CH:23

865 30 0
                                    

မောင့် နွယ်သာကီ
အပိုင်း(၂၃)

“ အဟင့်..အဟွတ်”

“ နွယ် ရရဲ့လား မောင်သတိထားနေရဲ့ကြားက မောင်တောင်းပန်ပါတယ်”

ဒီလှိုင်း နွယ်သာကီကို ဆန်ပြုတ်ခွံ့နေတာဖြစ်ပြီး ခြောက်ကပ်နေတဲ့လည်ချောင်းကြောင့် နွယ်သီးသွား၍ နွယ့်ကျောကုန်းကို ဖွဖွလေးပွတ်သပ်ပေးကာ လက်ကိုင်ပုဝါပါးနှင့် နွယ့် နှုတ်ခမ်းကို ဖွဖွသုတ်ပေးနေပြီးနောက် နှုတ်မှလည်း တစ်ခုပြီး တစ်ခုရေရွတ်လာလေသည်။

နွယ် သီးသွား၍ နှစ်ခါခွဲစိတ်ထားသည့် ချုပ်ရိုးကြောင်း နှစ်ကြောင်းက မျက်ခနဲနာကျင်ရကာ မျက်ရည်စတို့ ဝေ့သီလာသည်။

ပြိုတော့မယ့် မိုးလိုမျက်နှာနှင့် နွယ့်ထက်ပိုဆိုးနေသည့် မောင့်ကိုတွေ့လိုက်တဲ့အခါ နွယ်ဟာ ပြုံးနိုင်သွားလေသည်။

“ မောင့်အမှားမှ မဟုတ်တာ မောင်ရယ်။ မောင် နွယ့်ကို အရမ်းချစ်တာပဲလားဟင် “

“ ဒီကောင်က ခင်ဗျားကို ခင်ဗျားမထင်ထားတဲ့အထိကို ချစ်ပါတယ် နွယ်သာကီ “

နွယ် မောင့်လက်ဖမိုးကို ဖွဖွလေးနမ်းလိုက်ပြီး မောင့်ကို ပြုံးပြကာ မျက်တောင်ပုတ်ကလက် ပုတ်ကလက်လုပ်ပြလိုက်သည်။

“ ခင်ဗျားက ကလေးလား နွယ်”

“ နွယ်က မောင့်ကလေးလေးလေ မောင်ရဲ့ မောင့်ကလေးလေးက နှုတ်ခမ်းတွေအရမ်းခြောက်နေတယ် မောင်ရဲ့ မောင့်ကလေးလေးကို အစိုဓာတ်လေးပေးပါအုံး “

နှုတ်ခမ်းကို စူထားကာ သနားကမားရုပ်နှင့် နွယ်သာကီက ကိုက်စားချင်စရာ..။ သမီးနဲ့တူတဲ့ ပါးစုံတွေက နေမကောင်း‌တာကြောင့် အနည်းငယ်လျော့သွားပေမယ့် ဆင်ပိန် ကျွဲလောက်တော့ကျန်သေး၏။

“ နွယ် မင်းက မောင့်သမာဓိကို လာစမ်းနေတာပဲ “

ပါးစုံနှစ်ဖက်အပေါ်ကိုင်ကာ နှုတ်ခမ်းသားအိအိတို့ကို ခပ်ဖွဖွငုံခဲကာ အကြင်နာနုနု မိန့်မောနေသည်မှာ မိနစ်ပိုင်းအကြာ..။

ညင်ညင်သာသာနမ်းရှိုက်အပြီး နှုတ်ခမ်းသားနှစ်ခုကို ခွာစေကာ နှာဖူးချင်းဆိုင် နှာခေါင်းချင်းထိလို့ အကြည့်ချင်းဆုံကာ အကြင်နာ‌တို့ပိုတိုးစေသည်။

“ သိပ်ချစ်တယ် မောင်”

“ အင်း မောင်လည်းပဲ သိပ်ချစ်တယ်”

“ ဒီစကားကို ဘယ်အချိန်ထိပြောမလဲ မောင်”

“ သားနဲ့သမီးကို အတူပျိုးထောင်လို့ ဆံတွေဖြူ သွားတွေကျိုးတဲ့အထိပေါ့ နွယ်ရယ်”

“ ဘုရားရှင်က နွယ်သာကီပန်းလေးပွင့်လန်းဖို့ ဒီလှိုင်းတွေကို ခက်ခက်ထန်ထန်ကမ်းခတ်ဖို့ လွှတ်လိုက်လေသလားပဲ မောင်”

“ ဟွန်း..ခင်ဗျားကလေ အချိန်တိုင်းကဗျာဆန်နေတော့တာပါပဲ”

“ ချစ်လို့လေ မောင်ကလဲ”

“ ချစ်ရင် ဒီနေ့တော့ သားဆီမသွားနဲ့အုံး စောနက ဗိုက်နာသွားတယ်မလား”

“ မချစ်တော့ဘူး သားဆီလိုက်ပို့”

“ ဟောဗျာ ခင်ဗျားပဲ အမျိုးမျိုး”

ဒီလှိုင်းရယ်လိုက်ကာ ဆန်ပြုတ်ပန်းကန်ကို ဘေးပို့လိုက်သည်။ ပြီးနောက် ဝှီးချဲကိုထုတ်လိုက်သည်။

“ ခင်ဗျား မတက်ဘူးလား နွယ်သာကီ”

“ နွယ့်ကို ချီပါ မောင်”

ကလေးတစ်ယောက်လို နှုတ်ခမ်းကိုထော်ကာ လက်ကိုဆန့်ပြီး သူ့ကို ချီခိုင်းနေပြန်သည့် နွယ်..။ ဆံပင်တွေက ဒီလှိုင်း ကျစ်ပေးထားတဲ့ ကျစ်ဆံမြီးခပ်ရဲ့ရဲ့နဲ..။

“ ခင်ဗျားက သားနဲ့သမီးထက်တောင် ကလေးဆန်အုံးမယ် နွယ်။ မောင်တော့ ကလေးသုံးယောက်ကို ထိန်းရတော့မှာပဲဗျာ”

“ ဟီး ဟုတ်တယ် နွယ်က မောင့်ကလေး”

နွယ်သာကီဟာ အရင်က မရခဲ့ဖူးတဲ့ နွေးထွေးမှုတွေရလာတဲ့အခါ အရင်ကမလုပ်ဖူးသည့် အပြုအမူတွေကိုပါ ဖန်တီးလာပြန်သည်..။ ငယ်စဉ်ထဲက မိဘရဲ့အထိန်းအကွပ်မရှိသည့် နွယ်သာကီဆိုသည့်အမျိုးသားသည် နူးနူးညံ့ညံ့လေးဖြစ်တည်လာ၏။

အသက်(၃၁)အရွယ်လူတစ်ယောက်ဟာ ဒီအရွယ်ထိမရင့်ကျက်သေးဘူးဆိုပြီး အပြစ်တင်ကောင်းတင်နိုင်လိမ့်မယ်..။ အဲ့လိုအပြစ်တင်တဲ့လူတွေက နွယ့်ဘဝရဲ့ အခက်ခဲဆုံးအပိုင်းတွေကို မတွေ့ခဲ့ဖူးလို့ ဖြစ်ပါလိမ့်မယ်။

ဒီလှိုင်းကတော့ နွယ့်ဘဝရဲ့ အခက်ခဲဆုံးအပိုင်းတွေကို မျက်မြင်ကိုယ်တွေ့မြင်ခဲ့ရ၍ နွယ်သာကီကို သနားချစ်နှင့် ပိုတိုးချစ်ရပြန်သည်။

ဒီလှိုင်း နွယ့်ကို ဒူးကနေပွေ့ချီကာ ဝှီးချဲအပေါ်တင်ပေးလိုက်ပြီးနောက် ဝှီးချဲအရှေ့ ဒူးတစ်ဖက်ထောက်ကာထိုင်ပြီး သားမွှေးကွင်းထိုးဖိနပ်ဖြူဖြူကို နွယ့်ခြေထောက်မှာ ဆင်မြန်းကာ နွယ့်ခြေဖမိုးကို အနမ်းခြွေစေသည်။

“ အာ မောင်ကလဲ “

နွယ် မောင့်လုပ်ရက်ကြောင့် အရှက်သည်းလာကာ ပါးနှစ်ဖက်နှင့် နားဖျားလေးပါမကျန် တစ်ကိုယ်လုံးနီးပါးနီရဲလာသည်။

“ ဟွန်း မောင့်အချစ်က ချစ်စရာလေး”

ဒီလှိုင်းပြန်ထလိုက်ပြီး ဝှီးချဲကို အနောက်ကနေ ခပ်ဖြေးဖြေးတွန်းပေးပြီး လမ်းတစ်လျှောက်လုံး နှစ်ယောက်သား စကားတွေ‌ပြောလျက်ပျော်မြူး သွားကြလေသည်။

ဆေးရုံcorridorတစ်လျှောက် ပျော်မြူးလာသည့် ထိုစုံတွဲကို လူအများလှည့်ကြည့်ကြသလို ထိုစုံတွဲရဲ့ ‌ဆေးမှတ်တမ်းကိုကိုင်ထားရသည့် သူနာပြုတွေနှင့် ဆရာဝန်တွေကပို၍ ပြုံးကာ ကြည့်နေသည်။

တစ်ယောက်နဲ့ တစ်ယောက် အသက်ပေးလို့ချစ်တဲ့သူတွေမို့ မြင်သူတိုင်းကို အားကျစေသည်။

ကလေးအထူးကြပ်မတ်အဆောင် သားရဲ့အခန်းရှေ့ကိုရောက်သော် ထိုဝှီးချဲလေးက တုန့်ခနဲရပ်သွားပါ၏။

နွယ် မီးထိန်ထိန်လင်းနေတဲ့အခန်းထဲက ကုတင်ပေါ်ရှိ အသားပြာနေသေးသည့် ကလေးလေးကို လှမ်းကြည့်နေမိသည်။ ပိစိလေးပေမယ့် ခြေကားယား လက်ကားယားနှင့် အတော်ကို အသည်းယားစရာ..။

“ မောင် နွယ်မတ်တတ်ရပ်မလို့ နွယ့်ကိုကူပါအုံး”

နွယ် ကလေးလေးကို ကြည့်ရတာအားမရ၍ မောင့်ကိုထူခိုင်းလိုက်ပြီး မှန်အနားကို ပိုကပ်ကာ အထဲက‌ကလေးလေးကို ကြည့်လိုက်သည်။ ကလေးလေးကိုမြင်နေရသည့် မှန်ပြင်အပေါ်လက်ကိုတင်ကာ တစ်ခုသောရေရွတ်လိုက်မိသည်က..

“ သားငယ်”

နွယ့်အသံကတိုးတိုးလျလျလေးပေမယ့် ဒီလှိုင်းကြားလိုက်ရပါသည်။ ဒီလှိုင်းတို့နှစ်ယောက်စလုံး သမီးဦးကို မမေ့ခဲ့ချေ။
သားငယ်က ‌အောက်ဆီဂျင်ပိုက်လေးကို ခေါင်းဟိုဘက်ရမ်း ဒီဘက်ရမ်းနှင့် မကြိုက်နှစ်သက်ပုံ..။ သားငယ်ရဲ့ လက်သေးသေးလေးမှာ ကပ်ထားသည့်ပလာစတာလေးတွေ..။

ဖေဖေ တောင်းပန်ပါတယ် သားငယ်..။ ဖေဖေ့ကြောင့် ဖေဖေ့သားလေး ဒီလိုခံစားနေရတာ..။ ဖေဖေ့ပျော့ညံ့မှုတွေပါ သားငယ်..။
နွယ့်ကျောပြင်တွေတသိမ့်သိမ့်တုန်ရင်ကာ မျက်ရည်မိုးဖျိုင်ဖျိုင်ကျလာသည်။

ဒီလှိုင်း‌ငိုနေတဲ့ နွယ့်ကို ရင်ခွင်ထဲ ခေါင်းအပ်စေကာ ကေသာနုနုကို ပွတ်သပ်လို့ ထပ်တူနာကျင်နေမိသည်။

“ ကိုယ့်ကိုကိုယ်အပြစ်တင်မနေပါနဲ့နွယ် မောင်တို့သားက မင်းထင်ထားတာထက် ကြံ့ခိုင်တယ် နွယ်..။ သားငယ်ရော သမီးရော မောင်ရောက မင်းကိုယ်မင်းအပြစ်တင်နေရင် ပိုနာကျင်ရတယ် နွယ်..။ မောင်တို့က မိသားစုတွေလေ နွယ်ရဲ့”

“ နွယ် သားငယ်ကို ဒီလိုမြင်ရတာ နာကျင်လိုက်တာ မောင်ရယ်”

“ မောင်တစ်ခုပြောစရာရှိတယ် နွယ်”

နွယ့် မျက်နှာနုနုက မျက်ရည်တွေကို ပွတ်သပ်ဖယ်ရှားစေပြီး နှာဖူးချင်းကပ်ကာ ဒီလှိုင်းထိုသို့ ဆိုစကားပြုလိုက်သည်။
မင်းမနာကျင်စေဖို့သာ မောင်ရည်ရွယ်ပါတယ် မောင့်နွယ်သာကီ..။

“ မောင့်ကလေးတွေရော မောင့်ကြင်သူရောက သိပ်ကိုကြံ့ခိုင်တာဗျ မောင့်ကိုဘယ်တော့မှ ပြစ်သွားမယ့် သူတွေမဟုတ်ဘူးဗျ..ဟုတ်တယ် မလားဗျ..ဟုတ်တယ်လို့ ဖြေပါအုံး မောင့်နွယ်သာကီဗျ “

ယဉ်ယဉ်ကျေးကျေးနှင့် တဗျထဲဗျကာ စနောက်နေသည့် မောင်က နွယ့်ရင်ထဲက မီးတောက်တွေကိုငြိမ်းစေတဲ့ သီတာရေစင်ပမာ အေးအေးချမ်းချမ်းရယ်ပါ..။

“ အို မောင်ရယ် အဲ့လောက်ထိ ချစ်ဖို့ကောင်းအောင် နေရလား “

“ နွယ်ချစ်ဖို့သာ လိုတာပါ “

သားရဲ့အခန်းထဲမှာ သူနာပြုဆရာမလေးနှစ်ယောက်ရှိပေမဲ့ ဒီလှိုင်းတို့ကို မသိသလိုသာနေ၏။ ဟုတ်ပါရဲ့ ဒီနိုင်ငံမှာ အရာရာစူးစမ်းချင်နေသည့် လူတွေမှမပေါတာ..။

“ ဖေဖေ၊ဖွားနဲ့ ဝေလွန်း ဘာဖြစ်သွားသလဲ မောင် "

“ အဖက်ဖက်မှာ နည်းနည်းတော့ ခက်ခဲနေကြမယ် ထင်တယ်“

“ မောင်က မီးစာထည့်ပေးလိုက်တာမလား မောင်..။ မောင် တော်ပါတယ် သူ့တို့ကို နွယ်အရမ်းမုန်းတာ..။ သူတို့ကြောင့် နွယ့်မေမေအပေါ် နွယ်အရမ်းမုန်းခဲ့တယ်။ သူတို့က နွယ့်မေမေ၊နွယ့်သမီး၊နွယ့်သားနဲ့ နွယ့်ချစ်ရသူကို ဒုက္ခလိုက်ပေးလွန်းတယ် မောင်..”

“ သူတို့လိုချင်တာ နွယ့်နာမည်နဲ့ မေမေလွှဲခဲ့တဲ့ ပိုင်ဆိုင်မှုတွေ မောင်ရဲ့..။ ပြီးတော့ ဖေဖေက နွယ့်အဖေအရင်းမဟုတ်ခဲ့ဘူး။ အဲ့တာကြောင့် နွယ့်အပေါ်အရမ်းရက်စက်တဲ့ ဝေလွန်းနဲ့ပေးစားချင်ခဲ့တာ မောင်ရဲ့..။ နွယ်နိုင်ငံခြားရောက်သွားမှ မေမေ့ရှေ့နေက ဆက်သွယ်လာတာမို့ အဲ့တော့မှ နွယ့်အမွေတွေကြောင့် ဖေဖေက ဝေလွန်းနဲ့အရမ်းပေးစားချင်ခဲ့တာကိုသိရပြီး နွယ့်အဖေအရင်းဆိုတဲ့လူနဲ့ တွေ့ခဲ့ရတယ် မောင်..။ နွယ် အဲ့တုန်းက မယုံခဲ့ဘူး သွေးစစ်ကြည့်ပြီး နွယ်မြန်မာပြန်လာခဲ့တယ်။ သွေးစစ်ချက်က နွယ့် mailထဲမှာရှိတယ် မောင် နွယ်မကြည့်ရသေးဘူး “

“ တော်ပြီ နွယ် အကုန်လုံးက အတိတ်တွေပါပဲ နွယ့်အတိတ်ရဲ့ မောင်မပါခဲ့တဲ့ အစိတ်အပိုင်းတွေ မောင်တို့နာကျင်ရမယ့် အစိတ်အပိုင်းတွေကို မေ့ပြစ်လိုက်တော့။ အခုကစ မောင်တို့သားအဖတွေကိုပဲ အာရုံစိုက်ပါတော့ မောင့် နွယ် “

သားကို အတူတူငေးမောရင်းနှင့် နှစ်ယောက်သား အတိတ်ကအကြောင်းတွေဖွင့်ဟမိခဲ့ကြသည်။ ဖွင့်ဟမှုတွေထဲမှာ နာကျင်နေသည့် အရိပ်အယောင်တွေ ကင်းစင်နေပါ၏။

မုန်တိုင်းအပြီး လေနုအေးတွေတိုက်ခတ်လာသလိုပေါ့..။ မုန်တိုင်းရဲ့သဏ္ဍာန်က အလုံးစုံကွယ်ပျောက်လို့..။ ပင်လယ်ပြင်ဟာ ငြိမ်သက်နေပါသည်။

“ မောင် သားကို ဘယ်တော့မှ နွယ်တို့ ချီလို့ရမလဲ မောင် “

“ အခုချီရင်တောင် ရပြီ နွယ်။ မနေ့က နွယ်သွားတဲ့အချိန်တွေ သားကအိပ်ပျော်နေလို့ မောင်မပြောလိုက်မိတာ”

“ မောင် လူဆိုးကွာ သူကျတော့ သားကိုသွားသွားချီနေပြီ နွယ်ကျတော့မချီရဘူး သွား လူဆိုးကောင် မခေါ်တော့ဘူး”

ဆန်ပြုတ်ပြင်နေသည့် မောင့်ကို နွယ်လှမ်းရန်တွေ့နေသည်။ မောင်ကတော့ ခပ်ပြုံးပြုံးနှင့် ဆန်ပြုတ်‌ကို အေးအောင်လုပ်နေလေသည်။

“ ဟွန်း ချစ်စရာလေးကွာ”

“ သွားကွာ နွယ့်ကို လာ‌မခေါ်နဲ့”

ဒီလှိုင်း နွယ့်ကုတင်ပေါ် ခုံတင်ပေးကာ ဆန်ပြုတ်ပန်းကန်ကိုချပြီး နွယ့်ဆံပင်ကို သပ်လိုက်တော့ ဒီလှိုင်းလက်ကို နွယ်က ပုတ်ချပါသည်။

“ ဒါလေးစားလိုက်နော် “

ဒီလှိုင်း နွယ့်နှုတ်ခမ်းရှေ့ အအေးခံပြီးသား ကြွေဇွန်းလေး အသင့်ထားပေးလိုက်သည်။

“ ဟင့်အင်း..”

“ လိမ္မာရင် ပြီးရင်သားဆီခေါ်သွားမယ် စားလိုက်နော် မောင့်နွယ်သာကီ”

“ မောင်မခေါ်သွားလဲ နွယ့်ဘာသာသွားမှာပါနော်”

ထိုသို့ဖြင့် ရန်ထောင်နေရင်းမှ ဆန်ပြုတ်ပန်းကန် တစ်ဝက်ကျိုးသွားလေသည်။ တစ်ဝက်အကျိုးမှာတော့ နှစ်ယောက်သား ပြေလည်သွားကြကာ တဟီးဟီး တဟားဟားနှင့်..။

“ မောင်လည်း စား “

“ နွယ်ပဲ စားပါကွာ မောင်ကစားပြီးပြီ”

“ လိမ်တယ် တစ်ဇွန်းပဲလေကွာ စားလိုက်ပါ “

နွယ်က မောင့်လက်ကိုကိုင်ကာ မောင့်ပါးစပ်ရှေ့ဆန်ပြုတ်ဇွန်းကို ပြန်လှည့်လိုက်ပြီး အတင်းကျွေးလိုက်သည်။

မောင်ထမင်းမစားရသေးတာ နွယ်သိသည်။ ဒီဆန်ပြုတ်တစ်ပန်းကန်လုံး နွယ်သောက်ရမှာလည်း နွယ်သိသည်။ ထို့ကြောင့် နှစ်ဦးနှစ်ဖက်အဆင်ပြေနိုင်မယ့်နည်းကိုပဲ နွယ်ရွေးမည်။

ဒီလှိုင်း အရှေ့က နွယ် ဆန်ပြုတ်မသောက်ချင်လို့ဉာဏ်ဆင်နေတာသိသော်လည်း ချစ်သူ့အလိုကျ လိုက်သောက်ပေးလိုက်သည်။
ထို့သို့ သူတို့နှစ်ဦးသာယာနေစဉ် အပြင်မှ တံခါးခေါက်သံ ကြားလိုက်ရသည်။

“ ကိုဒီလှိုင်း “

“ ဝင်ခဲ့"

Bက ဝင်လာပြီး ဒီလှိုင်းကိုတစ်လှည့် နွယ်သာကီ့ကိုတစ်လှည့်ကြည့်ကာဖြင့် တွေဝေနေသည်။

“ ပြောစရာရှိတာ ပြောလို့ရတယ်”

ဒီလှိုင်းရဲ့ အေးစက်စက်အသံ ထွက်ပေါ်လာသောကြောင့် Bမြန်မြန်ပြောလိုက်ရသည်။

“ အရှေ့မှာ အကိုလေးရဲ့ အဖေဦးနေမာန်ဆိုပြီးပြောတဲ့ လူတစ်ယောက်ရောက်နေပါတယ် “
နွယ် စက်ခနဲတုန်ရင်သွားကာ မျက်စိကိုမှိတ်ပြီး အသက်နှစ်ချက်လောက်ရှူသွင်း ရှူထုတ်လုပ်ပြီး စိတ်တည်ငြိမ်အောင်ပြန်လုပ်ရသည်။

နွယ်ဆိုတာ ဘယ်လောက်ပဲ သတ္တိရှိလာ ရှိလာ အလွယ်တကူရစ်ပတ်နှောင်တတ်တဲ့ နွယ်ပင်ပျော့ပါပဲ…။

မေမေတို့အတိတ်တွေက နွယ့်ကို ‌ခံစားချက်မဲ့စေတယ် မေမေ…။
_____________________

Mg'd Nwel Thar Kii (Book version)Where stories live. Discover now