CH:9

1.1K 44 1
                                    

မောင့်နွယ်သာကီ
အပိုင်း(၉)
နွယ်နှောင်းသာကီဆိုတဲ့လူက အမျိုးမျိုးကို မြူစွယ်နေတော့တာပဲ..အခုလည်း ကြည့်..သူပြန်လာတော့ ရေချိုးခန်းထဲကနေ bathrobeကို ခပ်ဟဟဝတ်ပြီး ရေစက်လက်နှင့်ထွက်လာလေသည်။

" ကျစ်..နွယ်သာကီ ခင်ဗျား..”
" အင်း..မောင် နွယ်ဘာဖြစ်လို့လဲ "

အသံကို ခပ်ရှည်ရှည်ဆွဲပြီး ခေါင်းသုတ်ရင်း မေးလာသည့်ပုံက ဆွဲလုပ်ပစ်ချင်စရာ..။

" ခင်ဗျား ကျုပ်ကိုလာလာဆွနေတာပဲ ခင်ဗျား"
" မောင်ရယ် နွယ့်ကိုယ်မှာဆေးနံ့တွေနဲ့မို့ ရေချိုးလိုက်တာပါ မောင်..။ မောင် မကြိုက်လို့လားဟင် "

မောင့်အသံမာလာတာကို နွယ်ဖြင့်နားမလည်နိုင်သည့်အပြင် ဝမ်းနည်းလာသည်။ နွေးထွေးမှုတို့ တစ်စတစ်စပျောက်ကွယ်နေသည့် မောင့်ပုံကြောင့် နွယ် ပိုပိုပြီးဝမ်းနည်းလာသည်။

"ကဲ..ဘာမှမဟုတ်တော့ဘူး..မျက်ရည်တော့ထွက်မလာပါနဲ့..ဒါနဲ့ ညနေကျ Dinnerတစ်ခုသွားရမယ် အဝတ်အစားတွေခဏနေလာပို့လိမ့်မယ်"
" ဟုတ် မောင်..နွယ်မငိုပါဘူး‌..အဲ့တာဆို နွယ်ဒီအတိုင်းပဲစောင့်နေလိုက်တော့မယ် "
" ကဲ သဘော သဘော နေချင်သလိုနေကွာ"

ဆိုကာ ခေါင်းကိုဖွပြီး..သူရေချိုးခန်းထဲကို ဝင်သွားခဲ့သည်။
နွယ်သာကီကို ဒီလိုပုံစံနဲ့တွေ့ရတာ ချွန်းအုပ်ထားသည့်စိတ်ရိုင်းက တစ်စတစ်စတိုးထွက်လာသည့်နှယ် ခံစားနေရ၍ သူမြန်မြန်ပဲ အဲ့လူရှေ့က ထွက်လာခဲ့သည်။ ယောင်္ကျားတစ်ယောက်ရဲ့အပေါ်ပိုင်းအလှကိုမြင်၍ ထိုသို့အမူအရာပျက်ခြင်းမဟုတ်ဘဲ နွယ်နှောင်းသာကီဆိုတဲ့သူဖြစ်နေလို့သာ သူ့ရဲ့အရာခပ်သိမ်းကျရှုံးနေရတာဖြစ်၏။
အဲ့လူက အလိုက်မသိလိုက်ပုံများ ဖြူဖြူစင်စင်မျက်နှာလေးနဲ့ ငိုမဲ့မဲ့လေးလုပ်နေသေး၏။
မနေနိုင်လို့ ဇွတ်လုပ်လိုက်ပြန်ရင် ဒီလူကပဲ တဏှာကြီးတယ် ဖြစ်အုံးမယ်..။
" မောင်ရေ အင်္ကျီတွေရပြီထင်တယ် တံခါးလာဖွင့်ပေးလိုက်ပါအုံး နွယ်…"
" ယူပေးရင်ပြီးရောမလား။ ခင်ဗျား နားကိုငြီးတယ် နွယ်သာကီ "
သူ‌ယူပေးချင်လို့ ယူပေးတာမဟုတ်ပါဘူး..နားငြီးလို့..
ဟုတ်တယ် နားငြီးလို့..။ အဲ့လူက နားပူနားဆာကိုလုပ်လွန်းတယ်..။

သူခြေလှမ်းကျဲကြီးတွေဖြင့်သွားပြီး အထုတ်တွေယူလိုက်သည်။ ပြီးနောက် ကုတင်ပေါ်ပြစ်ချပေးလိုက်ကာ ဖုန်းလာ၍ မှန်အကာဘက်ကိုလှည့်ပြီး ဖုန်းပြောနေလိုက်သည်။

" အင်း..ချေပြီးပြီ ကိုလွမ်..သူတို့နဲ့ ညစာစားမလို့.."

သူဖုန်းပြောနေစဉ် အဝတ်အိတ်တွေကို ကိုင်လိုက် ချလိုက်လုပ်နေသည့်လူကို မျက်လုံးထောင့်ကနေမြင်နေရ၍ မျက်ခုံးများတွန့်ချိုးသွားပြီး လှည့်ပြောလိုက်လေသည်။

" နွယ်သာကီ..ဝတ်မှာဖြင့်မဝတ်ဘဲနဲ့ ဘာလုပ်ဖို့ ကိုင်လိုက်ချလိုက်လုပ်နေရတာလဲ..။ ဘာလဲ ခင်ဗျားအိမ်ကလို အကောင်းစားပစ္စည်းတွေမဟုတ်လို့လား "
" မဟုတ်ပါဘူး မောင်ရယ်..။ နွယ့်အတွက်ကဘယ်ဟာမှန်းမသိလို့ "

မောင်ဝယ်ပေးတဲ့ဟာတွေသည် Gucci, Channelနှင့် တခြားနာမည်ကြီး brandတွေကဟာတွေလည်း ပါပါသည်။ အမှန်တိုင်းပြောရရင် ပွဲလမ်းမရှိရင် နွယ့်အိမ်မှာတောင် နွယ်ဒီလိုမဝတ်ရချေ။

ဒါကို မောင်မသိလို့ပဲလား သိသိရက်နဲ့ပဲလားမသိ မောင်က နွယ့်ကို အခွင့်ကြုံတာနဲ့ ခနဲ့ပြန်သည်။

" ဒီခန္ဓာနဲ့ ဒီခန္ဓာ ဘယ်ဟာက ခင်ဗျားဝတ်ရမယ်ဟာလဲ ခင်ဗျားသေချာကြည့်ပါလား။ အဲ့လောက် မပိန်းစမ်းနဲ့ နွယ်သာကီ "
" အနက်တွေကလွဲလို့ ကျန်တာခင်ဗျားဟာ လုပ်ချင်သလိုသာလုပ်တော့ ကျုပ်အလုပ်လုပ်နေတယ် မနှောက်ယှက်နဲ့"

သူ နွယ်သာကီကို မာန်မဲတော့ ချက်ချင်းပြိုတော့မယ့်မိုးလို မျက်နှာဖြစ်လာသည်မို့ သူစကားလက်စသက်ကာ ဖုန်းပြန်လှည့်ပြောလိုက်သည်။

ပြောလို့ရတာမဟုတ်..ဒီလူငိုလာရင် သူလည်းမချော့တတ်..။

နွယ် မောင်ပြောတဲ့ အိတ်တွေကိုဖြဲကြည့်ကာ ခပ်မြန်မြန်ဝတ်လိုက်သည်။ ‌ပြောလို့ရတာမဟုတ်..မောင်က စိတ်ဆိုးပြီး သူ့အားကြီးနဲ့ နွယ့်ကိုလာရိုက်ရင် ဘယ်လိုလုပ်မလဲ..။
" ခင်ဗျား…"

ဒီလှိုင်းမှင်သက်သွားရသည်။ ဆင်စွယ်ရောင် ရှပ်ကိုမှ ထိပ်ဆုံး ကြယ်သီးနှစ်လုံးလောက်ကိုဖြုတ်ထားကာ အပေါ်ကုတ်အဖြူနဲ့ စတိုင်ပင်ခြေချင်းဝတ်အတိကိုဝတ်ထား၏။ ပြီးနောက် ဆံနွယ်ရှည်ရှည်တွေကို ဘယ်ဘက်ကိုစုပြီးသပ်ကာ အရှေ့ကိုချထားလေသည်။
မျက်ဝန်းအိမ်က ကြည်လင်နေပြီး နှုတ်ခမ်းပါးက ပန်းရောင်လွှမ်းနေလေသည်။
ဒီလှိုင်း ဘယ်လောက်တောင် ငေးကြည့်သွားမှန်းမသိ အရှေ့ကလူက ပြုံးစိစိနဲ့လာကြည့်မှ ဒီလှိုင်းအသိဝင်ကာ ချောင်းဟန့်လိုက်လေသည်။

" အဟမ်း..ခင်ဗျား..ဟို..အာ ဒီမှာစောင့်နေ "
ဒီလှိုင်း အဝတ်အိတ်တွေကိုယူကာ ရေချိုးခန်းထဲပဲသွားလဲလိုက်လေသည်။

" မောင်က ခံ့ညားလိုက်တာ.."
တွန့်နေသည့် နေရာတွေကို ဖော့ဖယောင်းသဖွယ် လက်ချောင်းရှည်ရှည်လေးတွေက ပုတ်ခါနေပြီး ဖွဖွလေးရေရွတ်လာတော့ ဒီလှိုင်းမြောက်ချင်ချင်ဖြစ်သွားရသည်။

" ကျုပ်ချောတာ ကျုပ်သိတာမို့ သွားကြရအောင် "
" နေအုံး မောင်..။ နွယ့်ကို ကျစ်ဆံမြီးလေးကျစ်ပေးပါအုံး.."
" ကျစ် ဒီတိုင်းဖားလျားချလာခဲ့ ရှုတ်ရှုတ်ယှက်ယှက်တွေ "

ဒီတစ်နေ့ထဲ လူနှစ်ယောက်က သူ့ကိုကျက်ဆံမြီးကျစ်ခိုင်းတော့ သူ့ကိုသူ လုပ်ငန်းရှင်တစ်ယောက်လို့မမြင်တော့ပဲ beauty salon ဖွင့်ထားတဲ့လူလိုလို ထင်လာသည်။

" နေပါအုံး မောင်ရယ်..။ မောင်ပဲပြောတယ်လေ နွယ် ဆံပင်ချထားရင် ကလေးသရဲနဲ့တူတယ်ဆို…"

အရင်ကအကြောင်းတွေပြန်ပြောလာတော့ သူ့မှာ ဒေါသထွက်ရပြန်သည်။

" ကျစ်..အရင်ကအကြောင်းတွေ စမြှုပ်လာပျံမနေနဲ့..ပေး ဒီတစ်ခါပဲရမယ် မှတ်"

ဆိုကာ ကျစ်ဆံမြီးတစ်ချောင်းထဲကို ခပ်ဖွဖွကျစ်ပေးလိုက်ပါသည်။ တင်းသွားရင်လည်း နွယ်သာကီတို့က ခေါင်းကိုက်တတ်သလို မျက်နှာသေးသေးနှင့်လိုက်လဲ မလိုက်ချေ။


သူတို့နှစ်ယောက် အပေါ်ထပ်သို့ ဓာတ်လှေကားနှင့်တက်နေသည်။ ‌သွားချင်သည့်နေရာ မရောက်ခင် တစ်ထပ်အလို၌ သူ ဘောင်းဘီအိပ်ထဲက တစ်ခုခုကိုထုတ်ပြီး နွယ်သာကီဘက်လှည့်လိုက်သည်။

" You must marry me Nwel Thar Kii"
(မင်းငါ့ကိုလက်ထပ်ရမယ် နွယ်သာကီ)

နွယ်ဖြင့် မယုံနိုင်ခြင်းမြောက်များစွာပါပဲ..။
နွယ့်ဘယ်ဘက်လက်သန်းကြွယ်ကို မောင်က ကာရတ်အမြောက်အများရှိလောက်သည့် ပလပ်တီနမ် စိန်လက်စွပ်တစ်ကွင်းကို ဝတ်ပေးနေလေသည်။

" မောင်…."
နွယ့်အသံတွေ တုန်ရင်နေကာ မျက်ရည်ပါဝိုင်းလာလေသည်။

" ဘာမှမပြောနဲ့ နွယ်သာကီ ခင်ဗျား ကျုပ်ကိုလက်ထပ်ရမယ် "
မောင်ကတော့လေ နိုင်စားလို့ရလို့ အမိန့်တွေထပ်ခါထပ်ခါပေးနေသည်လား မသိ..သိပ်ချစ်ဖို့ကောင်းတာပါပဲလေ..။

" နွယ်..နွယ် မောင့်ကိုလက်ထပ်မှာပါ‌ မောင်"
ကတုန်ကရင်နဲ့ထွက်လာသည့် နွယ့်အသံကြောင့် မောင်ပြုံးသွားပါသည်။ နွယ်နဲ့ စတွေ့ထဲက အခုမှမောင်ပြုံးပြတာမို့ နွယ့်မှာငေးခနဲဖြစ်သွားသည်။

မောင့်အပြုံးတွေက ယခင်ကထက် ပိုပြီးလေးနက်လာကာ မျက်တောင်ခတ်ဖို့မေ့ရသည်အထိ ကြည့်ကောင်းလာလေသည်။

နွယ်လည်း မောင့်ကို တစ်ခုခုပေးချင်စိတ်များ ဝင်လာသည်မို့ ညာဘက်လက်မှာအမြဲဝတ်ထားတတ်သည့် အနီရောင်ပရိတ်ကြိုးလေးကိုဖြုတ်ကာ မောင့်ညာလက်ကို ဆွဲယူပြီး ပရိတ်ကြိုးလေးကို ချည်နှောင်ပေးလိုက်သည်။

" နွယ့်မှာ အခုလောလောဆယ် ဒါလေးပဲရှိသေးတယ် မောင်..ဒီပရိတ်ကြိုးလေးနဲ့အတူ နွယ်တို့သံယောဇဉ်တွေချည်နှောင်လိုက်ပြီ မောင်..နွယ့်ဘဝကိုပါ ဒီကြိုးလေးနဲ့အတူ မောင့်ထံပါး ချည်နှောင်လိုက်တာမို့ ကိုယ်နှင့်မခွာဆောင်ထားပေးရမယ်နော် မောင်"

နွယ့်ကိုငုံ့ကြည့်နေသည့် မောင့်ကို နွယ်ပြန်မော့ကြည့်ကာ အပြုံးနုနုပေးလိုက်တော့ မောင်ကလက်ကိုရုန်းသွားပါသည်။

" ကလေးကလားနဲ့ ဘာတွေ‌လုပ်နေမှန်းကိုမသိဘူး တကယ် "
ဆိုကာ ဓာတ်လှေကားထဲကနေ သူအရင်ဦးအောင်ထွက်သွားသည်။

အို..မောင်..။ နွယ်က ကလေးလား။ မောင်က ကလေးလား လေ…

" Where is your darling? "
(မင်းရဲ့ချစ်သူ ဘယ်မှာလဲ)

ဒီလှိုင်း ဟိုလူ့ကြောင့် စိတ်ရှုပ်လာပါတယ်ဆို..‌တံခါးဖွင့်ဖွင့်ချင်း ဒီမိချောင်းသမီးက စကားရှည်နေ၍ ကိုယ်နေဟန်ကိုဟန့်ရလေသည်။

" နွယ်သာကီ ဒီကိုလာ "

မောင်က လက်ကမ်းပေးကာ နွယ့်ကိုခေါ်တော့ နွယ့်မှာမောင့်ထံပါး အပြေးလေးကပ်ရလေသည်။

“here "
(ဒီမှာလေ)
“Oh my God!. He isn't your lover. He's God of beauty Bravo"
(အိုမိုင်ဂေါ့..သူက မင်းချစ်သူမဟုတ်ဘူး။ သူက အလှနတ်ဘုရားပဲ)

ဆလွန်းက ထခုန်ကာ တအံ့တဩပြောလေတော့ သူ့ဘေးကလူက ခပ်လန့်လန့်ဖြစ်လာပြီး ရှက်လာဟန် နားရွက်လေးတွေနီရဲလာသည်။

" ဘာမှဘဝင်မြင့်မနေနဲ့ ပုံမှန်ပါပဲ "
သူ နားနားကပ်ကာ သွားပြောတော့ သူ့ကိုပင် မျက်စောင်းထိုးသေးသည်။

" မြန်မာမလေးတွေပြောတာ ဘယ်လိုပါလိမ့်…"
ဆိုကာ ပြင်သစ်သူရဲ့ မြန်လာလိုပြောသံကိုကြားတော့ သူရော နွယ်သာကီပါ မျက်လုံးပင့်မိသည်။ အထဲက လူနှစ်ယောက်ဟာတော့ ချောင်းတဟန့်ဟန့်နှင့်..။

" အား..သိပြီ..အမေရေ သမီးအနာဂတ်အမျိုးသားလေးတွေ့ပြီ "

အသံဝဲဝဲနှင့်မြန်မာလိုမွှတ်နေအောင်ပြောပြီး ထခုန်သည့် ပြင်သစ်သူလေးကြောင့် သူ့မှာရယ်ချင်သလို လက်မောင်းကိုလာဆုပ်ကိုင်သည့် လက်ကလေးတွေကြောင့် ဒီလူကြောက်နေပြီဆိုတာ သတိထားမိလိုက်သည်။

" ကလေးကိုကြောက်စရာလား ခင်ဗျားဟာလေ"
ဒီလှိုင်းခေါင်း‌တခါခါနှင့် ရယ်နေလေတော့သည်။

" မောင့်ကလေးက ထအော်တာကိုလို့"
နွယ်က မောင့်တံ‌တောင်ဆစ်နားက အင်္ကျီစလေးကို‌ဖြည်းဖြည်းလေး ဆွဲခါကာပြောတော့ မောင်က ရယ်တောမသတ်နိုင်..။

" ကဲ သမီးလေး ဟိုမှာကိုကိုလန့်နေရော့မယ် လာ ဒီကို "
Mr. Loganဆိုသည့်လူက မြန်မာလိုပြောပြီး သူ့သမီးကို သူ့နားပြန်လာထိုင်စေသည်။

ဪ..တစ်လျှောက်လုံးအင်္ဂလိပ်လိုပြောလာတဲ့ ဒီလှိုင်းခက်ထန်ကို ပြင်သစ်မိသားစုက တစ်ကွက်ပြသွားတာပဲ။

" Okay.. Please follow me God of beauty”
(အိုကေ ငါနောက်ကလိုက်ခဲ့ပါ အလှနတ်ဘုရားရေ)

အလှနတ်ဘုရားလို့ စ လိုက်တိုင်း ပါးလေးတွေရဲတတ်သည့် နွယ့်ကို ဆလွန်း ပြုံးစိစိဖြင့် စ‌ နောက်‌နေသည်။
လူကြီးတွေအကုန်လုံးခေါင်းတခါခါနှင့် မနိုင်နိုင်ဘူး ဆိုသည့်သဘော ကိုပြနေလေသည်။

" ဒီကိုရောက်တုန်း မြန်မာ curryတွေပဲမှာထားလို့ BBrownတို့မှာချင်တာရှိရင် ထပ်မှာနော် "

" ‌ကျေးဇူး Mr. Logan အခုဟာက အတော်လေးပြီးပြည့်စုံနေပါပြီ "

Mr. Loganက သိပ်ပြီး မြန်မာလိုနားလည်ပုံမရဘူး သူ့ဘေးက သူ့အမျိုးသားကို ဒီလှိုင်းရဲ့ဆိုလိုရင်းအကြောင်း မေးကာ ခေါင်းတညိတ်ညိတ်..။ သူသိသွားမှ ဒီလှိုင်းဘက်ကိုပြုံးပြရင်းနှင့် နွယ့်ဘက်ကိုလှည့်ကာ…။

" ကျွန်တော့်အမည် လိုဂန်ဖြစ်ပါတယ်”
နွယ် မိတ်မဆက်ခင် မောင့်ကိုတစ်ချက်ကြည့်လိုက်သည်။ မောင်က ခေါင်းညိတ်ပြမှ နွယ်လည်း ရှိရင်းစွဲအပြုံးလေးဖြင့်…

" အာဟုတ်..ကျွန်တော့် နာမည် နွယ်နှောင်းသာကီပါ တွေ့ရတာဝမ်းသာပါတယ်"
" ကျွန်တော့်နာမည် ‌ဗက်ဇ်ပါ တွေ့ရတာဝမ်းသာပါတယ် "
" ဒီလှိုင်းခက်ထန်..ကျုပ်နာမည် "

ဒီလှိုင်းအနေနှင့် ကိုယ်ရေးကိုယ်တာနာမည်နှင့် လုပ်ငန်းရှင်နာမည်ဟူ၍ နှစ်မျိုးမထားသော်လည်း BBrown ဆိုသည့် နာမည်ကသူ့အလိုလိုမှည့်လိုက်ကြ၍လုပ်ငန်းခွင်ထဲမှလူတွေသည် ထိုနာမည်ကိုပဲ သိကြတာများသည်။ လိုက်စုံစမ်းသည့်လူတွေကတော့ နာမည်အရင်းကို သိချင်ကြလိမ့်မည်။
ဒီလှိုင်းအနေနဲ့ ဖုံးကွယ်ထားတာမျိုးတော့မဟုတ်ချေ။

" ငါ့နာမည်….."
" Sloan.. He is older than you "
(ဆလွန်း..သူကမင်းထက်ကြီးတယ်လေ)
" Oh.. Sorry..မြန်မြန်ပြောချင်သွားလို့"
" အငယ့်နာမည် ဆလွန်းလို့ခေါ်ပါတယ် ကိုကို"

'အငယ်'ဆိုသည့်နေရာလေးမှာ ဒီလှိုင်းမျက်နှာတစ်ချက်ပျက်သွားကာ ဘေးကလူကိုကြည့်လိုက်တော့ ဘေးကလူကလည်း သူ့မျက်နှာရိပ်မျက်နှာကဲ လိုက်ကြည့်နေလေသည်။

" ဘယ်လိုဖြစ်လို့ ကျုပ်ကိုလိုက်ကြည့်နေရတာလဲ။ မသိရင် ကျုပ်က ခင်ဗျားကိုနှိပ်စက်တယ်ထင်နေကြအုံးမယ် "

ဒီလှိုင်း အံ့ကြိတ်ကာ ပြောလိုက်တော့ ရှိရင်းစွဲအပြုံးဖြင့် ပြန်ပြုံးပြကာ သူ့အနားတိုးပြီး ပြန်ကပ်ပြောသေးသည်။

" မောင်က အရမ်းချောနေလို့ ငေးကနဲဖြစ်သွားတာ…"

ဒီလူတော့ကွာ…

စားရင်း သောက်ရင်း ဘယ်သူ့မှစကားမပြောကြပဲ တစ်ယောက်ကိုတစ်ယောက်အကဲခတ်ကာ စားသောက်ကြလေသည်။ အကဲမခတ်နိုင်သူက နွယ်သာကီ..။

ငါးကြော်နှပ်က ငါးအရိုးတွေနွှင်ကာ ဒီလှိုင်းပန်းကန်ထဲထည့်လိုက်..ကြက်သားအရေခွံနွှာ၊အရိုးနွှာကာ ဒီလှိုင်း ပန်းကန်ထဲထည့်ပေးလိုက်နှင့် သူ့ဟာနှင့်သူ အလုပ်ရှုတ်နေတော့သည်။

" နွယ်နွယ်က ဒီဒီ့ကိုပဲထည့်‌ပေးနေတာ စားလည်းမစားဘူး မကောင်းလို့လားဟင် "

တခဏတော့ လူကြီးလုံးယောက်လုံးကြောင်သွားပေမယ့် နောက်တော့မှ ဝါးခနဲ ထရယ်ကြလေသည်။

" ငါ့သမီးကတော့ သူ့ဘာသာနာမည်‌မှည့်လိုက်ပြန်ပြီ "
Bazက သဘောတကျကြီးကို ပြောလေသည်။ သူ့ညီမဝမ်းကွဲပေမယ့် သူ့လင်ကိုဖအေခေါ်တော့ သူကလည်းဖအေပဲလေနော်..။

" အငယ်မေးတာဖြေအုံးလေ နွယ်နွယ်ရဲ့ "

" အာ..မဟုတ်ပါဘူး အငယ်ရယ်..။ နွယ်က မောင်အရိုးနွှင်ရတာ ခက်နေမှာစိုးလို့ပါ။ ပြီးတော့ နွယ်က အစားနည်းတယ်လေ "

နွယ့်အဖြေကြောင့် ဆလွန်းလေးက ခေါင်းတညိတ်ညိတ်နှင့် အစားအစာကိုကုန်အောင်စားနေသလောက် မောင်က ခုံအောက်ကနေ နွယ့်ပေါင်ကို လာညှစ်ပြီး မျက်ထောက်နီနဲ့ကြည့်လာကာ…

" ကျုပ်က ဇွန်းနဲ့အရိုးမနွှင်တတ်ရအောင် တောကျိုအုံကြားကလာတာမို့လို့လား နွယ်သာကီ ကျုပ်ကိုလူကြားထဲမှာ နှိမ်တာလား"

ဆိုပြီး သွားကြားထဲက လေသံနှင့်ပြောတော့ နွယ် ခေါင်းတခါခါနှင့် မဟုတ်ရကြောင်း အသေငြင်းရပါသည်။

" နွယ် ပြောချင်တာ…"
" ကျုပ်မပေါက်ကွဲခင် ဆက်မပြောနဲ့တော့ "

နွယ့်မှာ ပါးစပ်ပိတ်ကာ ဆက်မပြောတော့ဖို့သာ အတည်ပြုလိုက်ရပါသည်။

နွယ်ပြောချင်တာ အဲ့လိုမှမဟုတ်ဘဲ မောင်~~
အခိုက်နက္ခတ်နဲ့ မွေးဖွားလာတဲ့ နွယ့်စကားတွေက မောင့်အတွက်အထင်လွဲစရာတွေ ဖြစ်စေသလား‌ မောင်~~

ဆိုဖာမှာ သက်သောင့်သက်သာ ထိုင်ကြပြီး အချိုပွဲစားတဲ့အခါတော့ နိုင်ငံခြားဆန်ဆန် ယမကာတချို့နှင့် ဗမာမုန့်တချို့က မလိုက်ဖက်စွာ စားပွဲပေါ်တွင် နေရာယူလာပါသည်။

" Mr.Nwel ခွက်လေးပေးပါအုံး..အာမေ့တော့မလို့ အသက်ရောပြည့်ပြီးရဲ့လား အဟင်း "

Baz ရှန်ပိန်ထည့်ဖို့ ခွက်လှမ်းတောင်းလိုက်သည်။

" နွယ့်အသက်(၃၀)ပြည့်ပြီးပါပြီ "

Baz တအံ့တဩဖြစ်သွားသည်။ ဒီပိစိကွေးဖြူစုတ်စုတ်နဲ့ ပိုးဟပ်ဖြူလေးက အသက်(၃၀)တဲ့လား။ အို..ဘုရားရေ မယုံနိုင်စရာ….။

နွယ် ခွက်လှမ်းမပေးခင် မောင့်ကိုကြည့်လိုက်တော့ မောင်က ‌မပေးဖို့ ခေါင်းရမ်းပြတာမို့ နွယ်အလိမ္မာနည်းနဲ့ ငြင်းရတော့သည်။

" ကျွန်တော် မသောက်တော့ပါဘူး Mr. Baz ကျေးဇူးတင်ပါတယ်ဗျ "

" Okay.Logan.Vous ne trouvez pas qu'il est mignon ? "
(အိုကေ..လိုဂန် သူက ချစ်စရာကောင်းတယ်လို့မထင်ဘူးလား)
" Eh bien, pas autant que mon propre amour"
(အင်း..ကိုယ့်အချစ်လောက်တော့မဟုတ်ဘူး)

သူတို့နှစ်ဦးကပြောချင်တာပြောနေသလို ဒီလှိုင်းဘေးက ဆလွန်းနဲ့ နွယ်သာကီကလည်း ကာတွန်းကားအကြောင်းတွေ တစ်ယောက်နဲ့တစ်ယောက်ဖောက်သည်ချနေလေသည်။ ဒီလှိုင်းကတော့ တစ်ယောက်ထဲ အလည်မှာ စာခြောက်ရုပ်ကြီးသဖွယ် တောင့်တောင့်ကြီး…။

" နွယ်နွယ် ရေကြီးပဲမသောက်နဲ့ ဒါလေး နည်းနည်းသောက်ကြည့် အရမ်းကောင်း "

ကလေးက စပျစ်ဝိုင်တိုက်တာတောင် သူ့ဘက်ကိုလှည့်ကြည့်နေသေးသည့် လူကြောင့် ချဉ်လာရသည်။ မသိရင် သူကပဲ သူများကျွေးရင်မစားရဘူး မှာထားသလိုလိုနဲ့ ဒီလူကွာ…။

" ခင်ဗျားဘာသာ သောက်ချင်သောက်ပါလား alcohol 5%ပဲပါတာ "
" အင်း မောင် "

စပျစ်ဝိုင်လေး လက်လေးလုံးလောက်သောက်ပြီး နားရွက်တွေ နှာခေါင်းတွေနီလာသည့်သူကြောင့် သူ ထပြန်သင့်ပြီဆိုတာ သိလိုက်သည်။

" ဒါဆို နောက်များကျ ထပ်တွေ့ချင်ပါသေးတယ်..အခုတော့ ဒီ‌အခြေအနေအရ ကျုပ်ပြန်မှထင်တယ် အဟက် "

သူ ဆိုဖာပေါ်ပုံယက်လေးဖြစ်နေသည့် နွယ်သာကီကို မေးငေါ့ပြကာ နှုတ်ဆက်လိုက်လေသည်။ ပြီးနောက် နွယ်သာကီကို ဒူးကနေ လက်လျှိုကာ ချီလိုက်ပြီး အခန်းဆီပြန်လာခဲ့သည်။

အံမယ် အမူးက သူပြုတ်ကျမှာတော့ကြောက်သား လည်ပင်းကို လက်တွေ ချိတ်‌ထားသေးသည်။ပြီးနောက် နှုတ်ခမ်းစူကာ ဘာတွေပွစိစိနဲ့ ရေရွတ်နေမှန်းမသိ..။

" alcohol 5%နဲ့မူးရအောင် ခင်ဗျားက ကလေးလား နွယ်သာကီရယ်..ဟား..”
_________________________

Mg'd Nwel Thar Kii (Book version)Where stories live. Discover now