Chapter 38

871 57 21
                                    

အခန်း ၃၈။ Basketball Date

luxury-condominiumတစ်ခုဖြစ်ပြီးအမြဲတမ်းသပ်ရပ်​တောက်​ပြောင်​နေတဲ့​မေသက်ထားတို့အိမ်ထဲမှာအခု​တော့​လေဆင်နှာ​မောင်း၀င်တိုက်သွားသလား​အောင့်​မေ့​လောက်​အောင် ပစ္စည်း​တွေကဟို​နေရာတစ်စဒီ​နေရာတစ်စနဲ့ရှုပ်ပွ​နေသည်။ ဧည့်ခန်းထဲကဆိုဖာ​တွေဆိုရင်​နေရာချထားတဲ့ပုံစံအတိုင်းမရှိ​တော့ပဲ အကုန်လုံး တီဗွီ​ရှေ့မှာလာပြီးစုပြုံ​နေသည်။အိပ်ခန်းထဲက​စောင်​တွေ​ခေါင်းဦး​တွေကလည်းဆိုဖာ​တွေ​ပေါ်မှာ​အသိုက်​ပြောင်း​နေကြသည်။ ထိုဆိုဖာအစုအ​ဝေးကြီးရဲ့ပတ်ပတ်လည်မှာ စားလက်စမုန့်ခွံ​တွေ၊ မ​ဆေးရ​သေးတဲ့​ခေါက်ဆွဲပန်းကန်​တွေ၊ မှာစားထားတဲ့ဘူးခွံ​တွေ စတဲ့စတဲ့အမှိုက်​တွေက ၀န်းရံထားပြန်သည်။ ​

ထိုသို့ပျက်ဆီးညစ်ပတ်​နေမှုများက ဧည့်ခန်းတစ်​နေရာတည်းမှာတင်မဟုတ်ဘူး တစ်အိမ်လုံးအနှံဖြစ်​နေတာဖြစ်သည်။ အ​မွှေးပွ​ကော်​ဇော​တွေ​ပေါ်မှာဆို ဖိတ်ကျ​နေတဲ့အစားအ​သောက်​တွေက​စေးကပ်ပြီးလုံး​ထွေး​နေပြီး ထမင်းစားစား​ပွဲ​ပေါ်ကအမှိုက်ပုံကြီးဆိုရင်​ပြောစရာ​တောင်မရှိ​တော့ဘူး။ အ၀တ်​လျှော်စက်ထဲမှာအ၀တ်​တွေကအပြည့်၊ ​ဘေစင်မှာပန်းကန်​တွေကအပြည့် ထပ်ထည့်စားဖို့​ကြောင်စာခွက်​တောင်မကျန်​အောင်အကုန်သုံးထားပြီးပြီ။

မေသက်ထားရဲ့အိပ်ခန်းထဲမှာဆို ဗီဒိုကပွင့်လျှက် အ၀တ်​တွေကအိပ်ရာ​ပေါ်မှာ​ရော ကြမ်းပြင်​ပေါ်မှာ​ရော ၊ ဖိနပ်​တွေကလည်း ​ခေါင်းရင်းဘက်မှာ​ရော စာကြည့်စားပွဲ​ပေါ်မှာ​ရော၊ တစ်​ယောက်​ယောက်များဒီအိမ်ထဲကို၀င်လာရင် ကြွက်​တွေ ပိုးဟပ်​တွေအသိုက်လုပ်ပြီး​နေ​နေကြတယ်အမှတ်နဲ့ စိတ်​ခြောက်ခြားနေ​တော့မှာပဲ။ မှန်တံခါး​တွေကိုအနက်​ရောင်အကာနဲ့ထပ်ကာထားလို့ အလင်း​ရောင်ကလည်းတစ်စက်က​လေးမှမရှိ၊ ​ပြတင်း​ပေါက်​တွေအကုန်ပိတ် အဲယားကွန်းကိုတ​နေ့လုံးတစ်ညလုံးလှိမ့်ဖွင့်ထားလို့ ​အေးစက်ပြီး ​လေ​ကောင်း​လေသန့်လည်းမရှိဘူး။

အ၀တ်​တွေ​တောင်လိုပုံ​နေတဲ့အိပ်ရာကြီးထဲမှာဖုန်းမီးက​လေးလင်းလာပြီး သီချင်းသံ​လေး​တွေထွက်လာသည်။အ၀တ်ပုံကြားက​နေဖြူဖြူစွတ်စွတ်နဲ့​သွေး​ရောင်ကင်း​နေတဲ့လက်တစ်ဖက်ထွက်လာပြီးဖုန်းကိုလိုက်စမ်းသည်။ ရတာနဲ့ ဖုန်းကိုသူ့အ၀တ်ပုံကြီးထဲဆွဲယူသွားသည်။

အချစ်တစ်ခုတည်းသာကျန်ရစ်တော့မည်Where stories live. Discover now