မောင့်နွယ်သာကီ
အပိုင်း(၁၅)
နာရီခြားတစ်ခါ လူယုံတွေကိုဖုန်းဆက်မေးသော်လည်း ဒီလှိုင်းစိတ်မချနိုင်။ ကျန်တာကိုစိတ်မချနိုင်တာမဟုတ်ဘဲ တစ်ယောက်ထဲဆို အတွေးလွန်တတ်တဲ့ နွယ်သာကီကြောင့် စိတ်မချရတာဖြစ်သည်။
အဲ့လူက သိပ်ကို အားငယ်တတ်တာ..။
အလုပ်တွေကလဲ အပြီးဖြတ်နေမှ ကိုယ်တိုင်လုပ်စရာတွေများလာလေလေဖြစ်သောကြောင့် နေ့မနား၊ညမနားလုပ်တာတောင် အနည်းငယ်ကြာမြင့်နေရသည်။
ယခုလဲ အလုပ်လုပ်နေရင်း ဟိုလူကိုသတိရမိတာကြောင့် ကြာမြင့်ရပြန်သည်။
တီ~~တီ~~
“ ကိုနှောင်းအိမ်က လာတာ နှစ်ခါရှိပါပြီ BBrown”
“ဘာ..အဲ့ကိစ္စကိုခြံဝမှာတင်အပြီးဖြတ်ခဲ့..နွယ်သာကီမသိစေနဲ့ ငါညတွင်းချင်းပြန်ခဲ့မယ်”
“ ဟုတ်ကဲ့”
ဒီလှိုင်းအနေနဲ့ဖြစ်နိုင်ရင် နွယ်သာကီကို သူ့မိသားစုနဲ့မပတ်သက်ပဲ ဒီအတိုင်း ကိုယ့်ရင်ငွေ့မှာ အေးအေးချမ်းချမ်းလေးထားချင်တာဖြစ်၏။ ကိုယ်ကပဲ နွယ်နှောင်းသာကီကို ပြဿနာရှာမယ် တခြားသူကိုတော့ သူလုပ်သလိုလုပ်ဖို့ခွင့်မပြုနိုင်ချေ။
သူကတော့ အရေးတကြီးနဲ့ အလုပ်တွေအကုန်ဖျက်ပြီး ညတွင်းချင်းပြန်လာရတာ အေးချမ်းနေသည့်လူက စောင်ပုံထဲမှာ နွေးနွေးထွေးထွေးအိပ်နေတာများ ကလေးတစ်ဦးသဖွယ်။ ဒီရက်ပိုင်း ဘာကြောင့်မှန်းမသိလုံးလုံးကစ်ကစ်လေးဖြစ်လာသည့် ပါးနှစ်ဖက်က ခေါင်းအုန်းနဲ့ဖိခံထားရပြီး နှုတ်ခမ်းက ဆူထွက်နေ၏။
ဒီလှိုင်းရေမိုးချိုးကာ ပြန်ထွက်လာသည်အထိ ဒီလူက မနိုးသေးတာကြောင့် စောင်ပုံထဲလိုက်ဝင်ကာ အိပ်နေသည့်သူကို ရင်ခွင်ထဲဆွဲထည့်ပြီး မြတ်နိုးချင်းအလီလီ ဖိတ်စင်သည့်အကြည့်ရွှန်းရွှန်းတွေနှင့် တစိမ့်စိမ့်ကြည့်နေမိသည်။
စစချင်းမို့ တအီအီတအဲအဲလုပ်လာပြီး ဒီလှိုင်းရင်ခွင်ထဲသို့ အံဝင်ခွင်ကျလှည့်လာသည်။ ပြီးနောက် ထပ်အီနေသေးသည်မို့ ဆံပင်ကိုသပ်ကာ ကျောလေးကိုဖွဖွလေးပွတ်ပေးပြီး တကျွတ်ကျွတ်နဲ့ အိပ်ပျော်သွားသည်အထိ ကလေးတစ်ဦးသဖွယ်သိပ်နေမိပြန်သည်။
“ ဟွန်း..ခင်ဗျားကတော့ အေးချမ်းနေလိုက်တာများ “
ပြီးနောက် နှဖူးကိုဖွဖွလေး အကြင်နာအနမ်းခြွေပြီး အိပ်ရေးပျက်ညများကို အစားထိုးကာ ရင်အေးစေသည့်လူကို ထပ်တိုးဖက်လျက် အိပ်စက်ခြင်းဆီသို့လှမ်းရသည်။
“ အင်း..မောင့်ကိုယ်သင်းနံ့လေး”
မျက်လုံးမဖွင့်ဘဲနဲ့ ရင်ဘတ်အပေါ် ကိုယ်တစ်ခြမ်းတက်လာပြီး ပါးအိအိနှင့် ရင်ဘတ်အပေါ်ပွတ်နေသည်။ အင်းအဲနှင့် တခဏလောက်ပဲလုပ်အပြီးမှာ ပြန်အိပ်သွားလေသည်။
“ ဟွန်း..ခင်ဗျားက တစ်နေ့တစ်ခြား အိပ်ပုတ်လာလိုက်တာ”
တရော်ကင်မွန်းနံ့သင်းသင်းလေးရသည့် ဆံနွယ်တွေကို ခက်ဖွဖွလုပ်ကာ ရှူရှိုက်လိုက်ပြီး ဒီလှိုင်းပြန်အိပ်လိုက်သည်။
“ အမလေး ဗုဒ္ဓေါ..”
နွယ် လန့်သွားသည်။ နွယ်အိပ်တုန်းက နွယ့်အခန်းထဲက နွယ့်အိစက်စက်ခေါင်းအုံးပေါ်မှာပါ။ သို့ပေမယ့် ခေါင်းအုံးထားသည့် ခပ်မာမာအထိအတွေကြောင့် နွယ်နိုးလာကာ ကြည့်လိုက်တော့ ယောင်္ကျားတစ်ယောက်ရဲ့ရင်ခွင်ထဲ နွယ်ရောက်နေလေသည်။
နွယ်လည်း ခပ်တင်းတင်းဖျစ်ညှစ်ထားမှုကနေ ရုန်းကာ အပေါ်မော့ကြည့်တော့ လည်စိခပ်ထင်းထင်းနှင့် နွယ့်နှာဖျား အမှတ်မထင်ရိုက်ခတ်မိသွားသည်။ နွယ် အခြေအနေအရပ်ရပ်ကိုသုံးသပ်ကာ သေချာကြည့်တော့မှ ထိုလူသည် မောင် ဖြစ်နေလေသည်။
” မောင့် “
နွယ် မောင့်ကိုပြန်ဖက်လိုက်ကာ မောင့်ရင်ဘတ်ထဲတိုးဝှေ့ပြီး နွယ်ကိုလုံခြုံစေသည့် မောင့်ကိုယ်သင်းနံ့ကို တဝကြီးရှူရှိုက်ကာ ငိုနေမိသည်။
“ ဘာလို့ငိုနေရတာလဲ နွယ်သာကီ..။ ကျုပ်အသုဘကျလို့ ခင်ဗျားရယ် “
လှုပ်စိ လှုပ်စိအထိအတွေ့ကြောင့် အိပ်ရေးဆက်သည့် ဒီလှိုင်းနိုးလာကာ ငိုနေသည့်လူကို ချော့ရလေသည်။
“ အင့် မောင့်..အဲ့လိုမပြောပါနဲ့..။ နွယ်ကလေ မောင့်ကိုမတွေ့ရရင် မျက်ရည်မကျနိုင်တဲ့အထိ လွမ်းပြီး..မောင့်ကိုတွေ့လိုက်ရရင် မျက်ရည်ကျတဲ့အထိ ပျော်ပါတယ် မောင်ရယ်”
“ ခင်ဗျားဟာလေ စကားကိုတတ်တယ် ..”
“ဒါနဲ့ မောင်ဘယ်တုန်းက ပြန်ရောက်တာလဲဟင်..”
“ ညက..”
“ ဟင့် နွယ်လဲမသိရဘူး..”
“ဒါတော့ ခင်ဗျားက အိပ်ပုတ်တာကို..စကားမများနဲ့တော့ခင်ဗျားရာ ကျုပ်မအိပ်ရသေးဘူး..”
“ အင်း..အင်း နွယ်ထတော့မယ် မောင်ဆက်အိပ်..”
နွယ် ကုန်းထကာ မောင့်လက်တွေကိုဖယ်ရှားပြီး ဆံပင်တွေကို ဘယ်ဘက်သပ်လိုက်သည်။
“ အာ့ မောင့် “
မောင်က နွယ့်ကို သူ့ရင်ခွင်ထဲ ပြန်ဆွဲချပြီး ခပ်တင်းတင်းဖက်ထားလေသည်။
“ ရှူး..ကျုပ်မအိပ်ရသေးဘူးလို့ပြောနေတယ် ခင်ဗျားလည်းပြန်အိပ် “
သူထိုသို့ပြောကာ အိပ်ချင်ယောင်ဆောင်နေလိုက်တော့ သူ့ရင်ခွင်ထဲမှာ အံ့ဝင်ခွင်ကျပြန်အိပ်စက်သွားပါသော နွယ်သာကီ..။ ထို့နောက် သူလဲ နွယ်သာကီကိုဖက်၍ တစ်ဖန်ပြန်အိပ်ပျော်သွားလေသည်။
“ နွယ်သာကီ ကျုပ်ရဲ့ဟိုအင်္ကျီကို တွေ့မိသေးလား “
“ ဟင့်အင်း”
သူရေချိုးနေကထဲက နွယ်သာကီက ဟိုအကောင်ကြောင်စုတ်ကို အိပ်ခန်းထဲခေါ်ချလာပြီး သူ့ကိုတောင်အရေးမစိုက်ဘဲ ဆိုဖာပေါ်မှာ ကြောင်စုတ်ကိုဟိုစမ်း ဒီစမ်းလုပ်နေသည်။
အခုလည်းကြည့် ဘယ်အင်္ကျီလဲ မမေးဘဲ ဟင့်အင်းတဲ့လေ..။
“ နွယ်သာကီ ကျုပ်ရဲ့ နာရီတွေ့မိသေးလား”
“ ဟင့်အင်း “
“ နွယ်သာကီ ကျုပ်ရဲ့ဘီးရော “
“ အဲ့မှာပဲနေမှာပေါ့ “
“ နွယ်သာကီ ကျုပ်ရဲ့ ခြေအိတ်နောက်တစ်ဖက်ရော “
“ မောင်ရယ် အဲ့မှာပဲနေမှာပေါ့ “
ဒီလှိုင်းမေးနေတဲ့ဟာတွေသည် ဒီလှိုင်း ရှာစရာမလိုအောင် သူ့နေရာမှာသူရှိပါလျက်နဲ့ ဒီလှိုင်းမေးနေမိသည်။ အရင်ကဆို ဘာလုပ်နေနေ ဒီလှိုင်းမေးတာနဲ့ ထရှာပေးတဲ့ လူက အခုကျ လျစ်လျူရှုထားတယ်..။
ကျုပ်ကိုဒီလိုလုပ်လို့ရမယ်တဲ့လား နွယ်သာကီ..။
“ နွယ်သာကီ အပြင်သွားမလို့ ကျုပ်နဲ့လိုက်ခဲ့”
“ နွယ်မလိုက်ပါရစေနဲ့ မောင်ရယ်..”
“ ခင်ဗျား ဘာဖြစ်နေတာလဲ ဟမ်..။ ကျုပ်ကို စောက်ဂရုမစိုက်တာ ဘာလို့လဲ နွယ်သာကီ ဟမ် “
သူစိတ်တိုအားကြီးစွာ နွယ်သာကီ့ပခုံးနှစ်ဖက်ကို ကိုင်လှုပ်ပြီး အော်နေသည်။ သူ တကယ်ကိုစိတ်တွေတိုနေပြီ..။
“ မောင့် နွယ့်ကိုမလှုပ်ပါနဲ့ နွယ်ညီးစီစီဖြစ်နေလို့ ပြီးတော့ ဝက်ဝံပေါက်ကလည်း နေမကောင်းလို့ နွယ် စိတ်ညစ်နေတာပါ မောင်ရယ် “
“ ဘာ..ခင်ဗျား အဲ့ကောင်ကို ဘယ်လိုခေါ်လိုက်တယ် “
နွယ် မောင်မသိအောင် ပေးထားတဲ့ ကြောင်လေးရဲ့ နာမည်က ဝက်ဝံပေါက်တဲ့လေ..။ မောင့်ရှေ့မှာ မခေါ်ပေမယ့် မောင့်ကွယ်ရာမှာတော့ ဒီလိုပဲခေါ်သည်။ အခုတော့ မောင့်ရှေ့မှာခေါ်မိသွား၍ နွယ်သေပြီ ထင်ပါ့။
မောင်တို့နှစ်ယောက်က မတည့်သာမတည့်တာ နွယ့်ကို နိုင်စားတဲ့ နေရာဆို သိပ်တူတာ..။
“ အဲ..ဝက်ပေါက်လို့ပြောလိုက်တာရယ် ဟီး “
သွားဖြီးပြကာ ပခုံးလေးကျုံ့ပြီး တဟီးဟီးလုပ်ပြနေလေသည်။
ဘယ်လိုများ ချစ်ဖို့ကောင်းရတာလဲ..ဒါပေမဲ့ နွယ်သာကီ ခင်ဗျားကိုကျုပ်စိတ်ဆိုးတယ်.."
“ ကျုပ်ကြားလိုက်တာ တစ်မျိုးပါ “
“ အဲအဲ့တာ မောင်နားကြားမှားတာပါ ဟီး “
“ ထားတော့ အဲ့အကောင်ကိုချပြီး ကျုပ်ကိုကြယ်သီးလာတပ်ပေး..”
လုပ်ကို လုပ်ရမယ်ဆိုသည့် သဘောမျိုးဖြင့် နွယ့်ကို မောင်ကကြည့်နေတော့ နွယ်လည်း ဝက်ဝံပေါက်ကို အောက်ချလိုက်ကာ မောင့်ရှပ်အင်္ကျီကြယ်သီးကို တစ်လုံးချင်းစီ ဂရုတစိုက်တပ်ပေးလိုက်သည်။
မောင့်ရင်ဘတ် ဗလာကို တွေ့နေရသည်မို့ မောင့်အသက်ရှူသံခပ်ပြင်းပြင်းရိုက်ခတ်သည့် နွယ့် ပါးပြင်နုနုဟာ ပန်းရောင်ထနေလေသည်။
“ ခင်ဗျား တကယ်မလိုက်ဘူးလား “
“ အင်း မောင် နွယ်ပြောပြီးပြီပဲ “
“ကျုပ်က clubသွားမှာ ခင်ဗျားမလိုက်ဘူးလား”
“ အများကြီးမသောက်လာပါနဲ့နော် မောင် “
နွယ်သာကီက အရင်နဲ့မတူတော့..။ အရင်ကဆိုအပြင်ခေါ်ရင် လိုက်နေကျ..။ အခုမှ ဘာတွေပြောင်းလဲနေရတာလဲ နွယ်သာကီ.."
“ ခင်ဗျားကပဲ ပြောရသေးတယ်..။ သောက်လာမှာ “
မောင်က ထိုသို့ပြောကာ ပိုက်ဆံအိတ်နှင့် ဆိုင်ကယ်သော့ကိုယူပြီး ဖိနပ်ပါတစ်ခါထဲဝတ်ကာ အခန်းထဲက ထွက်သွားလေသည်။
စိတ်တိုတိုနဲ့ ဒီလှိုင်း အိမ်ရှေ့အိမ်ကိုထွက်လာလိုက်သည်။ ခြံတံခါးကိုကိုယ်တိုင်ဖွင့်ကာ ဝင်သွားပြီး ဧည့်ခန်းထဲမှာစိတ်ပျက်လက်ပျက်နှင့် ကိုယ့်အိမ်ကိုယ့်ယာလို ဝင်ထိုင်နေလိုက်သည်။
“ ဟာ ဟေ့ကောင်ဘာဖြစ်လာတာလဲ..”
“ငါကကွာ.. shoppingထွက်ဖို့ခေါ်တာကို အဲ့လူကမလိုက်ဘူး..”
“ ဪ..ညဘက်ကြီး shoppingမင်းပဲထွက်လေ..”
ဧရာ ဒီလှိုင်းဘေးကိုတင်ထိုင်ပြီး ထေ့ငေါ့ပြောလိုက်သည်။ ဘယ်လိုကောင်လဲမသိဘူး။ လင်ကိုချစ်တာက သူ့အပြင်နှစ်ယောက်မရှိဘူး ချစ်ကြောင်းမပြချင်တာလဲ သူ့အပြင်နှစ်ယောက်မရှိဘူး။ ဟိုနေ့တွေကထဲက ကိုနှောင်းထမင်းစားပျက်နေတာကို ဘယ်လိုလုပ်ပေးရင်ကောင်းမလဲလာတိုင်ပင်နေခဲ့တာ။ အခု ညဘက်ကြီးshoppingထွက်မယ့်အကြံက ကိုဘုန်းရဲ့ပေါက်ကရပေါင်းသောင်းခြောက်ဆယ်ဖြစ်၏။
“လာကွာ clubသွားမယ်...”
“ဟာဟေ့ကောင် ဦးက clubသွားပြီး ကနေတာမကြိုက်ဘူးကွ”
“အဲ့တာဆို barသွားမယ် လိုက်ခဲ့...”
“ဦးက…”
“ ကိုလွမ် ခင်ဗျားရဲ့ဘေဘီကိုကျုပ်ခဏခေါ်သွားမယ် ပြီးရင်ပြန်လာပို့မယ်နော်..”
ဧရာဇင်အကြောင်းပြချက်မပေးနိုင်ခင်မှာပဲ အပေါ်ထက်မှာအလုပ်လုပ်နေသည့် လွမ်စေးကို ခွင့်တောင်းကာ တရွတ်တိုက်ဆွဲခေါ်လာခဲ့သည်။ member cardရှိတာမို့ တန်းဝင်သွားလို့ရသည်။ ပြီးနောက် ဈေးကြီးပေ့၊ကောင်းပေ့ဆိုသည့်အရက်ကို နှစ်ခွက်၊သုံးခွက်လောက် တစ်စက်ထဲမော့ချနေပေသည်။
“ မင်းဆိုင်ကယ် အမြင့်ကြီးကို ငါမမောင်းနိုင်ဘူးနော် ဟေ့ကောင် “
“ မင်းပထွေးက မမူးသေးဘူး “
ဒီလှိုင်း သုံးခွက်ပဲသောက်ရသေး၍ ရီဝေဝေဖြစ်နေရုံမှလွဲ ဘာမှမဖြစ်..။ ဆိုဖာနောက်မှီအပေါ်ခေါင်းလှန်ချကာ စီးကရက်ကိုရှိုက်သွင်းလိုက်ကာ အငွေ့အလုံးအရင်းကို မှုတ်ထုတ်လိုက်လေသည်။
“ ဘာဖြစ်လာလို့ ဒီလိုဖြစ်နေရတာလဲ.. shoppingကိစ္စတစ်ခုထဲတော့မဟုတ်ဘူးမလား..”
ဧရာ vodkaခွက်ကိုကိုင်ကာ ဆေးလိပ်ကို ဖွာလျက် ဒီလှိုင်းကိုမေးလိုက်သည်။
“ အိမ်ကလူလေ ငါ့ကိုမချစ်တော့ဘူး..သူ့အကောင်လောက် ငါကစောက်ရေးမပါဘူး..သူက သူ့အကောင်ကိုပဲချစ်တာ “
“wait wait..မင်းရဲ့ နွယ်နှောင်းသာကီလေးက ဖောက်ပြန်နေတာလား..ဘယ်ကကောင်က သံကွန်ချာဆယ်ထပ်လောက်အုပ်ထားတဲ့ မင်းဟာကိုလာထိတာလဲ..”
ဧရာတကယ်အံ့ဩနေသည်။ ဒီလှိုင်းထားရာနေ စေရာသွားတဲ့ နွယ်နှောင်းသာကီက ဘယ့်နှယ့်ကြောင့် ဘယ်သူနဲ့ ဖောက်ပြန်နေတာလဲ..။
“ မဟုတ်ပါဘူးကွာ..။ မင်းပါးစပ်ကလဲလေ နွယ်သာကီက ဖောက်ပြန်နေတာမဟုတ်ပါဘူး"
“ အဲ့တာဆို သူ့အကောင်ဆိုတာ ဘယ်ကကောင်လဲ “
“ ဟိုတစ်ခါတုန်းက ငါပြောဖူးတဲ့ ကြောင်လေ..အဲ့သေနာကိုပဲ သူ့လင်မှတ်ပြီး ဂရုစိုက်နေတာ ငါ့ကိုကျ မရှိတဲ့လူသေလို ပြစ်ထားတာ “
“ ဖွီ..ဟား ဟား”
ဧရာ သောက်ထားသမျှအကုန်ပြန်ထွက်ကာ သိမ့်ကနဲ သိမ့်ကနဲတုန်သွားအောင် အော်ရယ်မိလေတော့သည်။
လုပ်ငန်းအရာမှာပြတ်သားတဲ့ကောင်က ဒီလို ရုပ်တည်ကြီးနဲ့dramaဆန်တတ်သေးတယ်ပေါ့…။
ဧရာအရယ်မရပ်နိုင်တော့ ဒီလှိုင်းက လူမိုက်ကြည့်လာကြည့်လာပြီး လက်မောင်းကို ခပ်ဖွဖွထိုးလိုက်သည်။
“ အာ့..နာတယ်ဟ “
ဧရာ့လက်မောင်းလေး အောင့်သွားရသည်။
“ ငါက ဖြေးဖြေးပဲ ထိုးလိုက်တာပါဟ..ငါ့ကောင်က နုလိုက်တာ “
“ဆင်ကြည့်စားက ဆိတ်မခံနိုင်တဲ့ကွ “
“ ကျီစားတာပါဟ..ကိုလွမ်ပဲ မင်းကိုကြည့်စားမှာ ဟား ဟား”
ဒီလှိုင်း ဧရာ့ကို စကာရယ်မိသည်။
ဒီကောင်က အောက်ပုဂ္ဂိုလ်ဆိုတာ သူသိပ်သိတာပေါ့..။ အထပ်ကိုဘာလို့မတက်လဲ တစ်ခါမေးမိရင် ဒီကောင့်ရဲ့
‘ဦးကို ယူထားတာ ဒါကြောင့်မဟုတ်ကြောင်း..။
ချစ်မိသွားရင် အရာရာဖြည့်စီးပေးနိုင်ကြောင်း..’
စသည့် စကားအရှည်ကြီးကို ကြားရပေလိမ့်မည်။
“ အကောင်းပြောမလို့..နွယ်နှောင်းသာကီက မင်းကို မချစ်တော့ဘူး မင်းထင်တယ်ပေါ့..”
“ အေး “
“ အဲ့တာဆိုလေ ဒီလိုလုပ်…..”
ဒီလှိုင်းရဲ့ နားအနားကိုကပ်ကာ တိုးတိုး တိုးတိုးနှင့် ဧရာကပြောနေသလို ဒီလှိုင်းကလည်း မျက်တောင်ပုတ်ကလပ် ပုတ်ပလက်ခတ်ကာ နားထောင်နေလေသည်။
သူတို့နှစ်ယောက် အရက်နှင့်ဆေးလိပ်ကို သောက်သုံးဖို့မေ့လျော့နေကြဟန်..။
“ အဲ့တာတော့ မဖြစ်လောက်ဘူးထင်တယ် “
“ မလုပ်ကြည့်ရင် မသိနိုင်ဘူး..။ ငါ့က စီနီယာ ငါ့စကားကိုယုံစမ်းပါ…”
“ အေး အေး အဲ့တာဆိုလဲ ငါသွားပြီ “
ကျေးဇူးတောင်မတင်ဘဲ အခန်းထဲကထထွက်သွားတဲ့ကောင်ကို ကြည့်ရင်း ကိုယ်တိုင်ကျန်ရစ်ခဲ့တာကိုသတိရတော့ ဘောင်းဘီအိတ်ထဲက ဖုန်းကိုထုတ်ကာ ဦးကိုသာ လာကြိုခိုင်းလိုက်ရပါတော့သည်။
တော်တော် ကျေးဇူးသိတဲ့ကောင်..။
ဒီလှိုင်း အိမ်ကိုအမြန်ပြန်လာပြီး အိပ်ခန်းကို မပြေးရုံတမယ် ခြေလှမ်းများဖြင့်တက်လာခဲ့သည်။ အိပ်ခန်းရှေ့ကျမှ အရှိန်သက်ပြီး အိပ်ခန်းတံခါးကို အသာဟကာ ဝင်သွားလိုက်သည်။
“ဟွန်း ခင်ဗျားက အိပ်နေနိုင်လိုက်တာ..”
ထို့နောက် အိပ်နေသည့်နွယ်သာကီ့အပေါ်ကိုအုပ်မိုးပြီး အကြင်နာတို့ဝေငှမိပြန်သည်။ ထိုစဉ်မှာပဲ နွယ်သာကီ နိုးလာပြီး ရင်ဘတ်ကိုထုရိုက်လာတာကြောင့် အသည်းနုသည့် ဒီလှိုင်းမှာ လွှတ်ပေးလိုက်တော့သည်။
“ ခင်ဗျား ကျုပ်ကိုသိပ်ငြိုငြင်နေတယ် နွယ်သာကီ..”
စိတ်ဆိုးကာ ကုတင်ပေါ်တွင်တစ်ဖက်လှည့်ထိုင်နေသောမောင့်ကို ချော့ဖို့ ဖရိုဖရဲဆံပင်ကို ဘေးတစ်ဖက်သပ်လိုက်ကာ ထရတော့သည်။
“ နွယ်က အသက်ရှူကြပ်လို့ လွှတ်ခိုင်းတာပါမောင်ရယ်..လူတွေက သူတို့နှလုံးသာကို မလိုချင်လို့ခွဲထုတ်တဲ့အခါမှ မောင့်ကိုနွယ်ငြိုငြင်မိမှာပါ မောင်ရယ် “
နွယ်သာကီဟာလေ ဆရာဝန်မလုပ်ဘဲနဲ့ စာရေးဆရာလုပ်ဖို့ကောင်းတာ..။
“ အင်း..နွယ်သာကီ ခင်ဗျား..”
လူဘက်ကို ယိုင်ကျလာသည့် ခန္ဓာကိုယ်ကို အလျဉ်အမြန်ပွေ့ကာဖမ်းလိုက်ရသည်။ ရင်ခွင်ထဲက နွယ်သာကီက မေ့မျောနေသည့်ပုံမျိုးမဟုတ်ပေမယ့် အားပျက်နေသကဲ့သို့ ဖြူဖက်ဖြူလျော့ဖြစ်နေသည်။ ရုတ်တရက်ကြီးနေမကောင်းဖြစ်လာသည့် နွယ်သာကီကြောင့် ဒီလှိုင်းရီဝေဝေဖြစ်တာလေးပင်ပျောက်သွားပြီး ဧရာဇင်ပြောတဲ့အရာကိုလဲ မလုပ်ဖြစ်တော့ပေ။
ဒီလှိုင်းနွယ်သာကီကို ပွေ့ချီကာ မွေ့ရာပေါ်တွင် နေရာချပေးပြီးနောက် စောင်ကိုရင်ဘတ်အထိခြုံပေးလိုက်သည်။
“ နွယ်ရရဲ့လား မောင်ဘာလုပ်ပေးရမလဲ..မောင်..အာ ဆရာဝန်ခေါ်လိုက်မယ်..ခဏလေး”
တစ်ယောက်ထဲပြာယာခပ်နေသည့် ဒီလှိုင်းခက်ထန်က မချစ်ချင်တာဟုတ်ပါလေစ။
ဝရုန်းသုန်းကားနဲ့ ဘေးအိမ်ကလူတွေကိုဖုန်းဆက်ကာ ဆရာဝန်ခေါ်ခိုင်းရသည်။ ဖုန်းဆက်လိုက်သည်နှင့် အပြေးအလွှားရောက်လာကြသည့်လူတွေသည် ဒီလှိုင်းအပေါ် သွေးသားထက်ပိုသော မေတ္တာကိုပေးနေမှန်းသိသာလှသည်။
“ဟေ့ကောင် ငြိမ်ငြိမ်နေစမ်းပါကွာ မင်းကြည့်ရတာ ငါပါမူးလဲချင်လာပြီ..”
ဆရာဝန်မလာသေးခင် ဟိုလျှောက် ဒီလျှောက်လုပ်နေသည့် ဒီလှိုင်းကို ဆိုဖာပေါ်မှာ အခန့်သားထိုင်နေသည့် ဧရာက မျက်စိနောက်နောက်နဲ့ပြောပါတော့သည်။ ပြီးနောက် လွမ်စေးသည် ဧရာ့ကိုဖက်ပြီး ဟန့်တားလိုက်သည်။
“သူလဲစိတ်ပူနေမှာပေါ့ အဲ့လိုမပြောရဘူး ဘေဘီ..”
“ ဟွန်း..ညီချစ်အစ်ကိုကြီး..”
တစ်ကိုယ်တည်းဖြစ်နေသည့် ဘုန်းပြည့်စုံသည် အတွဲနှစ်တွဲကိုကြည့်ပြီး တခွီခွီနဲ့ကျိတ်ရယ်နေတော့သည်။ ဧရာဇင်ပေးလိုက်သည့် ပေါက်ကရအကြံကိုသိနေ၍ ပို၍ရယ်တောမသတ်နိုင်ဖြစ်နေရသည်။
တစ်ခဏအကြာဆရာဝန်ရောက်လာပြီး နွယ်သာကီကို အမျိုးမျိုးစမ်းသပ်ကာ သူ့ဘာသာသူ ကောက်ချက်ချနေဟန် ခေါင်းတညိတ်ညိတ်နှင့်။ ဆရာဝန်ကောက်ချက်ချနေစဉ်အတောအတွင်း စပ်စုစိန် ဧရာဇင်သည် အခုမှရောက်ဖူးသည့် ဒီလှိုင်းတို့၏အိပ်ခန်းကို ဟိုကြည့် ဒီကြည့်လျှောက်ကြည့်နေသည်။
အိပ်ခန်း၊ရေချိုးခန်း၊အဝတ်ခန်း အခန်းအားလုံးသည် သန့်ရှင်းသပ်ရပ်နေကာ ဧရာတို့နှစ်ယောက်လို မလျှော်ရသေးသည့်အဝတ်များစုပုံနေခြင်းမရှိ၊ပစ္စည်းများ ပွနေခြင်းမရှိ၊ ချည်လုံးတွေထားသည့်နေရာဆိုလဲ မွှေးပွထိုင်ခုံ၊မွှေးပွအခင်းနှင့် သူ့နေရာနှင့်သူ သပ်သပ်ရပ်ရပ်ရှိသည်။
ဧရာတို့လို အိမ်အကူခေါ်ထားခြင်းမရှိပါဘဲ ဒီလောက်အထိ သန့်ရှင်းနိုင်သည့် နှစ်ယောက်ကို ချီးကျူးမိတာတော့အမှန်။
ဒီလှိုင်းခက်ထန်က လူပျိုဘဝထဲက ကိုယ့်အဝတ်ကိုယ်လျှော်ပြီး ကိုယ်စားမယ့်ဟင်း ကိုယ့်ဘာသာချက်သည့်လူဖြစ်သည်။ ဟင်းမချက်ချင်သည့်နေတွင် အပြင်မှာ အဆာပြေလောက်သာစားပြီး နေတတ်သည့်လူ။
ဒါကြောင့်လဲ အဝတ်အစားတွေကိုပေါပေါသီသီမဝတ်ပြစ်တာ။ ဧရာဆိုလဲ ကိုယ်တိုင်လျှော်ရရင် သူ့လိုပဲ ကပ်စေးကုပ်မိမှာ။
“ မဖြစ်နိုင်တာ “
ရုတ်တရက်ကြားရသော ဒီလှိုင်း၏ အံ့ဩတကြီးအသံတွင် မယုံကြည်နိုင်ခြင်း၊အံ့ဩခြင်း၊ဝမ်းသာခြင်း၊ဝမ်းနည်းခြင်း၊ လက်မခံနိုင်ခြင်း စသည့် ခံစားချက်ပေါင်းစုံကြီးစိုးနေသည်။
“ ဘာဖြစ်လို့လဲ ဒီလှိုင်း”
ဧရာ ဒီလှိုင်းအနားသွားကာ သတိမကပ်တော့သည့် ကောင်ရဲ့ ပခုံးကို မမှီတမှီလှမ်းရိုက်လိုက်သည်။
ထိုအခါမှ သတိဝင်ဟန် သူ့(ဧရာ)ကို အတင်းဆွဲဖက်ကာ ပခုံးအပေါ်ခေါင်းကြီးမှောက်ချပြီး ကျောပြင်တွေသိမ့်ကနဲ သိမ့်ခနဲတုန်သွားအောင် တဟီးဟီးရှိုက်ငိုလေသည်။
“ ဟာ ဟေ့ကောင်”
ဧရာ ဒီလှိုင်းခက်ထန်ဆိုတဲ့ သံမဏိခဲကြီးငိုတာ အခုမှ ကြုံဖူးသဖြင့် ခြေမကိုင်မိလက်မကိုင်မိဖြစ်ကာ ဘာလုပ်ရမှန်းမသိ တောင့်တောင့်လေးဖြစ်နေ၏။ နောက်ဆုံး ကျောပြင်ကို ခပ်ဖွဖွသပ်ပေးကာ နှစ်သိမ့်ပေးလိုက်မိတော့သည်။
“ ဘာဖြစ်တာတုန်းကွာ ရုတ်တရက်ကြီး..”
ဆရာဝန်ကလဲ ပြူးကြောင်ကြောင်လေးကြည့်နေ၏။
အမြဲတမ်းရုပ်တည်နဲ့ ခက်ခက်ထန်ထန်နေတတ်သူက ရှိုက်ငင်ပြီးငိုနေတယ်ဆိုတာ မဆန်းကျယ်ပေဘူးလား..။
“ မငိုနဲ့တော့..ဘာဖြစ်တာလဲ ပြောပြပြီးမှ ဆက်ငို။ ငါတအားသိချင်နေလို့ပါကွာ”
ဧရာထိုသို့ပြောမှ ဒီလှိုင်းခေါင်းထောင်လာပြီး မျက်ရည်တွေကို လက်ပခုံနှင့်သုတ်ကာ ဧရာ့ ပခုံးနှစ်ဖက်ကိုဖျစ်ညှစ်လျက်…
“ ငါ ငါ့မှာနွယ့်ကလေး..အာမဟုတ်..နွယ့်မှာ ငါ့ကလေးရှိနေပြီတဲ့ “
“ဘယ်လို…”
ဒီလှိုင်းက ဧရာ့ပခုံးနှစ်ဖက်ကို ညှစ်ကာဆွဲလှုပ်နေသည့်ကြားမှာ အာမေဍိတ်အသံထွက်ဖြစ်အောင် ထွက်သွားသည့် ဧရာ..။ ဆရာဝန်ကို ချက်ချင်းကြည့်လိုက်တော့ ခေါင်းညိတ်ပြကာ အသေးစိတ်ကိုပြောပြသည်။
“ ဒီက လူနာကိုစမ်းသပ်လိုက်တော့ နောက်ထပ်သွေးခုန်နှုန်းတစ်ခုကို တွေ့မိတယ်..။ အဲ့တာ ကိုယ်ဝန်ရှိနေတဲ့ လက္ခဏာလို့ ကောက်ချက်ချထားတယ်။ ကိုယ်ဝန်ဆောင်နိုင်တဲ့ ယောင်္ကျားလေးဆိုတာ လူတစ်ရာမှာ တစ်ယောက်ပဲရှိလိမ့်မယ်။ ဒီလူနာက မွေးရာပါ သားအိမ်ပါတာမျိုး..ဒါမှမဟုတ်ရင် ထည့်ထားတာမျိုး ဖြစ်လိမ့်မယ်။ ဒီ့ထက်သေချာချင်ရင် ဒီလူနာနိုးလာတဲ့အခါ ဆီးစစ်ကြည့်ပါ။ ပိုပြီးသေချာချင်ရင် ဆေးရုံမှာ သေသေချာချာလေး စစ်ကြည့်လိုက်ပါ”
ဧရာ အံ့ဩသွားရသည်။
ယောင်္ကျားတစ်ယောက်က ကိုယ်ဝန်ဆောင်နိုင်တာ သူဖြင့်မယုံနိုင်သေး..။
သို့သော်လည်း သူအရမ်းဝမ်းသာ၏။
YOU ARE READING
Mg'd Nwel Thar Kii (Book version)
Romanceခေတ်ကာလ အရ Wp versionနဲ့ Book versionဆိုပြီး versionနှစ်မျိုးရှိပါတယ်။ ခပ်ကြမ်းကြမ်းကြိုက်ရင် Wp versionကိုဖတ်သင့်ပါတယ်။