CH:22

900 32 0
                                    

မောင့် နွယ်သာကီ
အပိုင်း(၂၂)

တစ်နာရီလောက်အကြာ ခန္ဓာကိုယ်အတွင်းက ပစ္စည်းဆိုကာ လင်ဗန်းတစ်ပေါ်မှာ လေလုံအိတ်တွေနဲ့ ထုတ်လျက် တင်ထားသည့် ပစ္စည်းနှစ်ခုကို သူနာပြုမက ဒီလှိုင်းရဲ့ လက်ထဲကို ထည့်သွားလေသည်။

တစ်ခုက နွယ့် သားအိမ်ဖြစ်ပြီး တစ်ခုက သမီးရဲ့ အရိုးစုခပ်ငယ်ငယ်..။ ဒီလှိုင်း လက်တစ်ဝါးစာလောက်ရှိတဲ့ အရိုးစုလေး..။

ဒီလှိုင်း ထိုအိတ်ကိုပဲကြည့်ကာ ဆွံ့အလျက် လင်ဗန်းကိုင်ထားသည့် လက်တွေဟာတုန်ရင်နေလို့..။ နှလုံးသားကြီးတစ်ခုလုံးလည်း မွန်းကြပ်နေ၏။
ရှင်ဖို့မ‌ပြောနဲ့ သေဖို့တောင် ခက်ခဲတဲ့ဘဝ..။

“ မောင့်သမီးက မင်းအပေါ်တာဝန်ကျေခဲ့တယ် မောင့်နွယ် မင်းကသာ မောင့်စကားကိုနားမထောင်လို့ အခုလို‌ဖြစ်ရတာ..”

ဒီလှိုင်း ထိုအိတ်လေးကို အပေါ်က ထိဖို့ကြံပေမယ့် မထိရက် မကိုင်ရက်စွာ လက်ကိုပြန်ယုတ်သိမ်းလိုက်ပြီး ငိုဖို့မတတ်နိုင်စွာ စိုက်ကြည့်နေမိပါတော့သည်။

တစ်ရက်ထဲမှာစုပြုံဝင်လာတဲ့ ကံကြမ္မာဆိုးက ဒုတိယအကြိမ်ဖြစ်သော်ငြားလည်း နာကျင်နေရစဲ..။

“ ဒယ်ဒီ့သမီးက ကတိတည်မယ်လို့ မျှော်လင့်ပါတယ် “

ဒီလှိုင်းထိုသို့ပြောပြီး အအေးခန်းထဲထည့်ပေးဖို့ Aကိုပေးလိုက်သည်။

“ နှစ်ရက်၊သုံးရက် ခံအောင်ထားထား သမီးကို ကျုပ်မြန်မာပြန်ခေါ်သွားပြီး သင်္ဂြိုလ်မယ် “

Aကနာခံစွာ လင်ဗန်းကို ခပ်ဖြည်းဖြည်းယူပြီး လှည့်ထွက်သွားတော့သည်။ ဒီလှိုင်း၏ အကြည့်တို့သည် သမီးဆီမှာ တဖြည်းဖြည်းခွာလိုက်တော့သည်။

“ တချို့သံယောဇဉ်တွေကို အမျှင်တန်းနေရင် အသစ်စဖို့ခက်ခဲတယ် ဒယ်ဒီ့သမီးလေး။ သမီးလေး ဒယ်ဒီ့ဆီသေချာပေါက် ပြန်လာမှာ ဒယ်ဒီယုံတယ်”

ဒီလှိုင်းခပ်ဖွဖွရေရွတ်ပြီး ခွဲစိတ်ခန်းထဲက နွယ်ထွက်လာမယ့် အချိန်ကို ထိုင်စောင့်နေလိုက်တော့သည်။

စိတ်ရဲ့နာကျင်ခြင်းကို နာကျည်းချက်တွေ၊မျှော်လင့်ချက်တွေနဲ့ အစားထိုးလိုက်ပြီမို့ မောင်နောက်ထပ် မပြိုလဲတော့ဘူး နွယ်…။

တစ်ခဏအကြာ ခွဲစိတ်မှုက အောင်မြင်ပြီး နွယ်က အခန်းထဲကနေထွက်လာလေသည်။
ထပ်ခါထပ်ခါခွဲစိတ်ထားမှုကြောင့် ဖြူဖျော့နေသောခန္ဓာကိုယ်လေးဟာ အရည်ကြည်မဖြစ်ရုံတစ်မယ်…။ တန်းလန်းကျနေသည့် သွေးအိတ်နှင့် ဆေးအိတ်ကြိုးတွေ..။ ထုံဆေးနှင့်ခွဲပေမယ့် မေ့မျောလာသည့် နွယ်..။

ဒီလှိုင်း ရင်ဘတ်ပေါ်ယှက်တင်ထားတဲ့နွယ့်လက်ကို လှမ်းကိုင်ဖို့ပြင်လိုက်ပေမာ့် မထိရက်စွာ လက်ကိုပြန်ယုတ်လိုက်ပြီး လက်သီး တင်းတင်းစုတ်ထားကာ မျက်စိမှိတ်လိုက်ပြီး သက်ပြင်းရှည်ကြီးတစ်ခုချလိုက်သည်။

“ ဘာလို့ နွယ်သာကီက မေ့လာရတာလဲ “

လွမ်နောင်ကို ဦးတည်ပြီးမေးလိုက်သည်။

“ သွေးတွေဒီလောက်ဆုံးရှုံးထားတာ ခဏမှေးမှရမှာပေါ့။ မေ့တာမဟုတ်ဘူး မင်းလင်က အိပ်နေရုံပဲ “

“ အဲ့တာဆို ကြပ်မတ်ဆောင်မှာမထားလဲ ရတယ်မလား “

“ အေး “

ဒီလှိုင်း နွယ့်ကို  special roomကိုပြန်ခေါ်သွားကာ ကုတင်ပေါ်မှာ သေချာနေရာချပေးပြီး နံနက်ခင်းအလင်းတို့‌တိုးဝှေ့ချင်နေသည့် လိုက်ကာစကို ခပ်တင်းတင်းပိတ်ထားလိုက်သည်။

“C, D မင်းတို့ ဒီအရှေ့မှာ စောင့်နေ ဘယ်သူ့ကိုမှ ဝင်ခွင့်မပြုနဲ့ B အထဲမှာသွား စောင့်နေ နိုးတာနဲ့ကျုပ်ကိုဖုန်းဆက် Aပြန်လာရင် ကျုပ်ဆီလွှတ်လိုက်”

တာဝန်ကိုယ်စီခွဲဝေပေးပြီးနောက်မှာ အထူးကြပ်မတ်ဆောင်ကနေ အခုထိမရွှေ့ရသေးသည့် သားဆီကို သူသွားရသည်။ သားအခန်းရှေ့မှာ ဧရာဇင်နဲ့ ကိုလွမ်က ထိုင်စောင့်နေသည်။ ဧရာဇင်က ပင်ပန်းလို့ထင် ကိုလွမ်ရဲ့ ပေါင်ပေါ်မှာအိပ်နေသည်။

“ ကိုလွမ်”

“ အာ ဒီလှိုင်း အဆင်ပြေရဲ့လား “

ကိုလွမ်က ဧရာ့ရဲ့ခေါင်းကိုခပ်ဖွဖွပွတ်ပေးကာ ဒီလှိုင်းကို မေးလေသည်။ ဒီလှိုင်းလည်း ကိုလွမ်ဘေးကခုန်မှာဝင်ထိုင်လိုက်ပြီး မလှမ်းမကမ်းမှာမြင်နေရသည့် သားကိုငေးကြည့်နေလျက်ပဲ စကားဆိုလိုက်သည်။

“ အဆင်ပြေလောက်ပါတယ်။ ပြီးခဲ့တဲ့ နှစ်နာရီလောက်က နွယ် ခွဲခန်းတစ်ခါထပ်ဝင်ရတယ်။ နွယ့်သားအိမ်ထဲမှာ ကျွန်တော့်သမီးလေး ကျန်ခဲ့သေးတာ..။ သမီးက လူခြောက်လေးမို့ သားရဲ့ရုန်းကန်နေမှုတွေကြားမှာ သမီးကဂျောင်ရောက်ပြီး သေသွားရှာတယ်”

စောနက အဖြစ်အပျက်တွေသည် ယခုတော့ ခပ်လွမ်းလွမ်းပြန်ပြောနေရရုံကလွဲလို့ ခံစားချက်သိပ်မပြင်းထန်တော့ချေ။

မျက်ရည်ကျကာ အော်ဟစ်ပြီးငိုလိုက်ချင်ပေမယ့် ထပ်ကျဖို့ မျက်ရည်ဟာ နတ္ထိ..။

လွမ်စေး ဒီလှိုင်းကို ငေးကြည့်ကာ သနားလာရသည်။ သူတို့နှစ်ယောက် ကလေးဘက်မှာကြိုးပမ်းနေရ၍ ဟိုဘက်မှာဘာဖြစ်သွားသလဲမသိခဲ့..။

ဒီလိုသနားစရာကောင်လေးကိုမှ ဆော့က‌စားနေတဲ့ ‌လောကဓံဆိုတဲ့ကောင်ကို ရှိသမျှ အကုန်ပုံပေးပြီး ဒီကောင်လေးရဲ့ဘဝကိုပျော်ရွှင်ပါစေတော့လို့ ဆုတောင်းလိုက်ချင်ပါရဲ့…။

“ မုန်းလား..နွယ်နှောင်းသာကီကို”

လွမ်စေး မေးနိုင်တာ ဒီတစ်ခုပဲရှိပါတော့သည်။ ဒီကောင်လေးရဲ့ နာကျင်မှုတွေရဲ့ အစပြုရာက နွယ်နှောင်းသာကီမို့..။

“ နွယ့်အပေါ် ချစ်တာကလွဲလို့ ကျန်တဲ့သဘောတရားတွေထားလို့မရဘူး။ အပြစ်မြင်တာ၊နာကျည်းတာ၊မုန်းတာတွေက နွယ့်ကိုချစ်တဲ့အချစ်ကြောင့် ဖြစ်စေလာတာပဲ။ နောက်ဆုံးတော့ ကျွန်တော်နွယ့်ကိုချစ်ရတာပါပဲ “

“ မင်းကတော့ စံပဲ “

ဒီလှိုင်း နှုတ်ခမ်းကို တွန့်ရုံပြုံးပြီး သားကိုသာ ငေးကြည့်နေလိုက်သည်။

မောင့်အချစ်ကို ကိုလွမ်က လက်မြှောက်လိုက်ပြီ နွယ်..။ ဒီကောင်က မင်းကို သူများတွေလိုက်မမှီနိုင်တဲ့အထိ ငြိတွယ်မိသွားရတာပါ နှလုံးသားငယ်..။

“ အဆိုးထဲက အကောင်းက ကျွန်တော့်သမီးလေးက ကျွန်တော့်ဆီ ပြန်လာမှာ..။ ဒီလို နာမ်သဘောတရားနဲ့မဟုတ်ဘဲ ကျွန်တော့်ရင်ခွင်ထဲမှာ ဖက်တွယ်လို့ရတဲ့ ဖြစ်တည်မှုနဲ့ ကျွန်တော့်ဆီ ပြန်လာလိမ့်မယ်”

လွမ်စေး ဒီလှိုင်းကိုကြည့်ကာ ‘မင်းရူးနေတာလား’လို့မမေးဖြစ်ပဲ ငေးမောရုံသာတတ်နိုင်တော့သည်။

သူ့သမီးအကြောင်းပြောရင် ရွှန်းပနေတဲ့ ဒီလှိုင်းမျက်နှာက မျှော်လင့်ခြင်းတွေ နဲ့အသက်ဆက်နေတဲ့ကောင်ဖြစ်ကြောင်း သိသာလွန်းသည်။

“ အင်း မင်းယုံသလို ငါလည်းယုံထားတယ်..။ ဒါနဲ့ ဟိုလူတွေကို ဘယ်လိုလုပ်မလဲ”

“ ကျုပ်သမီးက သူ့တို့ကို သိပ်မုန်းတာ..နောက်နှစ်နာရီအတွင်း မဟာသာကီ၊ဒေဝီသာကီနဲ့ ဝေလွန်းသာကီရဲ့ စီးပွားရေး၊ လူမှုရေး အဘက်ဘက်က ကျရှုံးစေရမယ်။ ဒီလောကမှာ သာကီဆိုလို့ ကျုပ်ရဲ့ နွယ်သာကီ တစ်ပွင့်သာ ပွင့်လန်းစေရမယ် “

နွယ်သာကီဆိုတဲ့ ခပ်ချိုချိုရနံ့ရှိသည့်ပန်းဟာ အဖြူရောင်အဆင်းရှိသတဲ့။ နွယ်နှောင်းသာကီဆိုတဲ့ အင်အားမရှိတဲ့သူဟာ စိတ်သဘောထားသိပ်ဖြူစင်သတဲ့။

ရွေးချယ်လို့ရတဲ့ ပန်းမျိုးစိပ်တွေ၊ ရွေးချယ်လို့ရတဲ့ အရောင်ကွဲနွယ်သာကီတွေကို မရွေးဘဲ မောင် မင်းကိုရွေးခဲ့တာက မင်းရဲ့ဖြူစင်မှုတွေကို သိပ်ချစ်လို့ နွယ်…။

“ သားကို ဘယ်တော့မှ အထူးကြပ်မတ်ဆောင်ထဲက ထုတ်ခွင့်ရမှာလဲ”

“ ပုံမှန်ဖြစ်တဲ့အချိန်မှ ရမယ်တဲ့။ အခု ကလေးက လမစေ့ဘဲမွေးတာကြောင့် ပေါင်ချိန်မပြည့်တဲ့အပြင် ရေမွှာရည်ကိုမြိုချမိပြီး အချင်းပတ်နေခဲ့တာမို့ နည်းနည်းတော့ကြာမယ်တဲ့ “

“ အင်း..သားကို ခဏလောက်စောင့်ပေးပါအုံး ကိုလွမ် ကျုပ် နွယ်သာကီ သတိရလာရင် ပြန်လာခဲ့ပါ့မယ် “

“ အင်း ဂရုစိုက် ဒီလှိုင်း မင်းမှာ မိသားစုရှိလာပြီ”

ကိုလွမ်က ဒီလှိုင်းရဲ့ ပခုံးကိုပုတ်ကာပြောလိုက်သည်။ ဒီလှိုင်းခေါင်းညိတ်ပြပြီး ပြန်ထွက်လာခဲ့သည်။

“A ဒေဝီသာကီနဲ့သူ့ဟာမကို မြန်မာပြည်ပြန်ပို့လိုက် “

Aက နာခံစွာ ချက်ချင်းပြန်ထွက်သွားသည်။
ဒီလှိုင်း နွယ့်ကိုမော့ကြည့်လိုက် laptopထဲက အချက်အလက်တွေကို စီစစ်လိုက်နှင့် အလုပ်များနေခဲ့သည်။

“ ဟယ်လို ဒီလှိုင်း မင်းအဆင်ပြေရဲ့လား။ ငါလည်း အရေးကြီးကိစ္စပေါ်လာလို့ ပြန်လာခဲ့တာ နေ့လည်ကျရင် ငါလာခဲ့မယ် "

ဖုန်းခေါ်လိုက်တာနဲ့ ကိုဘုန်းက ကရားကနေရေလွှတ်သလို တရစက်ပြောပါတော့သည်။ ဒီလှိုင်းလည်း ဖုန်းကိုနားကနေခွာကာ ချောင်းဟန့်လိုက်ပြီးနောက်…

“ ကိုဘုန်း ကျုပ်ကို ကူညီပါအုံး..”

“ အဆင်သင့်ပဲ ကောင်လေး “

ကိုဘုန်းနှင့်ကိုလွမ်သည် ဒီလှိုင်းကို သူတို့ညီငယ်လိုသဘောထားကြပြီး အစ်ကိုကြီးအဖရာပီသသည့် လူများပင်။ ကိုဘုန်းကတော့ အလိုလိုက်တတ်သည့် အစ်ကိုကြီးတစ်ဦးဖြစ်၏။

“ မဟာသာကီတို့ တစ်စုလုံး အဖက်ဖက်က ကျရှုံးတာကိုလိုချင်တယ် ဖြစ်ရဲ့လား..”

“ သိပ်ဖြစ်တာပေါ့။ မင်းသာ အဲ့မှာအဆင်ပြေအောင်နေပြီး မင်းမိသားစုကိုကာကွယ်..။ ငါကြားတာတော့ မဟာသာကီက ဒီနိုင်ငံကနေထွက်တော့မယ်တဲ့ ဒါမဲ့‌လည်း မင်းပြောသလိုဖြစ်စေရမယ် “

“ အင်း ကျေးဇူး “

နွယ်သာကီရဲ့ လက်ကလေးတွေလှုပ်လာပြီမို့ ဒီလှိုင်းဖုန်းချလိုက်ပြီး လူခေါ်‌ဘဲလ်ကိုနှိပ်လိုက်သည်။ စောနကလို အရူးမီးဝိုင်းနဲ့ လျှောက်မပြေးတော့ပဲ သွေးအေးသည့် သူ့ပုံစံမှန်ပေါ်လာလေသည်။

“ မောင်…ရေ..ရေ “

ဝါဂွမ်းစကို ရေစွတ်ကာ ဖြူဖျော့နေသည့် နှုတ်ခမ်းလေးအပေါ်တင်ပေးလိုက်သည်။
နွယ် ပထမတစ်ခေါက်ကလို တောင်ထိပ်ပေါ်ရောက်သွားတာဖြစ်ပြီး ကလေးမလေးနဲ့ နေဝင်ချိန်ကိုကြည့်ကာ စကားအကြာကြီး ထိုင်ပြောနေခဲ့တာဖြစ်သည်။

ပြောတာတွေကများလို့ မမှတ်မိနိုင်ပေမယ့် ‘ဖေဖေ မီးမီးကို မေ့မတွားရဝူးညော် မီးမီး ဖေဖေတို့ဆီ ကျန်ရာမှာ’ဆိုသည့်စကားကိုတော့ သံမှိုနဲ့ရိုက်ထားသလို စွဲစွဲကပ်ကပ်နှင့်။

“ အိပ်လို့ဝရဲ့လား အဆိုးလေး။ ခင်ဗျားလေးက မနိုးသေးတော့ ဒီကောင်ရူးမသွားတာ ကံကောင်း”

နွယ့်နဖူးပြေပြေပေါ်က ဆံပင်တချို့ကို သပ်တင်ပေးလိုက်ပြီး ဒီလှိုင်းပြောလိုက်သည်။
ပြီးနောက် ဆရာဝန်တွေရောက်လာပြီး နွယ်သာကီကိုစစ်ဆေးပေးနေတာကို ဒီလှိုင်းအခန်းထောင့်က ရပ်ပြီးကြည့်နေလိုက်သည်း နာရီဝက်ကျော်ကျော်ကြာမှ ဆရာဝန်တွေပြန်ထွက်သွားလေသည်။

လူမရှိတော့မှ ဒီလှိုင်း နွယ်သာကီ့အနားဝင်ထိုင်လိုက်ပြီး ဆံစလေးတွေကိုတို့ထိလိုက် လက်ဖမိုးလေးကိုတို့ထိလိုက်နဲ့ အလုပ်များနေသည်။

“ မောင်..နွယ့်ဗိုက်ထဲက ဘာလေးထွက်လာတာလဲ ဟင် “

အသံခပ်အက်အက်လေးနဲ့လာမေးတော့ ဒီလှိုင်းရင်ထဲမျက်ခနဲဖြစ်သွားပေမယ့် ရေးရေးလေးပြုံးပြကာ နွယ်သာကီ့နံဘေးထိုင်ပြီး လက်ကိုဖွဖွလေးကိုင်ကာ..

“ နွယ့်ဗိုက်ထဲမှာ နောက်ထပ်ကလေးလေးတစ်ယောက် ရှိနေသေးတာ နွယ်ရဲ့..။ မောင်ထင်တာ‌တော့ နွယ်အိပ်ပျော်သွားရင် သမီးကို မြင်ဖူးမယ် ထင်တယ် “

ထိုအခါမှ နွယ်အံ့ဩသွားငလို မောင့်ကိုကြည့်လိုက်တော့ မောင်က သူလည်းသိပါတယ်ဆိုသည့်ပုံစံနှင့် နွယ့်ကိုပြုံးပြသည်။

“ သမီးက နာမ်ငွေ့ငွေ့လေးပဲရှိတာ နွယ်..။ မြန်မာအခေါ်ဆို လူခြောက်ပေါ့ နွယ်။ ဒီဘဝမှာ သမီးက ဒီဖြစ်တည်မှုနဲ့ မောင်တို့ဆီမလာချင်လို့ထင်တယ် နွယ်..။ သမီးက မောင်တို့ရင်ခွင်ကနေ အခုခဏထွက်သွားတယ် နွယ်။ သမီးက သူပြန်လာခဲ့မယ် ဆိုပြီး မောင့်ကို ကတိပေးထားတာ နွယ်ရဲ့”

နွယ်မျက်ရည်တွေကျလာသည်။ နွယ့်ပျော့ညံ့မှုတွေကြား နွယ့်အသိုက်အဝန်းလေးက ဓားစာခံဖြစ်ရသည်။

မင်းသိပ်ပျော့ညံ့မိတာပဲ နွယ်နှောင်းသာကီရယ်..။ မင်းကြောင့် မောင်ရော၊သမီးနဲ့သားရော ထိခိုက်ရတယ် နွယ်နှောင်းသာကီရဲ့ မင်းကသိပ်ပျော့ညံ့တဲ့ကောင်ပဲ..။

“ ဒါတွေအားလုံး နွယ့်ကြောင့်လိုတွေးနေရင် မောင်စိတ်မကောင်းဖြစ်ရလိမ့်မယ် မောင့်နွယ်”

တစ်နေရာထဲကိုစိုက်ကြည့်နေပြီး မျက်ရည်တွေကျနေသည့် နွယ့်ကြောင့် ဒီလှိုင်းထိုသို့ပြောလိုက်မိပါ၏။

မင်းနာကျင်နေရင် မောင်ကပိုနာကျင်တယ် နွယ်..။

“ ဒါတွေအားလုံးက ဖြစ်ချိန်တန်လို့ဖြစ်ရတာ မောင့်နွယ်..။ မလှပခဲ့တဲ့ အတိတ်တွေက နောင်တစ်ချိန်မှာ မောင်တို့ကို ပျော်စေမှာ နွယ်ရဲ့ “

“ မောင့်ကို နွယ် အားနာလိုက်တာ "

လူမမာတစ်ယောက်၏ ခပ်အက်အက်အသံက ဒီလှိုင်းရင်ကို လှိုင်းထန်စေသည်။
ဒီလှိုင်း နွယ့်လက်ဖမိုးကို ငုံ့နမ်းလိုက်သည်။

“ ချစ်သူတွေမှာ အားနာဖို့မှမလိုဘဲ နွယ်ရယ်..မောင်က မင်းကိုချစ်တာမို့ ‌နွယ်စိတ်မကောင်းဖြစ်နေရင် မောင်ပိုစိတ်မကောင်းရတယ် မောင့်နွယ် “

“ အင်း နွယ်လည်း မောင့်ကိုချစ်တယ် “

နွယ့်စိတ်ထဲက ထင့်နေမှုကြောင့် အခန်းထဲကို ဝေ့ဝဲကာ နွယ်ကြည့်လိုက်တော့ ဘာမှမတွေ့ချေ။ ထို့ကြောင့် နွယ် ပိုဝမ်းနည်းလာရချေသည်။

“ မောင့်..နွယ်တို့ သားရော..အိပ်နေတာဆို နွယ်တို့ သားရောလို့ “

“ နွယ်သာကီ ခင်ဗျား လှုပ်လို့မရသေးဘူး ကုန်းထမနေနဲ့ ကျွန်‌တော့်ကို ဒေါသထွက်အောင် မလုပ်ပါနဲ့ နွယ်သာကီရယ်။ ဒီကကောင်က ခင်ဗျားကို လိမ်မယ့် ကောင်လား “

ဒီလှိုင်း ခပ်မာမာအော်လိုက်တော့ နွယ်ကချက်ချင်းငြိမ်ကျသွားကာ ဒီလှိုင်းကို နားမလည်သိလို မျက်ဝန်းတွေနှင့် ကြည့်လာလေသည်။

“ သားကရှိတယ်..လမစေ့ဘဲ မွေးထားရတာမို့ အထူးကြပ်မတ်ဆောင်ရောက်နေတယ် နွယ်သာကီ..အခုသားရော မင်းရော မောင့်ရင်ငွေ့အောက်မှာ လုံလုံခြုံခြုံရှိနေဆဲပါ မောင့်နွယ်သာကီရယ် “

“ မောင့်ကို နွယ် ယုံပါတယ်။ နွယ် မယုံတာ ကံကြမ္မာကိုပါ မောင်ရယ် “

“ အင်း အဲ့ကောင်ကိုတွေ့ရင် တစ်ခါလောက်လည်မြိုနင်းသတ်အုံးမယ် “

ဝမ်းဗိုက်က နာကျင်နေသည့် ကြားကနေ နှစ်ယောက်သား ခပ်ဖွဖွပြုံးလိုက်ကြသည်။

“ သိပ်ပင်ပန်းနေသလား မောင်..”

“ အင်း နွယ်နဲ့ခွဲခွာရမှာကို ဒီကောင်က ရူးလောက်အောင် ကြောက်ပြီး သေချင်တဲ့အထိ ပင်ပန်းရပါတယ် မောင့်နွယ်”

“ နားလိုက်ပါအုံး မောင်။ မောင့်ဆီကနေ နွယ် ခွဲမသွားတော့မှာမို့ ခဏလောက် နားလိုက်ပါအုံး “

“ အင်း မောင်အိပ်လိုက်အုံးမယ် “

ဒီလှိုင်း နွယ်သာကီ့နှဖူးကို ခပ်ဖွဖွအနမ်းပေးလိုက်ပြီးနောက် လူနာစောင့်အတွက်ထားထားသည့် ကုတင်မှာ ခွေကနဲသွားအိပ်လိုက်ပါသည်။ ‌အရမ်းပင်ပန်းထားလို့ ခေါင်းအုံးနဲ့ထိလိုက်တာနဲ့ကို တုန်းခနဲ အိပ်ပျော်သွားရတော့သည်။

နွယ် မောင့်ကိုငေးကြည့်ရင်း မောင်နဲ့ဆုံစည်းစေခဲ့တဲ့ ဖူးစာရေးနတ်ကို ကျေးဇူးကြီးတင်နေပါတော့သည်။

ယောင်္ကျား၊မိန်းမဖြစ်တည်မှုမျိုးထက် ‌မောင်က နွယ့်နွေးထွေးရာ ကမ္ဘာကြီး..။ မောင်သာ မိန်းကလေးတစ်ဦးဆိုလဲ နွယ်ချစ်မိအုံးမယ်ထင်တယ်။
____________________
ေမာင့္ ႏြယ္သာကီ
အပိုင္း(၂၂)

တစ္နာရီေလာက္အၾကာ ခႏၶာကိုယ္အတြင္းက ပစၥည္းဆိုကာ လင္ဗန္းတစ္ေပၚမွာ ေလလုံအိတ္ေတြနဲ႔ ထုတ္လ်က္ တင္ထားသည့္ ပစၥည္းႏွစ္ခုကို သူနာျပဳမက ဒီလိႈင္းရဲ႕ လက္ထဲကို ထည့္သြားေလသည္။

တစ္ခုက ႏြယ့္ သားအိမ္ျဖစ္ၿပီး တစ္ခုက သမီးရဲ႕ အ႐ိုးစုခပ္ငယ္ငယ္..။ ဒီလိႈင္း လက္တစ္ဝါးစာေလာက္႐ွိတဲ့ အ႐ိုးစုေလး..။

ဒီလိႈင္း ထိုအိတ္ကိုပဲၾကည့္ကာ ဆြံ႕အလ်က္ လင္ဗန္းကိုင္ထားသည့္ လက္ေတြဟာတုန္ရင္ေနလို႔..။ ႏွလုံးသားႀကီးတစ္ခုလုံးလည္း မြန္းၾကပ္ေန၏။
႐ွင္ဖို႔မ‌ေျပာနဲ႔ ေသဖို႔ေတာင္ ခက္ခဲတဲ့ဘဝ..။

“ ေမာင့္သမီးက မင္းအေပၚတာဝန္ေက်ခဲ့တယ္ ေမာင့္ႏြယ္ မင္းကသာ ေမာင့္စကားကိုနားမေထာင္လို႔ အခုလို‌ျဖစ္ရတာ..”

ဒီလိႈင္း ထိုအိတ္ေလးကို အေပၚက ထိဖို႔ၾကံေပမယ့္ မထိရက္ မကိုင္ရက္စြာ လက္ကိုျပန္ယုတ္သိမ္းလိုက္ၿပီး ငိုဖို႔မတတ္ႏိုင္စြာ စိုက္ၾကည့္ေနမိပါေတာ့သည္။

တစ္ရက္ထဲမွာစုျပဳံဝင္လာတဲ့ ကံၾကမၼာဆိုးက ဒုတိယအႀကိမ္ျဖစ္ေသာ္ျငားလည္း နာက်င္ေနရစဲ..။

“ ဒယ္ဒီ့သမီးက ကတိတည္မယ္လို႔ ေမွ်ာ္လင့္ပါတယ္ “

ဒီလိႈင္းထိုသို႔ေျပာၿပီး အေအးခန္းထဲထည့္ေပးဖို႔ Aကိုေပးလိုက္သည္။

“ ႏွစ္ရက္၊သုံးရက္ ခံေအာင္ထားထား သမီးကို က်ဳပ္ျမန္မာျပန္ေခၚသြားၿပီး သၿဂႋဳလ္မယ္ “

Aကနာခံစြာ လင္ဗန္းကို ခပ္ျဖည္းျဖည္းယူၿပီး လွည့္ထြက္သြားေတာ့သည္။ ဒီလိႈင္း၏ အၾကည့္တို႔သည္ သမီးဆီမွာ တျဖည္းျဖည္းခြာလိုက္ေတာ့သည္။

“ တခ်ိဳ႕သံေယာဇဥ္ေတြကို အမွ်င္တန္းေနရင္ အသစ္စဖို႔ခက္ခဲတယ္ ဒယ္ဒီ့သမီးေလး။ သမီးေလး ဒယ္ဒီ့ဆီေသခ်ာေပါက္ ျပန္လာမွာ ဒယ္ဒီယုံတယ္”

ဒီလိႈင္းခပ္ဖြဖြေရ႐ြတ္ၿပီး ခြဲစိတ္ခန္းထဲက ႏြယ္ထြက္လာမယ့္ အခ်ိန္ကို ထိုင္ေစာင့္ေနလိုက္ေတာ့သည္။

စိတ္ရဲ႕နာက်င္ျခင္းကို နာက်ည္းခ်က္ေတြ၊ေမွ်ာ္လင့္ခ်က္ေတြနဲ႔ အစားထိုးလိုက္ၿပီမို႔ ေမာင္ေနာက္ထပ္ မၿပိဳလဲေတာ့ဘူး ႏြယ္…။

တစ္ခဏအၾကာ ခြဲစိတ္မႈက ေအာင္ျမင္ၿပီး ႏြယ္က အခန္းထဲကေနထြက္လာေလသည္။
ထပ္ခါထပ္ခါခြဲစိတ္ထားမႈေၾကာင့္ ျဖဴေဖ်ာ့ေနေသာခႏၶာကိုယ္ေလးဟာ အရည္ၾကည္မျဖစ္႐ုံတစ္မယ္…။ တန္းလန္းက်ေနသည့္ ေသြးအိတ္ႏွင့္ ေဆးအိတ္ႀကိဳးေတြ..။ ထုံေဆးႏွင့္ခြဲေပမယ့္ ေမ့ေမ်ာလာသည့္ ႏြယ္..။

ဒီလိႈင္း ရင္ဘတ္ေပၚယွက္တင္ထားတဲ့ႏြယ့္လက္ကို လွမ္းကိုင္ဖို႔ျပင္လိုက္ေပမာ့္ မထိရက္စြာ လက္ကိုျပန္ယုတ္လိုက္ၿပီး လက္သီး တင္းတင္းစုတ္ထားကာ မ်က္စိမွိတ္လိုက္ၿပီး သက္ျပင္း႐ွည္ႀကီးတစ္ခုခ်လိုက္သည္။

“ ဘာလို႔ ႏြယ္သာကီက ေမ့လာရတာလဲ “

လြမ္ေနာင္ကို ဦးတည္ၿပီးေမးလိုက္သည္။

“ ေသြးေတြဒီေလာက္ဆုံး႐ႈံးထားတာ ခဏေမွးမွရမွာေပါ့။ ေမ့တာမဟုတ္ဘူး မင္းလင္က အိပ္ေန႐ုံပဲ “

“ အဲ့တာဆို ၾကပ္မတ္ေဆာင္မွာမထားလဲ ရတယ္မလား “

“ ေအး “

ဒီလိႈင္း ႏြယ့္ကို  special roomကိုျပန္ေခၚသြားကာ ကုတင္ေပၚမွာ ေသခ်ာေနရာခ်ေပးၿပီး နံနက္ခင္းအလင္းတို႔‌တိုးေဝွ႔ခ်င္ေနသည့္ လိုက္ကာစကို ခပ္တင္းတင္းပိတ္ထားလိုက္သည္။

“C, D မင္းတို႔ ဒီအေ႐ွ႕မွာ ေစာင့္ေန ဘယ္သူ႕ကိုမွ ဝင္ခြင့္မျပဳနဲ႔ B အထဲမွာသြား ေစာင့္ေန ႏိုးတာနဲ႔က်ဳပ္ကိုဖုန္းဆက္ Aျပန္လာရင္ က်ဳပ္ဆီလႊတ္လိုက္”

တာဝန္ကိုယ္စီခြဲေဝေပးၿပီးေနာက္မွာ အထူးၾကပ္မတ္ေဆာင္ကေန အခုထိမေ႐ႊ႕ရေသးသည့္ သားဆီကို သူသြားရသည္။ သားအခန္းေ႐ွ႕မွာ ဧရာဇင္နဲ႔ ကိုလြမ္က ထိုင္ေစာင့္ေနသည္။ ဧရာဇင္က ပင္ပန္းလို႔ထင္ ကိုလြမ္ရဲ႕ ေပါင္ေပၚမွာအိပ္ေနသည္။

“ ကိုလြမ္”

“ အာ ဒီလိႈင္း အဆင္ေျပရဲ႕လား “

ကိုလြမ္က ဧရာ့ရဲ႕ေခါင္းကိုခပ္ဖြဖြပြတ္ေပးကာ ဒီလိႈင္းကို ေမးေလသည္။ ဒီလိႈင္းလည္း ကိုလြမ္ေဘးကခုန္မွာဝင္ထိုင္လိုက္ၿပီး မလွမ္းမကမ္းမွာျမင္ေနရသည့္ သားကိုေငးၾကည့္ေနလ်က္ပဲ စကားဆိုလိုက္သည္။

“ အဆင္ေျပေလာက္ပါတယ္။ ၿပီးခဲ့တဲ့ ႏွစ္နာရီေလာက္က ႏြယ္ ခြဲခန္းတစ္ခါထပ္ဝင္ရတယ္။ ႏြယ့္သားအိမ္ထဲမွာ ကြၽန္ေတာ့္သမီးေလး က်န္ခဲ့ေသးတာ..။ သမီးက လူေျခာက္ေလးမို႔ သားရဲ႕႐ုန္းကန္ေနမႈေတြၾကားမွာ သမီးကေဂ်ာင္ေရာက္ၿပီး ေသသြား႐ွာတယ္”

ေစာနက အျဖစ္အပ်က္ေတြသည္ ယခုေတာ့ ခပ္လြမ္းလြမ္းျပန္ေျပာေနရ႐ုံကလြဲလို႔ ခံစားခ်က္သိပ္မျပင္းထန္ေတာ့ေခ်။

မ်က္ရည္က်ကာ ေအာ္ဟစ္ၿပီးငိုလိုက္ခ်င္ေပမယ့္ ထပ္က်ဖို႔ မ်က္ရည္ဟာ နတၳိ..။

လြမ္ေစး ဒီလိႈင္းကို ေငးၾကည့္ကာ သနားလာရသည္။ သူတို႔ႏွစ္ေယာက္ ကေလးဘက္မွာႀကိဳးပမ္းေနရ၍ ဟိုဘက္မွာဘာျဖစ္သြားသလဲမသိခဲ့..။

ဒီလိုသနားစရာေကာင္ေလးကိုမွ ေဆာ့က‌စားေနတဲ့ ‌ေလာကဓံဆိုတဲ့ေကာင္ကို ႐ွိသမွ် အကုန္ပုံေပးၿပီး ဒီေကာင္ေလးရဲ႕ဘဝကိုေပ်ာ္႐ႊင္ပါေစေတာ့လို႔ ဆုေတာင္းလိုက္ခ်င္ပါရဲ႕…။

“ မုန္းလား..ႏြယ္ေႏွာင္းသာကီကို”

လြမ္ေစး ေမးႏိုင္တာ ဒီတစ္ခုပဲ႐ွိပါေတာ့သည္။ ဒီေကာင္ေလးရဲ႕ နာက်င္မႈေတြရဲ႕ အစျပဳရာက ႏြယ္ေႏွာင္းသာကီမို႔..။

“ ႏြယ့္အေပၚ ခ်စ္တာကလြဲလို႔ က်န္တဲ့သေဘာတရားေတြထားလို႔မရဘူး။ အျပစ္ျမင္တာ၊နာက်ည္းတာ၊မုန္းတာေတြက ႏြယ့္ကိုခ်စ္တဲ့အခ်စ္ေၾကာင့္ ျဖစ္ေစလာတာပဲ။ ေနာက္ဆုံးေတာ့ ကြၽန္ေတာ္ႏြယ့္ကိုခ်စ္ရတာပါပဲ “

“ မင္းကေတာ့ စံပဲ “

ဒီလိႈင္း ႏႈတ္ခမ္းကို တြန္႔႐ုံျပဳံးၿပီး သားကိုသာ ေငးၾကည့္ေနလိုက္သည္။

ေမာင့္အခ်စ္ကို ကိုလြမ္က လက္ေျမႇာက္လိုက္ၿပီ ႏြယ္..။ ဒီေကာင္က မင္းကို သူမ်ားေတြလိုက္မမွီႏိုင္တဲ့အထိ ၿငိတြယ္မိသြားရတာပါ ႏွလုံးသားငယ္..။

“ အဆိုးထဲက အေကာင္းက ကြၽန္ေတာ့္သမီးေလးက ကြၽန္ေတာ့္ဆီ ျပန္လာမွာ..။ ဒီလို နာမ္သေဘာတရားနဲ႔မဟုတ္ဘဲ ကြၽန္ေတာ့္ရင္ခြင္ထဲမွာ ဖက္တြယ္လို႔ရတဲ့ ျဖစ္တည္မႈနဲ႔ ကြၽန္ေတာ့္ဆီ ျပန္လာလိမ့္မယ္”

လြမ္ေစး ဒီလိႈင္းကိုၾကည့္ကာ ‘မင္း႐ူးေနတာလား’လို႔မေမးျဖစ္ပဲ ေငးေမာ႐ုံသာတတ္ႏိုင္ေတာ့သည္။

သူ႕သမီးအေၾကာင္းေျပာရင္ ႐ႊန္းပေနတဲ့ ဒီလိႈင္းမ်က္ႏွာက ေမွ်ာ္လင့္ျခင္းေတြ နဲ႔အသက္ဆက္ေနတဲ့ေကာင္ျဖစ္ေၾကာင္း သိသာလြန္းသည္။

“ အင္း မင္းယုံသလို ငါလည္းယုံထားတယ္..။ ဒါနဲ႔ ဟိုလူေတြကို ဘယ္လိုလုပ္မလဲ”

“ က်ဳပ္သမီးက သူ႕တို႔ကို သိပ္မုန္းတာ..ေနာက္ႏွစ္နာရီအတြင္း မဟာသာကီ၊ေဒဝီသာကီနဲ႔ ေဝလြန္းသာကီရဲ႕ စီးပြားေရး၊ လူမႈေရး အဘက္ဘက္က က်႐ႈံးေစရမယ္။ ဒီေလာကမွာ သာကီဆိုလို႔ က်ဳပ္ရဲ႕ ႏြယ္သာကီ တစ္ပြင့္သာ ပြင့္လန္းေစရမယ္ “

ႏြယ္သာကီဆိုတဲ့ ခပ္ခ်ိဳခ်ိဳရနံ႔႐ွိသည့္ပန္းဟာ အျဖဴေရာင္အဆင္း႐ွိသတဲ့။ ႏြယ္ေႏွာင္းသာကီဆိုတဲ့ အင္အားမ႐ွိတဲ့သူဟာ စိတ္သေဘာထားသိပ္ျဖဴစင္သတဲ့။

ေ႐ြးခ်ယ္လို႔ရတဲ့ ပန္းမ်ိဳးစိပ္ေတြ၊ ေ႐ြးခ်ယ္လို႔ရတဲ့ အေရာင္ကြဲႏြယ္သာကီေတြကို မေ႐ြးဘဲ ေမာင္ မင္းကိုေ႐ြးခဲ့တာက မင္းရဲ႕ျဖဴစင္မႈေတြကို သိပ္ခ်စ္လို႔ ႏြယ္…။

“ သားကို ဘယ္ေတာ့မွ အထူးၾကပ္မတ္ေဆာင္ထဲက ထုတ္ခြင့္ရမွာလဲ”

“ ပုံမွန္ျဖစ္တဲ့အခ်ိန္မွ ရမယ္တဲ့။ အခု ကေလးက လမေစ့ဘဲေမြးတာေၾကာင့္ ေပါင္ခ်ိန္မျပည့္တဲ့အျပင္ ေရမႊာရည္ကိုၿမိဳခ်မိၿပီး အခ်င္းပတ္ေနခဲ့တာမို႔ နည္းနည္းေတာ့ၾကာမယ္တဲ့ “

“ အင္း..သားကို ခဏေလာက္ေစာင့္ေပးပါအုံး ကိုလြမ္ က်ဳပ္ ႏြယ္သာကီ သတိရလာရင္ ျပန္လာခဲ့ပါ့မယ္ “

“ အင္း ဂ႐ုစိုက္ ဒီလိႈင္း မင္းမွာ မိသားစု႐ွိလာၿပီ”

ကိုလြမ္က ဒီလိႈင္းရဲ႕ ပခုံးကိုပုတ္ကာေျပာလိုက္သည္။ ဒီလိႈင္းေခါင္းညိတ္ျပၿပီး ျပန္ထြက္လာခဲ့သည္။

“A ေဒဝီသာကီနဲ႔သူ႕ဟာမကို ျမန္မာျပည္ျပန္ပို႔လိုက္ “

Aက နာခံစြာ ခ်က္ခ်င္းျပန္ထြက္သြားသည္။
ဒီလိႈင္း ႏြယ့္ကိုေမာ့ၾကည့္လိုက္ laptopထဲက အခ်က္အလက္ေတြကို စီစစ္လိုက္ႏွင့္ အလုပ္မ်ားေနခဲ့သည္။

“ ဟယ္လို ဒီလိႈင္း မင္းအဆင္ေျပရဲ႕လား။ ငါလည္း အေရးႀကီးကိစၥေပၚလာလို႔ ျပန္လာခဲ့တာ ေန႔လည္က်ရင္ ငါလာခဲ့မယ္ "

ဖုန္းေခၚလိုက္တာနဲ႔ ကိုဘုန္းက ကရားကေနေရလႊတ္သလို တရစက္ေျပာပါေတာ့သည္။ ဒီလိႈင္းလည္း ဖုန္းကိုနားကေနခြာကာ ေခ်ာင္းဟန္႔လိုက္ၿပီးေနာက္…

“ ကိုဘုန္း က်ဳပ္ကို ကူညီပါအုံး..”

“ အဆင္သင့္ပဲ ေကာင္ေလး “

ကိုဘုန္းႏွင့္ကိုလြမ္သည္ ဒီလိႈင္းကို သူတို႔ညီငယ္လိုသေဘာထားၾကၿပီး အစ္ကိုႀကီးအဖရာပီသသည့္ လူမ်ားပင္။ ကိုဘုန္းကေတာ့ အလိုလိုက္တတ္သည့္ အစ္ကိုႀကီးတစ္ဦးျဖစ္၏။

“ မဟာသာကီတို႔ တစ္စုလုံး အဖက္ဖက္က က်႐ႈံးတာကိုလိုခ်င္တယ္ ျဖစ္ရဲ႕လား..”

“ သိပ္ျဖစ္တာေပါ့။ မင္းသာ အဲ့မွာအဆင္ေျပေအာင္ေနၿပီး မင္းမိသားစုကိုကာကြယ္..။ ငါၾကားတာေတာ့ မဟာသာကီက ဒီႏိုင္ငံကေနထြက္ေတာ့မယ္တဲ့ ဒါမဲ့‌လည္း မင္းေျပာသလိုျဖစ္ေစရမယ္ “

“ အင္း ေက်းဇူး “

ႏြယ္သာကီရဲ႕ လက္ကေလးေတြလႈပ္လာၿပီမို႔ ဒီလိႈင္းဖုန္းခ်လိုက္ၿပီး လူေခၚ‌ဘဲလ္ကိုႏွိပ္လိုက္သည္။ ေစာနကလို အ႐ူးမီးဝိုင္းနဲ႔ ေလွ်ာက္မေျပးေတာ့ပဲ ေသြးေအးသည့္ သူ႕ပုံစံမွန္ေပၚလာေလသည္။

“ ေမာင္…ေရ..ေရ “

ဝါဂြမ္းစကို ေရစြတ္ကာ ျဖဴေဖ်ာ့ေနသည့္ ႏႈတ္ခမ္းေလးအေပၚတင္ေပးလိုက္သည္။
ႏြယ္ ပထမတစ္ေခါက္ကလို ေတာင္ထိပ္ေပၚေရာက္သြားတာျဖစ္ၿပီး ကေလးမေလးနဲ႔ ေနဝင္ခ်ိန္ကိုၾကည့္ကာ စကားအၾကာႀကီး ထိုင္ေျပာေနခဲ့တာျဖစ္သည္။

ေျပာတာေတြကမ်ားလို႔ မမွတ္မိႏိုင္ေပမယ့္ ‘ေဖေဖ မီးမီးကို ေမ့မတြားရဝူးေညာ္ မီးမီး ေဖေဖတို႔ဆီ က်န္ရာမွာ’ဆိုသည့္စကားကိုေတာ့ သံမိႈနဲ႔႐ိုက္ထားသလို စြဲစြဲကပ္ကပ္ႏွင့္။

“ အိပ္လို႔ဝရဲ႕လား အဆိုးေလး။ ခင္ဗ်ားေလးက မႏိုးေသးေတာ့ ဒီေကာင္႐ူးမသြားတာ ကံေကာင္း”

ႏြယ့္နဖူးေျပေျပေပၚက ဆံပင္တခ်ိဳ႕ကို သပ္တင္ေပးလိုက္ၿပီး ဒီလိႈင္းေျပာလိုက္သည္။
ၿပီးေနာက္ ဆရာဝန္ေတြေရာက္လာၿပီး ႏြယ္သာကီကိုစစ္ေဆးေပးေနတာကို ဒီလိႈင္းအခန္းေထာင့္က ရပ္ၿပီးၾကည့္ေနလိုက္သည္း နာရီဝက္ေက်ာ္ေက်ာ္ၾကာမွ ဆရာဝန္ေတြျပန္ထြက္သြားေလသည္။

လူမ႐ွိေတာ့မွ ဒီလိႈင္း ႏြယ္သာကီ့အနားဝင္ထိုင္လိုက္ၿပီး ဆံစေလးေတြကိုတို႔ထိလိုက္ လက္ဖမိုးေလးကိုတို႔ထိလိုက္နဲ႔ အလုပ္မ်ားေနသည္။

“ ေမာင္..ႏြယ့္ဗိုက္ထဲက ဘာေလးထြက္လာတာလဲ ဟင္ “

အသံခပ္အက္အက္ေလးနဲ႔လာေမးေတာ့ ဒီလိႈင္းရင္ထဲမ်က္ခနဲျဖစ္သြားေပမယ့္ ေရးေရးေလးျပဳံးျပကာ ႏြယ္သာကီ့နံေဘးထိုင္ၿပီး လက္ကိုဖြဖြေလးကိုင္ကာ..

“ ႏြယ့္ဗိုက္ထဲမွာ ေနာက္ထပ္ကေလးေလးတစ္ေယာက္ ႐ွိေနေသးတာ ႏြယ္ရဲ႕..။ ေမာင္ထင္တာ‌ေတာ့ ႏြယ္အိပ္ေပ်ာ္သြားရင္ သမီးကို ျမင္ဖူးမယ္ ထင္တယ္ “

ထိုအခါမွ ႏြယ္အံ့ဩသြားငလို ေမာင့္ကိုၾကည့္လိုက္ေတာ့ ေမာင္က သူလည္းသိပါတယ္ဆိုသည့္ပုံစံႏွင့္ ႏြယ့္ကိုျပဳံးျပသည္။

“ သမီးက နာမ္ေငြ႕ေငြ႕ေလးပဲ႐ွိတာ ႏြယ္..။ ျမန္မာအေခၚဆို လူေျခာက္ေပါ့ ႏြယ္။ ဒီဘဝမွာ သမီးက ဒီျဖစ္တည္မႈနဲ႔ ေမာင္တို႔ဆီမလာခ်င္လို႔ထင္တယ္ ႏြယ္..။ သမီးက ေမာင္တို႔ရင္ခြင္ကေန အခုခဏထြက္သြားတယ္ ႏြယ္။ သမီးက သူျပန္လာခဲ့မယ္ ဆိုၿပီး ေမာင့္ကို ကတိေပးထားတာ ႏြယ္ရဲ႕”

ႏြယ္မ်က္ရည္ေတြက်လာသည္။ ႏြယ့္ေပ်ာ့ညံ့မႈေတြၾကား ႏြယ့္အသိုက္အဝန္းေလးက ဓားစာခံျဖစ္ရသည္။

မင္းသိပ္ေပ်ာ့ညံ့မိတာပဲ ႏြယ္ေႏွာင္းသာကီရယ္..။ မင္းေၾကာင့္ ေမာင္ေရာ၊သမီးနဲ႔သားေရာ ထိခိုက္ရတယ္ ႏြယ္ေႏွာင္းသာကီရဲ႕ မင္းကသိပ္ေပ်ာ့ညံ့တဲ့ေကာင္ပဲ..။

“ ဒါေတြအားလုံး ႏြယ့္ေၾကာင့္လိုေတြးေနရင္ ေမာင္စိတ္မေကာင္းျဖစ္ရလိမ့္မယ္ ေမာင့္ႏြယ္”

တစ္ေနရာထဲကိုစိုက္ၾကည့္ေနၿပီး မ်က္ရည္ေတြက်ေနသည့္ ႏြယ့္ေၾကာင့္ ဒီလိႈင္းထိုသို႔ေျပာလိုက္မိပါ၏။

မင္းနာက်င္ေနရင္ ေမာင္ကပိုနာက်င္တယ္ ႏြယ္..။

“ ဒါေတြအားလုံးက ျဖစ္ခ်ိန္တန္လို႔ျဖစ္ရတာ ေမာင့္ႏြယ္..။ မလွပခဲ့တဲ့ အတိတ္ေတြက ေနာင္တစ္ခ်ိန္မွာ ေမာင္တို႔ကို ေပ်ာ္ေစမွာ ႏြယ္ရဲ႕ “

“ ေမာင့္ကို ႏြယ္ အားနာလိုက္တာ "

လူမမာတစ္ေယာက္၏ ခပ္အက္အက္အသံက ဒီလိႈင္းရင္ကို လိႈင္းထန္ေစသည္။
ဒီလိႈင္း ႏြယ့္လက္ဖမိုးကို ငုံ႔နမ္းလိုက္သည္။

“ ခ်စ္သူေတြမွာ အားနာဖို႔မွမလိုဘဲ ႏြယ္ရယ္..ေမာင္က မင္းကိုခ်စ္တာမို႔ ‌ႏြယ္စိတ္မေကာင္းျဖစ္ေနရင္ ေမာင္ပိုစိတ္မေကာင္းရတယ္ ေမာင့္ႏြယ္ “

“ အင္း ႏြယ္လည္း ေမာင့္ကိုခ်စ္တယ္ “

ႏြယ့္စိတ္ထဲက ထင့္ေနမႈေၾကာင့္ အခန္းထဲကို ေဝ့ဝဲကာ ႏြယ္ၾကည့္လိုက္ေတာ့ ဘာမွမေတြ႕ေခ်။ ထို႔ေၾကာင့္ ႏြယ္ ပိုဝမ္းနည္းလာရေခ်သည္။

“ ေမာင့္..ႏြယ္တို႔ သားေရာ..အိပ္ေနတာဆို ႏြယ္တို႔ သားေရာလို႔ “

“ ႏြယ္သာကီ ခင္ဗ်ား လႈပ္လို႔မရေသးဘူး ကုန္းထမေနနဲ႔ ကြၽန္‌ေတာ့္ကို ေဒါသထြက္ေအာင္ မလုပ္ပါနဲ႔ ႏြယ္သာကီရယ္။ ဒီကေကာင္က ခင္ဗ်ားကို လိမ္မယ့္ ေကာင္လား “

ဒီလိႈင္း ခပ္မာမာေအာ္လိုက္ေတာ့ ႏြယ္ကခ်က္ခ်င္းၿငိမ္က်သြားကာ ဒီလိႈင္းကို နားမလည္သိလို မ်က္ဝန္းေတြႏွင့္ ၾကည့္လာေလသည္။

“ သားက႐ွိတယ္..လမေစ့ဘဲ ေမြးထားရတာမို႔ အထူးၾကပ္မတ္ေဆာင္ေရာက္ေနတယ္ ႏြယ္သာကီ..အခုသားေရာ မင္းေရာ ေမာင့္ရင္ေငြ႕ေအာက္မွာ လုံလုံျခဳံျခဳံ႐ွိေနဆဲပါ ေမာင့္ႏြယ္သာကီရယ္ “

“ ေမာင့္ကို ႏြယ္ ယုံပါတယ္။ ႏြယ္ မယုံတာ ကံၾကမၼာကိုပါ ေမာင္ရယ္ “

“ အင္း အဲ့ေကာင္ကိုေတြ႕ရင္ တစ္ခါေလာက္လည္ၿမိဳနင္းသတ္အုံးမယ္ “

ဝမ္းဗိုက္က နာက်င္ေနသည့္ ၾကားကေန ႏွစ္ေယာက္သား ခပ္ဖြဖြျပဳံးလိုက္ၾကသည္။

“ သိပ္ပင္ပန္းေနသလား ေမာင္..”

“ အင္း ႏြယ္နဲ႔ခြဲခြာရမွာကို ဒီေကာင္က ႐ူးေလာက္ေအာင္ ေၾကာက္ၿပီး ေသခ်င္တဲ့အထိ ပင္ပန္းရပါတယ္ ေမာင့္ႏြယ္”

“ နားလိုက္ပါအုံး ေမာင္။ ေမာင့္ဆီကေန ႏြယ္ ခြဲမသြားေတာ့မွာမို႔ ခဏေလာက္ နားလိုက္ပါအုံး “

“ အင္း ေမာင္အိပ္လိုက္အုံးမယ္ “

ဒီလိႈင္း ႏြယ္သာကီ့ႏွဖူးကို ခပ္ဖြဖြအနမ္းေပးလိုက္ၿပီးေနာက္ လူနာေစာင့္အတြက္ထားထားသည့္ ကုတင္မွာ ေခြကနဲသြားအိပ္လိုက္ပါသည္။ ‌အရမ္းပင္ပန္းထားလို႔ ေခါင္းအုံးနဲ႔ထိလိုက္တာနဲ႔ကို တုန္းခနဲ အိပ္ေပ်ာ္သြားရေတာ့သည္။

ႏြယ္ ေမာင့္ကိုေငးၾကည့္ရင္း ေမာင္နဲ႔ဆုံစည္းေစခဲ့တဲ့ ဖူးစာေရးနတ္ကို ေက်းဇူးႀကီးတင္ေနပါေတာ့သည္။

ေယာက်ၤား၊မိန္းမျဖစ္တည္မႈမ်ိဳးထက္ ‌ေမာင္က ႏြယ့္ေႏြးေထြးရာ ကမ႓ာႀကီး..။ ေမာင္သာ မိန္းကေလးတစ္ဦးဆိုလဲ ႏြယ္ခ်စ္မိအုံးမယ္ထင္တယ္။
____________________

Mg'd Nwel Thar Kii (Book version)Where stories live. Discover now