Chapter 16

794 39 8
                                    

အပိုင်း ၁၆။ ပွဲလန့်တုန်းဖျာခင်းတာအပြစ်မဟုတ်

ဖြေးဖြေးနဲ့ ဖေဖေနဲ့ပြောနေတဲ့စကားများက အဆိုးဘက်သို့ဦးတည်ကုန်သည်။ သူရိန်ကတော့လက်လျှော့မည်မဟုတ်။ ဖေဖေကလည်းခွင့်ပြုမည်မဟုတ်။ ​ခေါင်းမာသည့်​နေရာ၊ အ​လျော့မ​ပေးတတ်သည့်​နေရာမှာ အသွင်တူတဲ့လူသားနှစ်ယောက် အဆုံးအစွန်ထိသွားကြတော့မည့်ပုံပင်။ 

သားအဖနှစ်ယောက်ကြားမှာ စိမ်းကားကြမ်းတမ်းတဲ့စကားလုံး​တွေနဲ့ အေးစက်သွားတော့အံ့ဆဲဆဲ မေမေရောက်လာသည်။ သူရိန့်ဘေးမှာထိုင်လိုက်သည်။ သူရိန်တို့ပြောနေတဲ့စကားတွေကိုခဏလောက်နားထောင်နေပြီးသက်ပြင်းအသာချသည်။

သိမ်မွေ့နူးညံ့တဲ့မေမေ့လေသံလေးက စစ်ပွဲကြားက​တေးငှက်သံလေးလိုမျိုး 

"အစ်ကိုရယ်...အသေးစားစေ့စပ်ပွဲလေးပဲဖြစ်ဖြစ် လုပ်လိုက်ရအောင်ပါ"တဲ့

သူရိန် ​မေမေ့ကိုအံ့သြစွာကြည့်လိုက်မိသည်။ မေမေကသူ့လက်ဖဝါးနွေးနွေးနဲ့သူရိန့်ကျောကိုနွေးစေသည်။ ဖေဖေ့ကိုကြည့်ပြီး မျက်လုံးများမှိတ်၍ခေါင်းငြိမ့်ပြသည်။ ​ခေါင်းမာတဲ့​ဖေ​ဖေ့ကို အညံ့ခံလိုက်ပါဟုတောင်းဆိုနေသယောင်

"ဟန်နီ"

ဖေဖေကမယုံကြည်နိုင်စွာဖြစ်နေသည်။ 

"အစ်ကိုမျက်နှာပူရင် ညီမအကုန်လုပ်လိုက်ပါမယ်"

"သူများသမီးကို​တောင်းဖို့ မျက်နှာပူရုံတင်မဟုတ်ဘူး ဒီကိစ္စက...ငါ့သားရဲ့အနာဂါတ်တစ်ခုလုံးနဲ့ဆိုင်တဲ့ကိစ္စပဲ..."

"ဖေဖေ...ကျေးဇူးပြုပြီး၊ ကျွန်တော်ကိုယ်ကျွန်တော်ဘာတွေတောင်းဆိုနေတာလဲသေချာနားလည်ပါတယ်"

"အစ်ကိုရယ် ချက်ချင်းကြီး လက်ထပ်မှာမှမဟုတ်တာပဲ သူတို့သမီးနဲ့စေ့စပ်ထားတယ်ဆိုတဲ့ချည်နှောင်မှု​လေးတစ်ခုပဲသူရိန်ကလိုချင်တာပါ"

ဖေဖေကမျက်မှန်ကိုချွတ်ကာသူ့မျက်လုံးများကိုနှိပ်​နေရင်း သက်ပြင်းအရှည်ကြီးချလိုက်သည်။ သူရိန်နားလည်လိုက်ပါသည်။ ဒီငြင်းခုံပွဲမှာ သူလက်လျော့လိုက်ပြီ။ 

အချစ်တစ်ခုတည်းသာကျန်ရစ်တော့မည်Donde viven las historias. Descúbrelo ahora