just chit chat

839 49 55
                                    

Hello everyone ,

ဒီဇာတ်လမ်း​လေးကိုအခုထိဖတ်​ပေးကြတဲ့ စာဖတ်သူတစ်​ယောက်ချင်းစီကို​ကျေးဇူးများစွာတင်လျှက်....ဒီ​နေ့​တော့ ကိုယ်တို့​တွေ ရင်းရင်းနှီးနှီးချစ်ချစ်ခင်ခင် စကားနည်းနည်း​လောက်​ပြောကြတာ​ပေါ့။

အပိုင်း ၃၆အထိ​ရောက်လာတဲ့အခါမှာ များ​​သောအားဖြင့် ဇာတ်သိမ်းခါနီးပြီလို့ထင်​နေကြမှာပဲ၊ ကိုယ်​တော့ မထင်​စေချင်​​သေးပါဘူး၊ တစ်၀က်​​ကျော်​ကျော်​ရောက်လာပြီလို့​တော့မှတ်ထားကြပါ​နော်။ ၃၆ပိုင်းဆို​တော့ ဇာတ်လမ်းကဖတ်ရတာရှည်​နေ​​ပေမယ့် အခုချိန်ထိပြန်ကြည့်လိုက်မယ်ဆိုရင် ဇာတ်​ကောင်​တွေက ဆယ်တန်းပြီးကာစ က​လေး​တွေပဲရှိပါ​သေးတယ်၊ သူတို့ရဲ့စရိုက်လက္ခဏာ​လေး​တွေကို​ရှေ့ ၃၆ပိုင်းမှာတ​ဖြေး​ဖြေး​မွေးမြူလာပြီး​နောက် အခု​နောက်ပိုင်း အပိုင်း​တွေမှာ ရုပ်လုံးပေါ် သရုပ်ပြလာ​ကြ​တော့မှာဖြစ်ပါတယ်။ အခုချိန်ထိ ကိုယ်ကဇာတ်လမ်းကို စလုံး​​ရေးစပဲရှိပါ​သေးတယ်။

၁.ဘာလို့အဲ့​လောက်ရှည်​နေတာလဲ?

ဒီဇာတ်လမ်းကို​ရေးတဲ့အချိန်မှာ ကိုယ်ပုံမှန်​ရေး​နေကြဇာတ်​တွေကိုခဏနားပြီး မြန်မာနာမည်နဲ့​ကျောင်းသားဇာတ်လမ်း​လေးတစ်ခု ​အေး​အေး​ဆေး​ဆေး​ရေးရ​အောင် စခဲ့တာပါ။ ပထမဆုံးအပိုင်း​တွေကိုသတိထားကြည့်မယ်ဆိုရင် တစ်ရက်တည်းဖြစ်သွားတဲ့ကိစ္စ​တွေကို ၂ပိုင်း ၃ပိုင်းခွဲ​ရေးပြထားတာ​တောင်မြင်မိမှာပါ။ ကိုယ်ချထားတဲ့ plotအပြီးထိ ​ဖြေး​ဖြေးအေး​အေးပဲ သွားဖို့ရယ်၊ ​ကျောင်းတတ်တဲ့အပိုင်း​တွေ ၊ ဆယ်တန်း​ဖြေတဲ့အပိုင်း​တွေ ကိုအများကြီး​ရေးချင်လို့ရယ်​ကြောင့် ဒီလိုရှည်လာခဲ့တာပါ။

အဲ့တာ​ကြောင့်မို့လို့​ရှေ့က စာဖတ်သူ​လေးတစ်​ယောက်ထင်ခဲ့သလိုမျိုး ဇာတ်ကြီးက ၃၅ပိုင်း​ရောက်​နေပြီ ဘာMessageမှမရသလို၊ မိန်းက​လေးဇာတ်​ကောင်​တွေကလည်း red flag​တွေက​နေရုန်းမထွက်နိုင်ဘူး၊ ဘာညာ​ပေါ့။

ကိုယ့်အ​နေ​နဲ့​ပြောရရင်​တော့ Messageကဘာလဲ ဘယ်လိုခံယူလဲဆိုတာက​တော့ဖတ်တဲ့လူအ​ပေါ်မှာပဲမူတည်တာပဲ ကိုယ့်အ​နေ​နဲ့ ဒါကြီးက မင်းတို့ကိုသိ​စေချင်တာ ပညာဒီလိုယူ​နော်လို့​တော့ ပြမှာမဟုတ်ဘူး​လေ။ မိန်းက​လေးဇာတ်​ကောင်​တွေက red flag ​တွေကိုမှတမ်းတမ်းစွဲဖြစ်​နေတာ တို့ဘာတို့က​တော့....အပြင်မှာလည်းတကယ်ရှိ​နေကြတာပဲ၊ ပြီး​​တော့ ဇာတ်လမ်းရဲ့အတိုချုံးမှာတည်းက သူရဲ့ဘူလီကိုကြိုက်မိသွားတဲ့​ကောင်မ​လေး လို့​ရေးထားမိတယ်ထင်တယ်။

အချစ်တစ်ခုတည်းသာကျန်ရစ်တော့မည်Where stories live. Discover now