CH:17

987 35 0
                                    

မောင့်နွယ်သာကီ
အပိုင်း(၁၇)

“Congratulations bro...အိမ်ထောင်သက်တစ်နှစ်မှာ ကလေးတစ်ယောက်ဆိုတော့ ဘောလုံးတစ်သင်းမကထောင်လို့ရတယ်ကွ မဆိုးဘူး..”

ထိုင်းမှာရှိသည့် ကိုလွမ်စေးရဲ့အိမ်မှာ တစ်နေ့တော့ကိုယ်စီနားနားနေနေ နေပြီးမှ မနက်ဖြန်မှပြန်ကြမည်ဖြစ်သည်။ ကိုယ်ဝန်ကြောင့်လား၊အရမ်းစိတ်လှုပ်ရှားသွားတာကြောင့်လားမသိ ဗိုက်ဗိုက်ကပြန်အိပ်နေသည်မို့ ဧည့်ခန်းမှာသူတို့လေးယောက်ပဲရှိ၏။
ဧရာဇင်အပြောမှာ အကြီးနှစ်ယောက်က ရယ်ကုန်၏။ ဒီလှိုင်းက မျက်မှောင်ကြီးကျုံ့ကာဖြင့်..

“ကလေးမွေးပြီးတာနဲ့သားအိမ်ထုတ်ပေးလိုက်မှာ..လွမ်နောင်ကပြောတယ် နွယ့်သားအိမ်က နဂိုထဲကအားနည်းတာမို့ ရှိလို့ရှိမှန်းတောင်မသိရဘူး။ အဲ့တာကို သားအိမ်အားဆေးတွေတိုက်ခဲ့လို့ ဒီကလေးတောင်ကံကောင်းလို့အဖက်တင်တာ။ ဒီကလေးတောင် မွေးဖို့ခက်ခဲမယ်ပြောတယ်..”

ပြိုတော့မယ့်မိုးလိုမျက်နှာဘေးဖြစ်နေတာအံ့ဩစရာမဟုတ်။ ချစ်ရတဲ့လူ သေမင်းနဲ့လွန်ဆွဲတဲ့အဖြစ်မှာ ဘယ်သူက ပျော်မြူးနေနိုင်ပါ့မလဲ။ သာမာန်အမျိုးသမီးတွေတောင်မွေးဖို့ခက်ခဲတဲ့အချိန်မှာ သားအိမ်အားနည်းလွန်းသည့်အမျိုးသားတစ်ဦးက ပို၍ခက်ခဲမည်မဟုတ်လား။

“ နွယ်က၁၆နှစ်လောက်တုန်းက ဗိုက်တအားအောင့်ပြီး ဆေးရုံတက်ခဲ့ဖူးတယ်။ အဲ့ကအပြန်ထဲက ဗမာဆေးတွေသောက်ရသလို ဝေလွန်းသာကီနဲ့ပေးစားဖို့လုပ်ခဲ့ကြတာလို့ပြောတယ်..တော်တော်ယုတ်မာတဲ့ လူတွေ..”

“တစ်နှစ်လုံးသူတို့နဲ့မတွေ့ပေးခဲ့တာ..အခုရောတွေ့ပေးဖြစ်မှာလား..”

“သူများသားကိုခိုးလာပြီးရင် ပြန်အပ်ရမှာပေါ့..။ သူတို့စိုက်ပျိုးခဲ့တဲ့အပင်ကို ငါကရိတ်သိမ်းခဲ့ကြောင်းပြရမှာပေါ့..ပြီးတော့ ငါဝယ်ထားသမျှရှယ်ယာတွေနဲ့ သူချဲ့ထွင်ထားတဲ့ ငါ့ဖေဖေကုမ္ပဏီမှာ ပြန်ဦးစီးပြမယ်..”

“ ကိုယ် ကိုယ်တိုင် မနာကျင်ရဘူး သူများအကျိုးမယုတ်စေဘူးဆို လုပ်ချင်တာလုပ်။ တန်ရာတန်ကြေးကို လိုတာထပ်ပိုမယူနဲ့..”

“အင်း..”

အရွယ်ရောက်ပြီးသားလူတစ်ယောက်ကို ဒီလောက်ပဲဆိုဆုံးမ၍ရနိုင်မည်။ ကိုယ်ပိုင်စဉ်းစားဉာဏ်ရှိလို့တောင် ကိုယ့်ဘဝနဲ့ကိုယ်ရှိနေပြီမဟုတ်လား။

“ နွယ်သာကီ ခင်ဗျား ဘာဖြစ် “

သူဖက်လျက်အိပ်နေရာမှ နွယ်သာကီကနိုးပြီး ကမန်းကတန်းထကာ ရေချိုးခန်းထဲကို ပြေးသွားလေသည်။ အအိပ်ဆတ်သည့် ဒီလှိုင်းကလည်း နိုးလာကာ နွယ်သာကီ့နောက်က လိုက်ရလေသည်။
အိမ်သာခွက်ထဲ ခေါင်းစိုက်ကာ တဝေါ့ဝေါ့အန်နေသည့် နွယ်သာကီ..။

“ ခင်ဗျား ဘာဖြစ် “

သူနွယ်သာကီရဲ့ ဆံပင်တွေကိုသပ်ပေးကာ ကျောကိုဖိပေးလိုက်သည်။ မနက်စောစောဘာမှမစားရသေးတာမို့ လေတွေပဲအန်ထုတ်နေသည့် နွယ်သာကီ..။

မျက်ရည်ဝေ့ဝိုင်းကာ အန်နေသည့် နွယ်သာကီကိုကြည့်ရင်း သူပါ အန်ချင်လာသည်မို့ သူပါ ဘေစင်မှာ အန်ချလိုက်မိတော့သည်။

ဒီလှိုင်းအဖြစ်ကဆန်းတယ်။ မုန်းချင်ပါသည်ဆိုတဲ့လူနဲ့ ကလေးရသွားတဲ့အပြင် ဗိုက်ကြီးနာဆွဲတာပါ အတူတူဖြစ်ရတယ်..။ သူတို့နှစ်ဦးစလုံး ရန်ကုန်ပြန်ရောက်ပြီးမှ ဗိုက်ကြီးနာစဆွဲတာဖြစ်၏။

“ မောင့်ရရဲ့လား “

ဒီလှိုင်းအန်တော့ နွယ်သာကီက အော်တိုရပ်သွားပြီး ဒီလှိုင်းကျောကို တစ်လှည့်လာဖိပေးသည်။
အို ဗိုက်ကြီးတာ ဘယ်သူမှန်းမသိ..။

“ ရ..ရတယ်။ ခင်ဗျားသက်သာသွားပြီမလား “

“ နွယ် သက်သာသွားပြီ မောင် “

နွယ် ငြီးစီစီတောင် မဖြစ်တော့ချေ။ မောင်ကတော့ မအီမလည်မျက်နှာနှင့် နှဖူးမှာချွေးတွေရွှဲလျက်..။

“ မောင် လာလာ ရေလေးသောက်ပြီး အိပ်ရာပေါ်မှာလှဲပြီး ခဏမှေးလိုက် နွယ်စားလို့ရမယ့်ဟာ တစ်ခုခုရှာလိုက်မယ် “

ဒီလှိုင်း အားတွေယုတ်သလိုဖြစ်သွားတာကြောင့် နွယ်သာကီတွဲလာတာကိုလည်း မငြင်းမိတော့ပဲ ပြန်ဖက်ပြီး နွယ်သာကီပြောတဲ့အတိုင်းရေသောက်ကာ အိပ်ရာ‌အပေါ်လှဲနေလိုက်သည်။ ကိုယ်ဝန်နဲ့ ဖျားမှာဆိုးလို့ air-conအရှိန်လျှော့ထားတာကြောင့်လားတော့ သူမသိ..။ အခုချွေးတွေအရမ်းထွက်ပြီး အားယုတ်နေတယ်..။

“နေနေ နွယ်သာကီ air-conအရှိန်ပြန်မမြှင့်နဲ့ ခင်ဗျားဖျားနေမယ် “

remoteကို ကိုင်ကာ အရှိန်ပြန်တင်ဖို့လုပ်နေသူကြောင့် သူအမြန်လှမ်းတားရသည်။ မတော်လို့ဖျားမှဖြင့် သူရင်ကွဲရချည်ရဲ့..။

“ ရပါတယ် မောင်ရယ်..နွယ်အခုတလော အေးတာနဲ့ မဖျားတော့ဘူး အရမ်းလည်းမချမ်းတော့ဘူး..မောင့်ကလေးက မောင်နဲ့တူပြီး အအေးကြိုက်လို့ထင်တယ် “

မောင့်ကလေးဆိုသည့်နေရာမှာ နှစ်ယောက်စလုံး၏ရင်ထဲ တသိမ့်သိမ့်စီးဝင်လာသော ပျော်ရွှင်ကျေနပ်မှုတွေ…။

ဒီလှိုင်း ပန်းနုရောင်အင်္ကျီနှင့် မနက်ခင်းအလှတရားကို ‌အတော်ကြာတဲ့အထိငေးပြီးမှ မျက်လွှာချလိုက်သည်။

ကျုပ်က အအေးကြိုက်တာမဟုတ်ပါဘူး မောင့်နွယ်..မအေးရင်မဖြစ်တော့တဲ့ ခန္ဓာကိုယ်ကြောင့်မို့ပါ မောင့်နွယ်~~

“ စားစရာရှာမနေနဲ့ ဟိုကောင့်ကို လာပို့ခိုင်းလိုက်မယ် “

“ အင်း အင်း အဲ့တာဆို မောင်ခဏအိပ်လိုက်နော် “

“ ကျုပ် အကောင်းကြီး နွယ်သာကီ..ဘာလို့ ခဏခဏအိပ်ခိုင်းနေရတာလဲ “

“ မောင်ကလေ ကလေးလိုပဲ မအိပ်ချင်‌လဲ နေပါဗျာ နွယ် သိုးမွှေးလေးထိုးလိုက်အုံးမယ် “

နွယ် မောင့်နားကထကာ ‌သိုးမွှေးထိုးဖို့ ဆိုဖာကိုလှည့်တော့ မောင်က နွယ့်ခါးကို လာဖက်ကာ နွယ့်ကို မောင့်ဘက်လှည့်စေပြီး နွယ့်ဗိုက်ချပ်ချပ်ကို မျက်နှာအပ်စေသည်။

“ ခင်ဗျားရဲ့ကိုယ်သင်းနံ့က ကျုပ်ကိုသက်သာစေတယ် နွယ်သာကီ “

နွယ် မောင့်ဆံပင်တွေကို ပွတ်သပ်ပြီး မောင်ဖက်ထားသည့်အတိုင်း ငြိမ်ခံနေလိုက်သည်။
နွယ်သာကီ့ဆီကရတဲ့ ခပ်ဖျော့ဖျော့ကိုယ်သင်းနံ့က မူးနောက်ချင်နေသည့် ခေါင်းကိုကြည်လင်စေတာ မထူးဆန်းပေဘူးလား..။

“ ခင်ဗျား ကျုပ်အနားမှာပဲနေ..ကျုပ်ခေါင်းမူးလို့ “

“အင်း အင်း မောင်..ခဏ နွယ်ချည်လုံးတွေယူလိုက်အုံးမယ် “

နွယ် ချည်လုံးတွေထည့်ထားသည့် ဇကာကို ယူကာ မွေ့ရာပေါ်ပြန်တက်လိုက်ပြီး ကုတင်ခေါင်းရင်းကို ခေါင်းအုံးခုကာ ခြေထောက်ဆင်းပြီး ကျောမှီလျက်ဖြင့် ချည်ထိုးနေတော့ မောင်က နွယ့်ပေါင်ပေါ် ခေါင်းအုံးလာသည်။ ပြီးနောက် နွယ့်လက်ကို ဖွဖွလေးကိုင်ကာ သူ့မေးရိုးထင်းထင်းအပေါ်တင်ပြီးနောက် နွယ့်ကို မဝံ့မရဲကြည့်လာလေသည်။

“ နွယ်သာကီ ကျုပ်မေးစရာရှိတယ် ကျုပ်ကို အမှန်တိုင်းဖြေပေးမလား”

“ ပြောပါ‌ မောင်..မောင့်ကို နွယ်မလိမ်ချင်ပါဘူး”

“ အဲ့တုန်းက ကျုပ်ကိုတောင်လာမတွေ့ဘဲ ဘာလို့တခြားတစ်ယောက်နဲ့ စေ့စပ်လိုက်ရတာလဲ နွယ်သာကီ..”

မောင်ပြောသည့် အဲ့ကာလကို နွယ်သိပါ၏။
မောင်ရော နွယ်ပါ ဘယ်သောအခါမှ ပြန်မရောက်ချင်တဲ့ အတိတ်က နေ့ရက်တွေ..။
နွယ် ချက်ချင်းဆိုသလို မျက်ရည်တွေဝေ့ဝိုင်းလာရသည်မို့ မျက်တောင်တွေလှုပ်ခတ်ကာ မျက်ရည်တို့ကို မောင်မမြင်ဖို့ ကွယ်ဝှက်လျက်~~

“ နွယ်..နွယ် အင့်..အဲ့နေ့က အိမ်..အိမ်ပြန်ရောက်တော့ ဖေဖေနဲ့ စကား..စကားများတယ်..နောက်တော့ နွယ်အပြင်မထွက်ရတော့ဘူး..မတတ်သာတဲ့အခြေအနေကြောင့် စေ့စပ်ပြီးနိုင်ငံခြားထွက်သွားရတာပါ မောင်..ဟင့်..မရည်ရွယ်ခဲ့ပါဘူး..”

နွယ်သာကီရှိုက်ကြီးတငင်ငိုလာသည်မှာ မေ့မျောစေနိုင်သည့် အခြေအနေထိပင် ဆိုးဆိုးဝါးဝါး..။ ဒီလှိုင်း ထထိုင်ကာ နွယ်သာကီ့မျက်နှာရဲရဲကို လက်နှစ်ဖက်ဖြင့် အုပ်မိုးလျက် အကြည့်ချင်းဆုံစေပြီး..

“ မငိုနဲ့ မောင့်နွယ်..ခင်ဗျားငိုရင် မောင်တို့ကလေးလေး မျက်လုံးပြူးလိမ့်မယ်ဗျ.. ပြီးတော့ ခင်ဗျားဒီလောက်ပင်ပန်းစေတဲ့ မေးခွန်တွေ မောင်‌မမေးတော့ဘူးနော် မငိုနဲ့တော့ “

ဒီလှိုင်းမျက်ရည်တွေသုတ်ပေးကာ ချော့မော့၍ အငိုတိတ်စေ၏။ သို့သော် နွယ်သာကီတို့က ပြောလေကဲလေ..။

“ အင့် အီးဟီး မောင်..နွယ် တမင်လုပ်ခဲ့တာမဟုတ်ပါဘူး သေချာတာကတော့ နွယ်မောင့်အ‌ပေါ် သစ္စာ‌ဖောက်ခဲ့တာ မဟုတ်ရပါဘူး..”

“ အင်း အင်း..ကျုပ် ခင်ဗျားကိုပဲ ယုံမှာမို့ ကျုပ်ရဲ့ယုံကြည်မှုကို မချိုးဖျက်ပါနဲ့ မောင့်နွယ်သာကီ “

ဒီလှိုင်း နွယ်သာကီ့ကိုဖက်ကာ သူပါမျက်ရည်ကျလျက်..။

ချစ်ခြင်း၊မုန်းခြင်းတို့ကြားမှာ ဗျာများနေခဲ့ရတာ တစ်နှစ်လဲမဟုတ် နှစ်နှစ်လဲမဟုတ်..။ နောက်ဆုံးအချိန်ထိ အမုန်းတရားက အချစ်ရဲ့ဆတူမတိုးလာတဲ့အခါ သူတစ်ဖက်ကမ်းကိုပဲ ကပ်လိုက်မိတော့သည်။

အချစ်က စိတ္တဇနာမ်..။ ကိုင်တွယ်လို့မရပေမယ့် လူတွေကို အရူးတစ်ပိုင်း ထပ်ခါထပ်ခါရူးမိုက်စေတဲ့ စိတ္တဇနာမ်..။

အချိန်တွေနောက်ပြန်ဆုတ်လို့ရခဲ့ရင်တောင် မင်းနဲ့စတွေ့တဲ့နေရာကိုပဲ မောင်လာမိအုံးမှာ မောင့်နွယ်သာကီ..။

ထိုနေ့က အခန်းထဲက ကောင်လေးနှစ်ဦးသည် မနက်စာမစားကြတော့ပဲ တစ်ဦးနှင့် တစ်ဦးပွေ့ဖက်ကာ ပြန်အိပ်ပျော်သွားသလို..အပြင်က ဗိုက်ကြီးသည်ဆီလာသည့် စုံတွဲမှာလည်း လှည့်ပြန်သွားရချေသည်။
ထိုနေ့က ဒီလှိုင်းခက်ထန် ထူးထူးခြားခြား နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားပါသည်။
နှလုံးသားထဲက ဝန်ထုပ်ဝန်ပိုးလျော့ကျသွားသည့်အခါ လူတွေက ထိုသို့ အိပ်ပျော်သွားတတ်ကြပါသလား..။

“ မောင့် ဒါလေးတော့ ကုန်အောင်စားလို့”

“ နွယ်ကလဲ အဲ့တာကြီးက ချဉ်တင်တင်နဲ့ကိုကွာ “

တစ်‌ခုသော နေ့လည်စာစားချိန်၌ နွယ်သာကီတစ်ယောက် သူစားလိုက်လို့ ကောင်းတဲ့ဟာမှန်သမျှကို ဒီလှိုင်းကို လာလာခွံ့သည်။ ဒီလှိုင်း ဒီရက်ပိုင်း ဘာဖြစ်နေမှန်းမသိ ဘာစားစား ပြန်အန်ချင်နေကာ အစားကောင်းကောင်းမဝင်..။ ဗိုက်ကြီးသည် နွယ်သာကီကတော့ ထိုသို့မဟုတ် အကုန်စားသည်။ စားတိုင်းလဲ နှစ်ယောက်စာလောက်စားဝင်သည်။

အခုလည်း သူစားနေသည့် ဒိန်ချဉ်နဲ့ သီးစုံသုတ်ကို ဒီလှိုင်းကို အတင်းကျွေးနေသည်။ ထိုင်ခုံမှာထိုင်နေသည့် ဒီလှိုင်းကို လိုက်ခွံ့နေတာမို့ ဒီလှိုင်းခေါင်းရမ်းခါနေသည်။ ရမ်းခါနေသည့် ခေါင်းအတိုင်း လိုက်ခွံ့နေပြန်တာမို့ မနေနိုင်သည့် ဒီလှိုင်းသာ အမောင်ဗိုက်ကို ပေါင်ပေါ်ဆွဲချလိုက်ရသည်။

“ ကဲ အမောင်ဗိုက် ကျွန်တော်မျိုးစားပါ့မယ်..ကိုယ့်ကိုကိုယ် ကလေးနဲ့ဆိုတာလဲ သတိရအုံး “

“ ဟီး မောင်ကလဲ အာ…”

ဒီလှိုင်းပါးစပ်ဟပေးလိုက်တော့ ပါးစပ်ထဲကို ခုန်ဝင်လာသည့် စတော်ဘယ်ရီတစ်လုံး..ချဉ်စူးစူးဒိန်ချဥ် အရသာကြောင့် ဒီလှိုင်းပျို့တက်လာသည်။ သို့သော် အရှေ့ကနေ အကဲခတ်နေသူကြောင့် ခပ်မြန်မြန်မြိုချလိုက်သည်။

“ ဆံပင်တွေညှပ်ချင်လား နွယ် “

ဆံပင်ရှည်ရင် ဇက်ကျောတက် ညောင်းညာတတ်သည်ကို ဒီလှိုင်း ကိုယ်ဝန်သည်တွေဖတ်သင့်သည်ဆိုသော စာအုပ်တွေမှာဖတ်ဖူးသည်မို့ နွယ်သာကီ့ဆံပင်တွေကို အရှေ့သပ်ပေးကာမေးလိုက်သည်။

“ ဟင့်အင်း မောင်..။ မောင်က နွယ့်ဆံပင်တွေကို မြတ်နိုးတာမို့ နွယ်ဖြင့်မညှပ်ချင်ပါဘူးကွာ “

“ အင်း..”

“ မောင် နွယ်ပေါင်မုန့်ကြက်ဥကြော်ပေးရမလား..ခုနကစားတော့လဲ အန်ချင်တာပဲမလား “

“ မအန်ချင်ပါဘူးဗျာ “

နွယ်သာကီက ဟုတ်လို့လားဆိုသည့်သဘောဖြင့် ဒီလှိုင်းကို အကဲခတ်နေတော့ ဒီလှိုင်းမှာ ခပ်ပြုံးပြုံးနှင့် နွယ်သာကီ့ဆံပင်တွေကိုနမ်းရှိုက် နေလိုက်သည်။

“ ဖယ်ပါအုံး နွယ် ပေါင်မုန့်ကြက်ဥကြော်ပေးမယ် “

“ ခင်ဗျားက လုပ်တတ်တာလဲ မဟုတ်ဘဲနဲ့ မလုပ်နေပါနဲ့ “

“ မောင်မှ ဘာမှမစားတာ..”

“ ထားလိုက် ဒီအတိုင်းလေးနေရင်တောင် ဗိုက်ဝနေပါပြီ “

မောင်က နွယ့်ပခုံးအပေါ် ခေါင်းမှောက်ချကာ တရှုံ့ရှုံ့လိုက်နမ်းနေလေသည်။ လွမ်းခဲ့သမျှကိုအတိုးချနမ်းနေသလားမသိ တော်တော်နဲ့မပြီး။

“ မောင်ကွာ ယားတယ် မဆိုးနဲ့ “

နွယ့် နှုတ်ခမ်းဖူးဖူးလေးဆီသို့ မောင်က တ‌ဖြည်းဖြည်းချင်းကပ်လာသည်မှာ နွယ်တို့နှစ်ယောက်ရဲ့ နှာခေါင်းချင်းထိစပ်လို့..။ ထိုအချိန်တွင်..

“ ဟယ်လို ပျော်ရွှင်စရာအခိုက်အတန့်မှာ ရောက်လာမိလို့စိတ်မကောင်းပါဘူး..”

အထုတ်ကြီး အထုတ်ငယ်ဆွဲကာ ရောက်ချလာသူက ဧရာဇင်..။

ဒီလှိုင်းမှားတာ နွယ်သာကီ့ရဲ့ ‘မောင်တစ်ခုခုဖြစ်ရင် နွယ်ကဘာလုပ်ဖို့မှသတိမရတော့ဘူး မောင်ရဲ့..။ အဲ့အခါကျ နွယ်ပဲရင်ကျိုးရမှာ’ဆိုပြီး ချွဲချွဲနွဲ့နွဲ့ပြောလာမှုကို သူယုံကြည်ပြီး ကိုလွမ်စေး၊ဧရာဇင်နဲ့ကိုဘုန်းတို့၏ လက်ဗွေရာထည့်ပေးလိုက်မိထဲက ဧရာဇင်ဆိုတဲ့ကောင်က တံခါးတောင်မခေါက်တော့ပဲ မနက်ပိုင်းဆို အိပ်ခန်းအထိ ဇွတ်တရွတ် တန်းဝင်လာတာ..။

ဒီလှိုင်းရဲ့ မျက်ထောက်နီနဲ့ ကြည့်မှုကြောင့် ဧရာ ဟီးခနဲ သွားဖြီးပြလိုက်သည်။

ရွှတ်စ်~~

ဘယ်သူကြည့်နေ ကြည့်နေ ဒီလှိုင်းခက်ထန်တို့က မှု့စရာလား..။ နွယ်သာကီ့ပါးပြင်နုနုကို နှာသီးဖြင့် မွှေးကြူလိုက်သည်။ အခုလိုတောင် နီရဲလာသည့်မျက်နှာလေးက နှုတ်ခမ်းကိုနမ်းလိုက်လျှင် ပေါက်ကွဲထွက်မည်ကို ငဲ့ညှာကာ ပါးပြင်ကိုပဲ အနမ်းခိုလုံစေလိုက်သည်။

“ ပြော ဘာလဲ “

“ ကိုနှောင်း ဟိုနေ့က စားချင်တယ် ပြောထားတဲ့ဟာတွေ ဝယ်လာတာ “

“ အာ ကျေးဇူး ဧရာ..နွယ့်ကိုပေး နွယ်ထည့်လိုက်မယ် ဧရာပါဝင်စားသွားပါလား”

“ ကျွန်တော်ပဲထည့်လိုက်မယ် ကိုနှောင်းထိုင်နေပါ ကျွန်တော်လည်းစားမယ်လေ ဟီး “

ဧရာနဲ့နွယ်ခင်တာ ဘယ်လောက်မှမရှိသေးပေမယ့် တိရစ္ဆာန်တွေအပေါ်မှာတောင် သံယောဇဉ်တွယ်လွယ်တဲ့လူက ဧရာဇင်ဆိုသည့် လူတစ်ကောင်လုံးကို သံယောဇဉ်မတွယ်ဘဲ နေပါ့မလား..။

ဧရာဇင်ကလည်း လူ့ငလည် အပေါင်းအသင်းကောင်း၊သဘောကောင်း၊ မနောကောင်းမို့ ခပ်မြန်မြန်ခင်လွယ်တာလဲ ဖြစ်ချင်ဖြစ်လိမ့်မည်။

ဒီလှိုင်းသူတို့ ထမင်းဟင်းတွေထည့်နေတုန်းမှာ အပြင်ကို ထွက်၍ ဖုန်းစကားပြောနေသည်။

“ အင်း..နောက်နေ့ ရှယ်ယာရှင်အစည်းမဝေးမှာ ခပ်ပါးပါးလေးလှုပ်ရှားလိုက်မယ် စောင့်ကြည့်နေ ကိုဘုန်း..”

ထိုသို့ပြောကာ ဒီလှိုင်းဖုန်းချပြီး ထမင်းစားခုံမှာပြန်သွားထိုင်လိုက်သည်။ ထိုင်လိုက်သည်နှင့် နှာခေါင်းထဲတိုးဝင်လာသည့် အနံ့ပေါင်းသောင်းခြောက်ထောင်ကြောင့် ပြန်ထကာ ဘေစင်မှာထိုး အန်မိသည်။

“ ဝေါ့ ဝေါ့ “

“ မောင့် မောင် ရရဲ့လား “

နွယ်မောင့်ကျောပြင်ကိုသပ်ချပေးပြီးနောက် ခဏအကြာမှာ မောင်ကအန်တာရပ်သွားပြီး ပလုတ်ကျင်းကာ ထမင်းစားပွဲဝိုင်းနားမလာတော့ပဲ အဝေးကပတ်သွားလေသည်။

“ မောင့် ထမင်းစားမယ်လေ “

“ နွယ်ပဲစားလိုက်တော့ မောင်..မောင် အလုပ်ကိစ္စရှိသေးလို့ “

“ ဟား ဟား..ဒီလှိုင်းရယ် ဗိုက်ကြီးတာ မင်းလား ကိုနှောင်းလားလို့ ငါတစ်ခါတလေကျတွေးမိလာတယ် “

ဒီလှိုင်းဘာကြောင့်ရှောင်ထွက်နေမှန်း သိသည့် ဧရာက မထိန်းထားနိုင်တော့ပဲ အကျယ်ကြီးထအော်ရယ်လာသည်။

“ ဟေ့ကောင် ဒီမှာ နွယ့်ဗိုက်ဆူဆူလေးကို မမြင်ဘူးလား မေဘေးရဲ့..ဒါက အိမ်ထောင်ဖက်ကိုသိပ်ချစ်တဲ့ သူတွေပဲဒီလိုမျှဝေခံစားပေးလို့ရတာ သဘောပေါက် “

ဒီလှိုင်း လက်ခလယ်ထောင်ပြကာ အခန်းထဲကနေ အနိုင်ပိုင်းပြီးထွက်လာလိုက်သည်။

“ နွယ် မောင်တို့ မနက်ဖြန် နွယ့်အိမ်ကိုသွားရအောင် “

“ နွယ်တို့ ဒီအတိုင်းလေးပဲ နေလို့ရရဲ့သားနဲ့ မောင်ရယ် “

“သူများသားကိုခိုးထားတာ ပြန်အပ်ရမှာပေါ့ နွယ်သာကီရယ်..ပြီးတော့ ကျွန်တော် ခင်ဗျားရဲ့မိသားစုအပေါ်အနိုင်လိုချင်တယ်..”

“အပ်စရာမလိုပါဘူး မောင်ရယ်..နွယ်သူတို့နဲ့မပတ်သက်ချင်တော့ဘူး..”

“ ခင်ဗျားကလွဲလို့ ကျွန်တော်လူတိုင်းအပေါ်မှာ အနိုင်လိုချင်တယ်လေ နွယ်သာကီ..နှစ်ရှည်လများ အထင်လွဲမှုတွေနဲ့နာကျင်ခဲ့ရတဲ့ ဒီကောင့်ရင်ခွင်ထဲကိုလဲ သေချာကြည့်ပါအုံး နွယ်သာကီရယ်…”

မောင်ဟာ စိတ်ပျက်သလို ကျစ်ခနဲစုတ်သပ်ကာ နွယ့်ကိုချန်ခဲ့ပြီး အခန်းထဲကထွက်သွားလေသည်။ ထိုနေ့က မောင်ဟာ နွယ့်ကိုဘယ်လောက်အထိ စိတ်ပျက်သွားခဲ့သလဲမသိ..မိုးလင်းတဲ့အထိ အိမ်ပြန်မလာခဲ့ဘူး။
အိပ်နေကျ မောင့်ရင်ခွင်မရှိတော့ နွယ်ဟာ ခိုလုံရာကင်းမဲ့နေသည့် ငှက်တစ်ကောင်လိုပါပဲ..။

ဒီလှိုင်းအနေနှင့် နွယ်သာကီ့ကို ဒေါသထွက်မလာခင် အခန်းထဲက အမြန်ထွက်သွားရသည်။ မဟုတ်လျှင် ပြန်ဆက်ထားသည့် သူတို့ဆက်ဆံရေးမှာ နွယ်သာကီဆိုတာ အမှုန်အမွှားသာသာတောင်ရှိတော့မှာမဟုတ်..။
သိပ်ချစ်မိတာက အမှားဆို သိပ်လွမ်းရတာက ပြစ်ဒဏ်ပါ မောင့်နွယ်သာကီ~~

_________________________
ေမာင့္ႏြယ္သာကီ
အပိုင္း(၁၇)

“Congratulations bro...အိမ္ေထာင္သက္တစ္ႏွစ္မွာ ကေလးတစ္ေယာက္ဆိုေတာ့ ေဘာလုံးတစ္သင္းမကေထာင္လို႔ရတယ္ကြ မဆိုးဘူး..”

ထိုင္းမွာ႐ွိသည့္ ကိုလြမ္ေစးရဲ႕အိမ္မွာ တစ္ေန႔ေတာ့ကိုယ္စီနားနားေနေန ေနၿပီးမွ မနက္ျဖန္မွျပန္ၾကမည္ျဖစ္သည္။ ကိုယ္ဝန္ေၾကာင့္လား၊အရမ္းစိတ္လႈပ္႐ွားသြားတာေၾကာင့္လားမသိ ဗိုက္ဗိုက္ကျပန္အိပ္ေနသည္မို႔ ဧည့္ခန္းမွာသူတို႔ေလးေယာက္ပဲ႐ွိ၏။
ဧရာဇင္အေျပာမွာ အႀကီးႏွစ္ေယာက္က ရယ္ကုန္၏။ ဒီလိႈင္းက မ်က္ေမွာင္ႀကီးက်ံဳ႕ကာျဖင့္..

“ကေလးေမြးၿပီးတာနဲ႔သားအိမ္ထုတ္ေပးလိုက္မွာ..လြမ္ေနာင္ကေျပာတယ္ ႏြယ့္သားအိမ္က နဂိုထဲကအားနည္းတာမို႔ ႐ွိလို႔႐ွိမွန္းေတာင္မသိရဘူး။ အဲ့တာကို သားအိမ္အားေဆးေတြတိုက္ခဲ့လို႔ ဒီကေလးေတာင္ကံေကာင္းလို႔အဖက္တင္တာ။ ဒီကေလးေတာင္ ေမြးဖို႔ခက္ခဲမယ္ေျပာတယ္..”

ၿပိဳေတာ့မယ့္မိုးလိုမ်က္ႏွာေဘးျဖစ္ေနတာအံ့ဩစရာမဟုတ္။ ခ်စ္ရတဲ့လူ ေသမင္းနဲ႔လြန္ဆြဲတဲ့အျဖစ္မွာ ဘယ္သူက ေပ်ာ္ျမဴးေနႏိုင္ပါ့မလဲ။ သာမာန္အမ်ိဳးသမီးေတြေတာင္ေမြးဖို႔ခက္ခဲတဲ့အခ်ိန္မွာ သားအိမ္အားနည္းလြန္းသည့္အမ်ိဳးသားတစ္ဦးက ပို၍ခက္ခဲမည္မဟုတ္လား။

“ ႏြယ္က၁၆ႏွစ္ေလာက္တုန္းက ဗိုက္တအားေအာင့္ၿပီး ေဆး႐ုံတက္ခဲ့ဖူးတယ္။ အဲ့ကအျပန္ထဲက ဗမာေဆးေတြေသာက္ရသလို ေဝလြန္းသာကီနဲ႔ေပးစားဖို႔လုပ္ခဲ့ၾကတာလို႔ေျပာတယ္..ေတာ္ေတာ္ယုတ္မာတဲ့ လူေတြ..”

“တစ္ႏွစ္လုံးသူတို႔နဲ႔မေတြ႕ေပးခဲ့တာ..အခုေရာေတြ႕ေပးျဖစ္မွာလား..”

“သူမ်ားသားကိုခိုးလာၿပီးရင္ ျပန္အပ္ရမွာေပါ့..။ သူတို႔စိုက္ပ်ိဳးခဲ့တဲ့အပင္ကို ငါကရိတ္သိမ္းခဲ့ေၾကာင္းျပရမွာေပါ့..ၿပီးေတာ့ ငါဝယ္ထားသမွ်႐ွယ္ယာေတြနဲ႔ သူခ်ဲ႕ထြင္ထားတဲ့ ငါ့ေဖေဖကုမၸဏီမွာ ျပန္ဦးစီးျပမယ္..”

“ ကိုယ္ ကိုယ္တိုင္ မနာက်င္ရဘူး သူမ်ားအက်ိဳးမယုတ္ေစဘူးဆို လုပ္ခ်င္တာလုပ္။ တန္ရာတန္ေၾကးကို လိုတာထပ္ပိုမယူနဲ႔..”

“အင္း..”

အ႐ြယ္ေရာက္ၿပီးသားလူတစ္ေယာက္ကို ဒီေလာက္ပဲဆိုဆုံးမ၍ရႏိုင္မည္။ ကိုယ္ပိုင္စဥ္းစားဉာဏ္႐ွိလို႔ေတာင္ ကိုယ့္ဘဝနဲ႔ကိုယ္႐ွိေနၿပီမဟုတ္လား။

“ ႏြယ္သာကီ ခင္ဗ်ား ဘာျဖစ္ “

သူဖက္လ်က္အိပ္ေနရာမွ ႏြယ္သာကီကႏိုးၿပီး ကမန္းကတန္းထကာ ေရခ်ိဳးခန္းထဲကို ေျပးသြားေလသည္။ အအိပ္ဆတ္သည့္ ဒီလိႈင္းကလည္း ႏိုးလာကာ ႏြယ္သာကီ့ေနာက္က လိုက္ရေလသည္။
အိမ္သာခြက္ထဲ ေခါင္းစိုက္ကာ တေဝါ့ေဝါ့အန္ေနသည့္ ႏြယ္သာကီ..။

“ ခင္ဗ်ား ဘာျဖစ္ “

သူႏြယ္သာကီရဲ႕ ဆံပင္ေတြကိုသပ္ေပးကာ ေက်ာကိုဖိေပးလိုက္သည္။ မနက္ေစာေစာဘာမွမစားရေသးတာမို႔ ေလေတြပဲအန္ထုတ္ေနသည့္ ႏြယ္သာကီ..။

မ်က္ရည္ေဝ့ဝိုင္းကာ အန္ေနသည့္ ႏြယ္သာကီကိုၾကည့္ရင္း သူပါ အန္ခ်င္လာသည္မို႔ သူပါ ေဘစင္မွာ အန္ခ်လိုက္မိေတာ့သည္။

ဒီလိႈင္းအျဖစ္ကဆန္းတယ္။ မုန္းခ်င္ပါသည္ဆိုတဲ့လူနဲ႔ ကေလးရသြားတဲ့အျပင္ ဗိုက္ႀကီးနာဆြဲတာပါ အတူတူျဖစ္ရတယ္..။ သူတို႔ႏွစ္ဦးစလုံး ရန္ကုန္ျပန္ေရာက္ၿပီးမွ ဗိုက္ႀကီးနာစဆြဲတာျဖစ္၏။

“ ေမာင့္ရရဲ႕လား “

ဒီလိႈင္းအန္ေတာ့ ႏြယ္သာကီက ေအာ္တိုရပ္သြားၿပီး ဒီလိႈင္းေက်ာကို တစ္လွည့္လာဖိေပးသည္။
အို ဗိုက္ႀကီးတာ ဘယ္သူမွန္းမသိ..။

“ ရ..ရတယ္။ ခင္ဗ်ားသက္သာသြားၿပီမလား “

“ ႏြယ္ သက္သာသြားၿပီ ေမာင္ “

ႏြယ္ ၿငီးစီစီေတာင္ မျဖစ္ေတာ့ေခ်။ ေမာင္ကေတာ့ မအီမလည္မ်က္ႏွာႏွင့္ ႏွဖူးမွာေခြၽးေတြ႐ႊဲလ်က္..။

“ ေမာင္ လာလာ ေရေလးေသာက္ၿပီး အိပ္ရာေပၚမွာလွဲၿပီး ခဏေမွးလိုက္ ႏြယ္စားလို႔ရမယ့္ဟာ တစ္ခုခု႐ွာလိုက္မယ္ “

ဒီလိႈင္း အားေတြယုတ္သလိုျဖစ္သြားတာေၾကာင့္ ႏြယ္သာကီတြဲလာတာကိုလည္း မျငင္းမိေတာ့ပဲ ျပန္ဖက္ၿပီး ႏြယ္သာကီေျပာတဲ့အတိုင္းေရေသာက္ကာ အိပ္ရာ‌အေပၚလွဲေနလိုက္သည္။ ကိုယ္ဝန္နဲ႔ ဖ်ားမွာဆိုးလို႔ air-conအ႐ွိန္ေလွ်ာ့ထားတာေၾကာင့္လားေတာ့ သူမသိ..။ အခုေခြၽးေတြအရမ္းထြက္ၿပီး အားယုတ္ေနတယ္..။

“ေနေန ႏြယ္သာကီ air-conအ႐ွိန္ျပန္မျမႇင့္နဲ႔ ခင္ဗ်ားဖ်ားေနမယ္ “

remoteကို ကိုင္ကာ အ႐ွိန္ျပန္တင္ဖို႔လုပ္ေနသူေၾကာင့္ သူအျမန္လွမ္းတားရသည္။ မေတာ္လို႔ဖ်ားမွျဖင့္ သူရင္ကြဲရခ်ည္ရဲ႕..။

“ ရပါတယ္ ေမာင္ရယ္..ႏြယ္အခုတေလာ ေအးတာနဲ႔ မဖ်ားေတာ့ဘူး အရမ္းလည္းမခ်မ္းေတာ့ဘူး..ေမာင့္ကေလးက ေမာင္နဲ႔တူၿပီး အေအးႀကိဳက္လို႔ထင္တယ္ “

ေမာင့္ကေလးဆိုသည့္ေနရာမွာ ႏွစ္ေယာက္စလုံး၏ရင္ထဲ တသိမ့္သိမ့္စီးဝင္လာေသာ ေပ်ာ္႐ႊင္ေက်နပ္မႈေတြ…။

ဒီလိႈင္း ပန္းႏုေရာင္အက်ႌႏွင့္ မနက္ခင္းအလွတရားကို ‌အေတာ္ၾကာတဲ့အထိေငးၿပီးမွ မ်က္လႊာခ်လိုက္သည္။

က်ဳပ္က အေအးႀကိဳက္တာမဟုတ္ပါဘူး ေမာင့္ႏြယ္..မေအးရင္မျဖစ္ေတာ့တဲ့ ခႏၶာကိုယ္ေၾကာင့္မို႔ပါ ေမာင့္ႏြယ္~~

“ စားစရာ႐ွာမေနနဲ႔ ဟိုေကာင့္ကို လာပို႔ခိုင္းလိုက္မယ္ “

“ အင္း အင္း အဲ့တာဆို ေမာင္ခဏအိပ္လိုက္ေနာ္ “

“ က်ဳပ္ အေကာင္းႀကီး ႏြယ္သာကီ..ဘာလို႔ ခဏခဏအိပ္ခိုင္းေနရတာလဲ “

“ ေမာင္ကေလ ကေလးလိုပဲ မအိပ္ခ်င္‌လဲ ေနပါဗ်ာ ႏြယ္ သိုးေမႊးေလးထိုးလိုက္အုံးမယ္ “

ႏြယ္ ေမာင့္နားကထကာ ‌သိုးေမႊးထိုးဖို႔ ဆိုဖာကိုလွည့္ေတာ့ ေမာင္က ႏြယ့္ခါးကို လာဖက္ကာ ႏြယ့္ကို ေမာင့္ဘက္လွည့္ေစၿပီး ႏြယ့္ဗိုက္ခ်ပ္ခ်ပ္ကို မ်က္ႏွာအပ္ေစသည္။

“ ခင္ဗ်ားရဲ႕ကိုယ္သင္းနံ႔က က်ဳပ္ကိုသက္သာေစတယ္ ႏြယ္သာကီ “

ႏြယ္ ေမာင့္ဆံပင္ေတြကို ပြတ္သပ္ၿပီး ေမာင္ဖက္ထားသည့္အတိုင္း ၿငိမ္ခံေနလိုက္သည္။
ႏြယ္သာကီ့ဆီကရတဲ့ ခပ္ေဖ်ာ့ေဖ်ာ့ကိုယ္သင္းနံ႔က မူးေနာက္ခ်င္ေနသည့္ ေခါင္းကိုၾကည္လင္ေစတာ မထူးဆန္းေပဘူးလား..။

“ ခင္ဗ်ား က်ဳပ္အနားမွာပဲေန..က်ဳပ္ေခါင္းမူးလို႔ “

“အင္း အင္း ေမာင္..ခဏ ႏြယ္ခ်ည္လုံးေတြယူလိုက္အုံးမယ္ “

ႏြယ္ ခ်ည္လုံးေတြထည့္ထားသည့္ ဇကာကို ယူကာ ေမြ႕ရာေပၚျပန္တက္လိုက္ၿပီး ကုတင္ေခါင္းရင္းကို ေခါင္းအုံးခုကာ ေျခေထာက္ဆင္းၿပီး ေက်ာမွီလ်က္ျဖင့္ ခ်ည္ထိုးေနေတာ့ ေမာင္က ႏြယ့္ေပါင္ေပၚ ေခါင္းအုံးလာသည္။ ၿပီးေနာက္ ႏြယ့္လက္ကို ဖြဖြေလးကိုင္ကာ သူ႕ေမး႐ိုးထင္းထင္းအေပၚတင္ၿပီးေနာက္ ႏြယ့္ကို မဝံ့မရဲၾကည့္လာေလသည္။

“ ႏြယ္သာကီ က်ဳပ္ေမးစရာ႐ွိတယ္ က်ဳပ္ကို အမွန္တိုင္းေျဖေပးမလား”

“ ေျပာပါ‌ ေမာင္..ေမာင့္ကို ႏြယ္မလိမ္ခ်င္ပါဘူး”

“ အဲ့တုန္းက က်ဳပ္ကိုေတာင္လာမေတြ႕ဘဲ ဘာလို႔တျခားတစ္ေယာက္နဲ႔ ေစ့စပ္လိုက္ရတာလဲ ႏြယ္သာကီ..”

ေမာင္ေျပာသည့္ အဲ့ကာလကို ႏြယ္သိပါ၏။
ေမာင္ေရာ ႏြယ္ပါ ဘယ္ေသာအခါမွ ျပန္မေရာက္ခ်င္တဲ့ အတိတ္က ေန႔ရက္ေတြ..။
ႏြယ္ ခ်က္ခ်င္းဆိုသလို မ်က္ရည္ေတြေဝ့ဝိုင္းလာရသည္မို႔ မ်က္ေတာင္ေတြလႈပ္ခတ္ကာ မ်က္ရည္တို႔ကို ေမာင္မျမင္ဖို႔ ကြယ္ဝွက္လ်က္~~

“ ႏြယ္..ႏြယ္ အင့္..အဲ့ေန႔က အိမ္..အိမ္ျပန္ေရာက္ေတာ့ ေဖေဖနဲ႔ စကား..စကားမ်ားတယ္..ေနာက္ေတာ့ ႏြယ္အျပင္မထြက္ရေတာ့ဘူး..မတတ္သာတဲ့အေျခအေနေၾကာင့္ ေစ့စပ္ၿပီးႏိုင္ငံျခားထြက္သြားရတာပါ ေမာင္..ဟင့္..မရည္႐ြယ္ခဲ့ပါဘူး..”

ႏြယ္သာကီ႐ိႈက္ႀကီးတငင္ငိုလာသည္မွာ ေမ့ေမ်ာေစႏိုင္သည့္ အေျခအေနထိပင္ ဆိုးဆိုးဝါးဝါး..။ ဒီလိႈင္း ထထိုင္ကာ ႏြယ္သာကီ့မ်က္ႏွာရဲရဲကို လက္ႏွစ္ဖက္ျဖင့္ အုပ္မိုးလ်က္ အၾကည့္ခ်င္းဆုံေစၿပီး..

“ မငိုနဲ႔ ေမာင့္ႏြယ္..ခင္ဗ်ားငိုရင္ ေမာင္တို႔ကေလးေလး မ်က္လုံးျပဴးလိမ့္မယ္ဗ်.. ၿပီးေတာ့ ခင္ဗ်ားဒီေလာက္ပင္ပန္းေစတဲ့ ေမးခြန္ေတြ ေမာင္‌မေမးေတာ့ဘူးေနာ္ မငိုနဲ႔ေတာ့ “

ဒီလိႈင္းမ်က္ရည္ေတြသုတ္ေပးကာ ေခ်ာ့ေမာ့၍ အငိုတိတ္ေစ၏။ သို႔ေသာ္ ႏြယ္သာကီတို႔က ေျပာေလကဲေလ..။

“ အင့္ အီးဟီး ေမာင္..ႏြယ္ တမင္လုပ္ခဲ့တာမဟုတ္ပါဘူး ေသခ်ာတာကေတာ့ ႏြယ္ေမာင့္အ‌ေပၚ သစၥာ‌ေဖာက္ခဲ့တာ မဟုတ္ရပါဘူး..”

“ အင္း အင္း..က်ဳပ္ ခင္ဗ်ားကိုပဲ ယုံမွာမို႔ က်ဳပ္ရဲ႕ယုံၾကည္မႈကို မခ်ိဳးဖ်က္ပါနဲ႔ ေမာင့္ႏြယ္သာကီ “

ဒီလိႈင္း ႏြယ္သာကီ့ကိုဖက္ကာ သူပါမ်က္ရည္က်လ်က္..။

ခ်စ္ျခင္း၊မုန္းျခင္းတို႔ၾကားမွာ ဗ်ာမ်ားေနခဲ့ရတာ တစ္ႏွစ္လဲမဟုတ္ ႏွစ္ႏွစ္လဲမဟုတ္..။ ေနာက္ဆုံးအခ်ိန္ထိ အမုန္းတရားက အခ်စ္ရဲ႕ဆတူမတိုးလာတဲ့အခါ သူတစ္ဖက္ကမ္းကိုပဲ ကပ္လိုက္မိေတာ့သည္။

အခ်စ္က စိတၱဇနာမ္..။ ကိုင္တြယ္လို႔မရေပမယ့္ လူေတြကို အ႐ူးတစ္ပိုင္း ထပ္ခါထပ္ခါ႐ူးမိုက္ေစတဲ့ စိတၱဇနာမ္..။

အခ်ိန္ေတြေနာက္ျပန္ဆုတ္လို႔ရခဲ့ရင္ေတာင္ မင္းနဲ႔စေတြ႕တဲ့ေနရာကိုပဲ ေမာင္လာမိအုံးမွာ ေမာင့္ႏြယ္သာကီ..။

ထိုေန႔က အခန္းထဲက ေကာင္ေလးႏွစ္ဦးသည္ မနက္စာမစားၾကေတာ့ပဲ တစ္ဦးႏွင့္ တစ္ဦးေပြ႕ဖက္ကာ ျပန္အိပ္ေပ်ာ္သြားသလို..အျပင္က ဗိုက္ႀကီးသည္ဆီလာသည့္ စုံတြဲမွာလည္း လွည့္ျပန္သြားရေခ်သည္။
ထိုေန႔က ဒီလိႈင္းခက္ထန္ ထူးထူးျခားျခား ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ အိပ္ေပ်ာ္သြားပါသည္။
ႏွလုံးသားထဲက ဝန္ထုပ္ဝန္ပိုးေလ်ာ့က်သြားသည့္အခါ လူေတြက ထိုသို႔ အိပ္ေပ်ာ္သြားတတ္ၾကပါသလား..။

“ ေမာင့္ ဒါေလးေတာ့ ကုန္ေအာင္စားလို႔”

“ ႏြယ္ကလဲ အဲ့တာႀကီးက ခ်ဥ္တင္တင္နဲ႔ကိုကြာ “

တစ္‌ခုေသာ ေန႔လည္စာစားခ်ိန္၌ ႏြယ္သာကီတစ္ေယာက္ သူစားလိုက္လို႔ ေကာင္းတဲ့ဟာမွန္သမွ်ကို ဒီလိႈင္းကို လာလာခြံ႕သည္။ ဒီလိႈင္း ဒီရက္ပိုင္း ဘာျဖစ္ေနမွန္းမသိ ဘာစားစား ျပန္အန္ခ်င္ေနကာ အစားေကာင္းေကာင္းမဝင္..။ ဗိုက္ႀကီးသည္ ႏြယ္သာကီကေတာ့ ထိုသို႔မဟုတ္ အကုန္စားသည္။ စားတိုင္းလဲ ႏွစ္ေယာက္စာေလာက္စားဝင္သည္။

အခုလည္း သူစားေနသည့္ ဒိန္ခ်ဥ္နဲ႔ သီးစုံသုတ္ကို ဒီလိႈင္းကို အတင္းေကြၽးေနသည္။ ထိုင္ခုံမွာထိုင္ေနသည့္ ဒီလိႈင္းကို လိုက္ခြံ႕ေနတာမို႔ ဒီလိႈင္းေခါင္းရမ္းခါေနသည္။ ရမ္းခါေနသည့္ ေခါင္းအတိုင္း လိုက္ခြံ႕ေနျပန္တာမို႔ မေနႏိုင္သည့္ ဒီလိႈင္းသာ အေမာင္ဗိုက္ကို ေပါင္ေပၚဆြဲခ်လိုက္ရသည္။

“ ကဲ အေမာင္ဗိုက္ ကြၽန္ေတာ္မ်ိဳးစားပါ့မယ္..ကိုယ့္ကိုကိုယ္ ကေလးနဲ႔ဆိုတာလဲ သတိရအုံး “

“ ဟီး ေမာင္ကလဲ အာ…”

ဒီလိႈင္းပါးစပ္ဟေပးလိုက္ေတာ့ ပါးစပ္ထဲကို ခုန္ဝင္လာသည့္ စေတာ္ဘယ္ရီတစ္လုံး..ခ်ဥ္စူးစူးဒိန္ခ်ဥ္ အရသာေၾကာင့္ ဒီလိႈင္းပ်ိဳ႕တက္လာသည္။ သို႔ေသာ္ အေ႐ွ႕ကေန အကဲခတ္ေနသူေၾကာင့္ ခပ္ျမန္ျမန္ၿမိဳခ်လိုက္သည္။

“ ဆံပင္ေတြညႇပ္ခ်င္လား ႏြယ္ “

ဆံပင္႐ွည္ရင္ ဇက္ေက်ာတက္ ေညာင္းညာတတ္သည္ကို ဒီလိႈင္း ကိုယ္ဝန္သည္ေတြဖတ္သင့္သည္ဆိုေသာ စာအုပ္ေတြမွာဖတ္ဖူးသည္မို႔ ႏြယ္သာကီ့ဆံပင္ေတြကို အေ႐ွ႕သပ္ေပးကာေမးလိုက္သည္။

“ ဟင့္အင္း ေမာင္..။ ေမာင္က ႏြယ့္ဆံပင္ေတြကို ျမတ္ႏိုးတာမို႔ ႏြယ္ျဖင့္မညႇပ္ခ်င္ပါဘူးကြာ “

“ အင္း..”

“ ေမာင္ ႏြယ္ေပါင္မုန္႔ၾကက္ဥေၾကာ္ေပးရမလား..ခုနကစားေတာ့လဲ အန္ခ်င္တာပဲမလား “

“ မအန္ခ်င္ပါဘူးဗ်ာ “

ႏြယ္သာကီက ဟုတ္လို႔လားဆိုသည့္သေဘာျဖင့္ ဒီလိႈင္းကို အကဲခတ္ေနေတာ့ ဒီလိႈင္းမွာ ခပ္ျပဳံးျပဳံးႏွင့္ ႏြယ္သာကီ့ဆံပင္ေတြကိုနမ္း႐ိႈက္ ေနလိုက္သည္။

“ ဖယ္ပါအုံး ႏြယ္ ေပါင္မုန္႔ၾကက္ဥေၾကာ္ေပးမယ္ “

“ ခင္ဗ်ားက လုပ္တတ္တာလဲ မဟုတ္ဘဲနဲ႔ မလုပ္ေနပါနဲ႔ “

“ ေမာင္မွ ဘာမွမစားတာ..”

“ ထားလိုက္ ဒီအတိုင္းေလးေနရင္ေတာင္ ဗိုက္ဝေနပါၿပီ “

ေမာင္က ႏြယ့္ပခုံးအေပၚ ေခါင္းေမွာက္ခ်ကာ တ႐ႈံ႕႐ႈံ႕လိုက္နမ္းေနေလသည္။ လြမ္းခဲ့သမွ်ကိုအတိုးခ်နမ္းေနသလားမသိ ေတာ္ေတာ္နဲ႔မၿပီး။

“ ေမာင္ကြာ ယားတယ္ မဆိုးနဲ႔ “

ႏြယ့္ ႏႈတ္ခမ္းဖူးဖူးေလးဆီသို႔ ေမာင္က တ‌ျဖည္းျဖည္းခ်င္းကပ္လာသည္မွာ ႏြယ္တို႔ႏွစ္ေယာက္ရဲ႕ ႏွာေခါင္းခ်င္းထိစပ္လို႔..။ ထိုအခ်ိန္တြင္..

“ ဟယ္လို ေပ်ာ္႐ႊင္စရာအခိုက္အတန္႔မွာ ေရာက္လာမိလို႔စိတ္မေကာင္းပါဘူး..”

အထုတ္ႀကီး အထုတ္ငယ္ဆြဲကာ ေရာက္ခ်လာသူက ဧရာဇင္..။

ဒီလိႈင္းမွားတာ ႏြယ္သာကီ့ရဲ႕ ‘ေမာင္တစ္ခုခုျဖစ္ရင္ ႏြယ္ကဘာလုပ္ဖို႔မွသတိမရေတာ့ဘူး ေမာင္ရဲ႕..။ အဲ့အခါက် ႏြယ္ပဲရင္က်ိဳးရမွာ’ဆိုၿပီး ခြၽဲခြၽဲႏြဲ႕ႏြဲ႕ေျပာလာမႈကို သူယုံၾကည္ၿပီး ကိုလြမ္ေစး၊ဧရာဇင္နဲ႔ကိုဘုန္းတို႔၏ လက္ေဗြရာထည့္ေပးလိုက္မိထဲက ဧရာဇင္ဆိုတဲ့ေကာင္က တံခါးေတာင္မေခါက္ေတာ့ပဲ မနက္ပိုင္းဆို အိပ္ခန္းအထိ ဇြတ္တ႐ြတ္ တန္းဝင္လာတာ..။

ဒီလိႈင္းရဲ႕ မ်က္ေထာက္နီနဲ႔ ၾကည့္မႈေၾကာင့္ ဧရာ ဟီးခနဲ သြားၿဖီးျပလိုက္သည္။

႐ႊတ္စ္~~

ဘယ္သူၾကည့္ေန ၾကည့္ေန ဒီလိႈင္းခက္ထန္တို႔က မႈ႕စရာလား..။ ႏြယ္သာကီ့ပါးျပင္ႏုႏုကို ႏွာသီးျဖင့္ ေမႊးၾကဴလိုက္သည္။ အခုလိုေတာင္ နီရဲလာသည့္မ်က္ႏွာေလးက ႏႈတ္ခမ္းကိုနမ္းလိုက္လွ်င္ ေပါက္ကြဲထြက္မည္ကို ငဲ့ညႇာကာ ပါးျပင္ကိုပဲ အနမ္းခိုလုံေစလိုက္သည္။

“ ေျပာ ဘာလဲ “

“ ကိုေႏွာင္း ဟိုေန႔က စားခ်င္တယ္ ေျပာထားတဲ့ဟာေတြ ဝယ္လာတာ “

“ အာ ေက်းဇူး ဧရာ..ႏြယ့္ကိုေပး ႏြယ္ထည့္လိုက္မယ္ ဧရာပါဝင္စားသြားပါလား”

“ ကြၽန္ေတာ္ပဲထည့္လိုက္မယ္ ကိုေႏွာင္းထိုင္ေနပါ ကြၽန္ေတာ္လည္းစားမယ္ေလ ဟီး “

ဧရာနဲ႔ႏြယ္ခင္တာ ဘယ္ေလာက္မွမ႐ွိေသးေပမယ့္ တိရစၧာန္ေတြအေပၚမွာေတာင္ သံေယာဇဥ္တြယ္လြယ္တဲ့လူက ဧရာဇင္ဆိုသည့္ လူတစ္ေကာင္လုံးကို သံေယာဇဥ္မတြယ္ဘဲ ေနပါ့မလား..။

ဧရာဇင္ကလည္း လူ႕ငလည္ အေပါင္းအသင္းေကာင္း၊သေဘာေကာင္း၊ မေနာေကာင္းမို႔ ခပ္ျမန္ျမန္ခင္လြယ္တာလဲ ျဖစ္ခ်င္ျဖစ္လိမ့္မည္။

ဒီလိႈင္းသူတို႔ ထမင္းဟင္းေတြထည့္ေနတုန္းမွာ အျပင္ကို ထြက္၍ ဖုန္းစကားေျပာေနသည္။

“ အင္း..ေနာက္ေန႔ ႐ွယ္ယာ႐ွင္အစည္းမေဝးမွာ ခပ္ပါးပါးေလးလႈပ္႐ွားလိုက္မယ္ ေစာင့္ၾကည့္ေန ကိုဘုန္း..”

ထိုသို႔ေျပာကာ ဒီလိႈင္းဖုန္းခ်ၿပီး ထမင္းစားခုံမွာျပန္သြားထိုင္လိုက္သည္။ ထိုင္လိုက္သည္ႏွင့္ ႏွာေခါင္းထဲတိုးဝင္လာသည့္ အနံ႔ေပါင္းေသာင္းေျခာက္ေထာင္ေၾကာင့္ ျပန္ထကာ ေဘစင္မွာထိုး အန္မိသည္။

“ ေဝါ့ ေဝါ့ “

“ ေမာင့္ ေမာင္ ရရဲ႕လား “

ႏြယ္ေမာင့္ေက်ာျပင္ကိုသပ္ခ်ေပးၿပီးေနာက္ ခဏအၾကာမွာ ေမာင္ကအန္တာရပ္သြားၿပီး ပလုတ္က်င္းကာ ထမင္းစားပြဲဝိုင္းနားမလာေတာ့ပဲ အေဝးကပတ္သြားေလသည္။

“ ေမာင့္ ထမင္းစားမယ္ေလ “

“ ႏြယ္ပဲစားလိုက္ေတာ့ ေမာင္..ေမာင္ အလုပ္ကိစၥ႐ွိေသးလို႔ “

“ ဟား ဟား..ဒီလိႈင္းရယ္ ဗိုက္ႀကီးတာ မင္းလား ကိုေႏွာင္းလားလို႔ ငါတစ္ခါတေလက်ေတြးမိလာတယ္ “

ဒီလိႈင္းဘာေၾကာင့္ေ႐ွာင္ထြက္ေနမွန္း သိသည့္ ဧရာက မထိန္းထားႏိုင္ေတာ့ပဲ အက်ယ္ႀကီးထေအာ္ရယ္လာသည္။

“ ေဟ့ေကာင္ ဒီမွာ ႏြယ့္ဗိုက္ဆူဆူေလးကို မျမင္ဘူးလား ေမေဘးရဲ႕..ဒါက အိမ္ေထာင္ဖက္ကိုသိပ္ခ်စ္တဲ့ သူေတြပဲဒီလိုမွ်ေဝခံစားေပးလို႔ရတာ သေဘာေပါက္ “

ဒီလိႈင္း လက္ခလယ္ေထာင္ျပကာ အခန္းထဲကေန အႏိုင္ပိုင္းၿပီးထြက္လာလိုက္သည္။

“ ႏြယ္ ေမာင္တို႔ မနက္ျဖန္ ႏြယ့္အိမ္ကိုသြားရေအာင္ “

“ ႏြယ္တို႔ ဒီအတိုင္းေလးပဲ ေနလို႔ရရဲ႕သားနဲ႔ ေမာင္ရယ္ “

“သူမ်ားသားကိုခိုးထားတာ ျပန္အပ္ရမွာေပါ့ ႏြယ္သာကီရယ္..ၿပီးေတာ့ ကြၽန္ေတာ္ ခင္ဗ်ားရဲ႕မိသားစုအေပၚအႏိုင္လိုခ်င္တယ္..”

“အပ္စရာမလိုပါဘူး ေမာင္ရယ္..ႏြယ္သူတို႔နဲ႔မပတ္သက္ခ်င္ေတာ့ဘူး..”

“ ခင္ဗ်ားကလြဲလို႔ ကြၽန္ေတာ္လူတိုင္းအေပၚမွာ အႏိုင္လိုခ်င္တယ္ေလ ႏြယ္သာကီ..ႏွစ္႐ွည္လမ်ား အထင္လြဲမႈေတြနဲ႔နာက်င္ခဲ့ရတဲ့ ဒီေကာင့္ရင္ခြင္ထဲကိုလဲ ေသခ်ာၾကည့္ပါအုံး ႏြယ္သာကီရယ္…”

ေမာင္ဟာ စိတ္ပ်က္သလို က်စ္ခနဲစုတ္သပ္ကာ ႏြယ့္ကိုခ်န္ခဲ့ၿပီး အခန္းထဲကထြက္သြားေလသည္။ ထိုေန႔က ေမာင္ဟာ ႏြယ့္ကိုဘယ္ေလာက္အထိ စိတ္ပ်က္သြားခဲ့သလဲမသိ..မိုးလင္းတဲ့အထိ အိမ္ျပန္မလာခဲ့ဘူး။
အိပ္ေနက် ေမာင့္ရင္ခြင္မ႐ွိေတာ့ ႏြယ္ဟာ ခိုလုံရာကင္းမဲ့ေနသည့္ ငွက္တစ္ေကာင္လိုပါပဲ..။

ဒီလိႈင္းအေနႏွင့္ ႏြယ္သာကီ့ကို ေဒါသထြက္မလာခင္ အခန္းထဲက အျမန္ထြက္သြားရသည္။ မဟုတ္လွ်င္ ျပန္ဆက္ထားသည့္ သူတို႔ဆက္ဆံေရးမွာ ႏြယ္သာကီဆိုတာ အမႈန္အမႊားသာသာေတာင္႐ွိေတာ့မွာမဟုတ္..။
သိပ္ခ်စ္မိတာက အမွားဆို သိပ္လြမ္းရတာက ျပစ္ဒဏ္ပါ ေမာင့္ႏြယ္သာကီ~~

_________________________

Mg'd Nwel Thar Kii (Book version)Where stories live. Discover now