာင္ေသသည္အထိ မွတ္မိေနအုံးမွာ ေမာင့္ႏြယ္..
ေမာင့္အေပၚ မင္းလုပ္ရက္တာေတြကို ခ်စ္တဲ့စိတ္နဲ႔ ေျဖသိမ့္ေနဆဲ ေမာင့္ႏြယ္~~
တစ္နာရီေလာက္ သူေမးခနဲအိပ္ေပ်ာ္သြား၍ ကိုပိန္လာလႈပ္ႏိႈးမွ ႏိုးေတာ့၏။ သူတို႔ေတြ အၿမဲတမ္း မနက္(၄)နာရီ ထကာ ဘုရား႐ွိခိုးတက္၏။

“ ေကာင္ေလး ထေတာ့ သူႀကီးေတာင္ ထသြားၿပီ ေကာင္ေလး “

“ ဟုတ္ ကိုပိန္ “

သူမ်က္ႏွာသစ္သြားတိုက္ၿပီး ဘုရား႐ွိခိုး၏။ ၿပီးေနာက္ ကိုယ္လုပ္စရာ႐ွိတာလုပ္ၾက၏။ သူကေတာ့ ေရခ်ိဳး၏။ ေရခ်ိဳးၿပီးတာနဲ႔ ေျပာင္စင္ေအာင္သုတ္ၿပီး ပုဆိုးကို ဒူးအထပ္တင္ကာ ညိဳစိမ့္စိမ့္ေျခသလုံးေပၚမွာ ေမႊးမွ်င္မ်ားႏွင့္ ေရာယွက္၍ ေပါက္ေနေသာ ေမႊးကြၽတ္နာလို ယားနာမ်ား..။

ေရမသန္႔လို႔..လူတကာနဲ႔မို႔လို႔ ဂ်ပိုးကိုက္လို႔ စသည့္အစ႐ွာမရေသာ အေၾကာင္းျပခ်က္မ်ားေၾကာင့္ ဝဲလို ယားနာေတြေပါက္လာ၏။ သူယား‌နာေပ်ာက္ေဆးလူးၿပီး ပုဆိုးကို ျပန္အုပ္လိုက္သည္။

“ တစ္ႏွစ္႐ွိၿပီ ႏြယ္ ေမာင္ ဒီအထဲေရာက္တာတစ္ႏွစ္႐ွိၿပီ..မင္းကို မေတြ႕ရတာနဲ႔လည္း ထပ္တူပါပဲ “

“ ေဟ့ေကာင္ေလး တစ္ေယာက္ထဲနဲ႔ ရည္းစားကို လြမ္းေနတာလားကြ “

ကိုပိန္က အနားကိုလာၿပီး စ ေနာက္၏။ ကိုပိန္ဆိုတဲ့ လူက လူေနာက္ျဖစ္သေလာက္ ဒီအေဆာင္မွာ သူႀကီးၿပီးရင္ သူအာဏာအ႐ွိဆုံး..။ သူႀကီးက ေနာက္သုံး၊ေလးႏွစ္ဆို လြတ္ေတာ့မည္ျဖစ္ရာ ကိုပိန္က သူႀကီးေလာင္းလ်ာျဖစ္၏။

“ ကြၽန္ေတာ္ ဒီအထဲေရာက္ရတာက သူနဲ႔မကင္း႐ွင္းေပမယ့္  ကြၽန္ေတာ္ကသိပ္ခ်စ္လို႔လားမသိဘူး သိပ္လြမ္းရတယ္ ကိုပိန္ “

သူ႕အပူေတြကို ေျပာျပေတာ့ ကိုပိန္က ခပ္ဟဟရယ္သည္။ ထိုရယ္သံေတြထဲမွာ
‘မင္းကေတာ္ပါတယ္ေကာင္ေလးရာ ငါဆို ငါသိပ္ခ်စ္တဲ့ မိန္းမကို ငါကိုယ္တိုင္သတ္လိုက္မိတာပါကြ’ဆိုသည့္ စကားသံေတြ ေရာေႏွာေနသေယာင္။

“ အင္း..အခ်စ္က နည္းနည္းေလးေတာ့ အာ႐ုံေနာက္ေစတယ္မလား ဟား ဟား “

ကိုပိန္က ရယ္ရယ္ေမာေမာျဖင့္ သူ႕ပခုံးကိုပုတ္ကာ အခန္းထဲကထြက္သြား၏။
ကိုပိန္႔ခံစားခ်က္ေတြက သူ႕ထက္သာေနမွာကို သူအတပ္သိ၏။

“ ဟိုေကာင္ေလး ဒီလိႈင္း ဒီေန႔ ဧည့္ေတြ႕လာမယ္ဆို ဟုတ္လား ငပိန္”

“ ဟုတ္တယ္ ကိုလြမ္ ဒီေန႔က သူဒီေရာက္တာ တစ္ႏွစ္ျပည့္ထင္တယ္”

“ ေအး ေအး လုပ္စရာေတြ႐ွိရင္ ထားထားလို႔ ဟိုေကာင္ေတြကိုေျပာလိုက္ ဒီလိႈင္း ဧည့္ေတြ႕ကျပန္လာမွလုပ္ပါ‌ေစ။ ဒီေကာင့္ကို ဒီေန႔အနားေပးလို႔မရဘူး “

“ ဟုတ္ကဲ့ ကိုလြမ္..”

ဒီေကာင္က သူတို႔ထက္ အသက္ထက္ဝက္နီးပါးငယ္၏။ ၿပီးေတာ့ ျပစ္မႈကလည္းႀကီး၏။ သိပ္သနားဖို႔ေကာင္းတဲ့ ေကာင္ေလးမို႔ အသည္းမာတဲ့ သူေတာင္သနားစိတ္ဝင္မိသည္။ ၿပီးေတာ့ အဲ့ေကာင္က သိပ္ကို စိတ္ဓာတ္ေပ်ာ့တာ..။ အခ်စ္ကို ေပ်ာ္ဝင္ေနတဲ့ အ႐ြယ္ေကာင္းေလးျဖစ္တာေၾကာင့္လည္း ပါလိမ့္မယ္။

ဒီလိႈင္း တက္တက္ႂကြႂကြနဲ႔ ေထာင္ဝင္စာေတြမယ့္ ဆီသို႔ လာခဲ့သည္။ သူတကယ္ေပ်ာ္ေနသည္။ ေမေမက ျပည့္ျပည့္ၿဖိဳးၿဖိဳးျဖစ္လာသည္မို႔ သူစိတ္ေအးေနရသည့္အျပင္ ဒီေန႔ၿပီးရင္ သူဒီအထဲမွာေနဖို႔ တစ္ႏွစ္ေလ်ာ့သြားၿပီျဖစ္သည္။

သူဝင္သြားေတာ့ မိသားစုစုံစုံလင္လင္မပါပါ။ ေဖေဖေရာ ေမေမပါမပါဘဲ အငယ္မတစ္ေယာက္ထဲလာသည္။ အငယ္မရဲ႕ မ်က္ႏွာဟာ သိပ္မ႐ႊင္လန္းလွ..။

“ အငယ္ ေဖေဖနဲ႔ ေမေမေရာ”

“ ေဖေဖက နယ္ဘက္မွာ ကိုႀကီး..ေမေမက…ေမေမက ဆုံး..ဆုံးၿပီ”

“ ဟဲ့ ဘာေတြေပါက္ကရ လာေျပာေနတာလဲ။ ေမေမက ဟိုတစ္ပတ္ကမွ အေကာင္းႀကီးဟ နင္မေနာက္နဲ႔ “

အငယ္မေရာ သူပါ မ်က္ရည္အၿဖိဳင္ၿဖိဳင္က်လာ၏။ သူ႕မ်က္ရည္ေတြက လန္႔လြန္း၍ မယုံႏိုင္လြန္း၍ က်ဆင္းလာရတာျဖစ္၏။

“ ဟုတ္တယ္ကိုႀကီး အငယ္ မေနာက္ပါဘူး ကိုႀကီးရယ္ ဒီေန႔ဆို ေမေမထြက္သြားတာ (၉)ရက္႐ွိၿပီ ကိုႀကီးရဲ႕ “

သူ သြက္သြက္ခါေအာင္ ႐ူးသြားခ်င္သည္။ သူအခ်စ္ဆုံးလူသားက သူ မ႐ွိသည့္အခ်ိန္မွာပဲ ေလာကထဲက ထြက္သြားရတယ္လို႔..။

“ ေမေမက အဲ့လိုျဖစ္လို႔မရဘူးေလ..ငါတို႔အတူတူျပန္ဆုံရ အုံးမယ္ေလ..”

သူသိပ္ကို ဝမ္းနည္းရၿပီး အစ္ကိုတစ္ေယာက္ျဖစ္ပါလ်က္နဲ႔ ညီမေ႐ွ႕ထိန္းမထားႏိုင္ေအာင္ ႐ိႈက္ႀကီးတငင္ငိုေနမိသည္။ သူေတာင္မျမင္ခဲ့ရတဲ့ ေမေမ့ေနာက္ဆုံးခရီး၊ သူဘာမွမတက္ႏိုင္လိုက္တဲ့ ေမေမ့ေနာက္ဆုံးခရီး၊ သူသာဓုမေခၚလိုက္ရတဲ့ ေမေမ့ရက္လည္ အရာအားလုံးက သူ႕အျပစ္ေၾကာင့္ပါပဲ။

“ ေမေမက ကိုႀကီးကို ငိုေနေစခ်င္မွာမဟုတ္ဘူး..ေမေမ့ရဲ႕ ႏွလုံးေရာဂါက ဒီလအတြင္းမွာေဖာက္လာတယ္ ၿပီးေတာ့ အဲ့ေန႔က ေဖေဖနဲ႔ေမေမစကားမ်ားၿပီး ေ႐ွာ့ခ္ရသြားတယ္..ေနာက္ၿပီး အသက္မမွီေတာ့ဘူး”

“ေဖေဖကေရာ..အခုေဖေဖကေရာ..”

“ ေဖေဖနဲ႔ေမေမ ဘာလို႔ရန္ျဖစ္တာလဲ..ဘာေၾကာင့္ ေမေမကေ႐ွာ့ခ္ရသြားတာလဲ..”

“ ရန္ျဖစ္တာ..အင္း..အငယ္လဲမသိဘူး..”

အငယ့္႐ုပ္က တစ္ခုခုကိုဖုံးကြယ္ထားသလိုမ်ိဳးျဖစ္ေနေပမဲ့ ဒီလိႈင္းသတိမထားမိႏိုင္ပဲ မိခင္ျဖစ္သူအတြက္ ပူေဆြးေနရသည္။ မိခင္တစ္ေယာက္လုံးဆုံး႐ႈံးတာေတာင္ ဘာမွမလုပ္ေပးႏိုင္တဲ့အတြက္ ေနာင္တေတြ၊အားမလိုအားမရျခင္း‌ေတြနဲ႔ ေခါင္းထဲမွာ ႐ႈပ္ေထြးေနဟန္။

အဲ့ေန႔ကသာ မင္းရဲ႕’လြမ္းလို႔’ဆိုတဲ့စကားကို ေမာင္နားမေယာင္မိရင္ ေမာင့္ေမေမဒီေလာကထဲက ေစာေစာထြက္သြားမွာမဟုတ္ဘူး ထင္ပါတယ္ ႏြယ္ရယ္.. မင္းနဲ႔ပတ္သက္မိတာ အမွားဆုံးပဲ စေနၿဂိဳလ္ေလးရယ္..      မင္းရဲ႕အခိုက္နကၡတ္က ေမာင့္ရဲ႕လြတ္လပ္ျခင္းေတြကို ဝါးၿမိဳေနသလားကြာ..။

“ အငယ္ ေဖေဖ့ကို ဂ႐ုစိုက္ပါ။ ဒီလိုအခ်ိန္မွာေတာင္ အနားမွာမ႐ွိႏိုင္လို႔ ကိုႀကီးေတာင္းပန္ပါတယ္..”

“ ရတယ္ အငယ္ ျပန္ေတာ့မယ္ ကိုႀကီးသာ က်န္းမာေရးဂ႐ုစိုက္ပါ..”

အငယ္ျပန္သြားသည့္တိုင္ သူ႕မွာစကားမေျပာႏိုင္ေတာ့ပဲ ရင္ဘတ္ထဲကတဆစ္ဆစ္နဲ႔နာက်င္သမွ်ကို တစ္ကိုယ္လုံးတဆတ္ဆတ္ တုန္သည္အထိ မ်က္ရည္မ်ားျဖင့္ ေျဖသိမ့္လိုက္ေတာ့သည္။ အံတင္းတင္းက်ိတ္၍ငိုပါမ်ားလာေတာ့ မ်က္သားေတြနီရဲလာၿပီး နားထင္ေၾကာေတြကိုက္ခဲလာသည္။ ၿပီးေနာက္ တျဖည္းျဖည္းခ်င္းလမ္းေလွ်ာက္ၿပီး အေဆာင္ကိုျပန္လာခဲ့သည္။

“ ဘာလို႔ငါ့မွလဲ..ဘာလို႔လဲ..”

သူအသံနက္ႀကီးျဖင့္ ေအာ္လိုက္ေတာ့သည္။ သူ႕အသံဘယ္ေလာက္က်ယ္သြားလဲ မစဥ္းစားမိေတာ့ဘူး။ ပတ္ဝန္းက်င္ကို႐ိုင္းျပသြားေစလားလဲ မစဥ္းစားမိေတာ့ဘူး ရင္ဘတ္ထဲကနာက်င္သမွ်ကို ဒီေလာက္နဲ႔ပဲဖြင့္ဟ ထုတ္ဖို႔သူ တက္ႏိုင္ေတာ့တယ္.. ။
ဘာမွမလုပ္ႏိုင္တဲ့အေျခအေနမွာ အႀကီးမားဆုံးကို ဆုံး႐ႈံးရရင္ သူ႕လိုပဲ ရင္ကြဲမတက္ျဖစ္ၿပီး လုပ္မိလုပ္ရာ ေအာ္မိေအာ္ရာ ေအာ္မိၾကမယ္ထင္တယ္။

သူအေဆာင္ကိုေရာက္ေတာ့ သူႀကီးကိုေတာင္စကားမေျပာဘဲ သူ႕အိပ္ရာဆီသြားတာ ေခါင္းအုံးေအာက္က ေဖေဖနဲ႔ ေမေမ့ဓာတ္ပုံကို ၾကည့္ရင္း မ်က္ရည္တသြင္သြင္စီးက်လ်က္ ေတာင္းပန္စကားဆိုမိေတာ့သည္။

“ သားအရမ္းဆိုးတာပဲေနာ္ ေမေမ..ေနာက္ဆုံးအခ်ိန္ေတာင္ ေမေမ့ေဘးမွာေတာင္မ႐ွိႏိုင္တဲ့အထိ သားအရမ္းဆိုးတာပဲမလား..”

အနားမွာ သူႀကီးေရာ ကိုပိန္ပါ ေရာက္လာၾကသည္ကိုလည္း သူမမႈ႕ႏိႈင္ တဟီးဟီးနဲ႔ ႐ိႈက္ႀကီး တငင္နဲ႔ထပ္ငိုခ်မိေတာ့သည္။

“ အားလုံးအဆင္ေျပသြားမွာပါ ဒီလိႈင္းရယ္..မ်က္ရည္ေတြက ေဝဒနာသက္သာေအာင္ပဲလုပ္ေပးႏိုင္မယ္။ ေ႐ွ႕ဆက္သြားတာကေတာ့ မင္းကို စိတ္ခ်မ္းသာေစလိမ့္မယ္ ဒီလိႈင္း “

သူႀကီးနဲ႔ ကိုပိန္က တစ္ေယာက္တစ္လွည့္စီ ႏွစ္သိမ့္‌ေပးမွ သူျဖစ္သမွ်အေၾကာင္းကိုေျပာျပလိုက္၏။ ထိုမွ ကိုပိန္ေျပာလာတာက…

“ ေတြ႕လား ငါေျပာပါတယ္ အခ်စ္ကေ႐ွ႕တန္းတင္လို႔ေကာင္းတဲ့အရာမဟုတ္ဘူးလို႔..”

ဟူ၍ အဆုံးသတ္သြား၏။
ေမာင္ မင္းကိုခ်စ္မိတာ သိပ္ေနာင္တရေနၿပီ ႏြယ္ရယ္..
ကိုပိန္က မႏွစ္သိပ္တတ္လို႔ ဒီလိုေျပာလိုက္ေပမဲ့ သူ႕ကိုပိုၿပီးေနာင္တရေစကာ နာက်င္ေစသည္။ အခ်စ္ကိုေ႐ွ႕တန္းတင္မိတာ အခုေတာ့ သူ႕ဘဝကို စုတ္ျပတ္သတ္သြားရသည္။

“ ငါ မဟာသာကီအေၾကာင္းေျပာျပမယ္။ မင္းနားေထာင္မလား “

သူႀကီးက သူက်င္လည္ခဲ့ရတဲ့ ပတ္ဝန္းက်င္မွာ ႐ွိေနဖူးတဲ့ မဟာသာကီအေၾကာင္းကို ဖြင့္ဟလာေတာ့ သူအံအံဩဩနားေထာင္ခဲ့ရေသး။

“ မဟာသာကီတို႔က ဘိုးဘြားစဥ္ဆက္ခ်မ္းသာတဲ့ စိန္တိုက္ပိုင္႐ွင္ေတြ ဆိုတာ‌ကိုေတာ့ မင္းၾကားဖူးမွာပါ။ ဒါေပမဲ့ အဲ့တာတစ္ဝက္ပဲမွန္တယ္ ဒီလိႈင္း။ အရင္က မဟာသာကီက မခ်မ္းသာဘူး။ မင္းတို႔ေလာက္ေတာင္မခ်မ္းသာဘူး ဒီလိႈင္း။ သူနဲ႔ သူ႕အေမေဒဝီသာကီက အၾကံႀကီးႀကီးနဲ႔ မင္းခ်စ္သူရဲ႕ အေမကို အမိဖမ္းလိုက္တယ္ဆိုပါေတာ့။ အဲ့မွာ သူ႕မိန္းမဘက္က အေမြေတြရတယ္ကြာ။ အေမြဆိုမွ တကယ့္အေမြေတြတစ္ပုံတစ္ပင္ႀကီး သူတို႔တစ္သက္စားမကုန္ဘူး။
အဲ့မွာ နဂိုထဲက လည္တဲ့လူေတြဆိုေတာ့ ပိုက္ဆံကို ဘယ္နည္းနဲ႔မဆို ပြားၾကတယ္။ ပိုက္ဆံ႐ွိသထက္႐ွိလာေလေလ ေငြဂုဏ္ေမာက္ ေအာက္ေျခလြတ္လာေလေလပဲ။ အမွန္ေတာ့ အဲ့ေကာင္က မိန္းမထဘီနားခိုးစားတဲ့ေကာင္သာသာပဲ “

“တျဖည္းျဖည္းေအာက္ေျခလြတ္လာၿပီး ေပြ႐ႈပ္တယ္။ မင္းမသိလို႔ျဖစ္မယ္ ငါတို႔ေက်ာက္ေလာကမွာ အဲ့ေကာင္ကခ်ဥ္ဖက္.."

သူႀကီးအျဖစ္လည္း ကိုလြမ္ေစးက ဒီကိစၥေတြဘယ္လိုသိလာလည္း သူ မေမးျဖစ္ေတာ့။ ကိုလြမ္ေစးလို ‌ေက်ာက္ေလာကမွာ ဝါရင့္ေနတဲ့သူက သူ႕ဖခင္နဲ႔ မဟာသာကီရဲ႕အေၾကာင္းကိုသိတာမဆန္းေတာ့။
သူအံ့ဩတာက လူတကာေ႐ွ႕က် ေမြးကထဲကေ႐ႊလင္ဗန္းနဲ႔အခ်င္းေဆးလာသလိုလို ဘာမထီမ်က္ႏွာထားေတြလုပ္ၿပီး ေနာက္ကြယ္က် ပုပ္ပြေနတဲ့ မ်က္ႏွာဖုံးေတြနဲ႔ သူ႕ခ်စ္သူရဲ႕မိသားစု။ လူတကာေ႐ွ႕က် လူခ်မ္းသာသူေဌးႀကီးက ၾကင္နာလိုက္တာဆိုတဲ့စကားမၾကားၾကားရေအာင္ ဇြတ္ေတြၾကင္နာျပၿပီး အခုက် လူ႕အမိႈက္သာသာနဲ႔ စိတ္ပ်က္စရာ လူတစ္စု..။

“ စိတ္ပ်က္ဖို႔ေကာင္းလိုက္တာ”

သူခပ္တိုးတိုးေရ႐ြတ္မိသြားသည္အထိ ထိုသူေတြက စိတ္ပ်က္ဖို႔ေကာင္းပါ၏။ သူ႕ကို ဒီအေၾကာင္းေတြေျပာျပၿပီး အာ႐ုံလႊဲတဲ့ ကိုလြမ္ေစးသည္ အလုပ္ျဖစ္သည္ဆိုရမည္။ သူခဏတာ‌ေတာ့ ေမေမ့အေၾကာင္းကိုမေတြးမိေတာ့ေခ်။

ေနာက္ၿပီး တမ္းတမ္းတတ လြမ္းလြမ္းေဆြးေဆြးႏွင့္ ႏွလုံးသား၏‌အနက္႐ိႈင္းဆုံးမွာ အျမစ္တြယ္ေနသည့္ ႏြယ္သာကီပန္းေလးကို သတိတရျဖစ္ကာ ႏွလုံးသားက တဆစ္ဆစ္ပို၍ ပို၍နာက်င္လာရေတာ့သည္။ 
သူ႕အျဖစ္က ’သုတ္လိမ္းပါက ျပည္တည္နာမ်ားကို ေပ်ာက္ေစသည္’ဆိုတာကို ေပ်ာက္ခ်င္ေဇာနဲ႔ အေလာတႀကီးေသာက္လိုက္မိလို႔ ႏြယ္သာကီအဆိပ္တက္ေနသည့္အျဖစ္။
နာက်င္စရာကိုေမ့ေလေလ ပို၍ ပို၍နာက်င္လာေလေလ..။
ကိုလြမ္ေစးက သူ႕ေက်ာကိုပုတ္ၿပီး ခပ္ေသာ့ေသာ့ရယ္ကာ ဆို၏။

“ မင့္‌ႏြယ္ေလးကေတာ့ အပုပ္အပြေတြၾကားက ေ႐ႊခဲေလးေနမွာပါ စိတ္လည္းသိပ္မပ်က္ေနနဲ႔အုံး ဟား ဟား..”

သူ ကိုလြမ္ေစးကို ဗလာသပ္သပ္မ်က္ဝန္းေတြနဲ႔ၾကည့္ၿပီး ျပဳံးျပ႐ုံသာတက္ႏိုင္ေတာ့တယ္။
ႏြယ္ကေတာ့ ေ႐ႊခဲေလးမဟုတ္တန္ရာ..
ကိုယ့္ခ်စ္သူတစ္ေယာက္လုံး သူ႕ဆီကအျပန္ ေထာင္က်တာကို တစ္ခ်က္လာမၾကည့္တဲ့ ႏြယ္က  ေ႐ႊခဲေတာ့မဟုတ္တန္ရာ.. ဘာမွသုံးစားလို႔မရတဲ့ ေျမအမႈန္အမႊားသာသာပဲျဖစ္ေပလိမ့္မည္။
___________________

Mg'd Nwel Thar Kii (Book version)Where stories live. Discover now