CH:29

781 27 0
                                    

မောင့် နွယ်သာကီ

အပိုင်း(၂၉)

ကိုယ်ဝန်က ငါးလထဲရောက်လာသည်နှင့် ဒီလှိုင်း တီရှပ်ပွပွတွေပဲဝတ်တော့၏။ လူပျိုဗိုက်မို့ သိသိသာသာမပူနေပေမယ့် သာမာန်ထက်တော့ပူနေပါ၏။

အရင်ကရှိခဲ့သည့် ‌ပေါင်မုန့်ခြောက်ခုအစား စူစူလုံးလုံး‌‌ဗိုက်ကလေးက အစားထိုးဝင်လာခဲ့ပြီး ဘေးတစ်စောင်းရှိ ကျားပျိုနှင့် နွယ်သာကီပန်းလေးဟာလည်း နည်းနည်းကြီးလာသယောင်ရှိ၏။

ကိုယ်ဝန်သည်တွေဖြစ်လေ့ဖြစ်ထရှိတဲ့ ဗိုက်ကြီးနာဆွဲခြင်းမျိုး ဒီလှိုင်းမဖြစ်။ သားနှင့် တန်းတူ အကုန်စားနိုင်၏။ နွယ်ချက်တာမဟုတ်ပေမယ့် နွယ်က ဂရုတစိုက်တော့ ကျွေး၏။

ဒီလှိုင်းကိုယ်ဝန်စရှိထဲက ကိုလွမ်း၊ကိုဘုန်းနဲ့ ဧရာက ဒီလှိုင်းတို့အိမ်ကို တစ်ပတ်တစ်ခါ သို့မဟုတ် သုံးရက်တစ်ခါလာလာအိပ်၏။

ဒီလှိုင်းအနေနှင့် ကိုယ်ဝန်စရှိထဲက အလွဲလွဲအချော်ချော်မထိခိုက်ချင်လို့ ကိုယ်ဝန်မဆောင်ခင် တစ်နှစ်ထဲက ရစ်ကြိုးနွယ်ကို တစ်နှစ်စာငြိမ်းချမ်းအောင် လုပ်ခဲ့တာ..။ ကိုယ်ဝန်ဆောင်လျှက် ဒီလှိုင်းဒီအလုပ်တွေကို လုပ်နိုင်ပေမယ့် ဗိုက်ထဲက‌ ကလေးကို ထပ်အထိအခိုက်မခံနိုင်ပါ။

နွယ်ကလည်း လုပ်စေချင်ပုံမရ၍ ဘာမှမလုပ်ဘဲ အိပ်လိုက်စားလိုက်လုပ်နေသည်မှာ ဗိုက်ထဲက ကလေးနှင့် ဆတူကိုယ်အလေးချိန်တက်လာ၏။

သားသားက လမ်းလျှောက်တတ်နေပြီဖြစ်ရာ ညနေခင်းတိုင်း ခြံထဲကိုဆင်းပြီး သုံးယောက်သား လမ်းလျှောက်ဖြစ်သည်။

“ ဖီဖီနဲ့ ဒယ်ဒယ်..ဖီဖီ ဒယ်ဒယ်ရော “

သားသားက ဒီလှိုင်းကို အပျောက်မခံ..။ ဒီလှိုင်းပျောက်တာနဲ့ အသံပြဲကြီးနဲ့ အိမ်အနှံ့လိုက်ရှာတတ်သည်။

“ ဒယ်ဒီ ဒီမှာပါကွာ သားသားရာ သားသားအသံကြောင့် ကလေးလေးလန့်ပြီးငိုရင် ဘယ်လိုလုပ်မလဲ “

“ ဟီးဟီး သားက ဒယ်ဒယ်ကို မတွေ့တော့ ချိတ်ပူသွားတာ “

ထပ်ခိုးမှာ အမိုးကို ကျည်မတိုး မှန်အပြည့်ကာထားသည့် အခန်းရှိ၏။ ထိုအခန်းမှာ ဒီည သုံးယောက်သား ကြယ်ကြွေတာကြည့်ရင်း အိပ်ကြမည်ဖြစ်ရာ ဒီလှိုင်းက အခန်းထဲကို အရင်ရောက်နေပြီး နွယ်က အားဆေးနှင့်နွားနို့သွားယူ၏။

ဒီလှိုင်းမွေ့ရာပေါ်မှာထိုင်ကာ စာအုပ်တစ်အုပ်ကို အေးဆေးဖတ်နေချိန် သားသားက ကုတင်ပေါ်တက်လာပြီး လျှောလျှောထိုင်နေသည့် ဒီလှိုင်းဗိုက်ကိုလှန်ကာ..

“ ကျားကျားယေးယဲ မွမွ ကယေးယေးယဲ မွမွ ပန်းပန်းယေးယဲ မွမွ “

ဗိုက်အနမ်း နှုတ်ခမ်းကိုစူထော်ကာ ကုန်းကုန်းနမ်းနေပါတော့သည်။

ဒီအမူအကျင့်က နွယ် ဒီလှိုင်းကို သံလွင်ဆီလူးပေးပြီးရင် ဗိုက်ကိုနမ်းရာမှစလေသည်။

“ ဒယ်ဒီ့ကိုရော မပေးချင်ဘူးလား “

“ ပေးချင်ယယ်ယေ ဒယ်ဒယ်ရော မွမွ “

“ အဟား..ဒယ်ဒီ့သားလေးက ချစ်ဖို့ကောင်းလိုက်တာကွာ ရွှတ် ရွှတ် “

ဒီလှိုင်းသားရဲ့ပါးစုံကြီးတွေကို စိတ်ကြိုက်နမ်းပြီး ရဲတက်လာမှ လွှတ်ပေးလိုက်၏။ သားက အသားသာညိုတာ တစ်ခုခုဆို ချက်ချင်းရဲလာတာ..။

“ အံမယ် ရော့ သားအဖနှစ်ယောက်စလုံး သောက်လိုက်အုံး “

နွယ် နွားနို့နဲ့ အားဆေးကို နှစ်ယောက်လုံးဆီကမ်းပေးလိုက်သည်။ နွယ်ကတော့ နွားနို့အရမ်းမကြိုက်သူမို့ အမြဲမသောက်ဖြစ်..။

သားအဖနှစ်ယောက်လုံး တဂွတ်ဂွတ်နဲ့သောက်တာများ ကျားလိုက်နေသကဲ့သို့ပင်..။

“ ဟားဟား ဒယ်ဒယ်ခမ်းမွှေးယွေပေါက် “

“ သားသားမှာရောပဲလေ ဟားဟား “

နှစ်ယောက်သား နှုတ်ခမ်းမှာ နို့တွေကပ်နေတာကို အချင်းချင်းကြည့်ပြီး အူတက်အောင်ရယ်နေကြပုံများ ပေါ့ပါးလို့..။

“ ကဲနှုတ်ခမ်းသုတ်ကြ အိပ်ကြမယ် “

နွယ် wet tissueကမ်းပေးတော့ မောင်က နွယ့်လက်ကနေဆွဲချကာနှုတ်ခမ်းကို ထော်ထားသေး၏။ မောင် ဘာကိုဆိုလိုနေမှန်းသိ၍ နွယ်သားကို တစ်ချက်မျက်စောင်းဝံ့ပြလိုက်လေသည်။

“ သားသား မျက်စိလေး ခဏမှိတ် ဒယ်ဒီက ဖေဖေ့ဆီက အာဘွားယူမလို့ “

“ ဟုတ်ပါပီဂျာ မှိတ်ယိုက်ပါပီ “

သားက လက်ဖောင်းဖောင်းတွေနဲ့ သူ့မျက်စိကိုမှိတ်လိုက်တာ သေချာတော့မှ နွယ်မောင့်နှုတ်ခမ်းကို နမ်းပေးကာ နို့တွေပျောက်စေ၏။ မောင်ကလေ ဒီနောက်ပိုင်း ကိုယ်‌ဝန်ကြောင့်လားမသိ သိပ်ကို ကလေးဆန်လာ၏။

နမ်းပြီးမှ နွယ်သားကိုကြည့်လိုက်တော့ သားက လက်တွေကိုခြားပြီးချောင်းကြည့်နေ၏။

“ ဪ တော်တော်လုံနေအုံးမယ် ကိုကိုအက္ခရာ “

“ ဟီးဟီး သားကိုယဲ နမ်းပါ ဖီဖီ “

ဒီလှိုင်းနည်းတူ နှုတ်ခမ်းကိုထော်ကာ နွယ့်ရှေ့လာပေးတော့ နွယ်က ဖျက်ခနဲနမ်းလိုက်ပြီး နို့တွေကိုသုတ်ပေးလိုက်ရ၏။ ပြီးမှ သားကသဘောကျသွားသလို တခိခိနှင့်..။

“ အတတ်ကလေး ဖအေကို ခြေရာလိုက်တိုင်းချင်နေတယ် “

ဒီလှိုင်းရယ်ကာ နေရာမှာဝင်အိပ်လိုက်တော့ သားကအလည်ကို အော်တိုဝင်လာပြီး နွယ်က ဟိုဘက်ဘေးကို အော်တိုရောက်သွား၏။

သားအဖသုံးယောက်စလုံး မအိပ်သေးဘဲ ကောင်းကင်က တလက်လက်တောက်ပနေသည့် ကြယ်တွေကို အတော်အတန်ကြာ ကြည့်နေမိကြသည်။

“ ဖီဖီ သားနဲ့ ကယေးယေးက အညိုးမတော်ဝူးရား “

“ ဟင် “

ဒီလှိုင်းကြိုမတွက်ထားသည့် မေးခွန်းမို့ အလန့်တကြားအံ့ဩသွားကာ နွယ့်ဘက်ကိုကြည့်လိုက်တော့ အေးဆေးပါဆိုသည့်သ‌ဘောဖြင့် မျက်စိမှိတ်ပြလေသည်။

“ သားသားက ဘာလို့မေးတာတုန်း “

နွယ် တစောင်းလှည့်ကာ သားရဲ့ဆံပင်တွေကို ပွတ်သပ်ပေးလျက် မေးလေသည်။

“ သားကကျ ဖီဖီရဲ့ ဗိုက်ဗိုက်ကြီးကနေ ထွက်ရာတာ ကယေးယေးကျ ဒယ်ဒယ့်ဗိုက်ဗိုက်ကြီးကနေ ထွက်ရာမှာယေ”

“  ဒါကဒီလို သားသားရဲ့..နှစ်ယောက်တောင် ဗိုက်ထဲထည့်ထားရင် ဖေဖေက နာမှာပေါ့ အဲ့တာကြောင့် ဒယ်ဒီ့ထဲကိုတစ်ယောက် ဖေဖေ့ထဲကိုတစ်ယောက်ထည့်ထားတာလေ သားသားရဲ့..ဖေဖေနဲ့ ဒယ်ဒီက သားသားရဲ့ အဖေတွေဖြစ်သလို ကလေးလေးရဲ့ အဖေတွေလည်းဖြစ်တယ် အဲ့တာမို့ နှစ်ယောက်က မောင်နှမအရင်း၊ညီအစ်ကိုအရင်းတွေပါဗျာ “

“ နားယယ်တော့ဝူး အညိုးတော်တော်မတော်တော် ချစ်မှာပဲ..ဒယ်ဒယ်က ညီမယေးမွေးရင် တိုတိုကြီးက ကာကွယ်ပေးမယ် ညီယေးမွေးရင် ရန်တူတူယိုက်ဖြစ်ပေးမယ် “

“ အ‌မလေး ဘုရား ဘုရား “

သုံးယောက်လုံးရယ်မောလျက် ကောင်းကင်ကို ပြန်ကြည့်ကာ ကြယ်တွေကို ရေတွက်နေကြပါ၏။ တချက်ချက်မြည်နေတဲ့ နာရီသံသာ ကြားရသည်အထိ အခန်းငယ်မှာတိတ်ဆိတ်နေခဲ့ပါ၏။

“ မောင် ဒီရက်ပိုင်းအိပ်မပျော်ဘူးမလား “

“ အင်း နွယ်..အိပ်ဆေးတွေရဲ့ဆိုးကျိုးထင်တယ်..”

မျက်တောင်တွေစင်းကျနေသည့်သားကို ခြားကာ သူတို့နှစ်ဦးစကားပြောနေကြသည်။

“ မောင့်ကို မပြောပြရသေးတဲ့ နွယ်လုပ်တတ်တာတစ်ခု ဒီညလုပ်ပြမယ် ခဏစောင့် နွယ် ပြန်လာမှ သားသားကို နေရာရွှေ့ပေးမယ် “

သားသားက အအိပ်ကြမ်းသူမို့ အိပ်ပျော်သွားရင် နွယ့်ဘေးမှာပြောင်းထားကာ ကုတင်ဘေးကို အကာကာပေးထား၏။

နွယ် အခန်းထဲကထွက်ကာ ဧရာဇင်အခန်းထဲကိုဝင်သွား၏။ နွားနို့ဖျော်ပြီးကထဲက ဧရာဇင်ဆီက လှမ်းငှားထားတဲ့ဂီတာကို နွယ်ယူလာလိုက်သည်။

“ ဂီတာကြီးပါလား မောင့်နွယ်..တီးတတ်လို့လား မောင်တော့ မတီးတတ်ဘူးနော် “

“ သိပါတယ် မောင်ရဲ့    နွယ် အနည်းအကျဥ်းတော့ တီးတတ်ပါတယ်..”

King sizeမွေ့ရာမို့ သားသားက ဟိုဘက်အစွန်းထိရောက်နေတာမို့ ကျယ်သော်လည်း နွယ် နှစ်ယောက်အိပ်လေထိုးမွေ့ရာကို လေထိုးကာ ကုတင်မပါဘဲ အောက်မှာချထားသည့် မွေ့ရာနှင့် တစ်တန်းထဲဆက်လိုက်သည်။

ပြီးနောက် နွယ်က လေထိုးမွေ့ရာရဲ့ ထောင့်စွန်းတစ်ဖက်မှာထိုင်ကာ ခြေထောက်ကိုဆင်းပြီး မောင့်ကို ပေါင်ပေါ်ခေါင်းအုန်းခိုင်းလိုက်သည်။

“ မောင့်ကိုသိပ်ချစ်လို့သာ ဆိုပြမှာနော် နွယ့်အသံက မကောင်းဘူး “

“ မောင့်အချစ်ရဲ့အသံက ကောင်းပြီးသားပါကွာ “

နွယ့်ဂီတာသံဟာ တိတ်ဆိတ်တဲ့ညအခါမှာ ငြိမ့်ငြိမ့်ညောင်းညောင်း ထွက်ပေါ်လာလေသည်။ နွယ်ဘာသီချင်းဆိုမည်လဲ သီချင်းတစ်ပုဒ်တောင်ဆုံးအောင်မရသည့် ဒီလှိုင်းမသိချေ။ ဒီလှိုင်းသိသည်က ဖော့ဖယောင်းလို သွယ်တန်းနုအိနေတဲ့ နွယ့်လက်ချောင်းလေးတွေက တီးခတ်သည့်သံစဉ်ဟာ သိပ်ချိုသာနေတာပါပဲ..။

“ မင်းမရှိတဲ့ညတွေ ကိုယ်တစ်ယောက်ထဲ မောင်ရယ်..

လွမ်းရက်များလည်းကွယ် ကြာရှည်လွန်းခဲ့ပါတယ်..

မျှော်ကာမှိုင်ငေးစဉ်အမြန်ပြေးတွေ့လိုက်ချင် တိမ်လွှာပြင်တွေကျော်လွှားမယ်..

အချိန်တန်ရင် အလွမ်းစိတ်ပို..

အတောင်ပံပါရင် မင်းဆီကို..ဝိုး ဝေးနေချိန်ရက် ခရီးလေးကို..

လှမ်းလက်ရယ်အင်အားရှိစွာ ထွေးပိုက်ပါတော့ ရင်ခုန်သံတွေအိပ်စက်စို့..

တို့နှစ်ယောက်ရဲ့အချစ်တွေ ထာဝစဥ်စွဲမြဲစေမယ်..

အားကိုးစမ်းအချစ်ရယ် ကြင်နာစွမ်းအားတွေနဲ့..

နံရံတွေခြားလည်း အမြန်ပြေးတွေ့လိုက်ချင် ပင်လယ်ပြင်တွေ ဖြတ်သန်းမယ်..

အတောင်ပံပါရင် မင်းအနားကို..

အတောင်ပံပါရင် မင်းဆီကို..ဝိုး ဝေးနေချိန်ရက် ခရီးလေးကို..

လှမ်းလက်ရယ်အင်အားရှိစွာ ထွေးပိုက်ပါတော့ ရင်ခုန်သံတွေအိပ်စက်စို့..”

အဆိုတော်ရင်ဂို၏ သီချင်းတစ်ပုဒ်ဖြစ်သည့် အတောင်ပံပါရင်မင်းဆီကိုသည် နွယ့်အသံအေးအေးနှင့် ပနံရလွန်းသည်မို့ ဒီလှိုင်းအိပ်ပျော်သွား၍ နွယ်တန်းလန်းနှင့်ရပ်ကာ ဂီတာကို အောက်ဖက်ပို့ပြီး ပေါင်ပေါ်က မောင့်ခေါင်းကို မ ကာ ခေါင်းအုံးထည့်ပေးလိုက်ပြီး နွယ် ထ၍ ဂီတာသိမ်းရသလို သားကို ပွေ့ကာ နွယ့်အနားကိုခေါ်သိပ်ရသည်။

အားလုံးပြီးချိန်၌ မောင်နဲ့သားစောင့်နေခဲ့သည့် ကြယ်ဟာကြွေလာပါတော့သည်။

“ မောင် အန္တရာယ်မရှိဘဲ မွေးဖွားနိုင်ပါစေ”

ကြွေကျသွားသည့် ကြယ်သည် နွယ့်ဆုတောင်းကိုသေချာပေါက်‌‌ ဖြည့်ပေးမည်ဟု‌နွယ်ယုံကြည်ပါသည်။



3လပိုင်း 29ရက်နေ့..

နွယ်တို့အိမ်မှာ ဧရာဇင်တို့အတွဲအပြင် ကိုဘုန်းပါရောက်နေ၏။ လူကြီးလေးယောက်အလုပ်ရှုပ်နေကြသလို (၂)နှစ်နဲ့ (၁)လသားလေးဟာလည်း ဘာတွေရှုပ်နေမှန်းမသိ သူ့ဟာနှင့်သူပြာရာခက်နေ၏။

“ နွယ် ဆေးရုံနဲ့ အိမ်ကသိပ်မဝေးတော့ လိုတာတွေ ပြန်ယူလို့ရပါတယ်ကွာ “

“ အင်းပါ မောင်ရဲ့ “

ကလေးမွေးကင်းစ အင်္ကျီတွေကအစ မောင့်အတွက် ပုဆိုးတွေ၊အင်္ကျီတွေ၊ဘောင်းဘီတွေကအဆုံး လိုအပ်တာတွေထည့်သလို ဆေးရုံမဆင်းမချင်းလိုက်နေမည့် သားသားရဲ့ အဝတ်တွေပါနွယ်ထည့်ရ၏။

ကလေးဝေယာဝိစ္စတော့ နွယ်နိုင်နင်းနေပါ၏။

“ ပြီးပြီ သွားကြမယ် မောင်ဖြေးဖြေးလျှောက်နော် “

သားကို ကိုဘုန်းက ချီသွားသလို ဧရာဇင်တို့အတွဲက ပစ္စည်းတွေယူပြီးသွား၏။ နွယ်က မောင့်ကိုတွဲပြီး ဆေးရုံသို့ ကလေးမီးဖွားရန်ချီတက်ကြ၏။



3လပိုင်း 31ရက်နေ့ နံနက်ခင်း၌..

“ မောင်..”

နွယ် မောင့်ကို ခွဲစိတ်ခန်းထဲ မထည့်ပေးနိုင်စွာ ကြည့်နေမိသည်။ ခွဲစိတ်ခန်းဆိုတာကြီးကို သားကိုမွေးပြီးထဲက နွယ်ကြောက်၏။

နွယ့်ကိုယ်လုံးတစက်စက်တုန်ရင်နေပုံက သိသိသာသာ..။ ထိတ်လန့်နေသည့် မျက်လုံးတွေကလည်း သိသာလွန်းသည်။

ဒီလှိုင်း နွယ့်လက်အပေါ် လက်ဖဝါးကြီးကြီးကိုအုပ်ကိုင်ကာ အေးအေးချမ်းချမ်းပြုံးပြလျက်..။

“ စိတ်မပူပါနဲ့ မောင့်နွယ် သမီးကိုခေါ်ပြီး မောင်ပြန်လာခဲ့မယ်နော် ချစ်တယ် မောင့်နွယ် “

နွယ့်နဖူးထပ် အနမ်းချွေကာ ဒီလှိုင်း‌ခွဲခန်းထဲသို့လိုက်သွား၏။ နွယ့်မှာတော့ အပြင်မှာ နေမထိထိုင်မသာကိုဖြစ်နေတာပဲ။ ဟိုလျှောက်လိုက် ဒီလျှောက်လိုက်နဲ့ ပုံပျက်ပန်းပျက်ဖြစ်နေသည်။

သားသားကလည်း နွယ့်ကိုကြည့်ကာ တအိအိငိုနေလို့ ဧရာမနည်းချော့နေရ၏။

တခဏအကြာနောက်ကျဆုံးဖြစ်သည့် လွမ်နောင်ရောက်လာပြီး ဆောက်တည်ရာမရနေသည့် နွယ့်ပုံကိုမြင်သွားသည်။ ကြာရင် ဒီတစ်ယောက်ပါ ဒုက္ခရောက်တော့မည်ဖြစ်၍ လွမ်နောင်အကောင်းဆုံးအကြံကို အမြန်စဉ်းစားရသည်။

“ ကိုနှောင်း ခင်ဗျားခွဲခန်းထဲလိုက်ချင်တယ်ဆို သတိကပ်လိုက်တော့..”

ထိုတစ်ချက်ပဲပြောပြီး သူနာပြုမလေးကို ပိုးသတ်ဝတ်စုံတစ်စုံပေးခိုင်းကာ လွမ်နောင် ခွဲခန်းထဲဝင်သွား၏။

နွယ့်မှာသတိအမြန်ကပ်ကာ သားကို ဧရာတို့နဲ့ထားခဲ့ပြီး ခွဲခန်းထဲအမြန်လိုက်ရသည်။

နွယ်ခွဲခန်းထဲရောက်တော့ ဆရာကြီး၊လွမ်‌နောင်နှင့်သူနာပြုအစ်မတချို့က သူတို့လုပ်စရာရှိတာကိုလုပ်နေသည်။ နွယ်လည်း အောက်ဘက်ကိုမကြည့်ဘဲ မေ့မျောနေသည့်မောင့်ကိုသာ ဦးတည်၍ ကြည့်နေ၏။

သားအိမ်ပါတစ်ခါထဲ ထုတ်ပြစ်မည်မို့ မောင့်ကို မေ့ဆေးတစ်ခါထဲ ပေးထားပုံရသည်။ မောင်က မေ့မျောနေပေမယ့် နတ်ဘုရားတစ်ပါးလို ကြည့်လို့ကောင်းနေသည်။ ‌မောင့်အသားက အေးစက်စက်နှင့်..။ နာရီဝက်ကျော်ကျော်ကြာပြီးသည့်နောက်တွင် ခွဲစိတ်ခန်းအတွင်း ကလေးတစ်ယောက်၏ ငိုရှိုက်သံဟာ ပျံ့လွင့်လာလေသည်။

“ အူဝဲ အူဝဲ “

နွယ်ထိုအသံကြောင့် တုန်တက်သွားရပြီး ကျောက်ရုပ်သဖွယ် ငြိမ်သက်သွားသည်။ ဆေးကြောပြီး အနှီးထုပ်လေးနှင့်ဖြစ်နေသည့်သမီးဟာ နွယ့်လက်ထဲကို ရောက်လာတော့ နွယ်မယုံကြည်နိုင်စွာ ကြောင်တောင်တောင်နှင့်..။

Ultrasoundရိုက်တုန်းက သမီးမှန်းသိရသည့်အချိန် နွယ်ထိုသို့ ခြေမကိုင်မိ လက်မကိုင်မိဖြစ်ဖူးပါ၏။ ယခုတစ်ခါထပ်ဖြစ်နေပြန်သည်။

သမီးက အနှီးထုပ်ထဲမှာ နီတာရဲလေး..။

နွယ် သမီးကို ကြည့်နေရင်း အလိုလို မျက်ရည်ကျလာရသည်။ ပြီးနောက် ဆရာဝန်ကြီးနှင့်လွမ်နောင်ကို မောင့်ကိုစိတ်ချပါရစေဟူသော အကြည့်နှင့်ကြည့်ပြီးနောက် သမီးကိုပိုက်ကာ သမီးရှင်ဟူသော မာန်ကိုချီလျက်..ဝမ်းသာအဲလဲ ထွက်လာလိုက်သည်။

အခန်းဝမှ သမီးကိုမျှော်လင့်နေသည့် လက်အစုံတွေဟာ နွေးနွေးထွေးထွေးပါပဲ..။ သားသားရဲ့ ညီမလေးရပြီကွဆိုသော ဝံ့ကြွားသံ..။ ဧရာရဲ့ တူမလေးရပြီဆိုတဲ့ ပျော်မြူးသံတွေ..။ ကလေးနှစ်ယောက်လုံးက တစ်ယောက်တစ်ရုပ်စီဆိုတဲ့ ကိုဘုန်းရဲ့ အကဲဖြတ်သံတွေ..။

ကိုလွမ်စေးကတော့ သူ့ညီကိုပဲစိတ်ပူနေလေ၏။ နွယ့်တုန်းကအဖြစ်ကို သူလည်းလန့်နေပုံထောက်သည်။ သမီးကို နွယ်တို့ အခန်းထဲကိုခေါ်လာပြီး ပုခတ်ထဲမှာ ကျကျနန သိပ်လိုက်သည်။

သမီးက ပေါင်ပြည့်သလို၊ လလည်းစေ့၍ အရမ်းမထွားသေးပေမယ့် ပြည့်ပြည့်ဖောင်းဖောင်းလေး။ ပြီးတော့ အနေအေးပုံရကာ အရမ်းမငိုဘဲ ပုခတ်ထဲမှ ငြိမ်ငြိမ်လေးအိပ်၏။

ကျန်လူများကိုထားခဲ့ကာ နွယ်နဲ့ ကိုလွမ်စေး ခွဲခန်းအရှေ့ကိုပြန်လာခဲ့၏။ သူတို့နှစ်ဦးစလုံး စိတ်အေးမနေကြပါ။

တခဏကြာတော့ ခွဲခန်းထဲမှ ဆရာဝန်တွေနှင့် ကုတင်ပေါ်က မောင်ထွက်လာ၏။ ကုတင်ကို ဆေးရုံဝန်ထမ်းတွေအပြင် လွမ်နောင်ကပါကိုင်လာပေးသည်။

“ မောင့်…”

မောင့်မျက်နှာက သွေးမရှိသလို ဖြူဖက်ကာ အေးစက်နေ၏။

နွယ် ရင်တွေနာလိုက်တာ မောင်ရယ်..။

“ သားနှောင်း သိပ်စိတ်မပူနဲ့ အန်ကယ်တို့ခွဲစိတ်မှုအောင်မြင်တယ် သားဒီလှိုင်းက ခဏနေရင် နိုးလာပါလိမ့်မယ် အရင်ဆုံးလင်ဗန်းထဲမှာ ကလေးအချင်းနဲ့ သားအိမ်ရှိတယ် သားနွယ် လိုချင်ရင်…”

“ နွယ့်မှာ အဲ့လိုအယူမရှိပါဘူး အန်ကယ်..ဆေးရုံက စီစဉ်လိုက်ပါ”

ဗမာတွေသည် ကလေးမွေးလို့ အချင်းကို နေ့နံအလိုက်ဘယ်နေရာမှာမြှုပ်လျှင် (သို့မဟုတ်)ဗေဒင်မေး၍ ဘယ်နေရာမှာမြှုပ်လျှင် အဲ့ကလေးတစ်ဘဝလုံး ကံကောင်းမည်ဆိုသည့် ထုံးတမ်းကိုထားရှိကြသည်။ သို့ရာ‌တွင် အခုနောက်ပိုင်း ဆေးရုံမှာမွေးသည့်လူများတော့ အချင်းယူသည့်သူရှိသလို မယူသည့်သူများလည်းရှိပါ၏။

နွယ် တစ်မနက်လုံးငိုထားရလို့ အသံတွေကွဲအက်နေ၏။ မျက်လုံးတွေ နှာခေါင်းတွေ နီရဲနေ၏။

နွယ် အချင်းကိုတောင်မကြည့်တော့ဘဲ မောင့်မျက်နှာကိုပဲကြည့်ကာ ခွဲစိတ်ခန်းကိုကျော်ခိုင်းပြီး အခန်းကိုဝင်လာခဲ့သည်။

“ အရာအားလုံးအတွက် ‌ကျေးဇူးတင်ပါတယ် မောင်..နွယ့်ကလေးတွေကို နွယ့်ဘဝထဲပြန်ခေါ်ပေးတဲ့အတွက်ရော..‌နွယ့်ကို မောင့်ဘဝထဲ ဝင်ခွင့်ပေးခဲ့လို့ရော ကျေးဇူးတင်ပါတယ် မောင်…”

မောင့်မျက်နှာတစ်ကမ္ဘာလုပ်ခဲ့တဲ့ နွယ် မမှားကြောင်းပြခဲ့တဲ့ မောင့်အချစ်က ကြီးမြတ်ပါပေတယ် မောင်…။
______________________
ေမာင့္ ႏြယ္သာကီ

အပိုင္း(၂၉)

ကိုယ္ဝန္က ငါးလထဲေရာက္လာသည္ႏွင့္ ဒီလိႈင္း တီ႐ွပ္ပြပြေတြပဲဝတ္ေတာ့၏။ လူပ်ိဳဗိုက္မို႔ သိသိသာသာမပူေနေပမယ့္ သာမာန္ထက္ေတာ့ပူေနပါ၏။

အရင္က႐ွိခဲ့သည့္ ‌ေပါင္မုန္႔ေျခာက္ခုအစား စူစူလုံးလုံး‌‌ဗိုက္ကေလးက အစားထိုးဝင္လာခဲ့ၿပီး ေဘးတစ္ေစာင္း႐ွိ က်ားပ်ိဳႏွင့္ ႏြယ္သာကီပန္းေလးဟာလည္း နည္းနည္းႀကီးလာသေယာင္႐ွိ၏။

ကိုယ္ဝန္သည္ေတြျဖစ္ေလ့ျဖစ္ထ႐ွိတဲ့ ဗိုက္ႀကီးနာဆြဲျခင္းမ်ိဳး ဒီလိႈင္းမျဖစ္။ သားႏွင့္ တန္းတူ အကုန္စားႏိုင္၏။ ႏြယ္ခ်က္တာမဟုတ္ေပမယ့္ ႏြယ္က ဂ႐ုတစိုက္ေတာ့ ေကြၽး၏။

ဒီလိႈင္းကိုယ္ဝန္စ႐ွိထဲက ကိုလြမ္း၊ကိုဘုန္းနဲ႔ ဧရာက ဒီလိႈင္းတို႔အိမ္ကို တစ္ပတ္တစ္ခါ သို႔မဟုတ္ သုံးရက္တစ္ခါလာလာအိပ္၏။

ဒီလိႈင္းအေနႏွင့္ ကိုယ္ဝန္စ႐ွိထဲက အလြဲလြဲအေခ်ာ္ေခ်ာ္မထိခိုက္ခ်င္လို႔ ကိုယ္ဝန္မေဆာင္ခင္ တစ္ႏွစ္ထဲက ရစ္ႀကိဳးႏြယ္ကို တစ္ႏွစ္စာၿငိမ္းခ်မ္းေအာင္ လုပ္ခဲ့တာ..။ ကိုယ္ဝန္ေဆာင္လွ်က္ ဒီလိႈင္းဒီအလုပ္ေတြကို လုပ္ႏိုင္ေပမယ့္ ဗိုက္ထဲက‌ ကေလးကို ထပ္အထိအခိုက္မခံႏိုင္ပါ။

ႏြယ္ကလည္း လုပ္ေစခ်င္ပုံမရ၍ ဘာမွမလုပ္ဘဲ အိပ္လိုက္စားလိုက္လုပ္ေနသည္မွာ ဗိုက္ထဲက ကေလးႏွင့္ ဆတူကိုယ္အေလးခ်ိန္တက္လာ၏။

သားသားက လမ္းေလွ်ာက္တတ္ေနၿပီျဖစ္ရာ ညေနခင္းတိုင္း ျခံထဲကိုဆင္းၿပီး သုံးေယာက္သား လမ္းေလွ်ာက္ျဖစ္သည္။

“ ဖီဖီနဲ႔ ဒယ္ဒယ္..ဖီဖီ ဒယ္ဒယ္ေရာ “

သားသားက ဒီလိႈင္းကို အေပ်ာက္မခံ..။ ဒီလိႈင္းေပ်ာက္တာနဲ႔ အသံၿပဲႀကီးနဲ႔ အိမ္အႏွံ႔လိုက္႐ွာတတ္သည္။

“ ဒယ္ဒီ ဒီမွာပါကြာ သားသားရာ သားသားအသံေၾကာင့္ ကေလးေလးလန္႔ၿပီးငိုရင္ ဘယ္လိုလုပ္မလဲ “

“ ဟီးဟီး သားက ဒယ္ဒယ္ကို မေတြ႕ေတာ့ ခ်ိတ္ပူသြားတာ “

ထပ္ခိုးမွာ အမိုးကို က်ည္မတိုး မွန္အျပည့္ကာထားသည့္ အခန္း႐ွိ၏။ ထိုအခန္းမွာ ဒီည သုံးေယာက္သား ၾကယ္ေႂကြတာၾကည့္ရင္း အိပ္ၾကမည္ျဖစ္ရာ ဒီလိႈင္းက အခန္းထဲကို အရင္ေရာက္ေနၿပီး ႏြယ္က အားေဆးႏွင့္ႏြားႏို႔သြားယူ၏။

ဒီလိႈင္းေမြ႕ရာေပၚမွာထိုင္ကာ စာအုပ္တစ္အုပ္ကို ေအးေဆးဖတ္ေနခ်ိန္ သားသားက ကုတင္ေပၚတက္လာၿပီး ေလွ်ာေလွ်ာထိုင္ေနသည့္ ဒီလိႈင္းဗိုက္ကိုလွန္ကာ..

“ က်ားက်ားေယးယဲ မြမြ ကေယးေယးယဲ မြမြ ပန္းပန္းေယးယဲ မြမြ “

ဗိုက္အနမ္း ႏႈတ္ခမ္းကိုစူေထာ္ကာ ကုန္းကုန္းနမ္းေနပါေတာ့သည္။

ဒီအမူအက်င့္က ႏြယ္ ဒီလိႈင္းကို သံလြင္ဆီလူးေပးၿပီးရင္ ဗိုက္ကိုနမ္းရာမွစေလသည္။

“ ဒယ္ဒီ့ကိုေရာ မေပးခ်င္ဘူးလား “

“ ေပးခ်င္ယယ္ေယ ဒယ္ဒယ္ေရာ မြမြ “

“ အဟား..ဒယ္ဒီ့သားေလးက ခ်စ္ဖို႔ေကာင္းလိုက္တာကြာ ႐ႊတ္ ႐ႊတ္ “

ဒီလိႈင္းသားရဲ႕ပါးစုံႀကီးေတြကို စိတ္ႀကိဳက္နမ္းၿပီး ရဲတက္လာမွ လႊတ္ေပးလိုက္၏။ သားက အသားသာညိဳတာ တစ္ခုခုဆို ခ်က္ခ်င္းရဲလာတာ..။

“ အံမယ္ ေရာ့ သားအဖႏွစ္ေယာက္စလုံး ေသာက္လိုက္အုံး “

ႏြယ္ ႏြားႏို႔နဲ႔ အားေဆးကို ႏွစ္ေယာက္လုံးဆီကမ္းေပးလိုက္သည္။ ႏြယ္ကေတာ့ ႏြားႏို႔အရမ္းမႀကိဳက္သူမို႔ အၿမဲမေသာက္ျဖစ္..။

သားအဖႏွစ္ေယာက္လုံး တဂြတ္ဂြတ္နဲ႔ေသာက္တာမ်ား က်ားလိုက္ေနသကဲ့သို႔ပင္..။

“ ဟားဟား ဒယ္ဒယ္ခမ္းေမႊးေယြေပါက္ “

“ သားသားမွာေရာပဲေလ ဟားဟား “

ႏွစ္ေယာက္သား ႏႈတ္ခမ္းမွာ ႏို႔ေတြကပ္ေနတာကို အခ်င္းခ်င္းၾကည့္ၿပီး အူတက္ေအာင္ရယ္ေနၾကပုံမ်ား ေပါ့ပါးလို႔..။

“ ကဲႏႈတ္ခမ္းသုတ္ၾက အိပ္ၾကမယ္ “

ႏြယ္ wet tissueကမ္းေပးေတာ့ ေမာင္က ႏြယ့္လက္ကေနဆြဲခ်ကာႏႈတ္ခမ္းကို ေထာ္ထားေသး၏။ ေမာင္ ဘာကိုဆိုလိုေနမွန္းသိ၍ ႏြယ္သားကို တစ္ခ်က္မ်က္ေစာင္းဝံ့ျပလိုက္ေလသည္။

“ သားသား မ်က္စိေလး ခဏမွိတ္ ဒယ္ဒီက ေဖေဖ့ဆီက အာဘြားယူမလို႔ “

“ ဟုတ္ပါပီဂ်ာ မွိတ္ယိုက္ပါပီ “

သားက လက္ေဖာင္းေဖာင္းေတြနဲ႔ သူ႕မ်က္စိကိုမွိတ္လိုက္တာ ေသခ်ာေတာ့မွ ႏြယ္ေမာင့္ႏႈတ္ခမ္းကို နမ္းေပးကာ ႏို႔ေတြေပ်ာက္ေစ၏။ ေမာင္ကေလ ဒီေနာက္ပိုင္း ကိုယ္‌ဝန္ေၾကာင့္လားမသိ သိပ္ကို ကေလးဆန္လာ၏။

နမ္းၿပီးမွ ႏြယ္သားကိုၾကည့္လိုက္ေတာ့ သားက လက္ေတြကိုျခားၿပီးေခ်ာင္းၾကည့္ေန၏။

“ ဪ ေတာ္ေတာ္လုံေနအုံးမယ္ ကိုကိုအကၡရာ “

“ ဟီးဟီး သားကိုယဲ နမ္းပါ ဖီဖီ “

ဒီလိႈင္းနည္းတူ ႏႈတ္ခမ္းကိုေထာ္ကာ ႏြယ့္ေ႐ွ႕လာေပးေတာ့ ႏြယ္က ဖ်က္ခနဲနမ္းလိုက္ၿပီး ႏို႔ေတြကိုသုတ္ေပးလိုက္ရ၏။ ၿပီးမွ သားကသေဘာက်သြားသလို တခိခိႏွင့္..။

“ အတတ္ကေလး ဖေအကို ေျခရာလိုက္တိုင္းခ်င္ေနတယ္ “

ဒီလိႈင္းရယ္ကာ ေနရာမွာဝင္အိပ္လိုက္ေတာ့ သားကအလည္ကို ေအာ္တိုဝင္လာၿပီး ႏြယ္က ဟိုဘက္ေဘးကို ေအာ္တိုေရာက္သြား၏။

သားအဖသုံးေယာက္စလုံး မအိပ္ေသးဘဲ ေကာင္းကင္က တလက္လက္ေတာက္ပေနသည့္ ၾကယ္ေတြကို အေတာ္အတန္ၾကာ ၾကည့္ေနမိၾကသည္။

“ ဖီဖီ သားနဲ႔ ကေယးေယးက အညိဳးမေတာ္ဝူးရား “

“ ဟင္ “

ဒီလိႈင္းႀကိဳမတြက္ထားသည့္ ေမးခြန္းမို႔ အလန္႔တၾကားအံ့ဩသြားကာ ႏြယ့္ဘက္ကိုၾကည့္လိုက္ေတာ့ ေအးေဆးပါဆိုသည့္သ‌ေဘာျဖင့္ မ်က္စိမွိတ္ျပေလသည္။

“ သားသားက ဘာလို႔ေမးတာတုန္း “

ႏြယ္ တေစာင္းလွည့္ကာ သားရဲ႕ဆံပင္ေတြကို ပြတ္သပ္ေပးလ်က္ ေမးေလသည္။

“ သားကက် ဖီဖီရဲ႕ ဗိုက္ဗိုက္ႀကီးကေန ထြက္ရာတာ ကေယးေယးက် ဒယ္ဒယ့္ဗိုက္ဗိုက္ႀကီးကေန ထြက္ရာမွာေယ”

“  ဒါကဒီလို သားသားရဲ႕..ႏွစ္ေယာက္ေတာင္ ဗိုက္ထဲထည့္ထားရင္ ေဖေဖက နာမွာေပါ့ အဲ့တာေၾကာင့္ ဒယ္ဒီ့ထဲကိုတစ္ေယာက္ ေဖေဖ့ထဲကိုတစ္ေယာက္ထည့္ထားတာေလ သားသားရဲ႕..ေဖေဖနဲ႔ ဒယ္ဒီက သားသားရဲ႕ အေဖေတြျဖစ္သလို ကေလးေလးရဲ႕ အေဖေတြလည္းျဖစ္တယ္ အဲ့တာမို႔ ႏွစ္ေယာက္က ေမာင္ႏွမအရင္း၊ညီအစ္ကိုအရင္းေတြပါဗ်ာ “

“ နားယယ္ေတာ့ဝူး အညိဳးေတာ္ေတာ္မေတာ္ေတာ္ ခ်စ္မွာပဲ..ဒယ္ဒယ္က ညီမေယးေမြးရင္ တိုတိုႀကီးက ကာကြယ္ေပးမယ္ ညီေယးေမြးရင္ ရန္တူတူယိုက္ျဖစ္ေပးမယ္ “

“ အ‌မေလး ဘုရား ဘုရား “

သုံးေယာက္လုံးရယ္ေမာလ်က္ ေကာင္းကင္ကို ျပန္ၾကည့္ကာ ၾကယ္ေတြကို ေရတြက္ေနၾကပါ၏။ တခ်က္ခ်က္ျမည္ေနတဲ့ နာရီသံသာ ၾကားရသည္အထိ အခန္းငယ္မွာတိတ္ဆိတ္ေနခဲ့ပါ၏။

“ ေမာင္ ဒီရက္ပိုင္းအိပ္မေပ်ာ္ဘူးမလား “

“ အင္း ႏြယ္..အိပ္ေဆးေတြရဲ႕ဆိုးက်ိဳးထင္တယ္..”

မ်က္ေတာင္ေတြစင္းက်ေနသည့္သားကို ျခားကာ သူတို႔ႏွစ္ဦးစကားေျပာေနၾကသည္။

“ ေမာင့္ကို မေျပာျပရေသးတဲ့ ႏြယ္လုပ္တတ္တာတစ္ခု ဒီညလုပ္ျပမယ္ ခဏေစာင့္ ႏြယ္ ျပန္လာမွ သားသားကို ေနရာေ႐ႊ႕ေပးမယ္ “

သားသားက အအိပ္ၾကမ္းသူမို႔ အိပ္ေပ်ာ္သြားရင္ ႏြယ့္ေဘးမွာေျပာင္းထားကာ ကုတင္ေဘးကို အကာကာေပးထား၏။

ႏြယ္ အခန္းထဲကထြက္ကာ ဧရာဇင္အခန္းထဲကိုဝင္သြား၏။ ႏြားႏို႔ေဖ်ာ္ၿပီးကထဲက ဧရာဇင္ဆီက လွမ္းငွားထားတဲ့ဂီတာကို ႏြယ္ယူလာလိုက္သည္။

“ ဂီတာႀကီးပါလား ေမာင့္ႏြယ္..တီးတတ္လို႔လား ေမာင္ေတာ့ မတီးတတ္ဘူးေနာ္ “

“ သိပါတယ္ ေမာင္ရဲ႕    ႏြယ္ အနည္းအက်ဥ္းေတာ့ တီးတတ္ပါတယ္..”

King sizeေမြ႕ရာမို႔ သားသားက ဟိုဘက္အစြန္းထိေရာက္ေနတာမို႔ က်ယ္ေသာ္လည္း ႏြယ္ ႏွစ္ေယာက္အိပ္ေလထိုးေမြ႕ရာကို ေလထိုးကာ ကုတင္မပါဘဲ ေအာက္မွာခ်ထားသည့္ ေမြ႕ရာႏွင့္ တစ္တန္းထဲဆက္လိုက္သည္။

ၿပီးေနာက္ ႏြယ္က ေလထိုးေမြ႕ရာရဲ႕ ေထာင့္စြန္းတစ္ဖက္မွာထိုင္ကာ ေျခေထာက္ကိုဆင္းၿပီး ေမာင့္ကို ေပါင္ေပၚေခါင္းအုန္းခိုင္းလိုက္သည္။

“ ေမာင့္ကိုသိပ္ခ်စ္လို႔သာ ဆိုျပမွာေနာ္ ႏြယ့္အသံက မေကာင္းဘူး “

“ ေမာင့္အခ်စ္ရဲ႕အသံက ေကာင္းၿပီးသားပါကြာ “

ႏြယ့္ဂီတာသံဟာ တိတ္ဆိတ္တဲ့ညအခါမွာ ၿငိမ့္ၿငိမ့္ေညာင္းေညာင္း ထြက္ေပၚလာေလသည္။ ႏြယ္ဘာသီခ်င္းဆိုမည္လဲ သီခ်င္းတစ္ပုဒ္ေတာင္ဆုံးေအာင္မရသည့္ ဒီလိႈင္းမသိေခ်။ ဒီလိႈင္းသိသည္က ေဖာ့ဖေယာင္းလို သြယ္တန္းႏုအိေနတဲ့ ႏြယ့္လက္ေခ်ာင္းေလးေတြက တီးခတ္သည့္သံစဥ္ဟာ သိပ္ခ်ိဳသာေနတာပါပဲ..။

“ မင္းမ႐ွိတဲ့ညေတြ ကိုယ္တစ္ေယာက္ထဲ ေမာင္ရယ္..

လြမ္းရက္မ်ားလည္းကြယ္ ၾကာ႐ွည္လြန္းခဲ့ပါတယ္..

ေမွ်ာ္ကာမိႈင္ေငးစဥ္အျမန္ေျပးေတြ႕လိုက္ခ်င္ တိမ္လႊာျပင္ေတြေက်ာ္လႊားမယ္..

အခ်ိန္တန္ရင္ အလြမ္းစိတ္ပို..

အေတာင္ပံပါရင္ မင္းဆီကို..ဝိုး ေဝးေနခ်ိန္ရက္ ခရီးေလးကို..

လွမ္းလက္ရယ္အင္အား႐ွိစြာ ေထြးပိုက္ပါေတာ့ ရင္ခုန္သံေတြအိပ္စက္စို႔..

တို႔ႏွစ္ေယာက္ရဲ႕အခ်စ္ေတြ ထာဝစဥ္စြဲၿမဲေစမယ္..

အားကိုးစမ္းအခ်စ္ရယ္ ၾကင္နာစြမ္းအားေတြနဲ႔..

နံရံေတြျခားလည္း အျမန္ေျပးေတြ႕လိုက္ခ်င္ ပင္လယ္ျပင္ေတြ ျဖတ္သန္းမယ္..

အေတာင္ပံပါရင္ မင္းအနားကို..

အေတာင္ပံပါရင္ မင္းဆီကို..ဝိုး ေဝးေနခ်ိန္ရက္ ခရီးေလးကို..

လွမ္းလက္ရယ္အင္အား႐ွိစြာ ေထြးပိုက္ပါေတာ့ ရင္ခုန္သံေတြအိပ္စက္စို႔..”

အဆိုေတာ္ရင္ဂို၏ သီခ်င္းတစ္ပုဒ္ျဖစ္သည့္ အေတာင္ပံပါရင္မင္းဆီကိုသည္ ႏြယ့္အသံေအးေအးႏွင့္ ပနံရလြန္းသည္မို႔ ဒီလိႈင္းအိပ္ေပ်ာ္သြား၍ ႏြယ္တန္းလန္းႏွင့္ရပ္ကာ ဂီတာကို ေအာက္ဖက္ပို႔ၿပီး ေပါင္ေပၚက ေမာင့္ေခါင္းကို မ ကာ ေခါင္းအုံးထည့္ေပးလိုက္ၿပီး ႏြယ္ ထ၍ ဂီတာသိမ္းရသလို သားကို ေပြ႕ကာ ႏြယ့္အနားကိုေခၚသိပ္ရသည္။

အားလုံးၿပီးခ်ိန္၌ ေမာင္နဲ႔သားေစာင့္ေနခဲ့သည့္ ၾကယ္ဟာေႂကြလာပါေတာ့သည္။

“ ေမာင္ အႏၲရာယ္မ႐ွိဘဲ ေမြးဖြားႏိုင္ပါေစ”

ေႂကြက်သြားသည့္ ၾကယ္သည္ ႏြယ့္ဆုေတာင္းကိုေသခ်ာေပါက္‌‌ ျဖည့္ေပးမည္ဟု‌ႏြယ္ယုံၾကည္ပါသည္။



3လပိုင္း 29ရက္ေန႔..

ႏြယ္တို႔အိမ္မွာ ဧရာဇင္တို႔အတြဲအျပင္ ကိုဘုန္းပါေရာက္ေန၏။ လူႀကီးေလးေယာက္အလုပ္႐ႈပ္ေနၾကသလို (၂)ႏွစ္နဲ႔ (၁)လသားေလးဟာလည္း ဘာေတြ႐ႈပ္ေနမွန္းမသိ သူ႕ဟာႏွင့္သူျပာရာခက္ေန၏။

“ ႏြယ္ ေဆး႐ုံနဲ႔ အိမ္ကသိပ္မေဝးေတာ့ လိုတာေတြ ျပန္ယူလို႔ရပါတယ္ကြာ “

“ အင္းပါ ေမာင္ရဲ႕ “

ကေလးေမြးကင္းစ အက်ႌေတြကအစ ေမာင့္အတြက္ ပုဆိုးေတြ၊အက်ႌေတြ၊ေဘာင္းဘီေတြကအဆုံး လိုအပ္တာေတြထည့္သလို ေဆး႐ုံမဆင္းမခ်င္းလိုက္ေနမည့္ သားသားရဲ႕ အဝတ္ေတြပါႏြယ္ထည့္ရ၏။

ကေလးေဝယာဝိစၥေတာ့ ႏြယ္ႏိုင္နင္းေနပါ၏။

“ ၿပီးၿပီ သြားၾကမယ္ ေမာင္ေျဖးေျဖးေလွ်ာက္ေနာ္ “

သားကို ကိုဘုန္းက ခ်ီသြားသလို ဧရာဇင္တို႔အတြဲက ပစၥည္းေတြယူၿပီးသြား၏။ ႏြယ္က ေမာင့္ကိုတြဲၿပီး ေဆး႐ုံသို႔ ကေလးမီးဖြားရန္ခ်ီတက္ၾက၏။



3လပိုင္း 31ရက္ေန႔ နံနက္ခင္း၌..

“ ေမာင္..”

ႏြယ္ ေမာင့္ကို ခြဲစိတ္ခန္းထဲ မထည့္ေပးႏိုင္စြာ ၾကည့္ေနမိသည္။ ခြဲစိတ္ခန္းဆိုတာႀကီးကို သားကိုေမြးၿပီးထဲက ႏြယ္ေၾကာက္၏။

ႏြယ့္ကိုယ္လုံးတစက္စက္တုန္ရင္ေနပုံက သိသိသာသာ..။ ထိတ္လန္႔ေနသည့္ မ်က္လုံးေတြကလည္း သိသာလြန္းသည္။

ဒီလိႈင္း ႏြယ့္လက္အေပၚ လက္ဖဝါးႀကီးႀကီးကိုအုပ္ကိုင္ကာ ေအးေအးခ်မ္းခ်မ္းျပဳံးျပလ်က္..။

“ စိတ္မပူပါနဲ႔ ေမာင့္ႏြယ္ သမီးကိုေခၚၿပီး ေမာင္ျပန္လာခဲ့မယ္ေနာ္ ခ်စ္တယ္ ေမာင့္ႏြယ္ “

ႏြယ့္နဖူးထပ္ အနမ္းေခြၽကာ ဒီလိႈင္း‌ခြဲခန္းထဲသို႔လိုက္သြား၏။ ႏြယ့္မွာေတာ့ အျပင္မွာ ေနမထိထိုင္မသာကိုျဖစ္ေနတာပဲ။ ဟိုေလွ်ာက္လိုက္ ဒီေလွ်ာက္လိုက္နဲ႔ ပုံပ်က္ပန္းပ်က္ျဖစ္ေနသည္။

သားသားကလည္း ႏြယ့္ကိုၾကည့္ကာ တအိအိငိုေနလို႔ ဧရာမနည္းေခ်ာ့ေနရ၏။

တခဏအၾကာေနာက္က်ဆုံးျဖစ္သည့္ လြမ္ေနာင္ေရာက္လာၿပီး ေဆာက္တည္ရာမရေနသည့္ ႏြယ့္ပုံကိုျမင္သြားသည္။ ၾကာရင္ ဒီတစ္ေယာက္ပါ ဒုကၡေရာက္ေတာ့မည္ျဖစ္၍ လြမ္ေနာင္အေကာင္းဆုံးအၾကံကို အျမန္စဥ္းစားရသည္။

“ ကိုေႏွာင္း ခင္ဗ်ားခြဲခန္းထဲလိုက္ခ်င္တယ္ဆို သတိကပ္လိုက္ေတာ့..”

ထိုတစ္ခ်က္ပဲေျပာၿပီး သူနာျပဳမေလးကို ပိုးသတ္ဝတ္စုံတစ္စုံေပးခိုင္းကာ လြမ္ေနာင္ ခြဲခန္းထဲဝင္သြား၏။

ႏြယ့္မွာသတိအျမန္ကပ္ကာ သားကို ဧရာတို႔နဲ႔ထားခဲ့ၿပီး ခြဲခန္းထဲအျမန္လိုက္ရသည္။

ႏြယ္ခြဲခန္းထဲေရာက္ေတာ့ ဆရာႀကီး၊လြမ္‌ေနာင္ႏွင့္သူနာျပဳအစ္မတခ်ိဳ႕က သူတို႔လုပ္စရာ႐ွိတာကိုလုပ္ေနသည္။ ႏြယ္လည္း ေအာက္ဘက္ကိုမၾကည့္ဘဲ ေမ့ေမ်ာေနသည့္ေမာင့္ကိုသာ ဦးတည္၍ ၾကည့္ေန၏။

သားအိမ္ပါတစ္ခါထဲ ထုတ္ျပစ္မည္မို႔ ေမာင့္ကို ေမ့ေဆးတစ္ခါထဲ ေပးထားပုံရသည္။ ေမာင္က ေမ့ေမ်ာေနေပမယ့္ နတ္ဘုရားတစ္ပါးလို ၾကည့္လို႔ေကာင္းေနသည္။ ‌ေမာင့္အသားက ေအးစက္စက္ႏွင့္..။ နာရီဝက္ေက်ာ္ေက်ာ္ၾကာၿပီးသည့္ေနာက္တြင္ ခြဲစိတ္ခန္းအတြင္း ကေလးတစ္ေယာက္၏ ငို႐ိႈက္သံဟာ ပ်ံ႕လြင့္လာေလသည္။

“ အူဝဲ အူဝဲ “

ႏြယ္ထိုအသံေၾကာင့္ တုန္တက္သြားရၿပီး ေက်ာက္႐ုပ္သဖြယ္ ၿငိမ္သက္သြားသည္။ ေဆးေၾကာၿပီး အႏွီးထုပ္ေလးႏွင့္ျဖစ္ေနသည့္သမီးဟာ ႏြယ့္လက္ထဲကို ေရာက္လာေတာ့ ႏြယ္မယုံၾကည္ႏိုင္စြာ ေၾကာင္ေတာင္ေတာင္ႏွင့္..။

Ultrasound႐ိုက္တုန္းက သမီးမွန္းသိရသည့္အခ်ိန္ ႏြယ္ထိုသို႔ ေျခမကိုင္မိ လက္မကိုင္မိျဖစ္ဖူးပါ၏။ ယခုတစ္ခါထပ္ျဖစ္ေနျပန္သည္။

သမီးက အႏွီးထုပ္ထဲမွာ နီတာရဲေလး..။

ႏြယ္ သမီးကို ၾကည့္ေနရင္း အလိုလို မ်က္ရည္က်လာရသည္။ ၿပီးေနာက္ ဆရာဝန္ႀကီးႏွင့္လြမ္ေနာင္ကို ေမာင့္ကိုစိတ္ခ်ပါရေစဟူေသာ အၾကည့္ႏွင့္ၾကည့္ၿပီးေနာက္ သမီးကိုပိုက္ကာ သမီး႐ွင္ဟူေသာ မာန္ကိုခ်ီလ်က္..ဝမ္းသာအဲလဲ ထြက္လာလိုက္သည္။

အခန္းဝမွ သမီးကိုေမွ်ာ္လင့္ေနသည့္ လက္အစုံေတြဟာ ေႏြးေႏြးေထြးေထြးပါပဲ..။ သားသားရဲ႕ ညီမေလးရၿပီကြဆိုေသာ ဝံ့ႂကြားသံ..။ ဧရာရဲ႕ တူမေလးရၿပီဆိုတဲ့ ေပ်ာ္ျမဴးသံေတြ..။ ကေလးႏွစ္ေယာက္လုံးက တစ္ေယာက္တစ္႐ုပ္စီဆိုတဲ့ ကိုဘုန္းရဲ႕ အကဲျဖတ္သံေတြ..။

ကိုလြမ္ေစးကေတာ့ သူ႕ညီကိုပဲစိတ္ပူေနေလ၏။ ႏြယ့္တုန္းကအျဖစ္ကို သူလည္းလန္႔ေနပုံေထာက္သည္။ သမီးကို ႏြယ္တို႔ အခန္းထဲကိုေခၚလာၿပီး ပုခတ္ထဲမွာ က်က်နန သိပ္လိုက္သည္။

သမီးက ေပါင္ျပည့္သလို၊ လလည္းေစ့၍ အရမ္းမထြားေသးေပမယ့္ ျပည့္ျပည့္ေဖာင္းေဖာင္းေလး။ ၿပီးေတာ့ အေနေအးပုံရကာ အရမ္းမငိုဘဲ ပုခတ္ထဲမွ ၿငိမ္ၿငိမ္ေလးအိပ္၏။

က်န္လူမ်ားကိုထားခဲ့ကာ ႏြယ္နဲ႔ ကိုလြမ္ေစး ခြဲခန္းအေ႐ွ႕ကိုျပန္လာခဲ့၏။ သူတို႔ႏွစ္ဦးစလုံး စိတ္ေအးမေနၾကပါ။

တခဏၾကာေတာ့ ခြဲခန္းထဲမွ ဆရာဝန္ေတြႏွင့္ ကုတင္ေပၚက ေမာင္ထြက္လာ၏။ ကုတင္ကို ေဆး႐ုံဝန္ထမ္းေတြအျပင္ လြမ္ေနာင္ကပါကိုင္လာေပးသည္။

“ ေမာင့္…”

ေမာင့္မ်က္ႏွာက ေသြးမ႐ွိသလို ျဖဴဖက္ကာ ေအးစက္ေန၏။

ႏြယ္ ရင္ေတြနာလိုက္တာ ေမာင္ရယ္..။

“ သားေႏွာင္း သိပ္စိတ္မပူနဲ႔ အန္ကယ္တို႔ခြဲစိတ္မႈေအာင္ျမင္တယ္ သားဒီလိႈင္းက ခဏေနရင္ ႏိုးလာပါလိမ့္မယ္ အရင္ဆုံးလင္ဗန္းထဲမွာ ကေလးအခ်င္းနဲ႔ သားအိမ္႐ွိတယ္ သားႏြယ္ လိုခ်င္ရင္…”

“ ႏြယ့္မွာ အဲ့လိုအယူမ႐ွိပါဘူး အန္ကယ္..ေဆး႐ုံက စီစဥ္လိုက္ပါ”

ဗမာေတြသည္ ကေလးေမြးလို႔ အခ်င္းကို ေန႔နံအလိုက္ဘယ္ေနရာမွာျမႇဳပ္လွ်င္ (သို႔မဟုတ္)ေဗဒင္ေမး၍ ဘယ္ေနရာမွာျမႇဳပ္လွ်င္ အဲ့ကေလးတစ္ဘဝလုံး ကံေကာင္းမည္ဆိုသည့္ ထုံးတမ္းကိုထား႐ွိၾကသည္။ သို႔ရာ‌တြင္ အခုေနာက္ပိုင္း ေဆး႐ုံမွာေမြးသည့္လူမ်ားေတာ့ အခ်င္းယူသည့္သူ႐ွိသလို မယူသည့္သူမ်ားလည္း႐ွိပါ၏။

ႏြယ္ တစ္မနက္လုံးငိုထားရလို႔ အသံေတြကြဲအက္ေန၏။ မ်က္လုံးေတြ ႏွာေခါင္းေတြ နီရဲေန၏။

ႏြယ္ အခ်င္းကိုေတာင္မၾကည့္ေတာ့ဘဲ ေမာင့္မ်က္ႏွာကိုပဲၾကည့္ကာ ခြဲစိတ္ခန္းကိုေက်ာ္ခိုင္းၿပီး အခန္းကိုဝင္လာခဲ့သည္။

“ အရာအားလုံးအတြက္ ‌ေက်းဇူးတင္ပါတယ္ ေမာင္..ႏြယ့္ကေလးေတြကို ႏြယ့္ဘဝထဲျပန္ေခၚေပးတဲ့အတြက္ေရာ..‌ႏြယ့္ကို ေမာင့္ဘဝထဲ ဝင္ခြင့္ေပးခဲ့လို႔ေရာ ေက်းဇူးတင္ပါတယ္ ေမာင္…”

ေမာင့္မ်က္ႏွာတစ္ကမ႓ာလုပ္ခဲ့တဲ့ ႏြယ္ မမွားေၾကာင္းျပခဲ့တဲ့ ေမာင့္အခ်စ္က ႀကီးျမတ္ပါေပတယ္ ေမာင္…။



Mg'd Nwel Thar Kii (Book version)Where stories live. Discover now