CH:27

822 31 0
                                    

မောင့် နွယ်သာကီ

အပိုင်း (၂၇)

နောက်တစ်နေ့မနက်၌ မောင်ပြောတဲ့ ဆရာကြီးမပြန်ခင် နွယ်တို့ ဆေးရုံကိုသွားတွေ့ရလေသည်။ ကိုယ်ခွဲမရှိတော့ သားသားကိုပါ ခေါ်ကာ နွယ်တို့မိသားစုဆေးရုံကို သွားရသည်။

ဆေးရုံဝန်းထဲ၌ နှုတ်ဆက်မယ့်သူပေါလျှံနေသည့် ဒီလှိုင်းအက္ခရာက သူ့ဒယ်ဒီလက်အပေါ်မှာ ပြုံးဖြီးနေ၏။ သူနာပြုမလေးတွေရဲ့ အွီး..ရဲ့နောက်က ချစ်ဖို့ကောင်းကြောင်းတွေကို သဘောတကျနားထောင်ကာပိုပိုပြုံးဖြီးနေသည့် ဒီလှိုင်းအက္ခရာဟာ ဒီအရွယ်နဲ့တင် မလွယ်ကြော..။

“ မောင် မင်း,သားကို ပါးစပ်ပြန်စိပေးလိုက်ပါအုံး “

“ ဟွန့် ဖီဖီနော် တူညား ချော်ကြည်ဘဲဖြစ်နာ‌ကို နာလိုလာဖြစ်နေတယ် “

ပြန်ပြန်ပက်သည့်ပုံက မောင့်အပေါ်ပြုမူတဲ့ နွယ့်ပုံစံအတိုင်းပဲမို့ မောင်က နွယ့်ကို ဘယ့်နှယ့်ရှိစဆိုသည့် သဘောဖြင့်မျက်ခုံးပင့်လျက်ကြည့်လာ၏။

“ ဟ..ဒယ်ဒီ့သားက စော်ကြည်ဘဲတောင်သိနေပါရောလား…

သားကို ဘယ်သူသင်ပေးတာလဲ ပြောပါအုံး “

“ ယေးငယ်ယေ သားသားလို မမတွေညားကြီးက ဝိုင်းချစ်တဲ့ကလေးကို ချော်ကြည်ဘဲယို့ခေါ်တယ်တဲ့ “

တစ်ခါတလေကျ ဧရာဇင်က ထိုင်းကိုလာကာ သားနဲ့ဆော့ကစားပြီး အတူတူ ကစားကွင်းသွားလိုက်၊ shoppingထွက်လိုက်လုပ်၏။ ထိုအခါတိုင်း နှစ်ယောက်သား ကောင်မလေးတွေအကြောင်း အတိုင်အပေါက်ညီညီပြောတတ်၏။ ဧရာဇင်တို့က မူပိုင်သာရှိတာ ယွပိုးကမသေး..။ ကိုလွမ်စေးလိုက်အုပ်နိုင်နေလို့ တော်ကာကျတာ..။

“ ဟား..ဟား ဒယ်ဒီ့သားကို ဧရာဇင်တို့က အတတ်ကောင်းတွေ သင်ပေးလိုက်တာပဲ “

မောင်က ထရယ်သလို နွယ်ကလည်း ပြုံးစိစိ။ တစ်နှစ်ကျော်အရွယ်နဲ့ မနိုင် နိုင်သည့်သားကိုကြည့်ကာ နှစ်ယောက်စလုံး သဘောတကျဖြစ်မိသည်။

“ ယေးငယ်က‌ ကြောတေးတယ် သားသားကို ဒယ်ဒယ်ချူရင် ဒယ်ဒယ့်ကို တိုးတိုးယေးကပ်ပြီး ‌ဖီဖီ့ကိုဖုံးထားတဲ့ ကိစ ဖော်ယိုက်ရမရားယို့ မေးယိုက်တဲ့ “

ဒီလှိုင်း သားရဲ့ချစ်ဖို့ကောင်းမှုကြီးနှင့်အတူ ဧရာဇင်ရဲ့ တူကိုအရမ်းချစ်လွန်း၍ ပါးစပ်မလုံနိုင်ပုံကိုပါ တွဲမှတ်ရတော့သည်။

“ သားသားက ဖုံးထားတဲ့ကိစ္စကို သိလို့လား ဒယ်ဒီ့ကို ပြောပါအုံး “

“ မတိဝူးယေ ယေးငယ်က ဒီတိုင်းပဲကြောယိုက်ချိုယို့ “

“ ဧရာဇင်တို့ကတော့ သားကို အတက်ကောင်းတွေသင်ပေးနေတာပဲ မောင့်နွယ်ရေ နောက်တစ်ခါ အဲ့ကောင်နဲ့ သားကိုဝေးဝေးထားမှရတော့မယ်နဲ့တူတယ် “

ဒီလှိုင်းတို့ ဆေးစာအုပ်ထပ်ကာ အခန်းရှေ့မှာထိုင်စောင့်လျက် သားအဖသုံးယောက် ထွေရာလေးပါးပြောနေကြစဉ် ဒီလှိုင်းအလှည့်ရောက်လာ၏။

ဒီလှိုင်းတို့ မိသားစု အခန်းထဲကို အတူတူဝင်သွားကြ၏။

အထဲကဆရာကြီးမှာ မျှော်လင့်ထားသည့် လူ‌ရောက်လာသည်မို့ ဝမ်းသာအားရကြိုဆိုသည်။ မြန်မာမှန်းသိ၍ မြန်မာစကားအတော်အသင့်တက်သော ဆရာကြီးက မြန်မာလိုနှုတ်ဆက်လာ၏။

“ မင်္ဂလာပါ ချစ်စရာမိသားစုလေး “

“ မင်ဂါပါ ဖိုးဖိုးကြီး သားနာမည်က ဒီယှိုင်းအခရာပါ ဦးဒီယှိုင်းခထန်နဲ့ ဦးနွယ်နှောင်းသာခီတို့ရဲ့ သားသားဖြစ်ပါယယ်”

လူကြီးနှစ်ယောက် ဘာမှမပြောရသေးခင် အသွက်လေး ဒီလှိုင်းအက္ခရာက သူ့ဒယ်ဒီရဲ့လက်ပေါ်ကနေ လက်အုပ်လေးချီကာ စပြော၏။

ပါးစုံကြီးနှစ်ဖက်ကို တက်သွားအောင်အထိပြုံးပြနေ၍ မျက်စိပေါက်တွေပိတ်နေ၏။

“ ဟား အတက်ကလေးပဲ သားတို့ထိုင်ကြပါအုံး”

ဆရာဝန်ကြီးက သူ့နေရာမှာထိုင်ကာ ဒီလှိုင်းတို့ကိုပါ အရှေ့မှာဝင်ထိုင်ဖို့ပြောလေသည်။ ဒီလှိုင်း နွယ့်အတွက် ခုံသီးသန့်ထုတ်ပေးကာ ဒီလှိုင်းနှင့်သားက နံရံကိုကပ်၍ ဝင်ထိုင်လိုက်သည်။

ဆရာဝန်ကြီးက အတက်ကလေးဖြစ်သည့် သားသားကို အရိပ်တကြည့်ကြည့်နှင့် ပြုံးနေတာပါပဲ။ လူကြီးဆိုတော့ ကလေးတွေကို အသည်းယားတာသဘာဝပဲဖြစ်၏။

“ အရင်ဆုံး ဘာမှမပြောခင် သားသားကို ဖိုးက မုန့်မုန့်ကျွေးမယ်နော် “

“ ဟီး ကျေးကျူးပါခင်ည “

ဆရာကြီးပေးသည့် လူကြီးလက်ညှိုးသာသာ ချောကလက်မုန့်ထုပ်ကို အက္ခရာက ဒီလှိုင်းပေါင်ပေါ်ကနေထကာ ဖင်လေးကုန်းလျက် လက်နှစ်ဖက်နှင့် သေချာယူ၏။ ဖင်လေးကုန်းထားသည်မှာ ဒိုက်ဘာဝတ်ထားသည့် တင်လုံးလုံးလေး အနောက်မှာ တစ်ထွက်လျက်ရှိသည်။

“ သားက တကယ်ယဉ်ကျေးတာပဲ “

ဆရာကြီးအနေနဲ့ ဒီလိုလူယဉ်ပါးကာ ယဉ်ကျေးသည့် ကလေးမျိုးကို တွေ့ရခဲ၏။ OGဖြစ်၍ မွေးကင်းစကလေးပေါင်းစုံအပြင် အခုလို မိဘဆေးခန်းလာပြရင်လိုက်လာတဲ့ကလေးတွေကို ခဏခဏတွေ့ရပါ၏။ တွေ့ရသည့် ကလေး (၁၀၀)မှာ (၃၀)လောက်ကသာ လူယဉ်‌ပါးပြီး ယဉ်ကျေး၏။ တချို့က လူကြောက်သလို တချို့က မိဘရဲ့ အလိုလိုက်ထားမှာကြောင့် ရိုင်းစိုင်း၏။

သာမာန်စုံတွဲတွေမှာတောင် ကလေးတစ်ယောက်ကို ဒီလိုဖြစ်အောင်ထိန်းကြောင်းဖို့ ခက်ခဲတာမို့ ဒီစုံတွဲကိုတော့ ချီးကျူးမိ၏။ ကလေးက ကျော့ရှင်းနေရုံမက လူကြီးတွေကပါ ဥပဓိရုပ်တည်တည်ကြည်ကြည်တွေနှင့်။

ဆရာကြီးအနေနှင့် ဒီလူနာအကြောင်းကို တပည့်ဖြစ်သူဆီမှ သိထား၍ ဒီနှစ်ယောက်ရဲ့ဆက်ဆံရေးကို အတော်ကြီးသဘောကျ၏။ တချို့လိင်တူစုံတွဲတွေကို ဆရာကြီးတွေ့ဖူး၏။ ဒီနှစ်ယောက်လောက်ကြမ်းတမ်းသည့် ဘဝမျိုးရှိသလား မသိရ၍ပဲလားမသိ ဒီနှစ်ယောက်က တစ်ယောက်နဲ့တစ်ယောက် အိမ်ထောင်ရေးတစ်ခုရဲ့ အေးအတူ ပူအမျှဘဝကို ပိုပေးစွမ်းနိုင်တယ်ဟူ၍ ထင်မြင်နေမိသည်။

ကျွန်တော့်မိန်းမသာ သားအိမ်မကောင်းခဲ့လျှင် IVF(In vitro fertilization-ဖန်ပြွန်သန္ဓေသားထည့်ခြင်း) နည်းကိုသာသုံးပြီး တခြားမိန်းမရဲ့ သန္ဓေမှာ ကျွန်တော်တို့နှစ်ယောက်ရဲ့ သန္ဓေသားကို လွယ်စေမှာပါ..။ ဒါက မှန်သော စကားပဲ..အမျိုးသားတစ်ယောက်အနေနဲ့ တမင်သက်သက်ကြီးတော့ သ‌ဘာဝကိုသွေဖယ်ပြီး ကိုယ်ဝန်လွယ်မှာမဟုတ်ဘူး..။ အမျိုးသားတစ်ယောက်က သူ့ဇနီး ဒါမှမဟုတ် အမျိုးသားအတွက် ဒီလိုလုပ်ခဲ့လျှင် ထိုအမျိုးသားအပေါ် သူက ချစ်တာထပ်ပို နေ၍ ဖြစ်လိမ့်မည်။

ကျွန်တော်သည်လည်း ကျွန်တော့်ဇနီးကိုချစ်သည်။ မိဘချင်းသဘောတူပေးစားထားသည်မို့ ချစ်ရုံလောက်ပဲ ကျေနပ်သည်။ ထို့ထက်ပိုစရာမရှိ..။

“ ကဲ..အမျိုးသားရဲ့ သဘောတူညီချက်ရသွားပြီ ဆိုပါတော့ “

“ ဟုတ်ကဲ့ပါ အန်ကယ် “

ဒီလှိုင်း သားကိုပိုက်ကာ ပြုံး၍ ပြန်ဖြေလိုက်သည်။ သားကိုမပိုက်ထားသည့် လက်တစ်ဖက်ကလည်း နွယ့်လက်ကို ခုံအောက်မှကိုင်ထားသေး၏။

“ ဆိုတော့ အန်ကယ်တို့ ICSIဆိုတဲ့နည်းကို ဦးစွာဖယ်ပြီး ကျန်တဲ့ နည်း(၄)မျိုးကို ဆွေးနွေးကြမယ်..

ပထမက sexပြီးမှ ရနည်း..ဒါကတော့ လွယ်တယ် အချိန်ကတော့ နှစ်ယောက်အပေါ်မူတည်ပြီး ကြာသင့်ကောင်း ကြာနိုင်သလို။ မြန်ကောင်း မြန်နိုင်တယ် မရေရာဘူး”

Sexအကြောင်းပြောတော့ နွယ့်နားရွက်ဖျားလေးတွေရဲလာ၏။ ဆေးကျောင်းတက်တုန်းက သင်ခဲ့ဖူးပေမယ့် ဒီလိုကြီး ကိုယ့်အကြောင်းကို တိုက်ရိုက်ပြောပြနေတာမှ မဟုတ်တာ..။

မောင်ကတော့ ရိုးနေ၍လားမသိ အေးအေးဆေးဆေးနှင့်..။

“ ဒုတိယနည်းက IVF ( in vitro fertilization) ပြောရမယ်ဆိုရင် ဖန်ပြွန်သန္ဓေသားနည်းပေါ့။ ဒီနည်းက အပြင်မှာ သားဥနဲ့ သုတ်ပိုးပေါင်းပြီး သန္ဓေအောင်တယ် ပြီးမှ သားအိမ်ထဲကို ထည့်တဲ့ နည်းပေါ့။ ဒီနည်းက ပိုက်ဆံပိုကုန်တယ် ကြာတယ် “

“ တတိယနည်းက IUI (Intrauterine insemination) သုတ်ပိုးကို သားအိမ်ထဲ တိုက်ရိုက်ထည့်ပေးနည်းပေါ့..

သူ့လုပ်ဆောင်ချက်က သားဥကြွေချိန်မှာ စီစစ်ထားတဲ့ သုတ်ပိုးကို 4mlလောက် ထည့်ပေးရုံပဲ..ထည့်ပြီး နှစ်ပတ်လောက်နေရင် ဆရာတို့တစ်ခေါက်ပြန်စစ်ကြည့်ရမယ် သူက အောင်မြင်ချေနည်းပါးတယ် “

“ စတုတ္ထနည်းက IUTPI( Intrauterine turbo peritoneal Insemination) IUIရဲ့ version (2)လို့ပြောလို့ရတယ် သူက စီစစ်ထားတဲ့သုတ်ပိုးကို သားအိမ်ထဲ 10mlထည့်ပေးရတယ် သားအိမ်ရဲ့ ဖိအားကြောင့် IUIနည်းရဲ့ 4mlကနည်းလွန်းတယ် သုတ်ပိုးမလုံလောက်ရင် ကလေးရဖို့က မဖြစ်နိုင်ဘူး.. မောင်ဒီလှိုင်းက ဟိုတစ်လက Hysterosalpingography(HSG)လို့ခေါ်တဲ့ သားအိမ်ပြွန်လမ်း အခြေအနေကိုစစ်ဆေးပြီးသွားပြီဆိုတော့ IUTPIနည်းကို အသုံးပြုဖို့ အန်ကယ်က အကြံပြုချင်တယ်။ သူက ထိရောက်မှုများလို့ သားသားလေး မြန်မြန် ကိုကိုဖြစ်နိုင်တာပေါ့ “

ဒီလှိုင်းရော ‌နွယ်ပါ ခေါင်းတညိတ်ညိတ်နှင့် နားထောင်နေသည်။ ဒီနည်းတွေကို နွယ်ဆေးစာတွေဖတ်၍ သိသင့်သလောက်သိပါသည်။ သို့သော် ရာထူးကြီးသူ၊ ဒီနယ်ပယ်မှာ ကျင်လည်နေသူလောက်တော့ နွယ့်လိုလူကသာလွန်၍ မသိနိုင်ချေ။

သားသားကတော့ ဆရာပေးသည့် ချောကလက်ကို မပေမရေစားနေသည်မှာ တမြုံ့မြုံ့နှင့်..။

“ အန်ကယ် ဖယ်သွားတဲ့ ICSI(Intra Cytoplasmic Sperm Injection) သုတ်ပိုးကို မမျိုးဥထဲ တိုက်ရိုက်ထဲခြင်းပေါ့ မမျိုးဥထဲ အရည်အသွေးကောင်းတဲ့သုတ်ပိုးကို တိုက်ရိုက်ထည့်ပြီး သန္ဓေအောင်မယ် ပြီးမှ သားအိမ်အတွင်းထည့်ပေးမယ်..။ ဒီနည်းက ဟိုသားရဲ့ သုတ်ပိုးအပေါ်မှာမူတည်တယ်။ သုတ်ပိုးအရည်အသွေးမပြည့်မီတာတို့ နည်းပါးတာတို့ DNAပျက်စီးမှုများနေတာတို့ စတဲ့အကြောင်းတွေကြောင့် မျိုးအောင်ဖို့ခက်ခဲနေရင် ဒီနည်းလမ်းကို သုံးရမယ် “

“ ဟုတ်ကဲ့ အန်ကယ်..အကယ်လို့ နွယ်ဆေးစစ်တာအောင်ရင် နွယ်တို့ IUTPIနည်းကိုပဲ သုံးပါမယ် အန်ကယ်”

ဆရာကြီးမှင်သက်သွားသည်။ ထိုအမျိုးသားက နူးညံ့တဲ့ အမူအရာတွေသာမက နူးညံ့သာယာတဲ့ အသံချိုချိုကိုလဲ ပိုင်ဆိုင်ထားတာပဲ..။

တစ်ယောက်ရဲ့သဘောကို တစ်ယောက်က လက်ခံစွာ  အေးအေးလူလူနေနေပုံမှာ သိပ်သဘောကျစရာကောင်း၏။

“ ဟုတ်ပြီ ဒါဆို သားဒီနေ့ ဆေးတွေစစ်ရမယ်.. သားဒီလှိုင်းရဲ့ ဒီလ Menstrual cycleစရင်အန်ကယ်တို့ လုပ်ရမယ် “

“ ဟုတ်ကဲ့ဗျ “

ဆရာကြီးက နွေးနွေးထွေးထွေးနှင့်ပေမို့ နွယ် နေရမခက်တော့ပဲ ကိုယ့်ဦးလေးတစ်ယောက်လို ပြောဆိုဆက်ဆံနိုင်လာ၏။ မောင့်ကို ကြည့်တော့လဲ ထိုနည်းအတူပါပဲ..။ သားကိုကြည့်တော့ ဖိုးဖိုး..ဖိုးဖိုးနှင့် ပါးစပ်ဖျားကကို မချချေ။

နွယ်တို့ သားအဖသုံးယောက် ဒီနေ့တစ်နေကုန် ဆေးရုံမှာအချိန်ကုန်ခဲ့သည်။ နွယ်က စစ်စရာများစစ်နေသလို မောင်က သားကိုထိန်းကာ ဟိုဟိုဒီဒီလျှောက်သွားနေလေ၏။

တစ်နေကုန်မအိပ်ရသေးပဲ လျှောက်သွားနေသည့် သားက အိမ်ပြန်ကားပေါ်မှာတင် အနောက်ခန်းမှာ အိပ်ပျော်လာ၏။ နွယ်တို့ သားမွေးပြီးထဲက ကားနောက်ခန်းမှာ ကလေးထိုင်ခုံတစ်ခုတပ်ထားတာဖြစ်၏။ ‌ ဈေးအတော်အသင့်ရှိ၍ ခါးပတ်၊နောက်လှန်ကအစအကုန်ပါပြီး အိစက်ညက်ညောနေ၏။

“ မောင့်နွယ် ပင်ပန်းလား “

“ မောင်က နွယ့်ထက်ပိုမှာပါ “

“ အိမ်ထောင်သည်တွေကြားမှာ နာတယ် သာတယ် မရှိပါဘူး မောင့်နွယ်ရယ် တန်းတူညီမျှပဲ..မောင်လေ မောင့်နွယ်ကို သိပ်ချစ်တာ သိသလား မောင့်နွယ်သာကီ “

“ အို..ဘာမှမတိုင်ပင်ပဲ လုပ်ချင်တာလုပ်ချတဲ့လူဆိုးကောင်ရဲ့စကားကို မယုံပါဘူးနော် “

“ ဟောဗျာ တကယ်လို့ဆို “

နွယ် အရှေ့ကနေ အိမ်ထဲကိုဝင်လာသလို မောင်သည်လည်းပဲ သားကိုချီကာ အနောက်ကနေလိုက်ဝင်လာလေသည်။

မောင်ပြောသလိုပါပဲ အချစ်မှာ သာတယ် နာတယ်မရှိဘူး..။

အထူးသဖြင့် နွယ်တို့အချစ်က တန်းတူညီမျှပဲ.. တစ်ယောက်အတွက် တစ်ယောက်က စွန့်စားရဲတယ်..အတူလက်တွဲပြီး ဖြစ်သမျှကို ရင်ဆိုင်ရဲတယ် သိပ်ကို လှပတဲ့ ချစ်ခြင်းတစ်ခုပါပဲ…။

ထိုနေ့ညက ‌ကြယ်တာရာတွေလင်းလက်နေသည့် ကောင်း‌ကင်အောက်တွင် တစ်ယောက်ကိုယ် တစ်ယောက်ပွေ့ဖက်ကာ လေပြေညင်းခပ်သော့သော့ပင် သွေဖယ်မသွားနိုင်သည်အထိ အကြင်နာနုနု ဝေငှခဲ့ပါသည်။





တစ်ပတ်ခန့်ကြာပြီးနောက် နွယ်တို့ ဒီနေ့ဆေးရုံသွားမည်ဖြစ်၏။

ဒီလအတွက် မောင့်သားအိမ်ရဲ့ ရာသီစက်ဝန်းက ပြီးပြီဖြစ်သည်။ တွက်ချက်မှုတွေအရ ရာသီစက်ဝန်းစပြီး (၁၁)ရက်ခန့် နောက်ကျလျှင် (၁၄)ရက်ခန့်မှာ သားဥကြွေခြင်းဖြစ်တယ်။ သားဥက သားအိမ်အတွင်း တစ်ရက်ပဲ အသက်ရှင်နိုင်ပြီး သုတ်ပိုးက သားအိမ်ခေါင်း၊သားဥပြွန်၊သားအိမ်အတွင်းမှာ (၇)ရက်လောက် အသက်ရှင်နိုင်ပါတယ်။

ရှေ့ရက်တွေက စစ်ဆေးချက်တွေကအရ နွယ်တို့ ICSIနည်းကို သုံးဖို့မလိုဟူ၍ ပြော၏။ ဒီနေ့ မောင့်သားအိမ်ထဲကို နွယ့်သုတ်ပိုးထည့်မည်ဖြစ်ရာ သားသားကိုထိန်းဖို့ ဧရာဇင်ကိုပါခေါ်ထား၏။

မောင့်သားအိမ်ရဲ့ ရာသီစက်ဝန်းအစ ငါးရက်မှာ ဓမ္မတာသွေးအနည်းငယ်ဆင်းပြီး (၁၁)ရက်မြောက်ကျ သားဥကြွေမည်မို့ ရာသီစက်ဝန်းအစ(၁၁)ရက်မတိုင်မှီ (၃)ရက်အလိုက သုတ်ပိုးကိုထည့်ထားမည်ဖြစ်သည်။ သုတ်ပိုးက ကြာကြာအသက်ရှင်နိုင်၍ ကြိုထည့်နည်းကို နွယ်တို့သုံးလို့ရ၏။

ဟော်မုန်းဆေးတွေစားနေရပေမယ့် ထည့်အပြီး(၁၄)ရက် ဟော်မုန်းဆေးပိုစားရမယ်ဟူ၍ဆရာဝန်က ပြောထား၍ နွယ့်မှာမောင့်ကို အစားတွေနင်းကန်ကျွေးရသည်။ ဂျီကျတတ်လာသည့်မောင်က မစားဘူးပဲ လုပ်နေလို့ စစ်ဖြစ်ရတာလဲ အခါခါဖြစ်၏။

“ မောင် သွားမယ်လေ သားသားရော “

“ ဧရာနဲ့အရင်ပါသွားပြီ နွယ့်သားက မောင့်ကိုတောင်လှည့်မကြည့်ဘဲ စော်ကြည်ဘဲလုပ်မလို့တဲ့ “

မောင်က လိုအပ်တာတွေထည့်ထားသည့် အိတ်ကို လွယ်ကာ လှေကားပေါ်ကနေဆင်းလာသည့် နွယ့်ကိုလှမ်းကြည့်လျက် သဘောတကျရယ်၍ ပြော၏။ နွယ်ဒီနေ့မှ ပုဆိုးအညိုလေးကို တီရှပ်အညိုဖြင့် တွဲဝတ်ထားလျက် ဆံနွယ်တွေကို ကျစ်ဆံမြီးယဲ့ယဲ့ကာ ဘေးတစောင်းချထားလေသည်။

ရှင်းသန့်သည့် နွယ့်မျက်နှာလေးမှစ ဖြူဖွေးသည့် နွယ့်ခြေဖျားအစုံး ဒီလှိုင်း မြတ်မြတ်နိုးနိုးကြည့်နေမိ၏။

နွယ်ကတော့ ဒီနေ့မှ ဘာလို့ ပုဆိုးဝတ်ထားရသလဲဆို အဖြေကရှင်း၏။ နွယ်ဒီနေ့ ပင်ပန်းရမည့် ကိစ္စကြီးကို လုပ်ရမည်ဖြစ်သည်။ ထို့ကြောင့် ချွတ်ရခက်သည့် ဘောင်းဘီအစား ပုဆိုးပဲဝတ်လာလိုက်၏။

“ နွယ် အပေါ်မှာ အကြာကြီး ဘာလုပ်နေတာလဲဟင် “

“ နွယ် ဘုရားရှိခိုးနေတာပါ‌ မောင် “

“ မောင်နဲ့ နိဗ္ဗာန်အထိ အတူတူသွားပါရစေလို့ ဆုတောင်းလိုက်ရဲ့လား နွယ် “

“ နိဗ္ဗာန်အထိတော့ နွယ်မျှော်မှန်းမရဲဘူးမောင်..ဒီနေ့ မောင်နာကျင်မှုကင်းကင်းနဲ့ သမီးကိုခေါ်လာနိုင်ပါစေပဲ ဆုတောင်းလိုက်တာပါ မောင် “

နွယ့်လို ရှေ့မတိုးသာ နောက်မဆုတ်သာဆိုသည့် အခြေအနေကို ရောက်ခဲ့လျှင် နွယ့်လိုပဲ ယုံကြည်ကိုးကွယ်ရာ နတ်၊ဘုရားများကိုတိုင်တည်လို့ ဆုတောင်းမိမယ် ထင်ပါရဲ့..။

“ သိပ်ချစ်ရတာပဲ နွယ်သာကီ “

ဒီလှိုင်းအနေနဲ့ တစ်နှစ်လုံး ဟော်မုန်းဆေးသောက်ရတဲ့အသောက်၊ ထိုးရတဲ့အထိုး ပြော‌မနေနဲ့တော့ တစ်ခါတလေဆို အညိုမဲတွေကို နွယ်မသိအောင်ဖုံးရတာမလွယ်။ ပိုဆိုးတာက ဆီးစက်က သားအိမ်ထည့်ထားသည့် ချုပ်ရိုးကြောင်း (၆)လက်မနီးပါးလောက်ရှိမည့် ကန့်လန့်ဖျက်ချုပ်ရိုးကြောင်းကို မပေါ်အောင် ဖုံးရတာ မလွယ်လှ..။

သားအိမ်ထည့်ကာ သွေးကြောတွေဆက်ရသည့်အချိန်တွေမို့ ခွဲခန်းထဲ (၁၂)နာရီနီးပါးကြာခဲ့၏။ ထိုအချိန်တွေက ဒီလှိုင်းဆိုတာ စိတ်အားထက်သန်နေတဲ့ မျောလွင့်ဝိညာဉ်သာသာပဲ..။

အခက်အခဲတွေက နွယ်သာကီ့အပြုံးနဲ့ သမီးရဲ့ ရယ်သံသဲ့သဲ့ကြားရလျှင် ယူဖြစ်သလို ပျောက်လိမ့်မယ် ထင်ပါရဲ့..

ဒယ်ဒီ့သမီးလေးရေ ကျေးဇူးပြု၍ ဘယ်မှ လျှောက်မသွားဘဲ ဒယ်ဒီ့ဆီလာခဲ့ပေးပါ…။





“ ဟယ်လို ဧရာဘယ်မှာလဲ “

“ ငါနဲ့ဝက်ဝံပေါက် ကိုနောင့်ယောင်္ကျားနဲ့ မုန့်သွားစားတယ် စိတ်မပူနဲ့ ကိုယ်လုပ်စရာရှိတာသာလုပ် “

“ အင်း အင်း “

ဒီလှိုင်းတို့ ဆေးရုံရောက်၍ သားတို့ကို မတွေ့ချေမို့ ဖုန်းဆက်ကာလှမ်းမေးလိုက်သည်။ လွမ်စေးနဲ့ လွမ်နောင်ဟူသည့် ညီအစ်ကိုတွေကသာမတည့်မယ် သူတို့ယောင်္ကျားတွေက အချင်းချင်းတည့်တာ ညီအစ်ကိုအရင်းတွေလိုပဲ။ ကြားထဲက သားကပါ အဆစ်ပါသေး၏။

နွယ်ကတော့ အေးဆေးနေတတ်သူမို့ သူတို့လောက်မရောနှောနေ။ ဒီလှိုင်းလား နွယ် သတိမေ့သွားထဲက အဲ့ထုံဆေးဆရာဝန်ကို အကြောမတည့်တာ။

“ ဧရာတို့နဲ့ သားက ပါသွားတယ် နွယ် “

“ အဲ့တာဆို စိတ်ချရပါပြီ “

ဆေးရုံအတွင်းသို့ နွယ့်လက်ကိုတင်းတင်းဆုတ်ကိုင်လျက် အိတ်ကိုတစ်ဖက်လွယ်ကာ ဒီလှိုင်းဝင်လာခဲ့သည်။ မသိလျှင် ဖြူဖျော့နေသည့် နွယ်က ‌လူနာလိုလို ဘာလိုလိုနှင့်..။

ရွှေညိုရောင် ရှပ်နှင့် အနက်ရောင်စတိုင်ပန်ကို တွဲဝတ်ထားတဲ့ မောင့်က သိပ်ခန့်လွန်း၍ အနားကလူတိုင်း ငေးကြည့်လာ၏။

နွယ်က သဝန်တိုခြင်းကင်းစွာ နွယ့်အမျိုးသား၊နွယ့်ချစ်သူက လူချစ်လူခင်ပေါများပါလား ဟူ၍တောင်တွေးမိ၏။

နွယ်က မောင့်ကျောပြင်ကျယ်ကျယ်ကိုသာ မျက်နှာမူပါတယ် မောင်…။

မောင်က ဆေးရုံအဝတ်အစား မိုးပြာရောင် ဖျော့ဖျော့နဲ့တောင်ကြည့်ကောင်းနေတုန်း..။ ကြည့်မကောင်းတော့ပဲ စိတ်ဖိစီးလာတာက နွယ်ဖြစ်၏။

နွယ်ခဏနေကျ Sperm Collection roomထဲကိုဝင်ရတော့မည်ဖြစ်သည်။ ကိုယ်တိုင်တောင် စိတ်ဆန္ဒအရ မဖြေလျှော့ဘူးခဲ့ချေမို့ ခက်ချေပြီ။ နွယ်က တရားပေါက်နေတာမဟုတ်ပေမယ့် အပေါင်းအသင်းမရှိတာကစ၍ ငတုံးတစ်ယောက်လိုနေခဲ့ရတာမှာဆုံးခဲ့၍ ဤလိုအမျိုးသားကိစ္စတွေနွယ်မသိ။

ဒါကို မောင်သိမယ်လို့ နွယ်ထင်တယ်။  နွယ် ကလေးမွေးပြီးတော့ သားအိမ်ပါတစ်ခါထဲထုတ်လိုက်ရ၍ သားအိမ်ထည့်ပြီး (၆)လ၌ အတူနေ၍မရချေမို့ မောင်က စိတ်ဆန္ဒဘယ်လောက်ပြင်းပျနေပါစေ ရှောင်၏။ နောက်ပိုင်းကျ မောင်က သားအိမ်ထည့်လိုက်၍ ထိုကိစ္စကို ရှောင်၏။

“ သေချာလုပ်ခဲ့နော် ‌ဘေဘီ မောင်အပြင်ကနေ စောင့်နေမယ်..10mlကျော်မှ ရမယ်နော် ဘေဘီ”

အရှက်သည်းနေသည့် နွယ့်ကို မောင်က Sperm Collection roomရှေ့အထိ စလို့ ကောင်းနေတုန်း။ နွယ့်နားရွက်ဖျားတွေရဲလာကာ မောင့်လက်ဖျံကို လှမ်းရိုက်လိုက်၏။

“ မောင် ဘယ်လိုဖြစ်နေတာလဲ “

“ ရော ခက်ပြီ မောင့်ကလေးလေးရယ် မောင်က အတည်ပြောတာကို “

“ ဘာအတည်ပြောတာလဲ မောင့်မျက်နှာက ပြုံးစိစိနဲ့ “

တကယ်လည်း ဒီလှိုင်းအရှက်သည်းနေသည့်သူကိုကြည့်ကာ ပြုံးနေခဲ့ပါ၏။

“ အထဲက ဘူးအပြည့်သာ ထည့်ခဲ့နော် ဘေဘီ “

“ တော်ပြီ နေခဲ့တော့ “

နွယ် ပိုပို၍ရှက်လာကာ Sperm Collection roomထဲသို့ ခြေတုန့်နှေးခြင်းမရှိဘဲ အောင်မြင်စွာ ဝင်သွားခဲ့၏။ အပြင်မှာတော့ ဆရာမလေးတစ်ယောက်နှင့် မောင် စောင့်နေမည်မှာ မလွဲဧကန်ပင်။

နွယ်ဝင်သွားသွားခြင်း အခန်းထဲမှာတွေ့ရတာက အိစက်ညက်ညောသည့် ဆိုဖာခပ်ကြီးကြီးတစ်လုံးက အပေါက်ဝနှင့် တန်းတန်းမှာ..။ အခန်းက အနည်းငယ်ကျဉ်းပေမယ့် အခန်းရဲ့ ဒေါင့်ကိုချိုးလိုက်လျှင် ဖလပ်တီဗွီအပြားတစ်လုံး screenမှာ websiteပေါင်းစုံနှင့် အဖော်အချွတ်မော်ဒယ်များရဲ့ပုံရှိ၏။

နွယ် ရှက်စိတ်တို့တိုးလာကာ ကျက်သီး ဖျန်းခနဲထသွားရသည်။ တီဗွီရဲ့အောက်မှာ စားပွဲတစ်လုံးနှင့် ရေ၊ရီမုဒ်၊ အရှည်(၂)လက်မခွဲသာသာ လုံးပတ်(၁)လက်မခွဲကျော်လောက်ရှိသည့် အဖုံးနီနှင့်ဘူးများ၊တီသျှူး စသည်ဖြင့် ရိက္ခာအစုံရှိ၏။ အခန်းအ‌တွင်း နေ့ခင်းဘက်ဖြစ်နေစေပာမူ ညဘက်ပုံသဏ္ဍာန်မျိုး မီးအလင်းမှအပ ဘာအလင်းမှမရှိ။ ဆိုဖာ၏အနောက်တွင် ဘေစင်ခပ်သေးသေးရှိ၏။ ဒီအခန်းက အသံလုံသည်မို့စိတ်ချရသည်။

ထို့နောက်စီမံစရာရှိသည့်ကိစ္စရပ်တို့ကို စီမံကာ လိုသလောက်ပမာဏကိုရလာသည်မို့ ဘူးကိုကိုင်ကာထွက်လာခဲ့တော့သည်။

နွယ့်အင်္ကျီမှာ ချွေးစတွေကပ်ညိနေပါ၏။

အပြင်မှာစောင့်နေတဲ့ မောင်က နွယ်ထွက်လာတာကို တွေ့တာနဲ့ အပြေးအလွှားလာကာ အဆင်ပြေရဲ့လားမေး၏။

“ အဆင်ပြေရဲ့လား မောင့်ကလေးလေး “

နွယ်က ဘူးကိုထောင်ပြလိုက်လျှင် မောင်က ရယ်ပါ၏။ နွယ်အကြည့်စူးစူးပို့လိုက်လျှင် မောင်ကအရယ်ရပ်၏။

“ အာ မောင့်ကလေးလေးက လူကြီးလေးဖြစ်လာပြီပဲ “

“ ဟုတ်တယ် ရော့ မောင်..မောင်ပဲ ဆရာမကို ပေးလိုက်တော့ နွယ်မတ်တက်မရပ်ချင်တော့လို့ အခန်းသွားတော့မယ် “

အပြင်ခဏထွက်သွားသည့် သူနာပြုကို နွယ်မစောင့်နိုင်စွာ အရင်ထွက်လာခဲ့၏။ ရှက်တာလည်းပါသလို နှုံးချိနေတာကြောင့် နွယ် အိပ်ရာထဲတိုးဝှေ့ကာအိပ်ချင်နေ၏။ အတိုးဝှေ့ချင်ဆုံးက မောင့်ရင်ခွင်ဆိုပေမယ့် ဆေးရုံမှာဆိုတဲ့အသိနှင့် ထိန်းထားရသည်။

ဒီလှိုင်း နွယ့်ကို လိုက်ကြည့်နေမိသည်။ နွယ်တကယ်ပင်ပန်းနေပုံရကာ ခြေလှမ်းနှေးနှေးနှင့် သွားနေပုံက အားမရလှ။ အချိန်အခါသင့်စွာ သူနာပြုကပြန်ရောက်လာတော့ ဘူးကို ဆရာမလက်ထဲထည့်ခဲ့ကာ နွယ့်ဆီအပြေးသွားပြီး ဒူးကနေလျှိုကာ ပွေ့ချီလိုက်သည်။

“ အမလေး ဗုဒ္ဓေါ မောင့်..”

နွယ် ရုတ်တရက်လန့်သွားပြီး မောင်ကို ဆောင့်အောင့်ကာ ခေါ်ချမိ‌လိုက်တော့၏။ မောင်က လုပ်လိုက်ရင် မတရား..။

လူတချို့က ကြည့်နေကြပါသော်လည်း မောင်က ပြန်ချမပေး။ လူတချို့က တီးတိုးဆိုနေကြပါသော်လည်း နွယ်တို့ဂရုမစိုက်။ သူတို့ပြောနေသည့် ဘာသာစကားကို နွယ်တို့မှနားမလည်တာ..။

ထိုင်းမှာနေတာ သားအသက်ထက်တောင်ကျော်လာပြီ ဆိုပေမယ့် တစ်ချိန်လုံးအိမ်မှာပဲ နေကြတာဖြစ်၍ ဘာသာစကားက ဆာဝါဒီခပ်လောက်ပဲ သိ၏။

အခန်းရောက်တော့ မောင်က ကုတင်ပေါ်ချပေးကာ နွယ့်ကို တရေးတမောအိပ်စေကာ လူနာအင်္ကျီနှင့် မောင်က ထိုင်၍စောင့်ပေးမည်ဟုပြော၏။

နွယ်လည်းပင်ပန်းနေမှုကြောင့် လက်သင့်ခံကာ အိပ်လိုက်၏။ သားပြန်မရောက်လာခင်အထိ အနမ်းတဖွဖွခြွေနေသည့် မောင်နှင့် အပူအပင်ကင်းကင်းအိပ်နေသည့်နွယ်တို့၏ ကမ္ဘာလေးကာ အေးချမ်းလျက်…။

“ အီးဟီး..‌ဖီဖီ ဘာချစ်တာယဲ ဒယ်ဒယ်..အီးဟီး”

သားက ငိုကြီးချက်မနဲ့ ဒီလှိုင်း ဘောင်းဘီကိုလာကိုင်နေသဖြင့် သားကိုပွေ့ကာ ဖိနပ်ချွတ်ပေးပြီး လွတ်နေသည့် ကုတင်ပေါ်တင်ပေးလိုက်၏။

“ ဒယ်ဒယ် ဖီဖီ ဘာချစ်တာယဲယို့ အီးဟီး “

သားရဲ့အသံက ဒီလှိုင်းရဲ့အသံလို ဩဩမဟုတ်ဘဲ နွယ့်အသံနဲ့ပေါင်းကာထွက်လာသမျိုး စူး၏။

“ သားသား ဖေဖေဘာမှမဖြစ်ပါဘူးကွာ ခဏအိပ်နေတာကို သားသားက မဆိုးရဘူးနော် “

“ ချေးရုံ ကုတင်ပေါ်မှာ ယဲနေရာကို ဘာကိုဘာမှမချစ်ဝူးလဲ ဒယ်ဒယ် လူယိမ် အီးဟီး “

“ ဟုတ်ကဲ့ အကိုလေးကပဲ ရွှေဉာဏ်တော်စူးရောက်နေပါတယ်..     အကိုလေးရဲ့ ဖေဖေမှာ ဆေးပိုက်တွေချိတ်ထားလို့လား..”

“ သိဝူး..ဖီဖီဘာမှမချစ်ရဝူး အီးဟီး “

သားရဲ့ အသံပိုကျယ်လာသလို သားက နွယ့်ရင်ဘက်ပေါ်တက်နေသည်မို့ ဒီလှိုင်းခြေထောက်ကကိုင်ပြီး ပြန်ဆွဲချရသည်။ ဒီလှိုင်းခက်ထန်ရဲ့သား ဒီလှိုင်းအက္ခရာကလည်း မခေ..။ လက်ကိုကုန်းကုန်းကိုက်လို့ ရှောင်ရတိမ်းရနှင့်ကြားက နွယ်နိုးသွားပါတော့သည်။

“ အင်း…”

နွယ်အသံရှည်စွဲကာပျင်းကြောဆန့်လိုက်ပြီးနောက် နားထဲအရင်ဝင်လာတာက မောင့်အသံ ပြီးမှ သားအသံ..။ ခိုင်မာလွန်းသည့် ဆေးရုံကုတင်က ပုခက်သဖွယ်လှုပ်နေ၏။ နွယ် ဒီလောက်လှုပ်နေတာကို အိပ်ပျော်နိုင်ခဲ့တာ အရင်နေ့တွေက အိပ်မပျော်တာရယ် ပင်ပန်းတာရယ် ပေါင်းသွား၍ ဖြစ်ပါလိမ့်မည်။

နွယ် ကုန်းထကာ သားနဲ့ မောင်ကို ကြည့်လိုက်သည်။ သားရဲ့ခြေထောက်တုတ်တုတ်တွေကို မောင်က ဆွဲထား၏။ သားကနောက်ပြန်ကုန်းကိုက်နေ၏။

“ တော်ကြတော့ “

“ အီးဟီး အူးဝါး ဖီဖီ ဒယ်ဒယ်ကအနိုင်ကျင့်ယယ် “

သူကပဲကိုက်ပြီး သူကပဲ ပြေးကာ နွယ့်လည်ပင်းကိုဖက်လျက် ငိုကြီးချက်မနှင့် တိုင်လေသည်။

“ ဟုတ်ပါ့နော် ဒယ်ဒယ်က သိပ်ဆိုးတာပဲ “

ကလေးငယ်ကို ကျောဖွဖွသပ်ကာ နှစ်သိပ်နေရသကဲ့သို့ ကလေးကြီးကိုလည်း သားကိုဖက်ထားသည့်ကြားက အကြင်နာနုနုဖြင့် နှစ်သိပ်ရသေးသည်။

___________________

Mg'd Nwel Thar Kii (Book version)Tahanan ng mga kuwento. Tumuklas ngayon