အပိုင်း(၁၆)
မနက်(၄)နာရီ လေယာဉ်လက်မှတ်ရ၍ (၃)နာရီလောက်ထဲက ထကာပြင်ဆင်ရသည်။ ဗိုက်ဗိုက်ကအိပ်ပျော်နေသေးသည်မို့ အတတ်နိုင်ဆုံးအသံမထွက်အောင် လိုအပ်သည့် အဝတ်အစားနှင့်အသုံးအဆောင်များကိုထည့်ရသည်။ ပြီးနောက် ဗိုက်ဗိုက်ကို ကိုလွမ်စေးတို့နှင့်ထည့်ပေးလိုက်မည်ဖြစ်ပြီး သူကိုယ်တိုင်ကတော့ လေယာဉ်ကွင်းပြင်ပအထိ ဆိုင်ကယ်နဲ့သွားမည်ဖြစ်သည်။ အိမ်စောင့်အနေနှင့် Bနှင့်Cကိုထားခဲ့မည်ဖြစ်၏။
“အွင်း..မောင်..”
နိုးလာသည်နှင့်အပျင်းကြောဆန့်ကာ ပထမဦးဆုံးတမိသည်က ‘မောင်’ဟူသော နာမ်စားပါပဲ။ တခြားသူတွေက သူတို့ချစ်သူကို ‘မောင်’ဟုဘာကြောင့်ခေါ်လဲတော့မသိ။ အမျိုးသားတစ်ဦးဖြစ်သည့် နွယ်သာကီက သူ့အသက်ထက်ဆုံးဖြစ်သည့်အမျိုးသားကို ရင်နှင့်ရင်းပြီး အမြတ်တနိုးချစ်ရတာကြောင့် ‘မောင်’ဟုခေါ်သည်တဲ့။
ထို့ကြောင့် နွယ်သာကီထွင်သောအဆိုအရ ရင်နှင့်ရင်းကာ အမြတ်တနိုးခေါ်ယူရသောနာမ်စားကို မောင်ဟုခေါ်သည်။
“ အင်း..ပြန်အိပ်အုံးနွယ်သာကီ..”
“ဟင့်အင်း..”
ရင်ခွင်ထဲမှ လူလဲထပြီး မျက်လုံးနှစ်ဖက်ကို လက်ချောင်းများနှင့်ဖွဖွပွတ်ပြီးနောက် ပါးနှစ်ဖက်ကိုခပ်စပ်စပ်လေးရိုက်နေပြန်သည်။ ကပို့ကရို့ကေသာနှင့် နုနယ်သောအမျိုးသားသည် ရင်ခွင်နန်းမှ အနုပညာမြောက်သောထုဆစ်မှုဖြစ်ပေ၏။
“ နွယ်တို့ ဘယ်ရောက်နေတာလဲ ဟင်..”
“လေယာဉ်ပေါ်မှာ..”
“ ဟမ်..ဘယ်သွားနေတာလဲ..”
“ ဘန်ကောက်..”
“ ဘာလုပ်ဖို့..”
“ ကိစ္စရှိလို့..”
“ ဘာကိစ္စ..”
“ ကျစ်..နွယ်သာကီ ခင်ဗျားကိုယ်ခင်ဗျား ရေသည်ပြဇာတ်သင်နေတယ်ထင်နေလား..”
“ဟီး..မောင်ကလဲ..ဟိုလေ နွယ် အပေါ့သွားချင်လို့..အဲ့တာ..”
“ အင်း ထ..လိုက်ပို့မယ်..”
နွယ်သာကီက အရစ်ရှည်ရင်လဲသူ့အပြင်နှစ်ယောက်မရှိ။ ဆူလိုက်ပြန်ရင်လဲ ဆူလိုက်တဲ့သူတောင် ကိုယ့်ကိုကိုယ်မှားပြီးထင်ရလောက်အောင် ချစ်စရာကောင်းပြသေးသည်။ ထိုအမူအရာတွေသည် နွယ်ရှင်တစ်ခုသဖွယ် ဒီလှိုင်းခက်ထန်ကို အထပ်ထပ်ရစ်နှောင်နေလေသည်။
လေယာဉ်ကွင်းသို့ရောက်သော် အဆင်သင့်လာကြိုသူတွေကြောင့် အခက်အခဲမရှိ ဆေးရုံသို့သွားလို့ရ၏။ သို့သော် နွယ်သာကီတို့က တကယ့်ကိုရစ်ပတ်နွယ်ပဲ။
“ မောင်နဲ့လိုက်မှာပါဆို..”
“ ကျစ်..မဆိုးစမ်းနဲ့နွယ်သာကီ..”
“ ဟင့်..မောင်ကလဲ..”
ဗိုက်ဗိုက်ကို ဆိုင်ကယ်နဲ့မခေါ်ချင်တာ ဒီလှိုင်းအမှားတော့မဟုတ်ချေ။ လနုသေးတော့ တစ်ခုခုမှားယွင်းတာမျိုးမဖြစ်စေချင်။
ဒီကလေးသည် ဒီလှိုင်းတို့မမျှော်မှန်းထားသည့် ဆုလာဘ်မို့ ဒီလှိုင်းမှာ ဆုပ်လည်းစူး စားလည်းရူးအခြေအနေသို့ရောက်နေရသည်။
ဖြစ်နိုင်ရင် နွယ်သာကီကို အနာတရကင်းကင်းနဲ့သာ ရင်ခွင်နန်းမှာစိုးစံခိုင်းချင်ပါသည်။
ဒီလှိုင်းကို မဆန့်ကျင်နိုင်သည့် နွယ်သာကီက လွမ်စေးတို့နှင့် တစ်ခါထဲလိုက်သွားရပြီး ဒီလှိုင်းက မောင်းသူပါသည့် ဆိုင်ကယ်နှင့်လိုက်ခဲ့သည်။ ကားကိုမြင်ရင်တောင် ချွေးစေးပျံချင်နေတာမို့ စီးဖို့က မဖြစ်နိုင်သေးသောအရာဖြစ်၏။
ဆေးရုံရှေ့သို့ရောက်တာချင်းတူနေသည်မို့ အားငယ်စိတ်ဝင်နေသည့် ဗိုက်ဗိုက်အနားသွားကာ ပခုံးပေါ်ကိုလက်တင်ပြီး မသိမသာနွေးထွေးမှုပေးလိုက်သည်။ နေရာစိမ်းဆို ဘယ်နောရာမဆို ကြောက်တတ်သည့် ဗိုက်ဗိုက်က အခုမှစိတ်ချဟန် သက်ပြင်းဖွဖွလေးချ၏။
“ မောင်..ဆေးရုံကို နွယ်တို့ ဘာလာလုပ်တာလဲ..”
“လာကစားတာ..”
“အကောင်းမေးတာကို..”
“တိုးတိုးလေးနေ ပြီးကျသိလိမ့်မယ်..”
သူတို့ receptionကိုတန်းသွားလိုက်ပြီး ထိုင်းစကားတတ်သည့် ကိုလွမ်စေးက ဦးဆောင်ကာ သူနာပြုတွေကိုမေးလိုက်၏။
“ဆေးရုံအုပ်ရောက်ပြီလား..”
“ မရောက်သေးပါဘူး..ဆရာက (၈)နာရီမှရောက်မှာပါ..”
လွမ်စေးနာရီကိုကြည့်လိုက်တော့ ငါးခွဲပဲရှိသေး၍ ကျန်တဲ့အချိန်တွေမှာထိုင်စောင့်နေရမည့်အဖြစ်။ လွမ်စေးအပါအဝင် ပါလာသည့်လူတိုင်းကသိပ်စိတ်ရှည်တတ်တာမဟုတ်၍ ကျစ်ခနဲစုတ်သပ်မိလိုက်ကြပြီး စိတ်အလိုမကျဖြစ်နေကြသည်။ လွမ်စေးလဲ ဖုန်းကိုထုတ်ကာ ဖအေမတူ အမေကွဲညီကို ဖုန်းလှမ်းဆက်ရသည်။
သုံး၊လေးခါခေါ်လို့ မကိုင်သည့်အဆုံး ယောက်ဖဖြစ်သူကို လှမ်းဆက်ရတော့သည်။
“အင်း..အဲ့ကောင်မထရင် ကုတင်ပေါ်ကကန်ချပြီး နှိုးလိုက်..”
ဆေးရုံအုပ်က တခြားသူမဟုတ်။ လွမ်စေးရဲ့မွေးစားမိဘတွေ၏ သားအရင်းဖြစ်၏။ ကလေးမရဘူးအထင်နဲ့လွမ်စေးကိုမွေးစားထားတာဖြစ်သော်လည်း လွမ်စေးကိုမွေးစားပြီးမှ ကလေးရ၍ ဤကဲ့သို့အံ့ဩလောက်တဲ့ ဆွေမျိုးတော်စပ်မှုကြီးဖြစ်သွား၏။ မွေးစားမိဘနှစ်ပါးစလုံးဆုံးပါးသွားပြီဖြစ်သော်လည်း အမွေတွေကို ညီအစ်ကိုနှစ်ယောက်ကိုဝေပုံကျပေး၏။ လွမ်နောင်ဆိုတဲ့ကောင်က ပစ္စည်းဥစ္စာအပေါ်တပ်မက်ခြင်းမရှိဘဲ ထိုင်းဘက်မှာပဲအခြေချကာ ဆေးရုံတစ်ခုလည်ပတ်ဖို့အရင်းအနှီးသာယူပြီး မြန်မာဘက်က လုပ်ငန်းတွေကို လွမ်စေးနှင့်ဖြစ်သလိုလွှတ်ထား၏။
သူတို့နှစ်ဦးက လုပ်ငန်းကိစ္စတွေပြောရင်သာတည့်ပေမယ့် ကျန်သည့်အချိန်တွေဆို အပေါက်အလမ်းမတည့်ကြသည့် သူနှစ်ယောက်ဖြစ်၏။ အခုလည်းပဲ ညကဖုန်းကြိုဆက်ထားတာကို မနက်ကျ ဖုန်းခေါ်တာပါမကိုင်ဘဲ မေ့ပြီးအိပ်နေသည်တဲ့။
များမကြာမီ အိပ်ချင်မူးတူးနှင့် တဟွားဟွားသမ်းကာရောက်လာသည့်သူသည် ဥပဓိရုပ်အရသာဆရာဝန် ဖြစ်ကောင်းဖြစ်မည်ဟုထင်ရသည်။ သူ၏အပြုအမူတွေသည် စိတ်မချရသောဆရာဝန်ဟုရည်ညွှန်းနေ၏။
“ မင်းကိုယုံကြည်ပြီးပြမယ့် လူနာတွေကိုတော့ ငါအံ့ဩတယ်..ငါတောင်ပြန်ရင်ကောင်းမလားလို့..”
“ လူတစ်ယောက်ရဲ့အပြုအမူကိုကြည့်ပြီး သူ့အရည်အချင်းကိုဆုံးဖြတ်ရင် မင်းဦးနှောက်မရှိမှန်း သိသာတာပေါ့..”
“ ဪ ဉာဏ်ကြီးရှင်က မနက်ကျရောက်မယ်လို့ပြောထားတာကိုကျ မေ့နေတယ်ပေါ့”
“ အေး..မင်းနဲ့စကားနိုင်မလုတော့ဘူး..ဒါနဲ့လူနာက ဘယ်သူလဲ..”
“ သူ..”
နွယ်သာကီ့ဘက်ကိုအားလုံးရဲ့အကြည့်တွေရောက်လာတော့ တအံ့တဩနှင့် ပြူးကြောင်ကြောင်လေးဖြစ်သွားရသည်။ နွယ်ဟာနေမကောင်းတာမှမဟုတ်ဘဲ ညကအစာမကြေလို့ခေါင်းမူးပြီး အိပ်ပျော်သွားတာလေးပဲရှိတာ။
“ မောင် နွယ်နေကောင်းတယ်လေ..”
“ အင်း ခင်ဗျားနေကောင်းတယ်..”
“ အဲ့ဆိုဘာလို့..”
နှစ်ယောက်ထဲတွတ်ထိုးနေစဉ် လွမ်နောင်၏ကြားဖြတ်အမေးစကားကို ဒီလှိုင်းပဲဖြေလိုက်၏။
“လူနာက ဆီးစစ်ပြီးပြီလား..”
“ မစစ်ရသေးဘူး..ညကမူးလဲလို့ ဆရာဝန်ပြတာ ဆရာဝန်ကအဲ့အတိုင်းပြောလို့..”
“ ဒါဆို အခန်းထဲက ဆီးစစ်ဖို့ဟာတွေလိုက်ယူပြီး စစ်ကြည့်လိုက်အုံး..”
အကုန်လုံးဆေးရုံအုပ်အခန်းကိုဦးတည်ကာလိုက်သွားကြတော့၏။ လမ်းတလျှောက်က ဆရာဝန်တွေ၊သူနာပြုတွေကတော့ သူတို့ဆေးရုံအုပ်တောင်အစောကြီးထလာရသည့် လူနာကိုစိတ်ဝင်စားနေဟန်ရှိကြသည်။
ပိုးသတ်ဆေးနံ့တွေရကထဲက နွယ်သာကီ ပျို့အန်ချင်သလိုဖြစ်လာကာ ခေါင်းထဲမူးနောက်နောက်ဖြစ်လာသည်မို့ မောင့်လက်ကို ပိုပိုသာသာဖက်တွယ်လိုက်သည်။
“ဘာဖြစ်လို့လဲ..”
“ခေါင်းနည်းနည်းမူးလို့..”
“ ရရဲ့လား..ကျွန်တော်ချီသွားမယ်လေ..”
“ ဟင့်အင်း ရတယ်..”
မောင်က ပြန်ဆုံပြီးနောက်ပိုင်းမှာ နွယ့်အပေါ် ပထမဆုံးယဉ်ကျေးစွာသုံးနှုန်းလာခဲ့သည်မို့ ခေါင်းမူးနေတဲ့ကြားကတောင် ပြုံးမိသည်။
ခုနက သေချာမကြားလိုက်သည့် ဆီးစစ်ဖို့အချင်းအရာသည် ကိရိယာအစုံအလင်လက်ထဲရောက်လာမှ မျက်လုံးပြူးမျက်စံပြူးဖြစ်ရသည်။
“ မဟုတ်မှ နွယ်..”
“အင်း အဲ့တာသေချာအောင် စစ်ခိုင်းတာ..”
“ဟင်..”
အိမ်သာထဲကိုဆီးစစ်တံပါတစ်ခါထဲယူပြီး ပြထားသည့်အညွှန်းအတိုင်း ဆီးစစ်ကြည့်လိုက်သည်။ ပေါ်လာသည့် အနီရောင်မျဉ်းနှစ်ကြောင်းသည် ယောင်္ကျားသားတို့နဲ့ မအပ်စပ်စွာပဲ..။
သာမာန်အမျိုးသားတစ်ဦးတွင် သားအိမ်ပါခဲ့လျှင် တကယ့်ကိုကံဆိုးမှုပါပဲ။
YOU ARE READING
Mg'd Nwel Thar Kii (Book version)
Romanceခေတ်ကာလ အရ Wp versionနဲ့ Book versionဆိုပြီး versionနှစ်မျိုးရှိပါတယ်။ ခပ်ကြမ်းကြမ်းကြိုက်ရင် Wp versionကိုဖတ်သင့်ပါတယ်။