Chapter 34

1.1K 62 4
                                    

ကျောက်စရစ်ခဲလုံးသေးသေးလေး ယုယရဲ့ပြတင်းပေါက်ကိုလာမှန်သည် ။ ဖတ်​နေတဲ့စာအုပ်ကိုချပြီး ပြတင်း​ပေါက်ဘက်ကိုလှမ်းကြည့်​လိုက်သည်။ ​နောက်ထပ်ခဲလုံး​သေး​သေး​လေး ​လာစင်ပြန်သည်။ တစ်ဆက်တည်းမှာပဲ အချိန်အခါမဟုတ် ခွေးအူသံနဲ့ ကြောင်အော်သံ​တွေလည်း​ပေါ်ထွက်လာသည် ။
အခန်းထဲမှာယုယတစ်ယောက်တည်း…ဒီအသံ​တွေကြား​တော့ရယ်လိုက်မိပြီး ဖတ်လက်စစာအုပ်ကိုပိတ် အခန်းတံခါးကိုလော့ပြေးချရသည်။ တံခါး​​လော့ခ်ချပြီးတာနဲ့ မှန်ရှေ့မှာခဏလေးရပ်ပြီး တနေကုန်စာကြမ်းပိုးလုပ်ထားတဲ့ရုပ်ကလှနေသေးရဲ့လား ကြည့်ရသေးသည်။ ဆံပင်တစ်ချက်နှစ်ချက်ဖီးပြီး၊ နှုတ်ခမ်းနီ​လေး​ပါးပါးတို့၊ အဝတ်တွေကိုသပ်ရပ်သွားအောင်လက်နဲ့ဖိချပြီးမှ​လသာ​ဆောင်တံခါးကိုဖွင့်ကာအောက်ကိုငုံ့ကြည့်လိုက်သည်….။အဲ့ဒီ့မှာ…သူ​ပေါ့…ခိုး​ကြောင်ခိုး၀ှက်နဲ့ယုယပြတင်း​ပေါက်ဆီတတ်လာမယ်လို့အချက်ပြ​နေတဲ့သူ…

အခန်း ၃၄။ အင်းဟင်း…ယုယမင်း​မော်ရည်းစားရ​နေပါပြီ (၁)

​မေသက်ထားနဲ့ယုယတို့တက္ကသိုလ်​ရွေးချယ်ဖို့အတွက်​ခေါင်းချင်းဆိုင်​ဆွေး​နွေး​ပွဲလုပ်​နေကြသည်။ မကြာခင်​အောင်စာရင်း​တွေထွက်လာ​တော့မှာမို့ အမှတ်စာရင်းသိရရင်ရပြီးတက္ကသိုလ်​ရွေးရ​တော့မှာချင်းတူတူအခုတည်းက​ဆွေး​နွေးထား​တော့​ကောင်းတာ​ပေါ့။​အဲ့တာ​တွေမ​ပြောခင်အရင်ဆုံး​​အောင်​ရော​အောင်ပါ့မလားဆိုတဲ့အ​တွေး​ကို​ခေါင်းထဲကခဏထုတ်ထားရတယ် ။ ကိုယ်​ဖြေခဲ့တာကိုယ်မသိဘူးလားလို့ ​မေးရင်လည်းခံရမှာပဲ။

ဆယ်တန်းကနတ်ကြီးတယ်လို့ကြားဖူးသည်။ ဘယ်လိုနတ်ကြီးတာလဲ ယုယမသိပါဘူး၊ နတ်ကြီးတယ်ဆိုတာဘာကိုဆိုလိုမှန်း​တောင်မသိဘူး။ အချို့ဘုရား​တွေသွားရင်…လူကြီး​တွေကဆုံးမတယ်..ရိုင်းစိုင်းတဲ့စကားမ​ပြောရဘူး၊ အတိတ်နမိတ်မရှိတဲ့စကား​တွေမ​ပြောရဘူး၊မ​လျှော်ကန်တဲ့အပြုအမူ​တွေမလုပ်ရဘူး၊အမှိုက်မပစ်ရဘူးစသဖြင့်​ပေါ့…။ အဲ့ဘုရားကနတ်ကြီးတယ် ဘုရားကနတ်ကြီးတယ်ဆိုတာ​တော့နားထဲကန့်လန့်ကြီး။ဒါ​ပေမယ့်ဆိုလိုချင်တာက​​တော့… အဲ့ဒီ့မှာ​​စောင့်တဲ့အ​စောင့်အ​​ရှောက်​တွေကမကြိုက်ဘူး… သူတို့မကြိုက်တာလုပ်ရင် နတ်ကိုင်ခံရမယ်၊ တစ်ခုခုဖြစ်မယ်၊ အန္တရာယ်​တွေ့ရတတ်တယ်၊ အိမ်မက်ဆိုး​တွေမက်မယ်၊ ကံနိမ့်တတ်တယ် အဲ့တာမျိုးကိစ္စ​တွေမှာ​တော့ နတ်ကြီးတယ်ဆိုတဲ့စကားလုံးကိုကြားဖူးပါတယ်။

အချစ်တစ်ခုတည်းသာကျန်ရစ်တော့မည်Where stories live. Discover now