Chapter 2

1.7K 53 0
                                    

အခန်း ၂။ ဘဝထဲကဗီလိန်ကောင် ၂

ကျောင်းနှင့် ယုယတို့အိမ်သည် ကားနဲ့သွားရင် အရမ်းကြီးမဝေးသော်လည်း လမ်းလျှောက်ရင်တော့ နာရီဝက်ကျော်​ကျော်​လောက်လျှောက်ရသည်။ ယုယငါးတန်းနှစ်ကနေစပြီး အဆင့်ကျသွားတိုင်း ဒီလိုအပြစ်ပေးနေကျမို့လို့ ယုယအတွက် လမ်းလျှောက်ရတာက အသစ်အဆန်းမဟုတ်တော့ပါဘူး။

အမြဲတမ်းအဆူခံ​နေရ​ပေမယ့် အဆူခံရတိုင်းငိုချင်သည်။ အခုထိလည်း ယုယက မရက်ကျက်​သေးပါဘူး။ တစ်ယောက်တည်းငိုယိုကာ ကိုယ့်အတွေးနဲ့ကိုယ် ခပ်သွက်သွက်လျှောက်ခဲ့ပါသော်လည်း ကျောင်းတတ်တဲ့အချိန်ကြီး ​ရောက်သွားတာကြောင့် နိုင်ငံတော်သီချင်းဆိုနေချိန် အတန်းအပြင်မှာမတ်တပ်ရပ်နေခဲ့ရသည်။ ယုယ အတန်းထဲဝင်လာတော့ ချစ်လှစွာ​သော သူငယ်ချင်းမက ဆီးကြို၍မေးလေသည်။

"နောက်ကျလားချည်လား ယုယရဲ့"

"လမ်းလျှောက်လာရလို့"

ယုယက ဆူပုတ်ကာပြန်ဖြေလိုက်လေသည်။ ယုယရဲ့မျက်နှာအရိပ်အကဲကိုနားလည်တဲ့ သူငယ်ချင်းမက ချက်ဆိုနားကွက်မီးတောက်ပြီးသား...

"ဟယ်...နင့်အဖေ ရီပို့ကဒ်တွေ့သွားပြီပေါ့"

"အေး...မောလိုက်တာဟယ်.."

ဆရာမ မလာခင်အချိန်​လေး မနက်စားမြန်မြန်စားဖို့ ထမင်းဘူးကို ထုတ်လိုက်သည်။ ထမင်းဘူးထုတ်လိုက်တာနဲ့ သူငယ်ချင်းမက ခရင်းတစ်ချောင်းကို​ကောက်ကိုင်ပြီး ကြက်သားတစ်ဖက်ကို အရင်ယူမြည်းလေသည်။ ယုယသည် သူ့လက်ထဲကခက်ရင်းကို ဆွဲလုပစ်လိုက်သည်။

"မ​ကျွေးဘူးနင့်ကို! !ငါအဆူခံရတာ နင့် အာကျယ်ကောင်​ကြောင့်! !"

"ဟဲ့...ဘယ်ကနေဘယ်လို ကိုကိုက...ငါ့အာကျယ်ေ​ကာင်ဖြစ်ရတာလဲ"

မေသက်ထားက ပါးလေးတွေရဲရင်း ယုယကိုပြန်ပြောသည်။ ယုယက ကိုကိုခေါ်လို့ သူကပါလိုက်ပြီး ကိုကိုခေါ်သည်။ သနားစရာကောင်းတဲ့ သူငယ်ချင်းသည် အာကျယ်ကောင်ကိုကြိုက်တဲ့ ​ကောင်မလေးတွေထဲက တစ်ယောက်သာဖြစ်ပါသည်။ အာကျယ်ကောင်ကလည်း ပြန်ကြိုက်မယ့် ကြိုက်တော့ နာမည်တူမရှား ယုယသူငယ်ချင်း ​မေသက်ထားမဟုတ်ပဲ၊ ဆယ်တန်းကသက်ထား​ကျော်တဲ့လေ။

အချစ်တစ်ခုတည်းသာကျန်ရစ်တော့မည်Where stories live. Discover now