CH:21

864 35 0
                                    

မောင့် နွယ်သာကီ
အပိုင်း(၂၁)

တွန်းလှည်းပေါ်မှာ ဆေးပိုက်တွေတန်းလန်းနဲ့ ပါသွားတဲ့ နွယ်..။ ဖြူဖြူဖျော့ဖျော့အသားအရေက ဆေးရုံဝတ်စုံ မိုးပြာရောင်နှင့်မို့ သွေးမရှိတော့သည့် လူတစ်ယောက်လို အားအင်နည်းပါးလျက်..။ တဂျောက်ဂျောက်မြည်နေတဲ့  တွန်းလှည်းက အထူးကြပ်မတ်ဆောင်ထဲကို တန်းသွားလေသည်။

အခု နွယ်သာကီက ‌ခွဲစိတ်ပြီး (၁)နာရီအကြာအထိ သတိမလည်လာ၍ အထူးကြပ်မတ်ဆောင်ကိုပြောင်းရွေ့ လိုက်ရတာဖြစ်သည်။ ပုံမှန်ဆို ဒီအချိန်နိုးသင့်နေပေမယ့် အလွန်ဆုံး (၃)နာရီကအကြာဆုံးလို့ ဆရာဝန်တွေကပြောတာမို့ ဒီလှိုင်း စိတ်ကိုတင်းတင်းခံလျက် သတိကပ်ပြီး နွယ့်ရဲ့အထူးကြပ်မတ်ဆောင်နှင့် သားလေးရဲ့ကြပ်မတ်ဆောင်ကို ဟိုကူးဒီကူးနှင့် ဗြာများနေသည်။

ချစ်ရသူနှစ်ဦးလုံးကို မှန်ကာနံရံခြားကာ ‌တွေ့နေရပြီး မြင်နေလျက်နဲ့ ဘာမှမတတ်နိုင်ခဲ့သည့် ဒီလှိုင်းရင်ထဲ မီးစနှင့်ထိုးနေသလိုလို..ကလီစာတွေကိုအစိမ်းလိုက်ခွဲထုတ်နေသလိုလို နာနာကျင်ကျင်ရယ်ပါ။

ဒုတိယအကြိမ်မြောက် ဘာမှမလုပ်ပေးနိုင်သည့်အခြေအနေကို ကြုံရသည့် ဒီလှိုင်းခက်ထန်သည် ဘုရားရှင်တွေကို မဆုတောင်းမိတော့သလို သူ့အပေါ်ပဲ ကွက်ဆိုးနေသည့် ကံတရားကိုလည်း ကျိန်စာတိုက်ချင်လာသည်။

“ ဒီလှိုင်း သား..သားလေးကို လာကြည့်ပါအုံး “

ဖုန်းခေါ်လာပြီး အတုန်တုန်အရင်ရင်ပြောလာသည့် ဧရာ့ကြောင့် ဒီလှိုင်း မှန်ကာနံရံနောက်က နွယ့်ကိုတစ်ချက်ကြည့်ကာ သားဆီကို ပြေးရသည်။

နဂိုက ချွေးထွက်လွန်းသူမို့ ‌ချွေးတွေက ရေချိုးထားသလို… အညိုရောင်အင်္ကျီ၌ ချွေးနှင့် နွယ့်သွေးတွေကပ်ညိလို့..။
ဒီလှိုင်းရောက်သွားတဲ့အချိန် မှန်ကာနောက်မှာတွေ့ရတဲ့သားက ရင်နင့်စရာပါ။

အောက်စီဂျင်ပိုက်တန်းလန်းနှင့် ကုတင်ပေါ်မှာ ခြေကားယားလက်ကားယားလေး အသက်ရှူကြပ်နေရှာတဲ့သား..။ ဆရာဝန်က ရှေးဦးသူနာပြုနည်းနဲ့ ဝဲဘက်ရင်အုံကို လက်အုပ်လျက် သားကို အသက်ရှူလို့ရအောင်လုပ်ပေးနေသည်။ နှလုံးခုန်နှုန်းတိုင်းစက်ပေါ်မှာ ပြေးလွှားနေတဲ့သားရဲ့ နှလုံးခုန်နှုန်းက အကြေကောက်ဆံပင်တွေလိုမျိုး ခပ်သေးသေးတြိဂံတုံးလေးတွေဖြစ်လာလိုက် တန်းသွားလိုက်နှင့် ရင်မောစရာ..။

မွေးပြီးချိန်ထဲက အူဝဲတောင်ဖြောင့်ဖြောင့် မအော်နိုင်ရှာတဲ့သားက အခုထိမျက်လုံးမပွင့်သေးတဲ့အပြင် အသက်ကိုသာ အလုအယက်ရှူရှိုက်နေရတုန်း..။ သားရဲ့အသားအရေတွေက ပြာပြာနှမ်းနှမ်းနှင့်..။

လောကကြီးကို မမြင်ရသေးခင် ဒီ‌အဖေတွေဆီက မထွက်သွားလိမ့်ပါနဲ့အုံး သားရယ်~~
သားဖေဖေနဲ့ ဒယ်ဒီက သားကို လောကကြီးအကြောင်းသင်ပေးချင်သေးတာမို့ နည်းနည်းလောက်ပဲဖြစ်ဖြစ် အားတင်းထားပါအုံးကွာ~~

ဒီလှိုင်း မှန်နံရံကိုကိုင်ကာ မျက်ရည်တွေကျနေသလို နံဘေးကဧရာဇင်နဲ့ကိုလွမ်ပြီးတော့ သားကိုကုနေတဲ့ ဆရာ၊ဆရာမတွေ အကုန်လုံးက သားရဲ့အသက်ရှင်လိုစိတ်ပြင်းပြနေမှုကြောင့် အားတက်သရောကယ်နေရင်းမှ ငိုနေမိကြလေသည်။

အသက်တစ်နာရီကျော်ကျော်သာရှိသေးတဲ့ ကလေးက ဘာအပြစ်တွေများ လုပ်မိလို့ လောကရဲ့ယုတ်ဆိုးအကျည်းတန်ခြင်းတွေကို အရင်ခံစားရတာလဲ..။

အို ရက်စက်လိုက်ပါဘိ လောကဓံရယ်..။

တီ~~တီ

နှလုံးခုန်နှုန်းတိုင်းစက်မှာ အစိမ်းရောင် အတန်းလေးဟာ ရုတ်တရက်ကြီး ထပေါ်လာသည်မို့ ဒီလှိုင်းရင်ဘတ်ကို စုတ်ကိုင်ကာ အရုပ်ကြိုးပျက် ထိုင်လျက်ကျသွားတော့သည်။

မျက်ရည်တွေက ထွက်မကျလာတော့ဘူး..
မျက်တောင်တွေလည်း မခတ်မိတော့ဘူး..
နှလုံးခုန်နှုန်းကိုလည်း မကြားရတော့ဘူး..
အရိုးတွေဟာလည်း ပျော့ပြောင်းစွာ ခွေခနဲ..
မျက်ခွံတွေလေးလာပေမဲ့ အိပ်လို့မဖြစ်သေးဘူး..။ မောင့်ကလေး‌နဲ့ မောင့်အချစ်ဆုံးကို ပြစ်ပြီး မောင်ဘယ်မှမသွားနိုင်ဘူး..။ ‌မောင် အသက်ရှူလို့မရတော့ဘူး နွယ်..။

ဒီဘဝမှာ ဒီအမျှနဲ့ ကံမကုန်ချင်သေးတာမို့ ဘုရားရှင်ထံပါး အတူစုံစည်းဖို့ရာ မောင့်မှာရှိသမျှအရာတွေနဲ့ စတေးပြစ်ချင်မိပါရဲ့ မောင့်နွယ်..။

“ ဟာ ဟေ့ကောင် ဒီလှိုင်း”

ဒီလှိုင်း လဲကျသွားသည်။ ဧရာရဲ့အော်ခေါ်မှုကြောင့် အနီးမှာရှိတဲ့ ဆရာဝန်တွေ သူနာပြုတွေအကုန်ရောက်လာပြီး ဒီလှိုင်းကို ကုတင်ပေါ် မ တင်ကာ ဆေးသွင်းပေးပြီး အနားယူခိုင်းထားသည်။
တကယ်တော့ ဒီလှိုင်းက စိတ်ကိုသေအောင်သတ်နေလို့ ပင်ပန်းတာတွေနဲ့ပေါင်းပြီး ခဏတာသေဆုံးခြင်းဆိုတဲ့ အခိုက်အတန့်ကို ခံစားလိုက်ရတာဖြစ်သည်။

ဒီလှိုင်းလဲကျအပြီးမှာ ရင်ထဲ အေးခနဲဖြစ်သွားပြီး နောက်ကမ္ဘာကိုရောက်နေသလိုပဲ..။ ဒီလှိုင်းရဲ့ မျက်စိရှေ့မှာ ရေတွေတဝေါဝေါစီးဆင်းနေတဲ့ တောင်ကျချောင်းလေး..။ နံဘေးမှာ ဝါးပင်တွေနှင့် သစ်ပင်ကြီးအမျိုးအစားအပင်တွေက ထူထူထပ်ထပ် စိမ်းစိမ်းစိုစို..။ သစ်ပင်တွေအပေါ်မှာ ပေါက်တတ်သည့် သစ်ခွရနံက ခပ်မွှေးမွှေး..။
ဒီလှိုင်း သဘာဝ၏ အလှတရားကြောင့် ခဏတာ စိတ်အေးချမ်းခြင်းကို ရလိုက်သည်။

ဒီလှိုင်း တောင်ကျချောင်းအနားကို လမ်းလျှောက်လာစဉ်မှာပဲ တဟီးဟီးနဲ့ ငိုသံသဲ့သဲ့လေးကိုကြားလိုက်ရသည်။ ဒီလှိုင်းငိုသံသဲ့သဲ့လေးအနောက် လိုက်သွားတော့ ချောင်းကမ်းစပ်က ကျောက်တုံးကြီးပေါ်မှာ ဒီလှိုင်းကိုကျောပေးထိုင်နေတဲ့ ကလေးမလေးတစ်ယောက်။ ကျော‌ပြင်လေးဟာ တသိမ့်သိမ့်တုန်ရင်လို့..။

ဒီလှိုင်းလည်း ဒီလို ဒီနေရာမျိုးမှာ တွေ့ရတဲ့ကလေးမလေးရဲ့ ကျောပြင်ကို အသာသွားပုတ်လိုက်သည်။

ကလေးမလေးက ဆံပင်နှစ်ဖက်ခွဲစည်းထားလျက် ဂါဝန်ပန်းရောင်လေးနဲ့..။ အသားကနွယ့်လောက်မဖြူ..။ သေချာကြည့်ပါက မျက်လုံး မျက်ဆံကနွယ်နဲ့တူပြီး မျက်နှာကျက ဒီလှိုင်းလို ခပ်ပြည့်ပြည့်..။

“ ဒယ်ဒီ အီးဟီး အညားကြီးယွမ်းညေရတော့မှာပဲ “

ဒီလှိုင်းကိုလာဖက်သည့် ကလေးမလေးကို ဘာကြောင့်မှန်းမသိ ဒီလှိုင်းလည်း ပြန်ဖက်ကာ ကျောကုန်းငယ်ကို ခပ်ဖွဖွပွတ်ပေးလိုက်သည်။

“ သမီးက ဘယ်သွားမှာမို့လို့လဲ “

“ မီးမီးက ဒယ်ဒီနဲ့ ဖေဖေ့ဆီကို လာယို့ရတော့ဝူး...။ ပြီးတော့ညေ ဖေဖေ့ကို မီးမီးနာကျင်အောင် ယုတ်နေတာဟုတ်ပါဝူး..။ မောင်မောင်ယေးနဲ့ထိမိပြီး မီးမီးက ဖေဖေ့ဆီမှာကျန်ခဲ့ယယ်..။ ဖေဖေ့ဗိုက်ဗိုက်ကြီး မီးမီးကြောင့် ညာညေတော့မှာပဲ..။ ပြီးညော့ ဖေဖေ့ကို အပြစ်မတင်ပါယဲ့ မီးမီးက ဒယ်ဒီ့ဆီပြန်ညာမှာ..။ ဖေဖေ့ကြောင့် မီးမီးဒီယိုဖြစ်ရတာ မဟုတ်ဝူး..။ ဖွားဖွားရီးကြောင့်ဖြစ်ရတာ..မီးမီး ဖွားဖွားရီးကိုမုန်းယယ်..။ တူ့ကြောင့် ဖေဖေရော၊ဒယ်ဒီရော၊မောင်မောင်ယေးရော၊ မီးမီးရော ထိခိုက်ရတာ အီးဟီး “

ကလေးလေးက ပါးစုံနှစ်ဖက်ကိုနီရဲသွားအောင်အထိငိုနေသည်။ ဒီလှိုင်းနှစ်သိပ်ရင်းနှင့် မပီကလာ ပီကလာစကားသံတွေကို နားထောင်ရင်း အဖြေကဘာမှန်းစဉ်းစားမရပေမယ့် မျက်ရည်က အလိုလိုကျလာသည်။

“ ဒယ်ဒီချိတ်မပူပါညဲ့ မောင်မောင်ယေးက ပြန်ကောင်းယာမှာပါ..။ ဖေဖေ့ကိုယဲ ဒယ်ဒီကအရမ်းလွမ်းနေတာမို့ မီးမီးညန်ညန်ပြန်လွှတ်လိုက်မှာ..။ အဲ့တာကြောင့် ဒယ်ဒီက မငိုညဲ့နော်..ချိတ်ရဲမပူညဲ့..မီးမီး သွားညော့မယ်ညော် “

ဒီလှိုင်းရဲ့ မျက်နှာကို လက်ဖောင်းဖောင်းလေးတွေက ထိတွေ့ကာ မျက်ရည်သုတ်ပေးနေသလို ကလေးလေးရဲ့ပါးစုံလေးတွေကိုကိုင်လျက် ဒီလှိုင်းလည်း မျက်ရည်သုတ်ပေးနေပါသည်။ ပြီးနောက် တင်းတင်းကြပ်ကြပ်ပွေ့ဖက်လို့ တစ်စတစ်စ ပျောက်ကွယ်သွားတဲ့ နွေးထွေးမှုလေး..။ ရင်ခွင်ထဲက နွေးထွေးမှုလေးက လှိုက်ခနဲအေးစိမ့်လာကာ မြူမှုန်လေးလို တိမ်စိုင်လေးလို ပျောက်ကွယ်သွားတော့သည်။

ဒီလှိုင်း ဆက်ပြီး အသက်မရှင်နိုင်တော့သလိုမျိုး အာခေါင်ခြစ်ကာအော်ဟစ်လိုက်မိတော့သည်။

“ သမီး”

ပဲ့တင်သံတွေ နားထဲထပ်လာပြီးနောက် ဒီလှိုင်းပစ္စုန့်ပ္ပန်ကိုပြန်ရောက်လာသည်။ တစ်ဝက်လောက်ကျိုးနေပြီဖြစ်တဲ့ ဆေးပိုက်ကိုဖြုတ်ကာ ဆေးရုံအခန်းအပြင်ဘက်ကိုထွက်လျက် ဂါဝန်ပန်းရောင်နှင့် ကလေးမလေးကို လိုက်လံရှာဖွေမိသော်ငြား မတွေ့..။
ဒီလှိုင်း၏ ပုံသည် အရူးမီးဝိုင်းနေသလို အသိစိတ်တချို့ကင်းမဲ့လို့…။

ခြေဦးတည့်ရာ သွားနေသည့် ဒီလှိုင်းသည် အနီးဆုံးဖြစ်သည့် သားရဲ့အခန်းကိုရောက်သွားတော့ ဧရာဇင်နဲ့အရင်တွေ့သည်။

“ ဒီလှိုင်း မင်းသက်သာရဲ့လား”

“ ငါ့သားလေး”

“ သားလေးက အသက်ရှင်ချင်ဇောပြင်းပြလွန်းတာမို့ အခုအခြေအနေပြန်ငြိမ်သွာပြီ”

“ အင်း စောင့်နေပေး”

အပိုအလို ဘာတစ်ခွန်းမှမပြောဘဲ ခြေဗလာနှင့် နောက်တစ်ဆောင်ကိုကူးနေတဲ့ ဒီလှိုင်းခက်ထန်..။

အချစ်တို့မည်သည် ဘယ်ပမာဏနှင့်မဆို အရူးတစ်ယောက်သဖွယ်နာကျင်ရလွန်းပါ၏။

ဒီလှိုင်း နွယ့်အခန်းရှေ့ကိုရောက်လာပြီး မှန်ပြင်မှမြင်နေရသည့် နွယ့်ကို ငေးမောလျက်..။ မျက်တောင်တစ်ချက်မခတ်ဘဲ ကျောက်ရုပ်ကြီးသဖွယ်..။

တစ်ခဏအကြာ လူးလွန့်လာသည့် ပုံရိပ်ငယ်ကြောင့် ဒီလှိုင်းလက်ကြမ်းကြမ်းနှင့် မျက်လုံးကိုပွတ်က ထပ်ကြည့်လိုက်သည်။
ဝမ်းဗိုက်ကိုကိုင်လျက် လူးလွန့်လာသည့် နှလုံးသားငယ်..။

ခလုတ်တွေရှိ၍ ဆရာဝန်တွေသိမည်ဆိုသော်လည်း ဒီလှိုင်းအပြေးအလွှားသွားကာ ဆရာဝန်တွေကို သွားခေါ်သည်။ ပြီးနောက် ဆရာဝန်တွေနဲ့အတူ ပိုးသတ်ဝတ်စုံကိုယ်စီဝတ်လျက် အခန်းထဲကိုဝင်သွားသည်။

ပိုးသတ်ဝတ်စုံကြောင့် မြင်မကောင်းသည့် ဒီလှိုင်းရဲ့အင်္ကျီကမပေါ်..။ ဒီလှိုင်းကို မြင်တာနဲ့ နွယ့်ပါးစပ်က ခပ်လှုတ်လှုတ်ခေါ်လာသည့် နာမ်စားက…

“ မောင်”

ဒီလှိုင်း အားတင်းကာ ပြုံးပြလိုက်ပြီးနောက် အချင်းချင်းအပြုံးတွေဖလှယ်မိသည်။

နွယ် မေ့မျောနေတဲ့ အတောအတွင်း တောင်ထိပ်ပေါ်မှာ နေထွက်ချိန်မှ နေဝင်ချိန်အထိ အရင်ကတွေ့ခဲ့ဖူးတဲ့ ကလေးမလေးနဲ့ ဆော့ကစားပေးနေခဲ့တာဖြစ်သည်။ ကလေးမလေးက ‘ဖေဖေ အိမ်ပြန်တော့ ဒယ်ဒီစောင့်နေတာ ကြာပြီ’ဆိုပြီးပြောတော့မှ နွယ် အိမ်ပြန်မယ့်လမ်းစကို တွေ့လာတာဖြစ်သည်။
တစ်ခဏအကြာ နွယ်က အတော်အောင့်နေသည့်ပုံ ‌ဗိုက်ကိုဖိထားလျက်နှင့် မျက်ရည်တွေဝေ့သီလာသည်။ ဆရာဝန်တွေရော ဒီလှိုင်းပါ ချက်ချင်းပြာယာခတ်သွားသည်။
ဒီလှိုင်း သမီးပြောတာကို သတိရပြီး လွမ်နောင်ကို အပြင်ခေါ်ထုတ်လိုက်သည်။

“ လွမ်နောင် နွယ့် ကိုယ်ထဲမှာ သားကလွဲပြီး ဘာမှမရှိဘူးဆိုတာ သေချာရဲ့လား”

“ ငါခွဲတာမဟုတ်ဘူး ငါဦးနှောက်ခွဲနေရလို့ တခြားတစ်ယောက်ခွဲတာ ငါဘယ်သိမလဲ “

ဒီအချက်ကို ဒီလှိုင်း လောကာ မေ့သွားရသည်။

“Ultrasoundပြန်ရိုက်ကြည့်အုံး ငါစိတ်ထင့်နေတယ်”

“ အင်း”

လွမ်နောင်က အခန်းထဲအပြေးပြန်ဝင်သွားပြီး ultrasoundရိုက်ဖို့ပြင်ဆင်ကာ နွယ့်ကိုခွဲပေးသည့် ဆရာဝန်ကိုလည်း အထဲကိုသေချာစစ်ခဲ့လားမေးသည်။ သားအိမ်ပါတစ်ခါထဲထုတ်ရမည့် လူနာကို စေတနာပိုစွာ သားအိမ်မထုတ်လိုက်ဘူးဖြေ၏။

သားရဲ့အချင်းပတ်နေမှုနှင့် ရေမွန်းနေမှုကြောင့် ဆရာဝန်ကသေချာမသိဘူး ပြော၏။ ထို့ကြောင့် လွမ်နောင်အသေပေါက်ကွဲကာ ဆရာဝန်ကို လိုင်စင်မရှိအောင်လုပ်ပြစ်မယ်လို့ ကြိမ်းဝါးနေသည်။

ဒီလှိုင်း နွယ့်လက်အေးစက်စက်ကို ကိုင်ကာ ultrasoundထပ်ရိုက်ဖို့ကို အားပေးနေသည်။ နွယ့်ဗိုက်ကိုလှန်လိုက်သည့်အချိန် ဆီးစပ်၌တွေ့ရသည့် ပတ်တီးရာတွေကြောင့် ရင်ထဲအောင့်ခနဲ..။

“ တောက်စ်..သေချာပေါက် ဒီမှာကျန်ခဲ့တာကို သားအိမ်ထုတ်ဖို့ရေးထားတဲ့ ဆေးမှတ်တမ်းကိုလဲ သေချာမစစ်ဘူးလား..”

နွယ့်သားအိမ်ထဲမှာ ကလေးတစ်ယောက်ပုံသဏ္ဍာန်ခပ်သေးသေးအရာလေးကို တီဗွီမှာမြင်လိုက်ရသည်။ ဒီလှိုင်းရော နွယ်ပါထိတ်လန့်သွားသည်။

“ နောက်နာရီဝက်နေရင် ခွဲစိတ်ရမယ်။ ဒီတစ်ခါ ထုံဆေးပေးခွဲမှာမို့ ခဏအနေကျ ထုံဆေးဆရာဝန်လာလိမ့်မယ် “

“ မင်းလူတွေက စိတ်ချရမှာလား”

“ ငါကိုယ်တိုင်ခွဲပေးမှာ ထုံဆေးဆရာဝန်က ငါ့လင်..ငါ့လင်ကြောင့် မင်းလင်တစ်ခုခုဖြစ်ရင် ငါ့ကိုသတ်..”

လွမ်နောင် စိတ်တိုကာ အခန်းထဲက အမြန်ထွက်လာလိုက်သည်။ အသုံးမကျတဲ့ဆရာဝန်ကိုရော စောက်ရစ်ရှည်နေတဲ့ နွား‌ကိုရော..။

“ မောင်”

“ စကားမပြောနဲ့ နွယ် နာနေတယ် မလား..။ ဘာမှမဖြစ်ဘူးနော် မောင်ရှိတာမို့..ဒါမဲ့ ဒီတစ်ခါတော့ အကြာကြီးအိပ်မနေရဘူးနော် အဆိုးလေး။ မင်းပြစ်ထားရင် ဒီကောင်ရူးမှာ”

ဆေးသွင်းထားတဲ့ နွယ့်လက်အေးအေးကို အာငွေ့ပေးလျက် ဖြူဖျော့နေတဲ့ နွယ့်မျက်နှာကို မကြည့်ရက်စွာ ‌ခေါင်းငုံ့ထားလိုက်သည်။

“ ချစ်တယ်နော် မောင်..နွယ့်ကလေးရော မောင်”

တိုးတိုးလျလျအသံလေးနှင့် ဒီလှိုင်းပါးပြင်ကိုပြောင်းကိုင်လာသည့် လက်သွယ်သွယ်လေး..။
ကလေးကိုမေးတော့ မောင်ဘယ်လိုဖြေရမလဲ နွယ်..။

သားက မင်းအသုံးမကျမှုကြောင့် အရေးပေါ်ခန်းထဲမှာလို့လား…ဟက် မောင်မှမဖြေရက်ပဲ နွယ်ရယ်..။

“ သားလေးမွေးတယ် နွယ် ဟိုဘက်အခန်းမှာ အိပ်နေတယ် နွယ် “

အမှန်တော့ သားက အသက်လုနေရတာပါ မောင့်နွယ်..။

“ ချစ်တယ် မောင် “

“ ချစ်တယ် နွယ်..”

ခွဲစိတ်ခန်းအရှေ့၌ ဒီလှိုင်းလှဲလျောင်းနေသည့် နွယ့်နှဖူးပြင်ကို အနမ်းဖွဖွခြွေပြီး နွယ့်လက်ကိုခပ်ဖွဖွစုတ်ကိုင်ထားမိပြန်သည်။ တဖြည်းဖြည်းလွတ်ထွက်သွားသည့် နွယ့်လက်နှင့် ပိတ်သွားသည့် ခွဲစိတ်ခန်းတံခါး..။
တင်းထားတဲ့ကြားက မောင်ငိုမိပြန်ပြီ မောင့်နွယ်..။

ဒီလှိုင်း အခုချိန်မှာ ဘာဂါထာတွေမှမရွတ်ဖတ်ချင်။ ဘယ်ဘုရားဆီမှလည်း မဆုတောင်းချင်။ ဘယ်ဆွေမျိုးကိုမှလည်း မတမ်းတချင်..။
ခွဲခန်းအရှေ့ ကြမ်းပြင်၌ထိုင်လျက် ခွဲစိတ်ခန်းလေး မီးစိမ်းဖို့ကိုသာ စိတ်ကဆောင်နေမိသည်။
ဘာကြောင့်များ မောင်တို့...ဘဝတွေခါးသက်ရတာလဲ ‌နွယ်..။


“ လက်မှတ်ထိုးပေးမှရမယ် ဒီလှိုင်း..။ အထဲက မင်းကလေးက အရိုးစုလေး မြန်မာလိုဆို လူခြောက်လေး..။ ဒါပေမဲ့ အသက်မရှိတော့ဘူး။ ပထမကလေးရဲ့ရုန်းကန်မှု‌ကြောင့် သူက သားအိမ်ရဲ့အတွင်းဘက်ကိုရောက်သွားပြီး သူ့အရိုးလေးနဲ့ သားအိမ်ကိုထိုးထားတာ အနာဖြစ်နေပြီ။ ပြီးတော့ ကလေးက ပုတ်ချင်နေပြီ “

သမီးကိုမျှော်တဲ့ ဒီလှိုင်းရဲ့ မျှော့်လင့်ခြင်းတွေ ရိုက်ချိုးခံရသလို..။

လွမ်နောင်လာပေးတဲ့ စာချုပ်ကို သဘောတူကြောင်းလက်မှတ်ထိုး ပြီးနောက်မှာတော့ ဆန်းကျယ်လွန်းတဲ့ ကံတရားနှင့် ယုတ်မှာလွန်းတဲ့ လူတစ်စုကို ရည်စူးလျက် ပျစ်ပျစ်နှစ်နှစ်ဆဲလိုက်မိပါသည်။

“ စောက်သုံးမကျတဲ့လောကကြီး ငါတို့ကျမှ ငါတို့ကျမှ ဒီလိုတွေလာဖြစ်နေရတယ်လို့”

လျှောက်လမ်းနံဘေးက ခုံတန်းရှည်ကို ကန်လျှက် ‌ဒေါသတွေ၊ဝမ်းနည်းခြင်းတွေကို ဖြေဖျောက်မိပါ‌တော့သည်။

Mg'd Nwel Thar Kii (Book version)Where stories live. Discover now