CH:11

1.1K 37 1
                                    

မောင့် နွယ်သာကီ
အပိုင်း(၁၁)

နွယ် ကြောင်လေးကိုချီကာ အိမ်ပေါ်ကို အလျင်အမြန်ပြေးတက်လာခဲ့သည်မှာ တစ်စက္ကန့်နောက်ကျသွားလျှင်ပင် ထိုကြောင်လေး၏ အသက်ဆုံးရှုံးတော့မည့်အလားပင်…။

လှေကားထိပ်ဆုံး၌ လက်ဗွေရာထည့်ပြီး သံတံခါးကြီးကိုပွင့်စေကာ အိပ်ခန်းဆီသို့ အလျင်အမြန်ပြေးသွားနေသည့် နွယ်..။
ဆံချည်မျှင် ကပို့ကရို့က လေလှိုင်းထပ်ဝယ် ရမ်းခါလို့…။

အိပ်ခန်းထဲရောက်တော့ သူတို့နှစ်ယောက်ရဲ့ နှစ်ယောက်အိပ်ကုတင်‌ပေါ်ရှိ စောင်အနက်ကြီးပေါ် ကြောင်လေးကို အသာယာတင်ပေးပြီး ဆေးသေတ္တာ လိုက်ရှာလိုက်သည်..။
အနီရောင် ဆေးသေတ္တာကို အခန်းထောင့်မှာ‌တွေ့သည်နှင့်သွားယူကာ ကြောင်လေးအနားချပြီး ဆေးပစ္စည်းစုံမစုံဖွင့်ကြည့်လိုက်သည်။

ဆေးပစ္စည်းတွေက အမြဲတမ်းမသုံးရသည့်အလား ပြည့်ပြည့်တင်းတင်း ရှိနေလေသည်။

အရင်ဆုံး သွေးတိတ်အောင် လုပ်ထားလိုက်သည်။ ပြီးနောက် သူစောနကကော်ဖီသောက်ဖို့ ယူလာသည့် ရေနွေးခွက်ထဲသို့ ကပ်ကြေးနှင့် အခြားသုံးရမည့်ပစ္စည်းများထည့်စိမ်ကာ မိနစ်ခဏအကြာထားလိုက်သည်။ စောင့်နေစဉ်အတွင်း stethoscope(ဆရာဝန်များသုံး နားကြပ်)နှင့် စမ်းသပ်ကာ ကြောင်လေး၏ အသက်ရှူနှုန်းကအစ အသေးစိတ် ဂရုတစိုက်နားထောင်နေသည်။

မိနစ်အနည်းငယ်ကြာအပြီးမှာ ဒဏ်ရာနက်ဖြစ်သည့် ကြောင်လေး၏ဝမ်းဗိုက်ရှိ (၃)လက်မလောက်ရှည်သော ဒဏ်ရာကို စတင်ချုပ်ရန်ပြင်ရသည်။ ဆေးရုံမှာတုန်းက ကူညီမည့် အကူများရှိပါသော်လည်း ယခုတွင်မူ သူ့ဘာသာလုပ်ရမည်ဖြစ်၍ ခုံမှာထိုင်ကာ သူ့ကိုမျက်စိဒေါက်ထောက်ထိုင်ကြည့်နေသည့် မောင့်ကို မရဲတရဲလေးမော့ကြည့်လိုက်လေသည်။

“ ကျုပ်ကိုလာမကြည့်နဲ့..မကူညီပေးဘူး..။ ကျုပ်ဒဏ်ရာကလွဲလို့ ဘယ်သူ့ကိုမှ ဆေးမကုပေးဘူး “

“ မောင်ကလဲ “

“ ကျုပ်က ထိုင်နေတာ..ခင်ဗျား ဘာသာရအောင်ကု..ကုမရရင် အဲ့ကြောင်ကို ခွေးစာကျွေးလိုက်တော့ “

Mg'd Nwel Thar Kii (Book version)Where stories live. Discover now