CH:7

1.1K 44 1
                                    

မောင့် နွယ်သာကီ
အပိုင်း(၇)

စီးပွားရေးတွင် ကျရှုံးပြီးလျှင် နလန်ပြန်ထူဖို့ခက်ခဲ၏။ အထူးသဖြင့် ဘွဲ့မရသေးတဲ့လူတစ်ဦး ဦးဆောင်တဲ့အခါ နှိမ့်ချသည့်လူတွေရှိသလို မထီမဲ့မြင်လုပ်သည့်လူတွေရှိ၍ လိုရာခရီးကိုရောက်ရန် ထင်ထားတာထက်ခက်ခဲ၏။

စီးပွားရေးတွင် အရင်းအနှီးများသည့်လူသည် ရှုံးနိုင်ချေများ၏။ အရှုံး၏ထိခိုက်မှုဒဏ်ကိုကြိုတင်စိုးရိမ်‌ကာ မရင်းနှီးရဲခဲ့လျှင် ကြိုးစားသမျှ အရာမတွင်သည်မှာ စီးပွားရေး၏ သဘောသဘာဝပင်ဖြစ်၏။

ဒီလှိုင်းခက်ထန်ဆိုသည့် ယောင်္ကျားဟာတော့ ကိုယ်တိုင်က ငွေကိုပုံကာ ရင်းနှီးရဲသလို အရှုံးရဲ့ထိခိုက်မှုဒဏ်ကိုလဲ ပျော်ပျော်ကြီးခံစားရဲ၏။။ တစ်‌ကောင်ကြွက်ဘဝနဲ့ ကုန်းကောက်စရာမရှိသည့် ဘဝကိုတောင် အရွဲ့တိုက်ပြီးရှင်သန်ရဲတာ ကြီးကြီးတက်ချမ်းသာနေသည့် ဘဝမှာ ‌ပို၍ရှင်သန်နိုင်၏။

ညီမဖြစ်သူဆုံးပြီး (၃)နှစ်ကျော်အတွင်းမှာ သူသည် အလုပ်ကိုဖိလုပ်၍ စီးပွားရေးတွင် နေရာတစ်ခုကိုရောက်နေပြီဖြစ်၏။ ဖခင်၏ခြေရာကို အမိအရလိုက်နင်းနိုင်ကာ နာမည်ဝှက်နှင့် ကျောက်လောကတွင်ကျော်ကြားပြီး ဆေးရုံပေါင်းများစွာကိုအုပ်ချုပ်နိုင်သည့်  စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်အဖြစ်လဲ ကျော်ကြား၏။
တစ်ကောင်ကြွက် တစ်မျက်နှာမို့ အေးတိအေးစက်ပုံစံနှင့် စကားအလွန်နည်းလာသည်။ နာမည်အတိုင်း ခက်ထန်လွန်းလာတယ်..။ မုန်တိုင်းလက်ကျန်လှိုင်းတွေလို ရက်စက်လွန်းလာတယ်..။ ‌မျက်ဝန်းညိုညိုတွေက ရေသေလို အမြဲအေးစက်နေပြီး အပြုံးအရယ်အလျဉ်းမရှိ..။ သူ၏ သွေးသည် ရေခဲမှတ်ရောက်သည်အထိ အေးလွန်းတယ်။

သူသည် ထွားကျိုင်းသည့် (၂၉)နှစ်အရွယ် ယောင်္ကျားပျိုတစ်ဦး..။ သူ့ အင်အားက ဆင်နှစ်ကောင်အားနှင့်ညီမျှသလို..သူ့စိတ်ဓာတ်က သံတောင်ကြီးသဖွယ် မာကျောတယ်။
သူက အသားညိုကာ ထောင်ထောင်မောင်းမောင်းကြီးမို့ အညိုရောင်ဝက်ဝံကြီး(Brown Bear)ကို အတိုကောက်ခါ BBrownလို့လူအများသိကြတယ်။

BBrownဆို ကျောက်လောကမှာ ပွဲပြီးမီးသေတဲ့အထိပဲ။

ဒီနေ့ ဩစတြေးလျက တက်တူးဆရာကို ခေါ်ကာ ကိုလွမ်စေးရဲ့ အိမ်၏အောက်ထပ်မှာ သူတက်တူးထိုးနေ၏။ တက်တူးဆရာက သူ့ရဲ့အေးစက်မှုအရှိန်အဝါကြောင့် လက်တွေတုန်ရင်နေသလိုလိုပင်..။

“Will it be over today?”
(မင်းဒီနေ့ပြီးအုံးမှာလား)

“If you can’t do it, go back to where you came from”
(မင်းမလုပ်နိုင်ရင် လာရာအရပ်ကိုပြန်)

စီးကရက်ကိုလက်ကြားညှပ်ကာ တက်တူးဆရာကို အသံခပ်ဩဩနှင့် သူ၏စိတ်မရှည်မှုကိုပြသနေသည်။

“Sorry sir... I can do it “
(တောင်းပန်ပါတယ် ဆရာ။ ကျွန်တော်လုပ်နိုင်တယ်)

တက်တူးဆရာက သူ့စိတ်သူထိန်းကာ ဒီလှိုင်းလိုချင်သည့်ပုံသဏ္ဌာန်ကို  အဖုအထစ်ပြည့်နေသည့် ဝမ်းဗိုက်ပေါ်တွင် စတင်ရေးခြစ်ပါတော့သည်။

BBrownက  ဉာဏ်အထက်ဆုံးဖြစ်ပြီး စီးပွားရေးဈေးကွက်မြင်တက်သူမို့ သူ့ထံတွင်တပည့်တပန်းအဖြစ်ခိုလုံချင်သူ အများအပြားရှိ၏။

လွန်ခဲ့တဲ့သုံးနှစ်က လွမ်စေးခေါ်လာသည့် BBrownရဲ့ပုံစံသည်လဲ ယခုပုံအတိုင်း ခက်ထန် မာကြောနေသည်။

လွန်ခဲ့တဲ့သုံးနှစ်က..

ဒီလှိုင်း လေပြေဆုံးပြီးလို့ တစ်လပြည့်တဲ့နေ့က သူကြီးပေးခဲ့တဲ့ ဖုန်းနံပါတ်ကိုဆက်သွယ်ကာ မိုးကုတ်ကိုလိုက်သွားဖို့ဆုံးဖြတ်လိုက်သည်။

ဘွဲ့မရနိုင်တော့သည့်လူတစ်ယောက်အတွက် ငွေရပေါက်ရလမ်းသည် ယခင်ကကျင်လည်ခဲ့သည့် လောကကို ပြန်ခြေချမှရမည်။ ထို့အပြင်ထိုလောက၌ ရင်းနှီးကျွမ်းဝင်သူ၏ အကူအညီကိုလိုအပ်သည်။
သူဖုန်းဆက်တော့ ကိုလွမ်စေးက ဝမ်းပမ်းတသာကြိုဆိုပြီး အဝေးပြေးဂိတ်အထိလာကြို၏။

ရောက်ရောက်ချင်း ကိုလွမ်စေးက သူ့ကိုအကဲခတ်ကာ..

“ မင်းက ဝက်ဝံတစ်ကောင်လိုပဲ မာကြော ခက်ထန်လာတယ် ဒီလှိုင်း..ဝက်ဝံဆိုတာ လက်သည်းတွေကိုအချိန်တန်မှ ထုတ်သုံးတတ်တာလေ”

ကိုလွမ်‌စေးသည် တစ်ဖက်လှည့်နှင့် မခံချင်စိတ်ပြည့်နေသည့် သူ့ကိုသတိပေးခဲ့၏။

သူကလည်းဖြစ်ပျက်သမျှကို လူတိုင်းကိုရင်ဖွင့်တတ်တဲ့သူမဟုတ်တော့ပဲ 'ငွေရှာချင်လို့' တစ်ခွန်းထဲသာ ပြောခဲ့သည်။
ကိုလွမ်စေးက အကဲခတ်တော်သူပီပီ ဆုံးရှုံးစရာမရှိ၊မျှော်လင့်ချက်မရှိတော့သည့် ဒီလှိုင်း၏ပုံစံကြောင့် သိသင့်သလောက် သိနေပြီထင်ပါ၏။

ကိုလွမ်စေးသည် သူမသိသေးသည့် ကျောက်များအကြောင်းကို ကိုယ်တိုင်သင်ကြားပေးပြီး သူ့ကိုလုပ်ပိုင်ခွင့်အပြည့်ပေးထား၏။ သင်လွယ်တတ်လွယ်တာမို့ ကျောက်လောကမှာ ‘BBrown’ဆိုသော နာမည်နှင့် တဖြည်းဖြည်းကျော်ကြားလာသည်။ ဆရာကောင်း၍ တပည့်တော်ရခြင်းဖြစ်သည့်အတွက် ကိုလွမ်စေးသည် သူ့ကျေးဇူးရှင်ဆရာသခင်ဖြစ်ပေ၏။

သူ့တွင်ရည်မှန်းချက်တစ်ခုရှိသေး၏။ သာကီလုပ်ငန်းစုထဲသို့ကျရောက်သွားရတဲ့ သူတို့မိသားစုပိုင် ကုမ္ပဏီလေးကို ပြန်လိုချင်ပါသည်။ အိမ်ပြန်လှည်းပြန်မယူရဆိုသော ဆိုရိုးရှိပေမယ့် မိဘတွေရဲ့သွေး၊ချွေးနဲ့တည်ထောင်ခဲ့ရတာမို့ ပြန်ယူကာ လက်အောက်တွင်ထိန်းသိမ်းထားချင်သည်။
စီးပွားရေးတော်တော်ပြေလည်နေသည့်တိုင် သူသည် ကိုလွမ်စေး၏အိမ်မှာသာ အတူနေ‌သေးသလို ရည်းမှန်းချက်ကိုလဲ အကောင်အထည်မဖော်သေးချေ။

တစ်နေ့ ကျောက်လောကမှ အနားယူလိုက်သည့် လူတစ်ဦးနှင့် အလုပ်ကိစ္စသွားတွေ့ရာ အရင်ကသိခဲ့သည့်လူတစ်ဦးကို အမှတ်တမဲ့တွေ့လိုက်ရ၏။ ထိုသူက ဖေဖေ့သူငယ်ချင်းဟောင်းတစ်ဦးဖြစ်ပြီး ဒီလှိုင်းနှင့်သိသူမို့ ချက်ချင်းမှတ်မိ၏။

“ သားဒီလှိုင်းမလား..”

“ ဟုတ်ပါတယ် ကျွန်တော်..”

“ သားအဆင်ပြေနေရဲ့လား..”

“ ကျွန်တော် တစ်ယောက်ထဲ အဆင်ပြေနေပါတယ်”

“ အခု ဦးဆီကိုလာမယ့် BBrownက သားလား”

“ ဟုတ်ပါတယ် ကျွန်တော်ပါ..”

စီးပွားရေး၌ မချစ်သော်လည်း အောင့်ကာနမ်းရ၏။ အရင်ကသိခဲ့ဖူးသူတွေနှင့်တွေ့ရတာ အဆင်‌မပြေသော်လည်း အဆင်ပြေနေသလို ယဉ်ကျေးရ၏။ သို့သော်ဒီလှိုင်းခက်ထန်က ယတိပျက်စကားကိုသာဆို၏။

“သားတို့ မိသားစုရဲ့ သတင်းကိုကြားပါတယ်။ လေပြေလေးရော‌ နေကောင်းရဲ့လား”

“အငယ်ဆုံးတာ (၃)နှစ်ကျော်ပါပြီ..”

ဒီလှိုင်းသည် လူတွေကို အဆိုးမှစ၍ အရင်မြင်တတ်သည့် အကျင့်ကိုရနေပြီဖြစ်၏။ ထို့ကြောင့် စစတွေ့ချင်းလူတိုင်းကို အရင်ကဘယ်လောက်ခင်ခဲ့ခင်ခဲ့ ခပ်တန်းတန်းသာဆက်ဆံ၏။

“ဟေ..ဘယ်လိုဖြစ်ရတာတုန်း..”

“အဲ့အကြောင်းတွေကို ပြန်ပြောဖို့ ကျွန်တော့်အတွက် အဆင်မပြေဘူး..”

ကိုယ်တိုင်တောင် ညဘက်တွေအိပ်ဆေးအကူအညီနဲ့ ထိုကိစ္စတွေကိုမေ့ကာ အိပ်ရသည့်အတွက် အတိတ်ကအကြောင်းတွေကိုပြန်ပြီးအစဖော်ဖို့ရာ ဒီလှိုင်းအတွက် လုံးဝကိုအဆင်မပြေချေ။

“ဟုတ်ပါပြီ..စိတ်မကောင်းပါဘူးကွယ်..မင်းအဖေစိန်ခန့်တောင် မဆုံးခင်လေးကမှ ဦးစီကနေ မြေကွက်တစ်ကွက်ဝယ်ထားသေးတယ် ငွေချေပြီးတဲ့နောက်နေ့ဆုံးတာပဲ..စာချုပ်တောင် မပေးရသေးဘူး..သားကို ဦးအဲ့စာချုပ်ပေးလိုက်မယ်..အဲ့ခြံက ကာလပေါက်ဈေး (၂)သောင်းနီးပါးလောက်ရှိမယ်ထင်တယ် ဦးလည်း သားတို့မောင်နှမကိုပေးဖို့ရှာနေတာ..”

ထိုလူသည် ချက်ချင်းထကာ စာချူပ်ကိုသွားယူပြီး ဒီလှိုင်းလက်ထဲသို့ထည့်၏။

“ဟုတ်ကဲ့ အဲ့တာဆို အဲ့ခြံမှာဆောက်ထားတဲ့အဆောက်အဦးလေးတွေဖယ်ပေးပါအုံး..ဒါမှမဟုတ် အန်ကယ်ပဲ ကာလပေါက်ဈေးအတိုင်း ပြန်ယူလိုက်ပါ..ကျွန်တော်က လော‌ လောဆယ်ရန်ကုန်မှာခြေချဖို့ အစီအစဉ်မရှိသေးဘူး..”

စာချုပ်တွင်ပါသော ခြံနေရာသည် ရန်ကုန်တွင်ဖြစ်၏။ရန်ကုန်ကို တစ်လတစ်ခေါက်သွားသော သူသည် စီးပွားရေးဈေးကွက်ကိုလေ့လာသလို အချက်အချာကျသောနေရာများကိုလည်းပဲလေ့လာထား၏။ ထိုခြံကွက်သည် အချက်အချာကျပြီး စီးပွားရေးလုပ်လို့ကောင်းသည့်နေရာဖြစ်၏။

သို့သော် စီးပွားရေးသမားတို့၏ထုံးစံအတိုင်း ပိုင်ရှင်မပေါ်သေးသ၍ အမြတ်ရမည့်အရေးကိုလုပ်နေအုံးမည်။ ပိုင်ရှင်ပေါ်လာလျှင် ကျေးဇူးကျွေးအတင်ခံကာ ထိုခြံကွက်ကိုပေးမည်။ ပြီးနောက် နှစ်ဦးနှစ်ဖက်အဆင်ပြေမည့်အရေးကို ညှိနှိုင်းမည်။

“ အဲ့နေရာကဟာတွေကို ဦးတစ်လအတွင်းဖယ်ပေးပါမယ် နောင်တစ်ချိန် သားလုပ်ငန်းစလုပ်မယ်ဆိုရင် ဦးကိုရှယ်ယာဝင်ခွင့်ပေးပါ.."

“ ‌ကျွန်တော် သေချာပေါက် သတိရပေးပါမယ်..”

ငယ်ငယ်ရွယ်ရွယ်ထဲက ဖခင်ဖြစ်သူ ရတနာကုန်သည်၏သင်ကြားမှုနှင့် ကျောက်လောက၏ဘုရင်တစ်ပါးဖြစ်သည့် ကိုလွမ်စေး၏သင်ကြားမှုနှစ်ခုပေါင်းလိုက်လျှင် ဒီလှိုင်းခက်ထန်သည် ဘုရင့်ဦးခေါင်းထက်က  ကေသာဖြစ်လိမ့်မည်။ 

BBrownဆိုသည့် သူကတာထွက်လှခဲ့ပြီး ရည်မှန်းချက်ကိုသာတည့်တည့်သွားလျှင် အဆုံးသတ်၌ အရှိန်အဝါအားကောင်းသည့် သူဌေးကြီးဖြစ်လာလိမ့်မည်။ သူလျှောက်မည့်လမ်းကို သွေဖယ်သွားခဲ့ရင်လဲ အောက်ခြေကစခဲ့သူမို့ ကြီးကြီးမားမားထိခိုက်သွားမည့်သူမဟုတ်ချေ။

ယခုမှ BBrownစတင်၍ တက်တူးထိုး‌ နေတာဖြစ်သည်။ အမာရွတ်၊အနာ‌ဖေးများစွာရှိသော်လည်း ညာဘက်ဝမ်းဗိုက်ရှိ ခပ်ရေးရေးမြင်ရသော သွားရာလေးတွေကို ငုံကာ ကျားတစ်ကောင်မာန်ဖီနေသဖွယ် တက်တူးကို သူထိုးနေပါ၏။

နာရီပေါင်းများစွာကြာအပြီးမှာတော့ မျက်လုံးအညိုရောင် တောက်တောက်တွေရှိသော အဖြူပေါ်မှာအစင်းကျားတွေပါရှိသည့် ကျားမတစ်ကောင်သည် ဒီလှိုင်း၏ ညာဘက်ကြွက်သားညိုညိုတွေပေါ်၌ သက်ဝင်လာပါတော့သည်။

ကျားမဟုထင်ရခြင်းမှာ ကျား၏ ညာဘက်နားရွက်ပေါ်တွင် အဖြူရောင်နွယ်သာကီပန်းတစ်ပွင့်ကို ပန်ထားသည့်ဟန်ထိုးထား၍ဖြစ်သည်။
သူနှဖူးပေါ်ကျနေသည့် ချွေးဆိုနေသော ဆံပင်တွေကို သပ်တင်လျက် ထရပ်လိုက်သည်။

“ I transferred all the money. So, you can go home”
(ပိုက်ဆံတွေအကုန်လွှဲပေးလိုက်ပြီ။ ဒါကြောင့် အိမ်ပြန်တော့)

သူတက်တူးဆရာကို ဒေါ်လာအမြောက်အများလွှဲပေးကာ သတိပေးပြီး အခန်းကျယ်ကနေထွက်လာခဲ့သည်။

တက်တူးဆရာက ငယ်ငယ်သေးသေးကွေးကွေး ကောင်လေးတစ်ယောက်..အတော်လည်းပဲ လှသည်မို့  အနီးအနားက ကျားချောင်း ချောင်းနေသည့်ကောင်တွေ လက်ကလွတ်အောင် သတိတော့ပေးခဲ့ပါသည်။ ကျန်တာတော့ သူ့(တက်တူးဆရာ)သမိုင်းပင်..။
ဉာဏ်ထက်ရင် ဟိုကောင်တွေ‌ဆီကလွတ်မယ်..ဉာဏ်တုံးနှေးကွေးနေရင် ဟိုကောင်တွေလက်ထဲ ကျားခံတွင်းဝကိုရောက်သည့်ယုန်ငယ်ပမာဖြစ်လိမ့်မည် ဒါပါပဲ..။

BBrownရဲ့ဇယားတစ်ပွေပုံစံမျိုးသာပြောပြီး ကလိမ်ကကျစ်ဉာဏ်သုံးတတ်ရင် ဟိုကောင်တွေတစ်စက်မှတောင်ထိမှာ မဟုတ်ဘဲ ရိုရိုကျိုးကျိုးနဲ့ နေရပ်ကိုပြန်ပို့ပေးလိမ့်မည်..။
BBrownအပိုင်ကိုလုတဲ့ကောင်တွေကို BBrownက ဒီနယ်မြေထဲက အဝေးဆုံးအထိ ကန်ထုတ်တတ်တာမို့..။

သူရိုးရိုးလှေကားမှ အပေါ်ဆုံးတတိယအထပ်ကိုတက် လာသည်။ ဒုတိယအထပ်က ဟိုလူတွေနေတဲ့နေရာကိုရောက်တော့ ဘယ်တုန်းကချောင်းနေမှန်းမသိတဲ့ကောင်က ရုတ်တရက်ကြီးခေါ်လာ၏။

“ဟေ့ရောင် သားကြီးပြန်လာပြီလား”

“ ရန်လာမစွာနေနဲ့ ကိုယ့်ကြည့်တော့ လေလွင့်ရင်တောင်ပါသွားမယ့်ပုံနဲ့..”

ဟုတ်သည်။ သူ၏ထောင်ထဲကသူငယ်ချင်းအရင်းကြီး ဧရာဇင်ပင်ဖြစ်၏။ သူသည် ကိုလွမ်စေး၏အရိပ်၌ တပည့်အဖြစ်ခိုလှုံသလို ဧရာသည်လည်း သက်ဆိုင်သူခင်ပွန်းအနေနှင့် ခိုလှုံနေ၏။

ဒီကောင် ဒီနှစ်တွေအတွင်းမှာ ကိုလွမ်စေး၏ နှလုံးသားကိုဘယ်လိုယူလိုက်လဲတော့မသိ။ ဟိုကတစ်ခွန်းဆို ပွဲပြီး‌မီးသေပဲ။

“နေစမ်းပါကွာ..။ ဒါနဲ့ ငါချိတ်ပေးတဲ့တက်တူးဆရာလေး ဘယ်လိုလဲ ချောရဲ့လား “

ဧရာဇင် သူ့ခါးသူကိုင်ကာဖြင့် ဒီလှိုင်းကို ကြည့်ပြီး စပ်စုနေဟန်..။

“ ချောတာမချောတာထက် မင်းရဲ့တက်တူးဆရာ အခုလောက်ဆို အရိုးတခြားအသားတခြားမဖြစ်နေရင်ကံကောင်း..”

သူ ဧရာ့ကိုပြောပြီး သူအပိုင်စားရထားသည့် တတိယထပ်ကို လှေကားအတိုင်းတက်လာခဲ့သည်။ သူရေမိုးချိုးကာ ခါးအောက်ပိုင်းကို တဘတ်တစ်ထည်ပတ်ပြီး မွေ့ရာအနက်အိအိအပေါ် ထိုင်ချလျက် အံဆွဲထဲက ဆေးဘူးကိုထုတ်ကာဆေးတစ်လုံးကို ရေမပါဘဲ မြိုချလိုက်ပြီး အိပ်စက်ခြင်းဆီသို့သာ…။

ချစ်ရတဲ့လူတစ်ယောက်လုံး မျက်စိ‌ရှေ့ ရုပ်ပျက်ဆင်းပျက်သေထားတာတောင် ဘာမှမဖြစ်ဘူးဆိုလျှင် လူမဟုတ်လို့ပဲဖြစ်ပါလိမ့်မည်။

သူအိပ်ပျော်သွားခြင်းထက် မအိပ်ခင် နယ်ကျွံတတ်တဲ့အတွေးတွေကို ကြောက်ပါသည်။ အဲ့အတွေးတွေထဲမှာ သူ နွယ်နှောင်းသာကီကို ခဏခဏတမ်းတနေတာမို့ ပိုကြောက်ပါသည်။

မောင့်ကို တစ်ယောက်ထဲထားသွားတဲ့ နွယ့်ကို မောင် ခွင့်မလွှတ်နိုင်ဘူး နွယ်..

မောင့်ဘဝကိုရေစုန်မျောအောင်လုပ်ပြီး မင်းကျ နိုင်ငံခြားက ဆရာဝန်ဘွဲ့ယူ..မိဘစကားနားထောင် နေတယ်တဲ့လား နွယ်.. မင်းကသိပ်ရယ်ရတာပဲ.. မောင့်ကိုချစ်တယ်ပြောခဲ့တာ‌‌ကရော အလိမ်အညာပဲလား နွယ်…

“ ဒီလှိုင်း..ရန်ကုန်မှာ ပြင်သစ်ဘက်က လုပ်ငန်းရှင်နဲ့သွားတွေ့ဖို့အဆင်ပြေမလား..။ သူတို့ဆီရှယ်ယာထည့်မယ့် အညိုကောင်ကို သူတို့ကအရမ်းတွေ့ချင်နေကြတာ..”

လွမ်စေး ခိုင်းစရာရှိရင် သူ့ကို အပေါ်ကြောကမပြောဘဲ လုပ်ချင်ရဲ့လား မေးပြီးမှခိုင်းတတ်သလို..မလုပ်ချင်ဘူးပြောရင် ချက်ချင်းနောက်တစ်ယောက်ကို ပြောင်းခိုင်း၏။ ဒါမှမဟုတ် ကိုယ်တိုင်သွားတွေ့၏။

“ ဒီတစ်ခါတော့မငြင်းပါနဲ့ ငါ့ကောင်ရာ..ဟိုဘက်က ပိုင်ရှင်စုံတွဲကိုယ်တိုင်လာမှာဟ..အမြတ်ငွေမျက်နှာထောက်ပြီး သွားတွေ့လိုက်ပါကွာ..ဒီလိုကိစ္စတွေမှာ ငါကူညီလို့မကောင်းဘူးလေကွာ..”

ဒီလှိုင်း လက်ထဲက စီးကရက်ကို ရှိုက်ကာ ချွေးစိုနေသည့် ဆံပင်ကို သပ်တင်လိုက်ပြီးနောက် ချိတ်ထားသည့် ခြေထောက်ကို ဖြုတ်ကာ..နှုတ်ခမ်းတွန့်ရုံမျှပြုံးလိုက်၏။

“ ရန်ကုန်က အိမ်ပြီးပြီလား..”

“ တစ်လပဲရှိသေးတာလေကွာ မင်းလိုချင်တဲ့ပုံစံနဲ့ဆို ပြီးဖို့ကလိုသေးတယ်..ငါအကောင်းဆုံး ဟော်တယ်မှာ ဘိုကင်ချိတ်ပေးမယ်ကွာ ဒီတစ်ခါတော့သွားတွေ့လိုက်ပါ..”

“ အိုကေ..မနက်ဖြန်မလား..စိတ်ချ..”

“ မင်းအပြုံးက ငါ့ကို ခိုင်းပြီးမှနောင်တမရနဲ့ပြောနေသလိုပဲ ငါ့ကောင်ရ “

လွမ်စေးက ဒီလှိုင်းအကြောင်းကိုသိသူမို့ ဒီလှိုင်းပြုံးရင် သရဲတွေ့သည့်နယ် သူလန့်ပါသည်။ တစ်ခါက သူ မလုပ်ချင်သည့်အရာတစ်ခုကိုလုပ်ခိုင်း လိုက်တာ တစ်ဖက်နဲ့ရန်ဖြစ်ပြီး ပြန်လာသောကြောင့် မိတ်တွေ ပျက်ရသည်။ ရန်ဖြစ်တယ်သာပြောတယ် သူကအမြဲအသာစီးကပင် ထိရှရာလေးတောင်မထင်လာခဲ့။

ဒီကောင် တကယ်မလွယ်တဲ့ကောင်ပါ.. သူလုပ်ချင်ရင် အဲ့အရောင်းအဝယ်က မိနစ်ပိုင်းအတွင်းသေချာပေါက်တည့်တာကို မလုပ်ချင်လို့ ရန်ဖြစ်လာတာ။

“ တကယ်သွားမှာပါ ကိုလွမ်ရာ..ရန်ကုန်မှာကျုပ်လုပ်စရာလေးတွေလဲ ရှိသေးတယ် ဟက်…”

သူ ထထွက်သွားပါ၏။ သူအမြဲတမ်းဆံပင်မှာ ချွေးတွေကပ်နေရခြင်းသည် အမြဲသုံးရသည့် အိပ်ဆေးတွေ၏ ဆိုးကျိုးများဖြစ်ပေလိမ့်မည်။

ဆရာဝန်လောင်းဖြစ်ခဲ့ဖူးသူက..အိပ်ဆေးရဲ့ဆိုးကျိုးကိုသိပါရက်နဲ့ အမြဲသောက်တာ ဖြစ်သင့်ရဲ့လား…။

မိုးကုတ်မှ ရန်ကုန်သို့  လေယာဉ်ဖြင့် ညဘက်ကြီးမှ စတင်ထွက်ခွာသွားသည်။ လောကဓံကအမျိုးမျိုးကျီစယ်ပြီး နောက်ပိုင်း လေယာဉ်(သို့မဟုတ်) ဆိုင်ကယ်ပဲ သူစီး၍ရတော့သည်။

အတိတ်ဆိုးတွေကို ဆောင်ကြဉ်းပေးသော ကားကို သူ မစီးတာ မိုးကုတ်ရောက်ကထဲကပင်။

သူသည် သွားရင်တစ်ယောက်ထဲသာ သွားတတ်သူမှ မည်သည့်တပည့်မှာ မပါလာချေ။ ရန်ကုန်လေယာဉ်ကွင်းမှာဆင်းတော့ လွမ်စေးကြိုခိုင်းထားသည့်လူက အကောင်းစားဆိုင်ကယ်သော့ကို လာပေးသည်။

သူ့တွင် အိတ်ပါပေမယ့် မည်သည့်အဝတ်မျှမပါချေ။ ကျောပိုးအိတ်အနက်ရောင်ထဲတွင် ကျောက်ကြည့်ရသည့် ဓာတ်မီးအမျိုးမျိုးနှင့် စာအုပ်နှစ်အုပ်သာပါသည်။
သူ၏ဆိုင်ကယ်သည် လေယာဉ်ကွင်းမှ ဆေးရုံတစ်ခုဆီသို့ ပထမဦးစွာ ဦးတည်သွားတော့သည်..။

သူဆိုင်ကယ်အနက်ကို ဆေးရုံရှေ့တည့်တည့်မှာရပ်လိုက်ပြီး helmetကိုချွတ်ကာ ဆိုင်ကယ်‌ပေါ်တင်ခဲ့သည်။ ပြီးနောက် ကျောပိုးအိတ်ကို  ကိုင်းမှ ဆွဲကာ ဆေးရုံထဲသို့ တစ်လှမ်းချင်း လျှောက်၍ဝင်သွားသည်။
မဝင်ခင်လဲ ခပ်ဖွဖွရေရွတ်ကာ ခပ်ပြုံးပြုံးလုပ်သွားသေးသည်။

“အချိန်ကျပြီ မင်းဘဝကိုမောင်ဖျက်စီးတော့မှာမို့ ခံနိုင်ရည်ရှိပါစေ မောင့်နွယ်”

Style pantအနက်၊ရှပ်အင်္ကျီဟပြဲနှင့် ကျောပိုးအိတ်ကိုဆွဲကာ တစ်လှမ်းချင်းလျှောက်ဝင်လာသည့် မိမိမိုက်မိုက်ညိုချောကြီးကို ဆေးရုံဝင်းထဲက လူတွေလည်ပြန်ငေးကြည့်ကြလေသည်။

ထင်းကား‌နေသည့် မေးရိုးကြီး၊ နက်မှောင်နေသည့်မျက်ခုံးများနှင့် အကြည့်စူးစူးများက သူ့ကိုပိုမိမိုက်စေသလို (၆)ပေ‌ကျော်သည့် သူ့အရပ်ကြီးကလည်း ထင်းထွက်စေပြန်သည်။

သူဟာ လူ့ပြည်ကို တခဏဆင်းလာသည့် နတ်သားတစ်ပါးသ‌ဖွယ် အဘက်ဘက်မှပြီးပြည့်စုံလေဟု လူတိုင်းတွေးတော့နေကြဟန်။

သူ receptionရှေ့မှာရပ်ပြီး မေးလိုက်သည်..။

“ ‌နွယ်နှောင်းသာကီရှိတယ်မလား ခဏလောက်ခေါ်ပေး.."

သူ့ရဲ့ အေးစက်နေသည့်အသံက သူနာပြုမလေးတွေကို ကြက်သီးတဖျန်းဖျန်းထစေကာ သူ၏ အကြည့်စူးစူးတို့က ခြေဖျား၊လက်ဖျားများ အေးစက်စေသည်အထိ။

“ ခေါ်..ခေါ်ပေးလို့မရပါဘူး..။ တွေ့..တွေ့ချင်ရင် appointmentကြိုတင်မှရပါမယ်..”

“ ခေါ်ပေး..”

ခပ်ရိုင်းရိုင်းအပြုအမူမှန်းသိပေမယ့် သူ့ဘက်က အလျှော့ပေးဖို့ စိတ်ကူးမရှိခဲ့။
သူမျက်မှောင်ကြုတ်ကာ အမိန့်စကားဆိုတော့ ဒီသူနာပြုတွေခံနိုင်ရိုးလား..။

“ ဘယ်..ဘယ်သူလို့ ပြောလိုက်ရမလဲ"

“ သူ့ယောင်္ကျားလို့ပြောလိုက် “

သူ့အသံခပ်မြင့်မြင့်ကြောင့် တခြားလူတွေကိုစကားပြောနေသည့် သူနာပြုတွေလည်း လှည့်ကြည့်လာသည်။ သူ လိုက်ကြည့်သည့်လူတိုင်းကို ခပ်တည်တည်ပြန်ကြည့်ပေးလိုက်တော့ အကုန်လုံး ခေါင်းငုံ့သွားသည်။
သူနာပြုမလေးက ခဏထွက်သွားပြီး ဖုန်းဆက်နေကာ ဘာတွေပြောနေမှန်းမသိ..။

“ ဟုတ်ကဲ့ရှင့် ထိုင်ခုံမှာ ခဏထိုင်စောင့်ပေပါ ဒေါက်တာက ကြည့်လက်စလူနာကြည့်ပြီးရင် လာခဲ့ပါမယ်တဲ့ “

သူနာပြုမလေး စကားဆုံးအောင်‌တောင်မစောင့်တော့ပဲ သူထွက်လာခဲ့သည်။ သူနာပြုမလေးသည်တော့ ဘုမသိ ဘမသိ အချေကိုယ်တော်၏ချေမိုးမှုကို မအီမလည်နှင့် ခံလိုက်ရတော့သည်။

တစ်ဖက်တွင် နွယ် လူနာကြည့်နေစဉ် သူနာပြုလေးလာပြောသံကြောင့် တခဏတာစိတ်တိုသွားပေမယ့် မောင်များလား ဆိုသည့်မျှော်လင့်ချက် အမျှင်တန်းလေးကို စွဲကိုင်မိလိုက်တော့ ခြေဖျား၊လက်ဖျားတွေတောင် အေးလာသည်။
သူမောင်နဲ့မတွေ့ရတာ နှစ်တွေအတော့်ကိုကြာနေပြီ..
သူလူနာကိုခပ်မြန်မြန်ကြည့်ပေးပြီး မပြေးရုံတမယ် receptionကို ခပ်သုတ်သုတ်ထွက်လာခဲ့သည်။

“ ဆရာမ ခုနကကျွန်တော့်ယောင်္ကျား..
ကျွန်တော့်ယောင်္ကျားဆိုတဲ့လူရော “

သူ တုန်တုန်ရင်ရင်နှင့် မေးအပြီးမှာ သူနာပြုမလေး ညွှန်ပြ‌သည့် နေရာကိုကြည့်လိုက်တော့ သူ့ကိုစူးစိုက်ကြည့်နေသည့် မောင်..
မောင်က အတော်ကိုကြည့်ကောင်းလာတာပဲ..

လူကြီးပိုဆန်လာတယ်..
အသားပိုညိုလာတယ်..
အို..မောင့်နှုတ်ခမ်းတွေကအစ အကုန်ပြောင်းလဲသွားတာပဲ..။

သူတခဏတာ ကြက်သေသေသွားပြီးမှ မောင့်အနားကို အပြေးလေးသွားမိကာ မျက်ရည်တို့ ဝေ့ဝိုက်လျက် ခေါ်လိုက်မိသည်။

“ မောင်..”

သူအသံလေးတုန်ရင်ကာ မျက်ရည်တွေတာကျိုးကျလာသည်။ ကပို့ကရို့ဖြစ်နေသည့် ဆံစလေးတွေက ဝေ့ဝဲလို့။ ခပ်လှုပ်လှုပ်မျက်တောင်တွေက ရှည်စင်းလို့။
အို..လှရက်ပါပေ့ ဒေါက်တာရယ်..။
ထိုင်ရာကမထဘဲ မောင်က မော့ကြည့်လာပေမယ့် မောင့်မျက်လုံးထဲမှာ အရင်လိုနွေးထွေးမှုတွေမရှိတော့ဘူး..။

“ မောင်..အွန့် “

ဒီလှိုင်း သူ့ကိုထပ်ခါထပ်ခါလာခေါ်နေသည့် သူ့ရှေ့က အလှလေးရဲ့ နှုတ်ခမ်းရဲရဲလေးကို အငမ်းမရနမ်းရှိုက်မိသည်။

ဒါကမုန်းလို့..သူ့နယ်ပယ်မှာ သိက္ခာကျစေချင်ရုံပဲ..။

နွယ်နှောင်းသာကီဆိုတဲ့အမျိုးက ကြီးလေလှလေလားမသိ..။ အသက်ဖြင့်(၃၀)ရောက်နေပြီ အရင်ကထက် လှလာတုန်း။ ခါးအထိရှည်နေတဲ့ဆံပင်တွေကို ခပ်ယဲ့ယဲ့ချည်နှောင်ထားတတ်တုန်း..။

နံဘေးကလူတွေက ဟာခနဲ ဟင်ခနဲနှင့်သူတို့ကိုကြည့်ကာ နာမည်ကျော်သူဌေးကြီး၏သားဆိုတော့ ဓာတ်ပုံကိုအမိအရရိုက်ကြသည်။
နွယ် မောင့်အနမ်းတွေကို တုန့်ပြန်ဖို့မေ့နေတယ်။ နွယ် ကျောက်ရုပ်လေးအလား ငြိမ်သက်နေတာ..။ နွယ် အံ့ဩသည် အရင်က မောင်က နွယ့်ကိုလူကြားထဲနမ်းရှိုက်ဖို့မပြောနှင့် လက်တောင်မကိုင်ချေ။ အခုတော့များ..

“ မောင်..အွန်း တော်..တော်ပြီ..နွယ်  အသက်ရှူမရဝူး “

ဒီလှိုင်း နွယ့်အသံကြားမှ အသိပြန်ဝင်လာသည်။

အစက ဒီလူကိုသိက္ခာချချင်ရုံပဲ.. အခုလိုနမ်းဖို့အထိ မစဉ်းစားထား..

“ ခင်ဗျား သိပ်ပြုစားတာပဲ နွယ်သာကီ”
နွယ် အသက်ကိုဝအောင်ရှူနေစဉ် မောင့်စကားကြောင့် ကြောင်,အ သွားပါသည်။

“ နွယ်‌ မောင့်ကို မပြုစားဝံ့ပါဘူး မောင်”

“ ကျုပ် ဘဝကိုဖျက်ပြီး ခင်ဗျားကျ အေးဆေးလေး ဆေးထိုင်ကုနေတယ်ပေါ့ နွယ်နှောင်းသာကီ...စိတ်ချ ကျုပ်ဆရာဝန်မဖြစ်ခဲ့သလို ခင်ဗျားလည်း ဆရာဝန်ဘဝမှာကြာကြာနေရမယ်မထင်နဲ့”

မောင်က ပြေပြောဆိုဆိုနှင့် နွယ့်ဂျူတီကုတ်ကြား လွတ်နေသည့် လက်ကောက်ဝတ်ဖွေးဖွေးကို သူ့လက်ကြီးဖြင့် စုတ်ကိုင်ကာ ထွက်သွားဖို့ပြင်သည်။

မောင့်စကားတွေကြောင့် သူ‌ငေးငိုင်မိနေတုန်းမှာပဲ မောင်က သူ့ကိုဆွဲခေါ်သွားသည်။

“‌မောင်..မောင် နေပါအုံး..နွယ် လူနာကြည့်စရာရှိသေးတယ်”

“ ကျုပ်ပြောပြီးပါရောလား နွယ်သာကီ ခင်ဗျား အမှတ်မရှိဘူးလား။ အဲ့သုံးစားမရတဲ့ ဦးနှောက်က သူများကိုဘယ်လိုစောက်ဒုက္ခပေးရမလဲဘဲ တွေးနေတာမလား”

နွယ် အသံမထွက်ရဲတော့ပဲ မောင် ဆွဲခေါ်ရာနောက်ကို ယက်ကန်ယက်ကန်နှင့်လိုက်ရတော့သည်။
အသံမထွက်ရဲတာထက် အာစေးမိသွားတာဆိုပိုမှန်လိမ့်မည်။

အရင်က သူ့ကို တယုတယမြတ်မြတ်နိုးနိုးချစ်ခဲ့တဲ့ မောင်..
စကားကြမ်းတွေမပြောနှင့် သူ့ကိုလေစိမ်းတောင်မတိုက်ဝံ့သည့် မောင်..
အခုတော့များ သူ့ကိုအပြစ်တင်စကားပဲဆိုပြီး သူ့သိက္ခာကိုနင်းချေသည့် မောင်..
ဘာတွေကများ မောင့်ကိုပြောင်းလဲသွားစေရတာလဲ မောင်ရယ်…
________________________
ေမာင့္ ႏြယ္သာကီ
အပိုင္း(၇)

စီးပြားေရးတြင္ က်႐ႈံးၿပီးလွ်င္ နလန္ျပန္ထူဖို႔ခက္ခဲ၏။ အထူးသျဖင့္ ဘြဲ႕မရေသးတဲ့လူတစ္ဦး ဦးေဆာင္တဲ့အခါ ႏွိမ့္ခ်သည့္လူေတြ႐ွိသလို မထီမဲ့ျမင္လုပ္သည့္လူေတြ႐ွိ၍ လိုရာခရီးကိုေရာက္ရန္ ထင္ထားတာထက္ခက္ခဲ၏။

စီးပြားေရးတြင္ အရင္းအႏွီးမ်ားသည့္လူသည္ ႐ႈံးႏိုင္ေခ်မ်ား၏။ အ႐ႈံး၏ထိခိုက္မႈဒဏ္ကိုႀကိဳတင္စိုးရိမ္‌ကာ မရင္းႏွီးရဲခဲ့လွ်င္ ႀကိဳးစားသမွ် အရာမတြင္သည္မွာ စီးပြားေရး၏ သေဘာသဘာဝပင္ျဖစ္၏။

ဒီလိႈင္းခက္ထန္ဆိုသည့္ ေယာက်ၤားဟာေတာ့ ကိုယ္တိုင္က ေငြကိုပုံကာ ရင္းႏွီးရဲသလို အ႐ႈံးရဲ႕ထိခိုက္မႈဒဏ္ကိုလဲ ေပ်ာ္ေပ်ာ္ႀကီးခံစားရဲ၏။။ တစ္‌ေကာင္ႂကြက္ဘဝနဲ႔ ကုန္းေကာက္စရာမ႐ွိသည့္ ဘဝကိုေတာင္ အ႐ြဲ႕တိုက္ၿပီး႐ွင္သန္ရဲတာ ႀကီးႀကီးတက္ခ်မ္းသာေနသည့္ ဘဝမွာ ‌ပို၍႐ွင္သန္ႏိုင္၏။

ညီမျဖစ္သူဆုံးၿပီး (၃)ႏွစ္ေက်ာ္အတြင္းမွာ သူသည္ အလုပ္ကိုဖိလုပ္၍ စီးပြားေရးတြင္ ေနရာတစ္ခုကိုေရာက္ေနၿပီျဖစ္၏။ ဖခင္၏ေျခရာကို အမိအရလိုက္နင္းႏိုင္ကာ နာမည္ဝွက္ႏွင့္ ေက်ာက္ေလာကတြင္ေက်ာ္ၾကားၿပီး ေဆး႐ုံေပါင္းမ်ားစြာကိုအုပ္ခ်ဳပ္ႏိုင္သည့္  စီးပြားေရးလုပ္ငန္း႐ွင္တစ္ေယာက္အျဖစ္လဲ ေက်ာ္ၾကား၏။
တစ္ေကာင္ႂကြက္ တစ္မ်က္ႏွာမို႔ ေအးတိေအးစက္ပုံစံႏွင့္ စကားအလြန္နည္းလာသည္။ နာမည္အတိုင္း ခက္ထန္လြန္းလာတယ္..။ မုန္တိုင္းလက္က်န္လိႈင္းေတြလို ရက္စက္လြန္းလာတယ္..။ ‌မ်က္ဝန္းညိဳညိဳေတြက ေရေသလို အၿမဲေအးစက္ေနၿပီး အျပဳံးအရယ္အလ်ဥ္းမ႐ွိ..။ သူ၏ ေသြးသည္ ေရခဲမွတ္ေရာက္သည္အထိ ေအးလြန္းတယ္။

သူသည္ ထြားက်ိဳင္းသည့္ (၂၉)ႏွစ္အ႐ြယ္ ေယာက်ၤားပ်ိဳတစ္ဦး..။ သူ႕ အင္အားက ဆင္ႏွစ္ေကာင္အားႏွင့္ညီမွ်သလို..သူ႕စိတ္ဓာတ္က သံေတာင္ႀကီးသဖြယ္ မာေက်ာတယ္။
သူက အသားညိဳကာ ေထာင္ေထာင္ေမာင္းေမာင္းႀကီးမို႔ အညိဳေရာင္ဝက္ဝံႀကီး(Brown Bear)ကို အတိုေကာက္ခါ BBrownလို႔လူအမ်ားသိၾကတယ္။

BBrownဆို ေက်ာက္ေလာကမွာ ပြဲၿပီးမီးေသတဲ့အထိပဲ။

ဒီေန႔ ဩစေၾတးလ်က တက္တူးဆရာကို ေခၚကာ ကိုလြမ္ေစးရဲ႕ အိမ္၏ေအာက္ထပ္မွာ သူတက္တူးထိုးေန၏။ တက္တူးဆရာက သူ႕ရဲ႕ေအးစက္မႈအ႐ွိန္အဝါေၾကာင့္ လက္ေတြတုန္ရင္ေနသလိုလိုပင္..။

“Will it be over today?”
(မင္းဒီေန႔ၿပီးအုံးမွာလား)

“If you can’t do it, go back to where you came from”
(မင္းမလုပ္ႏိုင္ရင္ လာရာအရပ္ကိုျပန္)

စီးကရက္ကိုလက္ၾကားညႇပ္ကာ တက္တူးဆရာကို အသံခပ္ဩဩႏွင့္ သူ၏စိတ္မ႐ွည္မႈကိုျပသေနသည္။

“Sorry sir... I can do it “
(ေတာင္းပန္ပါတယ္ ဆရာ။ ကြၽန္ေတာ္လုပ္ႏိုင္တယ္)

တက္တူးဆရာက သူ႕စိတ္သူထိန္းကာ ဒီလိႈင္းလိုခ်င္သည့္ပုံသဏၭာန္ကို  အဖုအထစ္ျပည့္ေနသည့္ ဝမ္းဗိုက္ေပၚတြင္ စတင္ေရးျခစ္ပါေတာ့သည္။

BBrownက  ဉာဏ္အထက္ဆုံးျဖစ္ၿပီး စီးပြားေရးေဈးကြက္ျမင္တက္သူမို႔ သူ႕ထံတြင္တပည့္တပန္းအျဖစ္ခိုလုံခ်င္သူ အမ်ားအျပား႐ွိ၏။

လြန္ခဲ့တဲ့သုံးႏွစ္က လြမ္ေစးေခၚလာသည့္ BBrownရဲ႕ပုံစံသည္လဲ ယခုပုံအတိုင္း ခက္ထန္ မာေၾကာေနသည္။

လြန္ခဲ့တဲ့သုံးႏွစ္က..

ဒီလိႈင္း ေလေျပဆုံးၿပီးလို႔ တစ္လျပည့္တဲ့ေန႔က သူႀကီးေပးခဲ့တဲ့ ဖုန္းနံပါတ္ကိုဆက္သြယ္ကာ မိုးကုတ္ကိုလိုက္သြားဖို႔ဆုံးျဖတ္လိုက္သည္။

ဘြဲ႕မရႏိုင္ေတာ့သည့္လူတစ္ေယာက္အတြက္ ေငြရေပါက္ရလမ္းသည္ ယခင္ကက်င္လည္ခဲ့သည့္ ေလာကကို ျပန္ေျခခ်မွရမည္။ ထို႔အျပင္ထိုေလာက၌ ရင္းႏွီးကြၽမ္းဝင္သူ၏ အကူအညီကိုလိုအပ္သည္။
သူဖုန္းဆက္ေတာ့ ကိုလြမ္ေစးက ဝမ္းပမ္းတသာႀကိဳဆိုၿပီး အေဝးေျပးဂိတ္အထိလာႀကိဳ၏။

ေရာက္ေရာက္ခ်င္း ကိုလြမ္ေစးက သူ႕ကိုအကဲခတ္ကာ..

“ မင္းက ဝက္ဝံတစ္ေကာင္လိုပဲ မာေၾကာ ခက္ထန္လာတယ္ ဒီလိႈင္း..ဝက္ဝံဆိုတာ လက္သည္းေတြကိုအခ်ိန္တန္မွ ထုတ္သုံးတတ္တာေလ”

ကိုလြမ္‌ေစးသည္ တစ္ဖက္လွည့္ႏွင့္ မခံခ်င္စိတ္ျပည့္ေနသည့္ သူ႕ကိုသတိေပးခဲ့၏။

သူကလည္းျဖစ္ပ်က္သမွ်ကို လူတိုင္းကိုရင္ဖြင့္တတ္တဲ့သူမဟုတ္ေတာ့ပဲ 'ေငြ႐ွာခ်င္လို႔' တစ္ခြန္းထဲသာ ေျပာခဲ့သည္။
ကိုလြမ္ေစးက အကဲခတ္ေတာ္သူပီပီ ဆုံး႐ႈံးစရာမ႐ွိ၊ေမွ်ာ္လင့္ခ်က္မ႐ွိေတာ့သည့္ ဒီလိႈင္း၏ပုံစံေၾကာင့္ သိသင့္သေလာက္ သိေနၿပီထင္ပါ၏။

ကိုလြမ္ေစးသည္ သူမသိေသးသည့္ ေက်ာက္မ်ားအေၾကာင္းကို ကိုယ္တိုင္သင္ၾကားေပးၿပီး သူ႕ကိုလုပ္ပိုင္ခြင့္အျပည့္ေပးထား၏။ သင္လြယ္တတ္လြယ္တာမို႔ ေက်ာက္ေလာကမွာ ‘BBrown’ဆိုေသာ နာမည္ႏွင့္ တျဖည္းျဖည္းေက်ာ္ၾကားလာသည္။ ဆရာေကာင္း၍ တပည့္ေတာ္ရျခင္းျဖစ္သည့္အတြက္ ကိုလြမ္ေစးသည္ သူ႕ေက်းဇူး႐ွင္ဆရာသခင္ျဖစ္ေပ၏။

သူ႕တြင္ရည္မွန္းခ်က္တစ္ခု႐ွိေသး၏။ သာကီလုပ္ငန္းစုထဲသို႔က်ေရာက္သြားရတဲ့ သူတို႔မိသားစုပိုင္ ကုမၸဏီေလးကို ျပန္လိုခ်င္ပါသည္။ အိမ္ျပန္လွည္းျပန္မယူရဆိုေသာ ဆို႐ိုး႐ွိေပမယ့္ မိဘေတြရဲ႕ေသြး၊ေခြၽးနဲ႔တည္ေထာင္ခဲ့ရတာမို႔ ျပန္ယူကာ လက္ေအာက္တြင္ထိန္းသိမ္းထားခ်င္သည္။
စီးပြားေရးေတာ္ေတာ္ေျပလည္ေနသည့္တိုင္ သူသည္ ကိုလြမ္ေစး၏အိမ္မွာသာ အတူေန‌ေသးသလို ရည္းမွန္းခ်က္ကိုလဲ အေကာင္အထည္မေဖာ္ေသးေခ်။

တစ္ေန႔ ေက်ာက္ေလာကမွ အနားယူလိုက္သည့္ လူတစ္ဦးႏွင့္ အလုပ္ကိစၥသြားေတြ႕ရာ အရင္ကသိခဲ့သည့္လူတစ္ဦးကို အမွတ္တမဲ့ေတြ႕လိုက္ရ၏။ ထိုသူက ေဖေဖ့သူငယ္ခ်င္းေဟာင္းတစ္ဦးျဖစ္ၿပီး ဒီလိႈင္းႏွင့္သိသူမို႔ ခ်က္ခ်င္းမွတ္မိ၏။

“ သားဒီလိႈင္းမလား..”

“ ဟုတ္ပါတယ္ ကြၽန္ေတာ္..”

“ သားအဆင္ေျပေနရဲ႕လား..”

“ ကြၽန္ေတာ္ တစ္ေယာက္ထဲ အဆင္ေျပေနပါတယ္”

“ အခု ဦးဆီကိုလာမယ့္ BBrownက သားလား”

“ ဟုတ္ပါတယ္ ကြၽန္ေတာ္ပါ..”

စီးပြားေရး၌ မခ်စ္ေသာ္လည္း ေအာင့္ကာနမ္းရ၏။ အရင္ကသိခဲ့ဖူးသူေတြႏွင့္ေတြ႕ရတာ အဆင္‌မေျပေသာ္လည္း အဆင္ေျပေနသလို ယဥ္ေက်းရ၏။ သို႔ေသာ္ဒီလိႈင္းခက္ထန္က ယတိပ်က္စကားကိုသာဆို၏။

“သားတို႔ မိသားစုရဲ႕ သတင္းကိုၾကားပါတယ္။ ေလေျပေလးေရာ‌ ေနေကာင္းရဲ႕လား”

“အငယ္ဆုံးတာ (၃)ႏွစ္ေက်ာ္ပါၿပီ..”

ဒီလိႈင္းသည္ လူေတြကို အဆိုးမွစ၍ အရင္ျမင္တတ္သည့္ အက်င့္ကိုရေနၿပီျဖစ္၏။ ထို႔ေၾကာင့္ စစေတြ႕ခ်င္းလူတိုင္းကို အရင္ကဘယ္ေလာက္ခင္ခဲ့ခင္ခဲ့ ခပ္တန္းတန္းသာဆက္ဆံ၏။

“ေဟ..ဘယ္လိုျဖစ္ရတာတုန္း..”

“အဲ့အေၾကာင္းေတြကို ျပန္ေျပာဖို႔ ကြၽန္ေတာ့္အတြက္ အဆင္မေျပဘူး..”

ကိုယ္တိုင္ေတာင္ ညဘက္ေတြအိပ္ေဆးအကူအညီနဲ႔ ထိုကိစၥေတြကိုေမ့ကာ အိပ္ရသည့္အတြက္ အတိတ္ကအေၾကာင္းေတြကိုျပန္ၿပီးအစေဖာ္ဖို႔ရာ ဒီလိႈင္းအတြက္ လုံးဝကိုအဆင္မေျပေခ်။

“ဟုတ္ပါၿပီ..စိတ္မေကာင္းပါဘူးကြယ္..မင္းအေဖစိန္ခန္႔ေတာင္ မဆုံးခင္ေလးကမွ ဦးစီကေန ေျမကြက္တစ္ကြက္ဝယ္ထားေသးတယ္ ေငြေခ်ၿပီးတဲ့ေနာက္ေန႔ဆုံးတာပဲ..စာခ်ဳပ္ေတာင္ မေပးရေသးဘူး..သားကို ဦးအဲ့စာခ်ဳပ္ေပးလိုက္မယ္..အဲ့ျခံက ကာလေပါက္ေဈး (၂)ေသာင္းနီးပါးေလာက္႐ွိမယ္ထင္တယ္ ဦးလည္း သားတို႔ေမာင္ႏွမကိုေပးဖို႔႐ွာေနတာ..”

ထိုလူသည္ ခ်က္ခ်င္းထကာ စာခ်ဴပ္ကိုသြားယူၿပီး ဒီလိႈင္းလက္ထဲသို႔ထည့္၏။

“ဟုတ္ကဲ့ အဲ့တာဆို အဲ့ျခံမွာေဆာက္ထားတဲ့အေဆာက္အဦးေလးေတြဖယ္ေပးပါအုံး..ဒါမွမဟုတ္ အန္ကယ္ပဲ ကာလေပါက္ေဈးအတိုင္း ျပန္ယူလိုက္ပါ..ကြၽန္ေတာ္က ေလာ‌ ေလာဆယ္ရန္ကုန္မွာေျခခ်ဖို႔ အစီအစဥ္မ႐ွိေသးဘူး..”

စာခ်ဳပ္တြင္ပါေသာ ျခံေနရာသည္ ရန္ကုန္တြင္ျဖစ္၏။ရန္ကုန္ကို တစ္လတစ္ေခါက္သြားေသာ သူသည္ စီးပြားေရးေဈးကြက္ကိုေလ့လာသလို အခ်က္အခ်ာက်ေသာေနရာမ်ားကိုလည္းပဲေလ့လာထား၏။ ထိုျခံကြက္သည္ အခ်က္အခ်ာက်ၿပီး စီးပြားေရးလုပ္လို႔ေကာင္းသည့္ေနရာျဖစ္၏။

သို႔ေသာ္ စီးပြားေရးသမားတို႔၏ထုံးစံအတိုင္း ပိုင္႐ွင္မေပၚေသးသ၍ အျမတ္ရမည့္အေရးကိုလုပ္ေနအုံးမည္။ ပိုင္႐ွင္ေပၚလာလွ်င္ ေက်းဇူးေကြၽးအတင္ခံကာ ထိုျခံကြက္ကိုေပးမည္။ ၿပီးေနာက္ ႏွစ္ဦးႏွစ္ဖက္အဆင္ေျပမည့္အေရးကို ညႇိႏိႈင္းမည္။

“ အဲ့ေနရာကဟာေတြကို ဦးတစ္လအတြင္းဖယ္ေပးပါမယ္ ေနာင္တစ္ခ်ိန္ သားလုပ္ငန္းစလုပ္မယ္ဆိုရင္ ဦးကို႐ွယ္ယာဝင္ခြင့္ေပးပါ.."

“ ‌ကြၽန္ေတာ္ ေသခ်ာေပါက္ သတိရေပးပါမယ္..”

ငယ္ငယ္႐ြယ္႐ြယ္ထဲက ဖခင္ျဖစ္သူ ရတနာကုန္သည္၏သင္ၾကားမႈႏွင့္ ေက်ာက္ေလာက၏ဘုရင္တစ္ပါးျဖစ္သည့္ ကိုလြမ္ေစး၏သင္ၾကားမႈႏွစ္ခုေပါင္းလိုက္လွ်င္ ဒီလိႈင္းခက္ထန္သည္ ဘုရင့္ဦးေခါင္းထက္က  ေကသာျဖစ္လိမ့္မည္။ 

BBrownဆိုသည့္ သူကတာထြက္လွခဲ့ၿပီး ရည္မွန္းခ်က္ကိုသာတည့္တည့္သြားလွ်င္ အဆုံးသတ္၌ အ႐ွိန္အဝါအားေကာင္းသည့္ သူေဌးႀကီးျဖစ္လာလိမ့္မည္။ သူေလွ်ာက္မည့္လမ္းကို ေသြဖယ္သြားခဲ့ရင္လဲ ေအာက္ေျခကစခဲ့သူမို႔ ႀကီးႀကီးမားမားထိခိုက္သြားမည့္သူမဟုတ္ေခ်။

ယခုမွ BBrownစတင္၍ တက္တူးထိုး‌ ေနတာျဖစ္သည္။ အမာ႐ြတ္၊အနာ‌ေဖးမ်ားစြာ႐ွိေသာ္လည္း ညာဘက္ဝမ္းဗိုက္႐ွိ ခပ္ေရးေရးျမင္ရေသာ သြားရာေလးေတြကို ငုံကာ က်ားတစ္ေကာင္မာန္ဖီေနသဖြယ္ တက္တူးကို သူထိုးေနပါ၏။

နာရီေပါင္းမ်ားစြာၾကာအၿပီးမွာေတာ့ မ်က္လုံးအညိဳေရာင္ ေတာက္ေတာက္ေတြ႐ွိေသာ အျဖဴေပၚမွာအစင္းက်ားေတြပါ႐ွိသည့္ က်ားမတစ္ေကာင္သည္ ဒီလိႈင္း၏ ညာဘက္ႂကြက္သားညိဳညိဳေတြေပၚ၌ သက္ဝင္လာပါေတာ့သည္။

က်ားမဟုထင္ရျခင္းမွာ က်ား၏ ညာဘက္နား႐ြက္ေပၚတြင္ အျဖဴေရာင္ႏြယ္သာကီပန္းတစ္ပြင့္ကို ပန္ထားသည့္ဟန္ထိုးထား၍ျဖစ္သည္။
သူႏွဖူးေပၚက်ေနသည့္ ေခြၽးဆိုေနေသာ ဆံပင္ေတြကို သပ္တင္လ်က္ ထရပ္လိုက္သည္။

“ I transferred all the money. So, you can go home”
(ပိုက္ဆံေတြအကုန္လႊဲေပးလိုက္ၿပီ။ ဒါေၾကာင့္ အိမ္ျပန္ေတာ့)

သူတက္တူးဆရာကို ေဒၚလာအေျမာက္အမ်ားလႊဲေပးကာ သတိေပးၿပီး အခန္းက်ယ္ကေနထြက္လာခဲ့သည္။

တက္တူးဆရာက ငယ္ငယ္ေသးေသးေကြးေကြး ေကာင္ေလးတစ္ေယာက္..အေတာ္လည္းပဲ လွသည္မို႔  အနီးအနားက က်ားေခ်ာင္း ေခ်ာင္းေနသည့္ေကာင္ေတြ လက္ကလြတ္ေအာင္ သတိေတာ့ေပးခဲ့ပါသည္။ က်န္တာေတာ့ သူ႕(တက္တူးဆရာ)သမိုင္းပင္..။
ဉာဏ္ထက္ရင္ ဟိုေကာင္ေတြ‌ဆီကလြတ္မယ္..ဉာဏ္တုံးေႏွးေကြးေနရင္ ဟိုေကာင္ေတြလက္ထဲ က်ားခံတြင္းဝကိုေရာက္သည့္ယုန္ငယ္ပမာျဖစ္လိမ့္မည္ ဒါပါပဲ..။

BBrownရဲ႕ဇယားတစ္ေပြပုံစံမ်ိဳးသာေျပာၿပီး ကလိမ္ကက်စ္ဉာဏ္သုံးတတ္ရင္ ဟိုေကာင္ေတြတစ္စက္မွေတာင္ထိမွာ မဟုတ္ဘဲ ႐ို႐ိုက်ိဳးက်ိဳးနဲ႔ ေနရပ္ကိုျပန္ပို႔ေပးလိမ့္မည္..။
BBrownအပိုင္ကိုလုတဲ့ေကာင္ေတြကို BBrownက ဒီနယ္ေျမထဲက အေဝးဆုံးအထိ ကန္ထုတ္တတ္တာမို႔..။

သူ႐ိုး႐ိုးေလွကားမွ အေပၚဆုံးတတိယအထပ္ကိုတက္ လာသည္။ ဒုတိယအထပ္က ဟိုလူေတြေနတဲ့ေနရာကိုေရာက္ေတာ့ ဘယ္တုန္းကေခ်ာင္းေနမွန္းမသိတဲ့ေကာင္က ႐ုတ္တရက္ႀကီးေခၚလာ၏။

“ေဟ့ေရာင္ သားႀကီးျပန္လာၿပီလား”

“ ရန္လာမစြာေနနဲ႔ ကိုယ့္ၾကည့္ေတာ့ ေလလြင့္ရင္ေတာင္ပါသြားမယ့္ပုံနဲ႔..”

ဟုတ္သည္။ သူ၏ေထာင္ထဲကသူငယ္ခ်င္းအရင္းႀကီး ဧရာဇင္ပင္ျဖစ္၏။ သူသည္ ကိုလြမ္ေစး၏အရိပ္၌ တပည့္အျဖစ္ခိုလႈံသလို ဧရာသည္လည္း သက္ဆိုင္သူခင္ပြန္းအေနႏွင့္ ခိုလႈံေန၏။

ဒီေကာင္ ဒီႏွစ္ေတြအတြင္းမွာ ကိုလြမ္ေစး၏ ႏွလုံးသားကိုဘယ္လိုယူလိုက္လဲေတာ့မသိ။ ဟိုကတစ္ခြန္းဆို ပြဲၿပီး‌မီးေသပဲ။

“ေနစမ္းပါကြာ..။ ဒါနဲ႔ ငါခ်ိတ္ေပးတဲ့တက္တူးဆရာေလး ဘယ္လိုလဲ ေခ်ာရဲ႕လား “

ဧရာဇင္ သူ႕ခါးသူကိုင္ကာျဖင့္ ဒီလိႈင္းကို ၾကည့္ၿပီး စပ္စုေနဟန္..။

“ ေခ်ာတာမေခ်ာတာထက္ မင္းရဲ႕တက္တူးဆရာ အခုေလာက္ဆို အ႐ိုးတျခားအသားတျခားမျဖစ္ေနရင္ကံေကာင္း..”

သူ ဧရာ့ကိုေျပာၿပီး သူအပိုင္စားရထားသည့္ တတိယထပ္ကို ေလွကားအတိုင္းတက္လာခဲ့သည္။ သူေရမိုးခ်ိဳးကာ ခါးေအာက္ပိုင္းကို တဘတ္တစ္ထည္ပတ္ၿပီး ေမြ႕ရာအနက္အိအိအေပၚ ထိုင္ခ်လ်က္ အံဆြဲထဲက ေဆးဘူးကိုထုတ္ကာေဆးတစ္လုံးကို ေရမပါဘဲ ၿမိဳခ်လိုက္ၿပီး အိပ္စက္ျခင္းဆီသို႔သာ…။

ခ်စ္ရတဲ့လူတစ္ေယာက္လုံး မ်က္စိ‌ေ႐ွ႕ ႐ုပ္ပ်က္ဆင္းပ်က္ေသထားတာေတာင္ ဘာမွမျဖစ္ဘူးဆိုလွ်င္ လူမဟုတ္လို႔ပဲျဖစ္ပါလိမ့္မည္။

သူအိပ္ေပ်ာ္သြားျခင္းထက္ မအိပ္ခင္ နယ္ကြၽံတတ္တဲ့အေတြးေတြကို ေၾကာက္ပါသည္။ အဲ့အေတြးေတြထဲမွာ သူ ႏြယ္ေႏွာင္းသာကီကို ခဏခဏတမ္းတေနတာမို႔ ပိုေၾကာက္ပါသည္။

ေမာင့္ကို တစ္ေယာက္ထဲထားသြားတဲ့ ႏြယ့္ကို ေမာင္ ခြင့္မလႊတ္ႏိုင္ဘူး ႏြယ္..

ေမာင့္ဘဝကိုေရစုန္ေမ်ာေအာင္လုပ္ၿပီး မင္းက် ႏိုင္ငံျခားက ဆရာဝန္ဘြဲ႕ယူ..မိဘစကားနားေထာင္ ေနတယ္တဲ့လား ႏြယ္.. မင္းကသိပ္ရယ္ရတာပဲ.. ေမာင့္ကိုခ်စ္တယ္ေျပာခဲ့တာ‌‌ကေရာ အလိမ္အညာပဲလား ႏြယ္…

“ ဒီလိႈင္း..ရန္ကုန္မွာ ျပင္သစ္ဘက္က လုပ္ငန္း႐ွင္နဲ႔သြားေတြ႕ဖို႔အဆင္ေျပမလား..။ သူတို႔ဆီ႐ွယ္ယာထည့္မယ့္ အညိဳေကာင္ကို သူတို႔ကအရမ္းေတြ႕ခ်င္ေနၾကတာ..”

လြမ္ေစး ခိုင္းစရာ႐ွိရင္ သူ႕ကို အေပၚေၾကာကမေျပာဘဲ လုပ္ခ်င္ရဲ႕လား ေမးၿပီးမွခိုင္းတတ္သလို..မလုပ္ခ်င္ဘူးေျပာရင္ ခ်က္ခ်င္းေနာက္တစ္ေယာက္ကို ေျပာင္းခိုင္း၏။ ဒါမွမဟုတ္ ကိုယ္တိုင္သြားေတြ႕၏။

“ ဒီတစ္ခါေတာ့မျငင္းပါနဲ႔ ငါ့ေကာင္ရာ..ဟိုဘက္က ပိုင္႐ွင္စုံတြဲကိုယ္တိုင္လာမွာဟ..အျမတ္ေငြမ်က္ႏွာေထာက္ၿပီး သြားေတြ႕လိုက္ပါကြာ..ဒီလိုကိစၥေတြမွာ ငါကူညီလို႔မေကာင္းဘူးေလကြာ..”

ဒီလိႈင္း လက္ထဲက စီးကရက္ကို ႐ိႈက္ကာ ေခြၽးစိုေနသည့္ ဆံပင္ကို သပ္တင္လိုက္ၿပီးေနာက္ ခ်ိတ္ထားသည့္ ေျခေထာက္ကို ျဖဳတ္ကာ..ႏႈတ္ခမ္းတြန္႔႐ုံမွ်ျပဳံးလိုက္၏။

“ ရန္ကုန္က အိမ္ၿပီးၿပီလား..”

“ တစ္လပဲ႐ွိေသးတာေလကြာ မင္းလိုခ်င္တဲ့ပုံစံနဲ႔ဆို ၿပီးဖို႔ကလိုေသးတယ္..ငါအေကာင္းဆုံး ေဟာ္တယ္မွာ ဘိုကင္ခ်ိတ္ေပးမယ္ကြာ ဒီတစ္ခါေတာ့သြားေတြ႕လိုက္ပါ..”

“ အိုေက..မနက္ျဖန္မလား..စိတ္ခ်..”

“ မင္းအျပဳံးက ငါ့ကို ခိုင္းၿပီးမွေနာင္တမရနဲ႔ေျပာေနသလိုပဲ ငါ့ေကာင္ရ “

လြမ္ေစးက ဒီလိႈင္းအေၾကာင္းကိုသိသူမို႔ ဒီလိႈင္းျပဳံးရင္ သရဲေတြ႕သည့္နယ္ သူလန္႔ပါသည္။ တစ္ခါက သူ မလုပ္ခ်င္သည့္အရာတစ္ခုကိုလုပ္ခိုင္း လိုက္တာ တစ္ဖက္နဲ႔ရန္ျဖစ္ၿပီး ျပန္လာေသာေၾကာင့္ မိတ္ေတြ ပ်က္ရသည္။ ရန္ျဖစ္တယ္သာေျပာတယ္ သူကအၿမဲအသာစီးကပင္ ထိ႐ွရာေလးေတာင္မထင္လာခဲ့။

ဒီေကာင္ တကယ္မလြယ္တဲ့ေကာင္ပါ.. သူလုပ္ခ်င္ရင္ အဲ့အေရာင္းအဝယ္က မိနစ္ပိုင္းအတြင္းေသခ်ာေပါက္တည့္တာကို မလုပ္ခ်င္လို႔ ရန္ျဖစ္လာတာ။

“ တကယ္သြားမွာပါ ကိုလြမ္ရာ..ရန္ကုန္မွာက်ဳပ္လုပ္စရာေလးေတြလဲ ႐ွိေသးတယ္ ဟက္…”

သူ ထထြက္သြားပါ၏။ သူအၿမဲတမ္းဆံပင္မွာ ေခြၽးေတြကပ္ေနရျခင္းသည္ အၿမဲသုံးရသည့္ အိပ္ေဆးေတြ၏ ဆိုးက်ိဳးမ်ားျဖစ္ေပလိမ့္မည္။

ဆရာဝန္ေလာင္းျဖစ္ခဲ့ဖူးသူက..အိပ္ေဆးရဲ႕ဆိုးက်ိဳးကိုသိပါရက္နဲ႔ အၿမဲေသာက္တာ ျဖစ္သင့္ရဲ႕လား…။

မိုးကုတ္မွ ရန္ကုန္သို႔  ေလယာဥ္ျဖင့္ ညဘက္ႀကီးမွ စတင္ထြက္ခြာသြားသည္။ ေလာကဓံကအမ်ိဳးမ်ိဳးက်ီစယ္ၿပီး ေနာက္ပိုင္း ေလယာဥ္(သို႔မဟုတ္) ဆိုင္ကယ္ပဲ သူစီး၍ရေတာ့သည္။

အတိတ္ဆိုးေတြကို ေဆာင္ၾကဥ္းေပးေသာ ကားကို သူ မစီးတာ မိုးကုတ္ေရာက္ကထဲကပင္။

သူသည္ သြားရင္တစ္ေယာက္ထဲသာ သြားတတ္သူမွ မည္သည့္တပည့္မွာ မပါလာေခ်။ ရန္ကုန္ေလယာဥ္ကြင္းမွာဆင္းေတာ့ လြမ္ေစးႀကိဳခိုင္းထားသည့္လူက အေကာင္းစားဆိုင္ကယ္ေသာ့ကို လာေပးသည္။

သူ႕တြင္ အိတ္ပါေပမယ့္ မည္သည့္အဝတ္မွ်မပါေခ်။ ေက်ာပိုးအိတ္အနက္ေရာင္ထဲတြင္ ေက်ာက္ၾကည့္ရသည့္ ဓာတ္မီးအမ်ိဳးမ်ိဳးႏွင့္ စာအုပ္ႏွစ္အုပ္သာပါသည္။
သူ၏ဆိုင္ကယ္သည္ ေလယာဥ္ကြင္းမွ ေဆး႐ုံတစ္ခုဆီသို႔ ပထမဦးစြာ ဦးတည္သြားေတာ့သည္..။

သူဆိုင္ကယ္အနက္ကို ေဆး႐ုံေ႐ွ႕တည့္တည့္မွာရပ္လိုက္ၿပီး helmetကိုခြၽတ္ကာ ဆိုင္ကယ္‌ေပၚတင္ခဲ့သည္။ ၿပီးေနာက္ ေက်ာပိုးအိတ္ကို  ကိုင္းမွ ဆြဲကာ ေဆး႐ုံထဲသို႔ တစ္လွမ္းခ်င္း ေလွ်ာက္၍ဝင္သြားသည္။
မဝင္ခင္လဲ ခပ္ဖြဖြေရ႐ြတ္ကာ ခပ္ျပဳံးျပဳံးလုပ္သြားေသးသည္။

“အခ်ိန္က်ၿပီ မင္းဘဝကိုေမာင္ဖ်က္စီးေတာ့မွာမို႔ ခံႏိုင္ရည္႐ွိပါေစ ေမာင့္ႏြယ္”

Style pantအနက္၊႐ွပ္အက်ႌဟၿပဲႏွင့္ ေက်ာပိုးအိတ္ကိုဆြဲကာ တစ္လွမ္းခ်င္းေလွ်ာက္ဝင္လာသည့္ မိမိမိုက္မိုက္ညိဳေခ်ာႀကီးကို ေဆး႐ုံဝင္းထဲက လူေတြလည္ျပန္ေငးၾကည့္ၾကေလသည္။

ထင္းကား‌ေနသည့္ ေမး႐ိုးႀကီး၊ နက္ေမွာင္ေနသည့္မ်က္ခုံးမ်ားႏွင့္ အၾကည့္စူးစူးမ်ားက သူ႕ကိုပိုမိမိုက္ေစသလို (၆)ေပ‌ေက်ာ္သည့္ သူ႕အရပ္ႀကီးကလည္း ထင္းထြက္ေစျပန္သည္။

သူဟာ လူ႕ျပည္ကို တခဏဆင္းလာသည့္ နတ္သားတစ္ပါးသ‌ဖြယ္ အဘက္ဘက္မွၿပီးျပည့္စုံေလဟု လူတိုင္းေတြးေတာ့ေနၾကဟန္။

သူ receptionေ႐ွ႕မွာရပ္ၿပီး ေမးလိုက္သည္..။

“ ‌ႏြယ္ေႏွာင္းသာကီ႐ွိတယ္မလား ခဏေလာက္ေခၚေပး.."

သူ႕ရဲ႕ ေအးစက္ေနသည့္အသံက သူနာျပဳမေလးေတြကို ၾကက္သီးတဖ်န္းဖ်န္းထေစကာ သူ၏ အၾကည့္စူးစူးတို႔က ေျခဖ်ား၊လက္ဖ်ားမ်ား ေအးစက္ေစသည္အထိ။

“ ေခၚ..ေခၚေပးလို႔မရပါဘူး..။ ေတြ႕..ေတြ႕ခ်င္ရင္ appointmentႀကိဳတင္မွရပါမယ္..”

“ ေခၚေပး..”

ခပ္႐ိုင္း႐ိုင္းအျပဳအမူမွန္းသိေပမယ့္ သူ႕ဘက္က အေလွ်ာ့ေပးဖို႔ စိတ္ကူးမ႐ွိခဲ့။
သူမ်က္ေမွာင္ၾကဳတ္ကာ အမိန္႔စကားဆိုေတာ့ ဒီသူနာျပဳေတြခံႏိုင္႐ိုးလား..။

“ ဘယ္..ဘယ္သူလို႔ ေျပာလိုက္ရမလဲ"

“ သူ႕ေယာက်ၤားလို႔ေျပာလိုက္ “

သူ႕အသံခပ္ျမင့္ျမင့္ေၾကာင့္ တျခားလူေတြကိုစကားေျပာေနသည့္ သူနာျပဳေတြလည္း လွည့္ၾကည့္လာသည္။ သူ လိုက္ၾကည့္သည့္လူတိုင္းကို ခပ္တည္တည္ျပန္ၾကည့္ေပးလိုက္ေတာ့ အကုန္လုံး ေခါင္းငုံ႔သြားသည္။
သူနာျပဳမေလးက ခဏထြက္သြားၿပီး ဖုန္းဆက္ေနကာ ဘာေတြေျပာေနမွန္းမသိ..။

“ ဟုတ္ကဲ့႐ွင့္ ထိုင္ခုံမွာ ခဏထိုင္ေစာင့္ေပပါ ေဒါက္တာက ၾကည့္လက္စလူနာၾကည့္ၿပီးရင္ လာခဲ့ပါမယ္တဲ့ “

သူနာျပဳမေလး စကားဆုံးေအာင္‌ေတာင္မေစာင့္ေတာ့ပဲ သူထြက္လာခဲ့သည္။ သူနာျပဳမေလးသည္ေတာ့ ဘုမသိ ဘမသိ အေခ်ကိုယ္ေတာ္၏ေခ်မိုးမႈကို မအီမလည္ႏွင့္ ခံလိုက္ရေတာ့သည္။

တစ္ဖက္တြင္ ႏြယ္ လူနာၾကည့္ေနစဥ္ သူနာျပဳေလးလာေျပာသံေၾကာင့္ တခဏတာစိတ္တိုသြားေပမယ့္ ေမာင္မ်ားလား ဆိုသည့္ေမွ်ာ္လင့္ခ်က္ အမွ်င္တန္းေလးကို စြဲကိုင္မိလိုက္ေတာ့ ေျခဖ်ား၊လက္ဖ်ားေတြေတာင္ ေအးလာသည္။
သူေမာင္နဲ႔မေတြ႕ရတာ ႏွစ္ေတြအေတာ့္ကိုၾကာေနၿပီ..
သူလူနာကိုခပ္ျမန္ျမန္ၾကည့္ေပးၿပီး မေျပး႐ုံတမယ္ receptionကို ခပ္သုတ္သုတ္ထြက္လာခဲ့သည္။

“ ဆရာမ ခုနကကြၽန္ေတာ့္ေယာက်ၤား..
ကြၽန္ေတာ့္ေယာက်ၤားဆိုတဲ့လူေရာ “

သူ တုန္တုန္ရင္ရင္ႏွင့္ ေမးအၿပီးမွာ သူနာျပဳမေလး ၫႊန္ျပ‌သည့္ ေနရာကိုၾကည့္လိုက္ေတာ့ သူ႕ကိုစူးစိုက္ၾကည့္ေနသည့္ ေမာင္..
ေမာင္က အေတာ္ကိုၾကည့္ေကာင္းလာတာပဲ..

လူႀကီးပိုဆန္လာတယ္..
အသားပိုညိဳလာတယ္..
အို..ေမာင့္ႏႈတ္ခမ္းေတြကအစ အကုန္ေျပာင္းလဲသြားတာပဲ..။

သူတခဏတာ ၾကက္ေသေသသြားၿပီးမွ ေမာင့္အနားကို အေျပးေလးသြားမိကာ မ်က္ရည္တို႔ ေဝ့ဝိုက္လ်က္ ေခၚလိုက္မိသည္။

“ ေမာင္..”

သူအသံေလးတုန္ရင္ကာ မ်က္ရည္ေတြတာက်ိဳးက်လာသည္။ ကပို႔က႐ို႕ျဖစ္ေနသည့္ ဆံစေလးေတြက ေဝ့ဝဲလို႔။ ခပ္လႈပ္လႈပ္မ်က္ေတာင္ေတြက ႐ွည္စင္းလို႔။
အို..လွရက္ပါေပ့ ေဒါက္တာရယ္..။
ထိုင္ရာကမထဘဲ ေမာင္က ေမာ့ၾကည့္လာေပမယ့္ ေမာင့္မ်က္လုံးထဲမွာ အရင္လိုေႏြးေထြးမႈေတြမ႐ွိေတာ့ဘူး..။

“ ေမာင္..အြန္႔ “

ဒီလိႈင္း သူ႕ကိုထပ္ခါထပ္ခါလာေခၚေနသည့္ သူ႕ေ႐ွ႕က အလွေလးရဲ႕ ႏႈတ္ခမ္းရဲရဲေလးကို အငမ္းမရနမ္း႐ိႈက္မိသည္။

ဒါကမုန္းလို႔..သူ႕နယ္ပယ္မွာ သိကၡာက်ေစခ်င္႐ုံပဲ..။

ႏြယ္ေႏွာင္းသာကီဆိုတဲ့အမ်ိဳးက ႀကီးေလလွေလလားမသိ..။ အသက္ျဖင့္(၃၀)ေရာက္ေနၿပီ အရင္ကထက္ လွလာတုန္း။ ခါးအထိ႐ွည္ေနတဲ့ဆံပင္ေတြကို ခပ္ယဲ့ယဲ့ခ်ည္ေႏွာင္ထားတတ္တုန္း..။

နံေဘးကလူေတြက ဟာခနဲ ဟင္ခနဲႏွင့္သူတို႔ကိုၾကည့္ကာ နာမည္ေက်ာ္သူေဌးႀကီး၏သားဆိုေတာ့ ဓာတ္ပုံကိုအမိအရ႐ိုက္ၾကသည္။
ႏြယ္ ေမာင့္အနမ္းေတြကို တုန္႔ျပန္ဖို႔ေမ့ေနတယ္။ ႏြယ္ ေက်ာက္႐ုပ္ေလးအလား ၿငိမ္သက္ေနတာ..။ ႏြယ္ အံ့ဩသည္ အရင္က ေမာင္က ႏြယ့္ကိုလူၾကားထဲနမ္း႐ိႈက္ဖို႔မေျပာႏွင့္ လက္ေတာင္မကိုင္ေခ်။ အခုေတာ့မ်ား..

“ ေမာင္..အြန္း ေတာ္..ေတာ္ၿပီ..ႏြယ္  အသက္႐ွဴမရဝူး “

ဒီလိႈင္း ႏြယ့္အသံၾကားမွ အသိျပန္ဝင္လာသည္။

အစက ဒီလူကိုသိကၡာခ်ခ်င္႐ုံပဲ.. အခုလိုနမ္းဖို႔အထိ မစဥ္းစားထား..

“ ခင္ဗ်ား သိပ္ျပဳစားတာပဲ ႏြယ္သာကီ”
ႏြယ္ အသက္ကိုဝေအာင္႐ွဴေနစဥ္ ေမာင့္စကားေၾကာင့္ ေၾကာင္,အ သြားပါသည္။

“ ႏြယ္‌ ေမာင့္ကို မျပဳစားဝံ့ပါဘူး ေမာင္”

“ က်ဳပ္ ဘဝကိုဖ်က္ၿပီး ခင္ဗ်ားက် ေအးေဆးေလး ေဆးထိုင္ကုေနတယ္ေပါ့ ႏြယ္ေႏွာင္းသာကီ...စိတ္ခ် က်ဳပ္ဆရာဝန္မျဖစ္ခဲ့သလို ခင္ဗ်ားလည္း ဆရာဝန္ဘဝမွာၾကာၾကာေနရမယ္မထင္နဲ႔”

ေမာင္က ေျပေျပာဆိုဆိုႏွင့္ ႏြယ့္ဂ်ဴတီကုတ္ၾကား လြတ္ေနသည့္ လက္ေကာက္ဝတ္ေဖြးေဖြးကို သူ႕လက္ႀကီးျဖင့္ စုတ္ကိုင္ကာ ထြက္သြားဖို႔ျပင္သည္။

ေမာင့္စကားေတြေၾကာင့္ သူ‌ေငးငိုင္မိေနတုန္းမွာပဲ ေမာင္က သူ႕ကိုဆြဲေခၚသြားသည္။

“‌ေမာင္..ေမာင္ ေနပါအုံး..ႏြယ္ လူနာၾကည့္စရာ႐ွိေသးတယ္”

“ က်ဳပ္ေျပာၿပီးပါေရာလား ႏြယ္သာကီ ခင္ဗ်ား အမွတ္မ႐ွိဘူးလား။ အဲ့သုံးစားမရတဲ့ ဦးေႏွာက္က သူမ်ားကိုဘယ္လိုေစာက္ဒုကၡေပးရမလဲဘဲ ေတြးေနတာမလား”

ႏြယ္ အသံမထြက္ရဲေတာ့ပဲ ေမာင္ ဆြဲေခၚရာေနာက္ကို ယက္ကန္ယက္ကန္ႏွင့္လိုက္ရေတာ့သည္။
အသံမထြက္ရဲတာထက္ အာေစးမိသြားတာဆိုပိုမွန္လိမ့္မည္။

အရင္က သူ႕ကို တယုတယျမတ္ျမတ္ႏိုးႏိုးခ်စ္ခဲ့တဲ့ ေမာင္..
စကားၾကမ္းေတြမေျပာႏွင့္ သူ႕ကိုေလစိမ္းေတာင္မတိုက္ဝံ့သည့္ ေမာင္..
အခုေတာ့မ်ား သူ႕ကိုအျပစ္တင္စကားပဲဆိုၿပီး သူ႕သိကၡာကိုနင္းေခ်သည့္ ေမာင္..
ဘာေတြကမ်ား ေမာင့္ကိုေျပာင္းလဲသြားေစရတာလဲ ေမာင္ရယ္…
________________________

Mg'd Nwel Thar Kii (Book version)Where stories live. Discover now