CH:4

1K 46 0
                                    

မောင့် နွယ်သာကီ
အပိုင်း(၄)

“ ဟေ့ကောင်ကြီး ဒီလှိုင်း ဒီနေ့မိုးရွာမယ်ထင်လား နေသာမယ်ထင်လား..”

အမြဲတမ်းကောင်းကင်ကိုငေးမောနေတတ်တဲ့ ဒီလှိုင်းက မိုးလေဝသခန့်မှန်းပေးတဲ့ တောက်တဲ့ကိုယ်တော်ချောကဲ့သို့ဖြစ်နေပေ၏။ ဘာရယ်မဟုတ်ဘဲ ဒီလှိုင်းဆီမှာ မိုးလေဝသလာမေးပြီးရင် လျှော်စရာများကိုမလျှော်တော့ပဲ ထားကြတာမျိုးဖြစ်၏။
ဒီလှိုင်း ခပ်ပြုံးပြုံးနှင့် လက်ခါပြပြီး ကျော့မော့နေအောင် ပြင်ဆင်ကာ တာထွက်ရန်အနေအထားအသင့်ကဲ့သို့  ဟန်ရေးပြနေ၏။

“ခင်ဗျားက ဘာလုပ်မလို့တုန်း..”

“ ငါ့ရဲ့ရှည်လျားတဲ့ဆံပင်တွေကိုလျှော်မလို့..”

“ အဲ့တာဆိုရင်တော့ မိုးထစ်ချုန်းရွာမှာ အသေအချာပဲ ဟား ဟား..”

အခုမေးသည့်သူသည် ခေါင်းတုံးနှင့်ဖြစ်ပြီး အမူအရာနဲ့ပြကာ သပ်သပ်မဲ့လာစ နေတာမို့ ဒီလှိုင်းလဲ ရေလိုက်ငါးလိုက် ပြန်စလိုက်၏။

“ မိုးမရွာခိုင်းနဲ့အုံး ငါ့ကောင်ရေ မင်းကိုပိန် အဝတ်တွေလျှော်ထားတဲ့ကွ..အတုတ်ခံရလိမ့်မယ်..”

ကိုပိန်သည် ဒီလှိုင်းကမိုးရွာလိမ့်မယ်ပြောရင် မဟုတ်လောက်ဘူးထင်ပြီး အဝတ်တွေထလျှော်တတ်သည့်သူဖြစ်၏။ တကယ်တမ်းမိုးရွာလာခဲ့ရင် ဒီလှိုင်းနဲ့သူကြီးမှလွဲ၍ တစ်ဆောင်လုံးကို ပတ်ရမ်းတတ်သေး၏။

“ ဒီလှိုင်း သွားလို့ရပြီ “

သူကြီးက ပြောတော့ ဒီလှိုင်း ဟိုလူတွေကို လက်ခါပြပြီးထွက်လာခဲ့သည်။ ဒီနေ့က သူထောင်သက်(၄)နှစ်ပြည့်တဲ့နေ့ နောက်(၃)နှစ်ဆို ဖေဖေရယ် ညီမလေးရယ်နဲ့ သူ့ဘဝကိုပြန်တည်ထောင်လို့ရပြီ..။ သိပ်ချစ်ရတဲ့ မေမေမရှိတော့တဲ့မိသားစုလေးကို သူပြန်နွေးထွေးအောင်လုပ်လို့ရပြီ..။

ဒီနေ့မှ ဧည့်တွေ့လာသည့် လူကများ၏။ ဒီလှိုင်း ‌လူတွေကြားထဲကနေ သူ့မိသားစုရှိရာ ထိုင်ခုံကို ခပ်လောလောရှာနေသည်။ ဧည့်တွေ့သည့်နေရာတွင် ခုံတန်းရှည်နှင့် စားပွဲရှိပြီး ထိုအရာတွေ၏ အရှေ့တွင် အပြင်ဘက်နှင့်ပိုင်းခြားထားသည့် မှန်ကာရံထားပြီး အောက်၌ဇကာပေါက်လေးများသဖွယ် တစ်ဖက်၏အသံကို တစ်ဖက်မှ ကြားရစေရန် ပြုလုပ်ထား၏။

သူ့ပုံစံက ဆယ်တန်းအောင်စာရင်း တိုးဝှေ့ကာကြည့်နေသည့် ဆယ်‌ကျော်သက်ကောင်လေး အသွင်ကိုဆောင်‌၏။

“ အငယ်..”

သူ့ညီမလေးက (၄)နှစ်အတွင်းအတော်ကို ပြောင်းလဲသွားကာ တည်တည်ငြိမ်ငြိမ်ရင့်ရင့်ကျက်ကျက်လေး ဖြစ်လာ၏။ သူခေါ်လိုက်တော့လဲ မျက်လုံးစင်းစင်းလေးတွေနဲ့ ငေးကြည့်လာ၏။

သူ့ပုံစံက ရင်နာစရာတစ်ခုခုကို သယ်ဆောင်လာသည့် လူလိုမျိုး လေးလေးလံလံနှင့်...။

“ ကိုကြီး..”

အသံခပ်ဆွဲဆွဲက လေးလေးလံလံရှိကာ မျက်ဝန်းလေးတွေဟာလည်း မှိတ်ချီပွင့်ချီဖြစ်နေပါသည်။

သူသိလိုက်ပါပြီ ဒါဒီကလေးမ ငိုချင်နေတာ..။

ရင့်ကျက်တဲ့ပုံစံလေးဆိုပေမယ့် သူ(မ)လေးက သူ့ကိုတော့ သိပ်အားကိုးရှာတာ..။

“ အငယ် ဘာဖြစ်လို့လဲ ကိုကြီးကိုပြော “

“ ဖေဖေ ဆုံးပြီ ကိုကြီး..”

Mg'd Nwel Thar Kii (Book version)Where stories live. Discover now