CH:20

943 27 0
                                    

မောင့်နွယ်သာကီ
အပိုင်း(၂၀)

“Congratulations BBrown..‌ဒေါ်ဒေဝီသာကီကို စိတ်အနှောက်အယှက်ပေးရတာ တော်တော်မှကျေနပ်ရဲ့လား..”

“ အကြွေးပြန်ယူတာပဲရှိပါတယ် ကိုဘုန်းရာ..ခင်ဗျားအတွက်လဲ ဂုဏ်ယူပါတယ်.."

“ မင်းတို့နှစ်ယောက် ကြည့်ကြပ်လုပ်ကြ..ဟိုကောင်ရောပဲ အငယ်ကိုအလိုမလိုက်နဲ့..”

“ ကျွန်တော်အလိုလိုက်တာမဟုတ်ပါဘူး အဲ့မြေကွက်ကိုကျွန်တော်လိုချင်လို့ ပြီးတော့ ဝေလွန်းသာကီက နှောက်ယှက်လွန်းတယ်..”

“ ကျွန်တော်နဲ့ လင်ညီအစ်ကိုလုပ်မလား ကိုဘုန်း..”

“ တော်ငကျော်..ငါက သူ့လိုယွပိုးကိုကြိုက်တာမဟုတ်ဘူး..အေးဆေးတဲ့ သူကိုပဲကြိုက်တာ”

မဟာသာကီကိုယ်တိုင် ဝေလွန်းသာကီရဲ့အရည်အချင်းကို စစ်ဖို့ အပန်းဖြေစခန်းဆောက်မလို့ မြေဝယ်ခိုင်းကာမှ ဘုန်းပြည့်စုံနှင့်လာတိုးရသည်။ ထို့ကြောင့် ဘုန်းပြည့်စုံက နှစ်ကောင်စားပြီး ကင်းဝင်းလိုက်တော့၏။

နှစ်ယောက်စလုံးရဲ့အောင်ပွဲကိုဂုဏ်ပြုဖို့ ဘန်ကောက်မှာ လေးယောက်အတူစုံပြီး‌ သောက်စားဖို့လုပ်ကြသည်မို့ အခုဟော်တယ်တွင် နွယ်နှောင်းသာကီနဲ့ဧရာဇင်ကလွဲလို့ လူစုံတက်စုံရှိ၏။

“ ဘယ်လိုလဲ မင်းရဲ့ဗိုက်ကလေးကို မခေါ်လာဘူးလား ကိုတွတ်ပီရဲ့ “

“ ကျုပ်ကဆိုင်ကယ်ပဲစီးနိုင်တယ် နွယ့်ဗိုက်က လရင့်လာတာနဲ့အမျှ ဆိုင်ကယ်မစီးနိုင်တော့ဘူး‌”

“ ဪ ဪ သူများတွေများချစ်တတ်လိုက်တာကွာ”

ကိုပိန်က ယခင်အတိုင်း ဒီလှိုင်းကိုဆို စစနောက်နောက်နှင့်ပင်။ ယခင်က ကိုပိန်သည် သွားနီနီနှင့် လူဝတစ်ယောက်။ အခုဦးဘုန်းပြည့်စုံသည် တောင့်တောင့်တင်းတင်းခန္ဓာနှင့် လူကြီးလူကောင်းတစ်ယောက်..။

အတိတ်နဲ့ ပစ္စုန့်ပ္ပန်ကိုယှဉ်ပြီး ဘာကွာသွားသလဲ မေးခဲ့ရင် သေချာပေါက် အချိန်ကွာသွားလို့ဟူ၍ ဖြေကြမှာပင်။

လူတစ်ဦးရဲ့ အစစအရာရာကို အချိန်ကပြောင်းနိုင်တာမျိုး မဟုတ်ဘဲ အဲ့အချိန်အတွင်းဖြတ်ကျော်ခဲ့ရတဲ့ ဘဝစာမျက်နှာတွေကသာ ပြောင်းလဲနိုင်တာဖြစ်သည်။

“ဒါပေါ့..”

“ နည်းနည်းပါးပါး ငြင်းပါအုံး ငါ့ကောင်ရယ်..”

ရောက်ကထဲက ဆိုဖာမှာခြေချိတ်ကာ ဝိုင်နီတစ်ခွက်ကို ‌ဖြည်းဖြည်းချင်းသောက်နေသည့် ဒီလှိုင်းကို စ ပြီးရင်း ဆက်၍စ နေသည်။

“ ဟေး ငါ့ကောင်တို့ စ တောင် စ နေကြပြီလား”

ဧရာဇင်က စကားစပြီး လွမ်စေးဘေးမှာ ဝင်ထိုင်လိုက်သည်။

“ ကလေးတွေခေါ်မလာနဲ့လို့ ပြောထားတာကို လွမ်စေးရာ”

ကိုလွမ်စေးက သူ့ကို ရင်းရင်းနှီးနှီးပဲခေါ်ခိုင်းတာမို့ ကိုဘုန်းလဲ ထိုသို့ပဲ ခေါ်တော့သည်။ ကိုဘုန်းနဲ့ ဧရာဇင်ဆိုတာ တည့်တဲ့ လူတွေမဟုတ်။ ဧရာဇင်ရဲ့ တက်မလာတဲ့အရပ်ကို ကိုပိန်က အမြဲစသည်။

“ ကျွန်တော်နဲ့ ဒီလှိုင်းက ရွယ်တူပဲ ဘယ်သူ့ကို ကလေးလာပြောနေတာလဲ”

“အသက်တူတယ်လေ ဘယ်sizeမှမတူတာတော့ အသိအသာကြီး”

ကိုပိန်က ဧရာဇင်ရဲ့ ခြေအစ ခေါင်းအဆုံးကိုကြည့်ကာ ထပ်စတော့ ဧရာဇင်ဒေါသတွေ ရှူးရှူးရှဲရှဲထွက်လာသည်။

“ ကိုဘုန်းကမှ အသက်ကြီးပြီးအချိန်မစီးတာ အဖိုးကြီးရဲ့..”

“ တော်တော့ ရာရာ လူကြီးကို မရိုင်းရဘူးလို့ ကိုယ်ပြောထားတယ်လေ”

“ဦးကလဲ..”

ဧရာဇင်သည် လွမ်စေးတစ်ခွန်းဆို တစ်ခွန်းပဲ ရေတောင်မလိုသည့် လူစားဖြစ်၍ ချက်ချင်းငြိမ်ကျသွားကာ အရှေ့က အမျိုးစုံသည့် ယမကာတွေအပေါ် ဒေါသပုံချလျက်။

“BBrown  ဦးမဟာသာကီဘက်က နောက်ဆယ့်ငါးမိနစ်ဆို ရှယ်ယာရှင်အစည်းအဝေးကိုတိုးတိုးတိတ်တိတ်လုပ်မယ်လို့ သတင်းကြားထားပါတယ်..”

“ ‌ဒီအကွက်တွေလာမယ်ဆိုတာသိပြီးသား..အခု Cကိုဆက်သွယ်လိုက်..အစည်းအဝေးခန်းထဲကို ဒါတိုက်ဝင်သွားပြီး Laptopကို projectorနဲ့ချိတ်ခိုင်းလိုက်.."

ဒီလှိုင်းခက်ထန်သည် ပြည်ပရောက်နေချင်ရောက်နေလိမ့်မယ် ကျန်ရစ်ခဲ့သည့်စီးပွားရေးမှာ လစ်ဟာမှုမရှိအောင် တပည့်လေးယောက်ကို တစ်နေရာဆီပို့ကာ စိတ်တိုင်းကျစေခိုင်း‌၍ စည်းစနစ်ရှိရှိစီမံတတ်သူဖြစ်သည်။

“ ဘာလဲ ဒီလှိုင်း..”

“ယောက္ခထီးက ထိုးစစ်စင်လို့..”

“ ဪ..”

ကျန်သည့်သူတွေ သောက်သောက်စားစားနှင့် အေးဆေးဖြစ်နေစဉ် ဒီလှိုင်းက ကွန်ပျူတာကိုရှေ့ချကာ ခေါ်ဆိုမှူချက်ချင်းပြုနေရသည်။ စိုးရိမ်ပူပန်မှုမရှိဘဲ အစထဲကအောင်နိုင်သည့် စစ်မို့ အေးအေးဆေးဆေးသာလုပ်နေလိုက်သည်။

“ ဟယ်လို..”

ဖန်သားပြင်ပေါ်၌ အသက်ကြီးကြီးလူတွေပေါ်လာချိန်၌ တစ်ဖက်က ဝိုင်ခွက်ကိုကိုင်ကာ မြှောက်လျက် လက်တစ်ဖက်ကို ‌ဖြည်းညင်းစွာဝေ့ရမ်းပြရင်း မျက်လုံးကိုမှေးစင်းပြီးနောက် ခနဲ့ပြုံးကို ပီပီပြင်ပြင်ကြီးပြုံးပြ၏။

“ ရှယ်ယာရှင် အစည်းအဝေးမှာ အဓိကရှယ်ယာရှင်ကိုချန်ထားတာတော့ လူကြီးမင်းတို့လွန်လွန်းတယ်..”

“ဒါတွေထားပါ..ရှယ်ယာရှင်အစည်းအဝေးကို ကျုပ်ရဲ့ ယောက္ခထီးကြီးခေါ်တာဆို..ဘာတွေများမှာတမ်းတွေခြွေမလို့လဲ..မဟုတ်မှ ကျုပ်ကိုရာထူးကချမလို့လား..”

“Jewelry Company နောက်တစ်ခုပိုင်တဲ့သူကို CEOရာထူးမှာပဲထားလိုက်ရင် ဒီဇိုင်းတွေမကူးယူဘူးလို့ ဘယ်သူပြောနိုင်လဲ...”

မဟာသာကီက ဆက်ခနဲထပြောလိုက်တော့ ကျန်သည့်လူတွေကခေါင်းညိတ်ကာ ဒီလှိုင်းဘက်ကိုကြည့်လာသည်။ ဒီလှိုင်းခက်ထန်က ပြောချင်ရာပြော ဂရုမစိုက်ဘူးဆိုသည့်ပုံစံနှင့် ဝိုင်ကိုအေးအေးဆေးဆေးထိုင်သောက်နေသည်။

“ကဲ အကြည့်တွေက ကျုပ်ဘက်ရောက်လာပြီဆိုတော့ ကျုပ်က ဦးမဟာသာကီလို ဝေ့ဝိုက်မနေတတ်လို့ လိုရင်းပဲပြောမယ်..ယောက္ခထီးကြီးက ကျုပ်ရဲ့လေလံပွဲကိုမနာလိုပြီး ဒီလိုစကားမျိုးထွက်လာတာ‌ဆိုတော့ ကျုပ်က ရာထူးကနေဆင်းပေးရမယ်ပေါ့..ဒါနဲ့ ဒေါ်ဒေဝီသာကီမှာလဲ Jewelry Company ရှိတယ်နော်..”

“ ဆိုကြစတမ်းဆိုရင် အခုကုမ္ပဏီမှာရှိတဲ့ ဒီဇိုင်းနာတွေက ရစ်ကြိုးနွယ်က အလုပ်သင်တွေလောက်ပဲ အရည်အချင်းရှိတာ..။
အဆင့်ဆင့်က CEOတွေအလုပ်မလုပ်ဘူးထင်တယ်..”

“ မင်း..”

မဟာသာကီ စပ်လဲစပ်ချင်စရာ။ မဟာသာကီပြီးမှ ဝေလွန်းသာကီသည် CEOဖြစ်တာမို့ ဒီလှိုင်း၏စကားသည် သားအဖနှစ်ယောက်စလုံးကိုအရည်အချင်းမရှိသူအဖြစ် လူပုံလည်မှာ အရှက်ခွဲသလိုဖြစ်နေ၏။

“ဒါနဲ့ လူကြီးမင်းတို့ စဉ်းစားမိလား ဒေါ်ဒေဝီသာကီဆီမှာကျ တော်တဲ့ဒီဇိုင်းနာတွေရှိပြီး ဒီမှာကျဘာလို့မရှိရတာလဲ..။ တစ်ဦးတည်းရတဲ့ အမြတ်ငွေနဲ့ အများခွဲဝေရတဲ့အမြတ်ငွေတော့ ကွာမှာပေါ့..”

ဒီလှိုင်းအကျွမ်းကျင်ဆုံးအလုပ်သည် တစ်ဖက်လှည့်နှင့် သွေး‌ထိုးပေးရတာဖြစ်၏။ သေနတ်ထဲ ကျည်ဆံထည့်ပေးရသည့်အလုပ်ကို ဒီနောက်ပိုင်း ဒီလှိုင်းနှစ်ခြိုက်လာ၏။

“ မင်းမဟုတ်တာတွေ မပြောနဲ့..”

“ မှန်၏ မမှန်၏ကို လူကြီးမင်းတို့လဲစဉ်းစားတတ်ပါတယ်..ကျုပ်ကို ဒီရာထူးမှာဆက်ထားသင့် မထားသင့်လဲ ဝေခွဲမရဖြစ်မနေကြနဲ့..ဒီလှိုင်းခက်ထန်ဆိုတဲ့ကောင်က ဒီရာထူးကိုတပ်မက်နေမယ့်လူမျိုးမဟုတ်ဘူး.. ဒီနေ့ပဲနှုတ်ထွက်တယ်။ Jewelry Company ပိုင်ဆိုင်တဲ့လူက CEOမလုပ်ရဘူးလို့ ကျုပ်ယောက္ခထီးရဲ့ပြောစကားအရ ကျုပ်ယောက္ခထီးလဲလုပ်ပိုင်ခွင့်မရှိဘူး ကျန်တဲ့လူတွေအချင်းချင်း မဲခွဲဆုံးဖြတ်နိုင်တယ်။ မဲခွဲမယ့်နေ့ကျ ကျုပ်ကိုတစ်ချက်လောက်ဆက်သွယ်ပေး..”

ဒီလှိုင်းအနေနှင့် နေဝင်လာသည်နှင့်အမျှ အိမ်ပြန်ချင်နေပြီဖြစ်ကာ ဒီစကားဝိုင်းကို မြန်မြန် အပျက်ဖျက်နေရ၏။ ရှည်ရှည်ဝေးဝေးမပြောတော့ပဲ လိုရင်းတိုရှင်းသာပြောလိုက်ပြီးနောက် ကိုလွမ်စေးတို့ကိုနှုတ်ဆက်၍ အိမ်သို့ပြန်ရန်ခြေလှမ်းစတော့သည်။ ဒီကြားထဲ ငမူးကောင်ဧရာဇင်က ဗိုက်ဗိုက်ဆီလိုက်မယ်ဆိုပြီး သောင်းကျန်းနေလို့ မနည်းထားခဲ့ရသည်။

တစ်ဖက်တွင်..ညနေ (၄)နာရီလောက်၌ ဘန်ကောက်ရှိ ဒီလှိုင်းခက်ထန်၏ ခြံရှေ့၌ အစောင့်များနှင့် စကားများနေသော လူတစ်စုရှိသည်။

“ ငါ့မြေးအထဲမှာရှိတယ် သွားခေါ်လိုက်စမ်း အထဲက ဗိုက်ကြီးသည်က ငါ့မြေးလေ သွားခေါ်လိုက်စမ်း သူ့အဖွားလာတယ်လို့ “

ဘယ်လောက်ပြောပြောတုန့်တုန့်မလှုပ်သည့် လူတွေကြောင့် ဒေဝီသာကီစိတ်တိုလာကာ သူ့စရိုက်ကြမ်းကြမ်းအတိုင်း အော်ဟစ်၍ခေါ်ပါတော့သည်။

“ နွယ်‌နှောင်းသာကီ အခုထွက်လာစမ်း..ဟဲ့ ငါရောက်နေတယ် တိရစ္ဆာန်ကောင်ရဲ့ မြန်မြန်ထွက်လာစမ်း”

ဆူညံဆူညံအသံတွေကြောင့် နွယ်ထိုးလက်စ သိုးမွှေးအင်္ကျီအနီလေးကို ချခဲ့ကာ ဗိုက်ကလေးကို ကိုင်လျက်ထွက်လာခဲ့သည်။ အခုဆို နွယ့်ဗိုက်က (၇)လရှိပြီဖြစ်၏။

နွယ် ထိုးလက်စအင်္ကျီလေးက အပွင့်တွေအဖက်တွေနှင့် မိန်းကလေးအင်္ကျီဖြစ်သည်။ ဘာလေးမွေးမယ်မှန်းမသိပေမယ့် နွယ်ကတော့မိန်းကလေးပဲထင်နေသည်။
နွယ် အိမ်ရှေ့ကို ခပ်ဖြေးဖြေးလျှောက်လာတော့ အိမ်ရှေ့မှာ ဖွားဖွားနှင့် သူ(မ)၏အတွင်းရေးမှူးမိန်းမကြီး။ ပြောမယ့်သာပြောတာ အတွင်းရေးမှူးဆိုပေမယ့် ဖေဖေနဲ့ညားနေတာ..။

“ ဟဲ့တရိစ္ဆာန် ငါတို့ကျ ဒုက္ခပေါင်းသောင်းခြောက်ထောင်ပေးပြီး နင်ကျမှ ဘန်ကောက်မှာ လာနှပ်နေရသလား"

ခြံအပြင်ကနေ ဖွားဖွားက အော်၍ ပြောသည်။ နွယ်ခပ်ပြုံးပြုံးနှင့်ပဲ ပြန်ဖြေလိုက်သည်။

“ကိုယ်ညံ့လို့ကိုယ်ခံရတာပဲ ဖွားဖွားရယ် အဲ့တာကိုနွယ့်အပြစ်လို့မဆိုနိုင်ပါဘူး..”

“ နင့်လို စောင်ဆင့်မရှိတဲ့ ကောင်ကများ ခြံထဲကနေ လေကျယ်ရဲတယ်..တံခါး ဖွင့်ခိုင်းလိုက်စမ်း “

အစောင့်တွေက နွယ့်ကိုလာကြည့်လာသည်။ နွယ်ခပ်ပြုံးပြုံးနှင့် ချက်ချင်းဖွင့်ခိုင်းလိုက်ချင်ပေမယ့် နှုတ်က အာစေးမိနေသလို မပြောမိ..။

“ နင်မဖွင့်ပေးရင် နင်နဲ့ဝေလွန်းသာကီ ငြိစွန်းဖူးတယ်ဆိုတာ လိုင်းပေါ်တင်ပြစ်မယ်။ နင်ရော၊နင့်လင်ရော၊နင်မွေးလာမယ့်ကလေးရော မျက်နှာမရစေရဘူး ဟင်း ဟင်း “

ယုတ်မာတယ်ဆိုတာ တကယ်ကို ဖွားနဲ့မှ အံကိုက်တဲ့စကား။ အသက်ကြီးပြီး တရားရှာရမယ့်အရွယ်မှာ ဒီလိုတွေနွယ့်ကိုလာပြီး ထိုးနက်နေတာ ဖွားကျေနပ်ပါရဲ့လား။

အစောင့်တွေက နွယ့်ကိုကြည့်လာတော့ နွယ်ရှက်လာသည်။

“ နွယ့်ကို ဝေလွန်းက ထိကပါးရိကပါးလာလုပ်ခဲ့တာပါ.. ဒေါ်ဒေဝီသာကီအနေနဲ့ မဟုတ်မမှန်တွေပြောပြီး အပုတ်မချသင့်ဘူး “

နွယ် သတ္တိတွေရှိလာပြန်သည်။

“ ဪ..နင်ကလေ မီးတောထဲမှာ နင့်အမေနဲ့အတူ သေသွားရမှာ အရမ်းတောက်လောင်နေတဲ့ မီးတွေလေ။ နင်ခံစားမိလား အရေပြားလေးကို အပူလောင်ရင်တောင် တမြေ့မြေ့ပူတာ သီရိနွယ်ဆို အရှင်လတ်လတ်ကြီး မီးလောင်သွားရတာ ဘယ်လိုလုပ်မလဲ ကျွတ်စ် ကျွတ်စ် သနားပါတယ်..မီးလောင်တဲ့နေ့က နင်မေ့နေတဲ့အတိတ်မှာ နင့်အမေကိုနင်မမုန်းတော့မယ့် အကြောင်းတရားတွေပါ‌နေတယ်  အဲ့တာကို ပြောပြမယ် အခုချက်ချင်းတံခါးဖွင့်စမ်း..”

“ တော်ပါ..တော်ပါ မပြောပါနဲ့တော့..ဖွင့်ဖွင့်ပေးလိုက် “

နွယ့်အားအင်တွေ၊သတ္တိတွေစုတ်ယုတ် လာရကာ အိမ်ထဲကို ခပ်မြန်မြန်ဝင်လာမိသည်။ အနောက်က ဖွားတို့လိုက်လာမှာသိတော့ နွယ် ဧည့်ခန်းက နွယ်ထိုင်နေကျ ခြေထောက်ပါတင်လို့ရသည့် ဆိုဖာအိအိလေးမှာ စိတ်ထွေပြားစွာ ကျုံ့ကျုံ့လေး ထိုင်လိုက်သည်။

“ ဒီလိုအိမ်မျိုးမှာနေရတော့ ငါတို့ကိုမေ့တာမဆန်းပါဘူး “

ဟုတ်တယ်။ ကိုလွမ်စေးတို့အိမ်မှာပဲ အချိန်တွေကိုမကုန်ဆုံးချင်လို့ အိမ်တစ်အိမ်ဝယ်ပြီး ဒီလတွေအတွင်းမှာနေခဲ့ကြတာဖြစ်သည်။ နွယ့်ကို မောင်ထားတဲ့အိမ်က နွယ့်မိသားစုတွေနေတဲ့အိမ်ထက် အများကြီးကွာတယ်။ ခဏတာပဲဖြစ်ပါစေအုံး မောင်က နွယ့်ကို ပြီးပြည့်စုံမှုတွေနဲ့ပဲထားတယ်။

နှင်းဆီပန်း‌၊သစ်ခွပန်းလေးတွေစိုက်ထားတဲ့ခြံထဲမှာ ညနေတိုင်းမောင်ကတွဲပြီး လမ်းလျှောက်ပေးတတ်သလို..ညတိုင်းလဲ ဗိုက်ကိုသံလွင်ဆီလိမ်းပေးပြီး ခြေထောက်ကို နှိပ်ပေးကာ ခြေပခုံကို ဖွဖွလေးနမ်းပြီးမှ နွားနို့ကို နေ့စဉ်မပျက်မကွက်တိုက်သည်။
မောင့်ရဲ့ နွေးထွေးခြင်းတွေက နွယ့်ကိုရော နွယ့်ကလေးကိုရော လွှမ်းခြုံထားလျက်..။

“ နွယ်သာကီ နင်က အိမ်တွင်းရေးကို တခြားသူသိစေချင်လို့လား”

နွယ့်ဘေးနားမှာလာရပ်နေသည့် အစောင့်ကိုကြည့်ကာ ဖွားက မဲ့ကာရွဲ့ကာဖြင့်ပြောတော့ နွယ် အစောင့်ကို အပြင်မှာသွားစောင့်ခိုင်းလိုက်သည်။

နွယ် ဉာဏ်တိမ်မိပြန်သည်။

“ မီးလောင်တဲ့နေ့က သိပ်ခံစားရတယ်မဟုတ်လား နွယ်နှောင်းသာကီ..မီးတောင်တွေက အိမ်တစ်ခုလုံးကိုဝါးမြိုတဲ့အပြင် နင့်အမေကိုရော ဝါးမြိုသွားတဲ့မြင်ကွင်းက သိပ်လှတယ်မလား..အကူအညီတောင်းနေတဲ့ နင့်အမေရဲ့လက်က အရေပြားတွေက အပေါ်ထပ်က မှန်မှာကပ်နေပုံက သိပ်အားရစရာကောင်းတယ်မလား..ပြာတွေကပ်နေတဲ့ နင့်အမေရဲ့ ဦးခေါင်းအပိုင်းအစတွေက သိပ်လှတယ်မလား..”

ဖွားရဲ့ စိတ္တစဆန်ဆန် အပြုံးနှင့် တစ်ခုချင်းဆီပြောမှုကြောင့် ထိုနေ့ကိုညနွယ်ပြေးမြင်လာရကာ အတိတ်ကိုပါ နယ်ကျွံတော့မည်ဖြစ်၍ စိတ်ကယောင်ခြောက်ခြားဖြစ်လာသည်။

“ နင့်အမေရဲ့ အသားတွေ၊အရိုးတွေကို မီးကတောက်လောင်လို့ အတွင်းကလီစာတွေ တဖောက်‌ဖောက် လောင်ကျွမ်းနေတဲ့ အသံတွေ ဖောက်..ဖောက်..နင့်အမေရဲ့ နှုတ်ခမ်းတွေကို စားသုံးတဲ့ မီးရဲရဲကြီးတွေ…နင့်အမေရဲ့မျက်လုံးကို ဖောက်သွားတဲ့ မီးတောက်တွေ ဖောက်…”

အသံတွေနှင့် ပြောပြသည့် ဖွားကြောင့် နွယ်စိတ်လွတ်ထွက်သွားကာ လက်ကိုတင်းတင်းစုတ်ပြီး အတိတ်ကနေ့ရက်တွေရဲ့ နှိပ်စက်ခြင်းဒဏ်ကို ခံစားရတော့သည်။

အဲ့နေ့က မီးတွေလောင်တော့ နှစ်ယောက်ထဲကျန်ခဲ့တဲ့ မေမေနဲ့ နွယ်က တစ်ယောက်တစ်ခန်းဆီအိပ်နေတာ။ နှစ်ယောက်လို့သာပြောတယ် မေမေက အခန်းထဲကမထွက်တာကြာပြီ နွယ်တစ်ယောက်ထဲရယ်။

မီးတွေလောင်တော့ နွယ်ကကလေးပဲရှိသေးတော့ မနိုးဘူး။ လူတွေအော်သံကိုလည်း အိပ်ရာဝင်တေးလို နားထောင်ပြီး အိပ်ကောင်းနေတာ။ ထိုစဉ် မေမေက ပြေးဝင်လာပြီး နွယ့်ကို လာနှိုးတယ်။

“ နွယ်နှောင်းသာကီ ထတော့ သားနွယ် ထတော့ မီးတွေလောင်နေပြီ ပြေးရမယ် ထတော့ “

နွယ်အိပ်ချင်မူးတူးနဲ့ နိုးလာပြီး ထကာ လာနှိုးသည့် မေမေ့ကိုကြည့်ရင်း အိခနဲ မျက်ရည်ကျမိသည်။

“ မေမေ‌ မေမေ နွယ့်ကိုလာတွေ့တာလား ဟင်”

နွယ်ငိုမိကာ‌ မေမေ့ကို ပြေးဖက်တော့ မေမေက မညှာတာစွာတွန်းထုတ်သည်။ ထိုစဉ်ထဲက မေမေက ဝှီးချဲပေါ်မှာထိုင်နေခဲ့ရမှန်း ယခုမှနွယ်သိ၏။

မေမေနဲ့ နွယ် တစ်အိမ်ထဲနေပြီး မတွေ့ရတာ တစ်နှစ်ကျော်ပြီလေ။ မေမေကိုယ်တိုင်ကိုက နွယ့်ကို အရှောင်ကောင်းနေတာဖြစ်သည်။

“ အခုငိုယိုနေရမှာ မဟုတ်ဘူး မင်း ယောင်္ကျားမလား အခြေနေအချိန်ခါကိုကြည့်ပြီး ဖြစ်ချင်တာထက် ဖြစ်သင့်တာကို ဦးစားပေးရမယ် နွယ်နှောင်းသာကီ..အခု ငါတံခါးဖွင့်ပေးလိုက်တာနဲ့ အနောက်လှည့်မကြည့်ဘဲ ‌ပြေးတော့ အိမ်နဲ့ဝေးရာကိုပြေး “

သီရိနွယ် အိမ်‌ဘေးကပ်လျက်  အရေးပေါ်လှေကားရှိတံခါးကိုဖွင့်ပေးပြီး (၇)နှစ်သား နွယ်နှောင်းသာကီကို ဆင်းပြေးခိုင်းသည်။
မီးဖိုခန်းထဲကို မီးမကူးသေးခင် နွယ်နှောင်းသာကီကို သီရိနွယ်အမြန်ပြေးခိုင်းသည်။ ဒီအိမ်မှာ ဂတ်စ်လိုင်းတွေက နည်းမှမနည်းဘဲ..။

ကိုယ်ကိုယ်တိုင်သွယ်ဖို့ခွင့်ပြုခဲ့တဲ့ ဂတ်စ်လိုင်းက ကိုယ့်အသက်ကို ဇီဝိန်ချုပ်စေသည်။

“ မေမေနဲ့ နွယ်အတူပြေးမယ်လေ ထိုင်မနေနဲ့လို့..ထလို့ မေမေ..”

ဝှီးချဲပေါ်က မေမေ့ကိုထဖို့ အတင်းဆွဲခေါ်သည်။ ကလေးမို့လို့နားမလည်သေးတာရယ် ဖြစ်ချင်ဇောများသွားတာရယ်ကြောင့် မေမေ့အခြေအနေကိုမသိဘဲ အတင်းဆွဲနေမိသည်။

နွယ်ရှိသလောက်အားနဲ့ ဆွဲကာ ထခိုင်းပေမယ့် မေမေ့ခြေထောက်တွေကမလှုပ်စွာ ဝှီးချဲပေါ်မှာထိုင်နေသည်။ နွယ်အားသာကုန်သွားတယ် ငိုပြီးတင်းခံထားသည့် မေမေက ဝှီးချဲပေါ်ကနေ တစ်ဖဝါးမှမရွေ့..။

သီရိနွယ် အသံတိတ်မျက်ရည်ကျမိသည်။ စိတ်မာသည့် မိန်းမတစ်ဦးတောင်မျက်ရည်ကျရသည့် အဖြစ်….။

“ တော်ပါတော့ သားနွယ်ရယ် မေမေနာလှပါပြီ သားပဲပြေးတော့ လွတ်ရာကိုပြေး သားနွယ်။ ဒီနေ့ဝိဉာဉ်အဖြစ်နဲ့ မေမေ တွေ့ရင် မင်းကိုရိုက်မှာ သားနွယ်..”

သီရိနွယ် ဘယ်တော့မှမယုယဖူးသည့် ကလေးကို ‌ပထမဆုံးနဲ့ နောက်ဆုံးတစ်ကြိမ်ဖက်လိုက်သည်။

(၇)နှစ်သားပဲရှိသေးတဲ့ နွယ်သာကီဟာ ကြောင်တိ ကြောင်အ နိုင်စွာနှင့်…။

“ သားနွယ်နဲ့ မေမေ စိန်ပြေးတိုင်းဆော့ကြမယ်”

“ တကယ်လား မေမေ “

လှုပ်ရသည့်ခြေထောက်တွေနှင့် ဝှီးချဲပေါ်က မေမေ့ကို မေ့ကာ နွယ်သိပ်ပျော်လာသည်။ တစ်ခါမှ မေမေနဲ့မဆော့ခဲ့ဖူး၍လည်းဖြစ်မည်။

“ အင်း ဒီအိမ်နဲ့ ‌အဝေးဆုံးကိုပြေး သားနွယ် မေမေ လိုက်ဖမ်းမယ် “

သီရိနွယ်တွင် နွယ်သာကီ့လို အပြုံးလှလှလေးတွေရှိသည်မို့ ထိုအပြုံးနှင့်ပြုံးပြကာ ပြေးဆင်းသွားသည့် နွယ်သာကီကို နောက်ဆုံးအနေနှင့်ကြည့်ပြီး တံခါးကိုပိတ်ချလိုက်သည်။

တဖြည်းဖြည်း ကူးစပ်တောက်လောင်လာသည့် မီးတွေက ခန္ဓာကိုယ်ကို တဖြည်းဖြည်း ဝါးမြိုလာတော့ အသိစိတ်မလွတ်ခင် အသိဉာဏ်မဲ့စွာ ကျေးဇူးတင်စကားဆိုဖြစ်လိုက်သေးသည်။

“ ဒီဘဝတော့ ဒီမျှပဲပေါ့ မောင်ရယ်..”

အတိတ်ကဒဏ်ရာဟောင်းတွေရဲ့ နှိပ်စက်ခြင်းကြောင့် နွယ်မျက်ရည်ဖြိုင်ဖြိုင်ကျလာကာ ဆံပင်ရှည်တွေကို စုကိုင်၍သော်လည်းကောင်း ခေါင်းကိုထုရိုက်၍ သော်လည်းကောင်း အတွေးတွေကို မေ့အောင်လုပ်ပြစ်သည်။

စိတ်ဖိစီးမှု များလာတာကြောင့် နွယ့်မျက်နှာတွေတင်မက တစ်ကိုယ်လုံးက နီရဲသည်ထက် ပိုနီလာကာ ဗိုက်ထဲက တအားနာလာ၏။ နွယ် နောက်ကျောကို မှီချပြီး ဗိုက်ကိုကိုင်ကာ ဆိုဖာပေါ်မှာ လူးလူးလိမ့်လိမ့်နှင့်…။

“ အား နွယ်နာတယ်..မေမေ နွယ်နာတယ်..။ မောင် နွယ်နာတယ် လာကယ်ပါအုံး…မေမေ လာကယ်ပါအုံး “

ဗိုက်က တအားနာလာလို့ အော်နေသည့် နွယ့်အသံက တိုးတိုးညှင်းညှင်းသာထွက်၏။ ဒါဟာ စိတ်ကိုအသေသတ်ထားသည့် ဖွားကြောင့်လား နွယ့်ပင်ကိုယ်အသံက တိုးတာလား နွယ်မသိ..။

“ မင်းရဲ့ အမေက အောက်ပိုင်းသေနေတာ မင်း(၅)နှစ်သားထဲက ဟား..ဟား..သူချစ်တဲ့ငါ့သားကိုကယ်ရင်းဖြစ်ရတာလေ မင်းကိုတော့သူကမချစ်ဘူး..”

နွယ့်နားထဲ ထိုအသံကတိုက်ရိုက်ဝင်လာကာ နာလို့လူးလိမ့်နေတဲ့ နွယ့်ခန္ဓာကိုယ်လေး ရပ်တန့်သွား၏။ အရမ်းနာနေသော်လည်းနွယ်မှိတ်ကျိတ်ခံ နေသည်။

“ ဘာလို့ ဒီ‌လောက်ထိ ရက်စက်တာလဲ..တော်ပါတော့..”

“ မင်းပျော်သင့်တယ် နွယ်သာကီ မင်းအမေကို မင်းမုန်းနေတာမို့ မင်းပျော်သင့်တယ် “

“ နွယ် မုန်းတယ် ဟုတ်တယ် မုန်းခဲ့တယ်..အဲ့တာ မေ့နေတဲ့အတိတ်ကြောင့်၊ နောက်ပြီး ခင်ဗျားတို့သွေးထိုးလို့..”

နာလွန်းလို့ နွယ်ချွေးသီးချွေးပေါက်တွေကျလာသည်။ လူးလိမ့်ကာခံနေရသည်။

Mg'd Nwel Thar Kii (Book version)Where stories live. Discover now